ဘယ္လုိ အေျခအေနမွာ ေရခဲေသတၱာေတြ အဲကြန္းေတြမွာ ဂတ္စ္ကုန္တတ္ပါသလဲ …

ဘယ္လုိ အေျခအေနမွာ ေရခဲေသတၱာေတြ အဲကြန္းေတြမွာ ဂတ္စ္ကုန္တတ္ပါသလဲ …

သုံးလိုက္လို႔ ကုန္သြားတယ္ဆိုတာ မရွိပါဘူး အခ်ိန္ၾကာလို႔ ကုန္သြားတယ္ဆိုတာ မရွိပါဘူး။ ေနရင္းထိုင္ရင္း ကုန္သြားတယ္ဆိုတာ မရွိပါဘူး။ တစ္သက္လုံးသုံး တစ္သက္လုံး မကုန္ပါဘူးတဲ့။ မီးဖို gas ေတြလို ေဖာက္ထုတ္မီးရႈိ႕ပစ္တာ မဟုတ္လို႔ ကုန္ သြားစရာအေၾကာင္း မရွိပါဘူး။ ေဘဘီလည္း ခံရပါမ်ားလို႔ တင္ေပးလိုက္ပါတယ္။

ဒီေရခဲေသတၱာ၊ အဲကြန္းေတြမွာ သုံးတဲ့ Gas ဂတ္စ္ဆိုတာ refrigerant လို႔ေခၚတဲ့ အေအးျပဳဓာတ္ေငြ႕ တစ္မ်ိဳးျဖစ္ပါတယ္။ ဒီ refrigerant ( အေအးျပဳဓာတ္ေငြ႕ ) ေတြဟာ ေရခဲေသတၱာေတြ၊ အဲကြန္းေတြရဲ႕ ပိုက္လိုင္းေတြထဲမွာ အရည္ျဖစ္လိုက္ အေငြ႕ျဖစ္လိုက္နဲ႔ ကြန္ပရက္စာေမာ္တာရဲ႕ အကူအညီနဲ႔ လွည့္ပတ္ေနရင္း အပူထုတ္ျခင္း၊ အပူစုပ္ယူျခင္းမ်ား ျပဳလုပ္ေပးျခင္းျဖင့္ အေအးျပဳျခင္း သံသရာကို ျဖစ္ေပၚေစပါတယ္။

၎အေအးျပဳျခင္းသံသရာကို စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနျခင္းျဖင့္ ေရခဲေသတၱာ၊ အဲကြန္းမ်ားတြင္ အပူခ်ိန္ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစတာျဖစ္ပါတယ္။ အဲဒီလို ပိုက္လိုင္းေတြထဲမွာပဲ လွည့္ပတ္သြားလာေနၿပီး ထြက္ေပါက္မရွိ အလုံပိတ္ရွိေနတာေၾကာင့္ ကုန္သြားစရာ အေၾကာင္းမရွိပါဘူး။

ကုန္သြားတယ္ဆိုရင္ ဘာေၾကာင့္ ကုန္သြားတယ္ဆိုတဲ့ အေၾကာင္းရင္း ရွိရပါတယ္။ ပိုက္လိုင္းတစ္ေနရာက ေပါက္သြားလို႔ ဂတ္စ္ယိုစိမ့္မႈ ရွိလို႔ ကုန္သြားရျခင္းသာ ျဖစ္ပါတယ္။ အဲေတာ့ဆိုလိုတာက ဂတ္စ္ေလ်ာ့သြားတယ္ ဂတ္စ္ကုန္သြားတယ္ဆိုရင္ ပိုက္လိုင္းတစ္ေနရာရာမွာ ေပါက္ေနလို႔ ဂတ္စ္ယိုစိမ့္မႈ gas leakage ရွိေနလို႔သာ ျဖစ္တာပါ။

