ကိုယ့်ကိုကိုယ် ကံဆိုးလှပြီလို့ ထင်နေပြီလား

ကိုယ့်ကိုကိုယ် ကံဆိုးလှပြီလို့ ထင်နေပြီလား

တစ်ခါက ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်တယ်။ မီးငြိမ်းသွားတဲ့အခါ ဘာတွေများ ပျက်စီး ဆုံးရှုံးသွားသလဲလို့ လိုက်စစ်ကြည့်တော့ မီးလောင်ပြင် တစ်နေရာမှာ အလောင်းတစ်လောင်း သွားတွေ့တယ်။

ယောက်ျား အလောင်း။ ရေကူးဝတ်စုံ အပြည့်နဲ့။ ကျောပေါ်မှာ အောက်ဆီဂျင်ဘူးနဲ့။ ခြေထောက်မှာ ရေယက်ခြေတုနဲ့။ မျက်နှာမှာ ရေငုပ် မျက်နှာဖုံးနဲ့။

အလောင်းကို စစ်ဆေးချက်တွေ လုပ်ကြတော့ ဒီလူဟာ မီးလောင်ပြီးသေတာ မဟုတ်ဘဲ ပြင်းထန်တဲ့ ကိုယ်တွင်း ထိခိုက်ဒဏ်ရာ  အမြောက်အများကြောင့် သေတာလို့ အဖြေထွက်တယ်။

ဒါဆို ရေငုပ်ဝတ်စုံ အပြည့်အစုံနဲ့ ဒီလူဟာ တောမီးအလယ်မှာ ဘယ်လိုဖြစ်ပြီး လာသေနေရတာတုန်း။ စုံစမ်းမှုတွေ လုပ်ကြရတော့တယ်။

ဒီသေဆုံးသူဟာ မီးလောင်တဲ့ သစ်တောနဲ့ မိုင်နှစ်ဆယ်လောက် ဝေးတဲ့ ကမ်းခြေကို ရေငုပ်ဖို့ ထွက်လာခဲ့တာတဲ့။

မီးကို တတ်နိုင်သမျှ မြန်မြန် ငြိမ်းစေချင်တာမို့ မီးသတ်တပ်ဖွဲ့ဟာ ဟယ်လီကော်ပတာတွေကို အကူအညီ ခေါ်လိုက်ရတယ်။

ဟယ်လီကော်ပတာတွေက ရေပုံးအကြီးကြီးတွေ ချိတ်ပြီး အဲ့ဒီရေပုံးတွေနဲ့ ပင်လယ်ထဲက ရေကို နှစ်ပြီး ခပ်တယ်။

ပြီးတော့မှ အဲ့ဒီ ရေတွေကို တောမီးလောင်နေတဲ့ အပေါ်ကနေ လောင်းချတယ်။ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရေငုပ် စံပယ်တော်မူနေတဲ့ ကျနော်တို့ရဲ့ ချိဖကြီးဟာ ရေယက်ကလေး ခတ်ကောင်းရုံ ရှိသေးတယ်…

ဖြုန်းခနဲဆို ပေ ၃၀၀ အမြင့်မှာ လေထဲပျံနေတဲ့ ဟယ်လီကော်ပတာက မီးသတ်ရေပုံးကြီးထဲ ရောက်သွားပြီးတော့ ယက်ကန် ယက်ကန်နဲ့ မီးလောင်တဲ့ နေရာအပေါ် သွန်ချခံရပြီး အခြားဘဝသို့ ပြောင်းသွားရရှာတော့တယ်။

ဘယ်လိုလဲ… ခင်ဗျားကိုခင်ဗျား ကံဆိုးလှချည်ရဲ့လို့ ထင်နေသေးလား။
#Credit

Zawgyi

ကိုယ့္ကိုကိုယ္ ကံဆိုးလွၿပီလို႔ ထင္ေနၿပီလား

တစ္ခါက ကယ္လီဖိုးနီးယားျပည္နယ္မွာ ေတာမီးေလာင္တယ္။ မီးၿငိမ္းသြားတဲ့အခါ ဘာေတြမ်ား ပ်က္စီး ဆုံးရႈံးသြားသလဲလို႔ လိုက္စစ္ၾကည့္ေတာ့ မီးေလာင္ျပင္ တစ္ေနရာမွာ အေလာင္းတစ္ေလာင္း သြားေတြ႕တယ္။

ေယာက္်ား အေလာင္း။ ေရကူးဝတ္စုံ အျပည့္နဲ႔။ ေက်ာေပၚမွာ ေအာက္ဆီဂ်င္ဘူးနဲ႔။ ေျခေထာက္မွာ ေရယက္ေျခတုနဲ႔။ မ်က္ႏွာမွာ ေရငုပ္ မ်က္ႏွာဖုံးနဲ႔။

အေလာင္းကို စစ္ေဆးခ်က္ေတြ လုပ္ၾကေတာ့ ဒီလူဟာ မီးေလာင္ၿပီးေသတာ မဟုတ္ဘဲ ျပင္းထန္တဲ့ ကိုယ္တြင္း ထိခိုက္ဒဏ္ရာ  အေျမာက္အမ်ားေၾကာင့္ ေသတာလို႔ အေျဖထြက္တယ္။

ဒါဆို ေရငုပ္ဝတ္စုံ အျပည့္အစုံနဲ႔ ဒီလူဟာ ေတာမီးအလယ္မွာ ဘယ္လိုျဖစ္ၿပီး လာေသေနရတာတုန္း။ စုံစမ္းမႈေတြ လုပ္ၾကရေတာ့တယ္။

ဒီေသဆုံးသူဟာ မီးေလာင္တဲ့ သစ္ေတာနဲ႔ မိုင္ႏွစ္ဆယ္ေလာက္ ေဝးတဲ့ ကမ္းေျခကို ေရငုပ္ဖို႔ ထြက္လာခဲ့တာတဲ့။

မီးကို တတ္ႏိုင္သမွ် ျမန္ျမန္ ၿငိမ္းေစခ်င္တာမို႔ မီးသတ္တပ္ဖြဲ႕ဟာ ဟယ္လီေကာ္ပတာေတြကို အကူအညီ ေခၚလိုက္ရတယ္။

ဟယ္လီေကာ္ပတာေတြက ေရပုံးအႀကီးႀကီးေတြ ခ်ိတ္ၿပီး အဲ့ဒီေရပုံးေတြနဲ႔ ပင္လယ္ထဲက ေရကို ႏွစ္ၿပီး ခပ္တယ္။

ၿပီးေတာ့မွ အဲ့ဒီ ေရေတြကို ေတာမီးေလာင္ေနတဲ့ အေပၚကေန ေလာင္းခ်တယ္။ ပစိဖိတ္သမုဒၵရာထဲမွာ ေရငုပ္ စံပယ္ေတာ္မူေနတဲ့ က်ေနာ္တို႔ရဲ႕ ခ်ိဖႀကီးဟာ ေရယက္ကေလး ခတ္ေကာင္း႐ုံ ရွိေသးတယ္…

ျဖဳန္းခနဲဆို ေပ ၃၀၀ အျမင့္မွာ ေလထဲပ်ံေနတဲ့ ဟယ္လီေကာ္ပတာက မီးသတ္ေရပုံးႀကီးထဲ ေရာက္သြားၿပီးေတာ့ ယက္ကန္ ယက္ကန္နဲ႔ မီးေလာင္တဲ့ ေနရာအေပၚ သြန္ခ်ခံရၿပီး အျခားဘဝသို႔ ေျပာင္းသြားရရွာေတာ့တယ္။

ဘယ္လိုလဲ… ခင္ဗ်ားကိုခင္ဗ်ား ကံဆိုးလွခ်ည္ရဲ႕လို႔ ထင္ေနေသးလား။
#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*