အေပါက္ႀကီးရင္ ႐ုတ္တရက္အေအးေလ်ာ့သြားမယ္။ အေပါက္ေသးရင္ ျဖည္းျဖည္းျခင္း အေအးေလ်ာ့သြားမွာ ျဖစ္ပါတယ္။ အဲလိုျဖစ္လာၿပီဆိုရင္ ဘယ္ေနရာက ေပါက္ေနလဲ ဘယ္ေနရာက ယိုစိမ့္မႈရွိေနလဲ အရင္ရွာရမွာပါ။ ရွာလို႔ေတြ႕ရင္ ဖာလို႔ရရင္ဖာ ဖာလို႔မရရင္ အသစ္လဲ လုံေအာင္လုပ္ၿပီးမွ ဂတ္စ္ျပန္ထည့္ရမွာပါ။ အဲလိုမဟုတ္ပဲ အေပါက္မဖာပဲ gas ထပ္ထည့္ရင္ေတာ့ ျပန္ကုန္ဦးမွာပါေနာ္။

အိမ္သုံးေရခဲေသတၱာေတြမွာေတာ့ chamber type ေတြဆိုရင္ အခဲခန္းထဲမွာ ေရခဲထုေတြ ထူေနတာကို ဓားေတြဝက္အူလွည့္ေတြနဲ႔ ထိုးခြာရင္း evaporator ပိုက္ေပါက္ၿပီး gas ထြက္သြားတတ္တာမ်ိဳး မၾကာခဏဆိုသလို ေတြ႕ရတတ္ပါတယ္။

အိမ္သုံး အဲကြန္းေတြမွာေတာ့ gas ကုန္တယ္။ ဂတ္စ္ထပ္ထည့္ရတယ္ ဆိုတာ အၿမဲလိုလို ၾကားေနရတယ္ ။ ဂတ္စ္ကုန္ရင္ ဘာေၾကာင့္ကုန္သလဲ အေျဖ အရင္ရွာရမွာပါ။

Indoor Outdoor အဆက္ Joint ေတြ၊ Outdoor မွာပါတဲ့ L key valve ေတြ မွာ ယိုစိမ့္မႈေတြရွိႏိုင္ပါတယ္။ indoor outdoor joint ေတြ မလုံတာ ကေတာ့ services သမားေတြ မေသသပ္မႈေၾကာင့္ အျဖစ္မ်ားပါတယ္။ ပိုက္မဆက္မွီ ပိုက္ကို ေကာ္လံေဖာ္ရာမွာ မေသသပ္ရင္ ယိုစိမ့္မႈ ျဖစ္တတ္ပါတယ္။

flare nut ေတြၾကပ္တဲ့ေနရာမွာ လက္ဆမ်ားသြားရင္ flare nut ေတြကြဲၿပီး ယိုစိမ့္မႈ ျဖစ္တတ္ပါတယ္။ L key valve ေတြ မလုံတာကေတာ့ oil seal ေတြမေကာင္းတာ ျဖစ္တတ္ပါတယ္။ oil seal လဲလို႔ရပါတယ္။ pressure gauge တပ္တဲ့ pin valve ေလးမေကာင္းရင္လဲ ယိုစိမ့္တတ္ပါတယ္။

အဲဒီ pin valve ေလးလဲလို႔ ရပါတယ္။ အဲေတာ့ နိဂုံးခ်ဳပ္အေနနဲ႔ ေရခဲေသတၱာ အဲကြန္းသုံးစြဲ သူေတြကို ေျပာခ်င္တာက ေရခဲေသတၱာ သို႔မဟုတ္ အဲကြန္း မေအးေတာ့ဘူးဆိုတိုင္း gas ကုန္တာမဟုတ္ပါဘူး။ အျခားအစိတ္အပိုင္းေတြ ခ်ိဳ႕ယြင္းမႈရွိရင္လည္း မေအးေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။

အခ်ိဳ႕ အတုအေယာင္ services အဖြဲ႕ေတြဆိုရင္ အလကား ေနရင္း gas ေလ်ာ့တယ္။ gas ကုန္တယ္ဆိုၿပီး ဟန္ေဆာင္ gas ထည့္ျပ gas ဘိုးေတာင္းယူေနၾကတာေတြ ရွိပါတယ္။

အဲဒီလို gas ေလ်ာ့တယ္ gas ကုန္တယ္ gas ေလ်ာ့လို႔ gas ထပ္ထည့္လိုက္ရတယ္၊ gas ဘိုးဘယ္ေလာက္က်ပါတယ္၊ ဆိုၿပီးေတာင္းလာခဲ့ရင္ ဘာေၾကာင့္ေလ်ာ့သြားတာလဲ ေမးပါ။ ဘယ္ေနရာက ယိုစိမ့္မႈရွိလို႔ ကုန္သြားတာလဲ ေမးပါ။

အဲဒီယိုတဲ့ေနရာကို လုံေအာင္ ဘယ္လို ေျဖရွင္းလိုက္လဲေမးပါ။ ေနာက္အခ်ိန္တိုအတြင္း အဲဒီေနရာက ထပ္မျဖစ္ေအာင္ မည္သို႔ တာဝန္ယူေပးႏိုင္လဲ ေမးပါ။ ခိုင္လုံတဲ့ အေျဖရွိရပါမယ္။ အဲလိုမွမဟုတ္ရင္ gas ဘိုးနဲ႔ပဲ အသစ္တစ္လုံး ဝယ္တာေလာက္ ျပန္ကုန္သြားတတ္ပါတယ္။

Aircon တပ္ဆင္သမားအားလုံးကို မဆိုလိုပါ။ နားမလည္သူအခ်ိဳ႕ကို ႐ိုက္စားေနသူမ်ားကို ျပန္ေျပာျပတတ္ေအာင္ပါရွင့္။ တစ္ကယ္သမာသမတ္က်ၿပီး တာဝန္ယူမႈတာဝန္ခံမႈရွိတဲ့ ကြၽမ္းက်င္တဲ့ services အဖြဲ႕ေတြလည္း အမ်ားႀကီးရွိပါတယ္။

အဲဒီလိုကြၽမ္းက်င္တဲ့ services အဖြဲ႕ေတြ ဆိုရင္ေတာ့ အခုေျပာခဲ့တဲ့ ေမးခြန္းအားလုံး သင္မေမးခင္ ေမးစရာမလိုေအာင္ အားလုံးရွင္းျပ ေျပာျပပါလိမ့္မယ္။

မသိနားမလည္တဲ့သူေတြကို လိမ္မစားခ်င္က်နဲ႔ သူတစ္ပါး မ်က္ရည္ႏွင့္ ဆန္ေဆးတယ္ဆိုတာ ဝဋ္လိုက္တက္ပါတယ္။ ရမ္း႐ႊီးရမ္းကု စက္ဆရာအတုမ်ားရဲ႕ ပါးစပ္ဖ်ားမွာ လမ္းမဆုံးေစရန္ ရည္သန္ ေရးသားလိုက္ရပါတယ္ေနာ္ လာမဆဲၾကနဲ႔ေနာ္ ေဘဘီက ေစတနာနဲ႔။

ခရစ္ဒစ္ မူရင္းေရးသားသူ

Unicode

ဘယ်လို အခြေအနေမှာ ရေခဲသေတ္တာတွေ အဲကွန်းတွေမှာ ဂတ်စ်ကုန်တတ်ပါသလဲ …

သုံးလိုက်လို့ ကုန်သွားတယ်ဆိုတာ မရှိပါဘူး အချိန်ကြာလို့ ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ နေရင်းထိုင်ရင်း ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ တစ်သက်လုံးသုံး တစ်သက်လုံး မကုန်ပါဘူးတဲ့။ မီးဖို gas တွေလို ဖောက်ထုတ်မီးရှို့ပစ်တာ မဟုတ်လို့ ကုန် သွားစရာအကြောင်း မရှိပါဘူး။ ဘေဘီလည်း ခံရပါများလို့ တင်ပေးလိုက်ပါတယ်။

ဒီရေခဲသေတ္တာ၊ အဲကွန်းတွေမှာ သုံးတဲ့ Gas ဂတ်စ်ဆိုတာ refrigerant လို့ခေါ်တဲ့ အအေးပြုဓာတ်ငွေ့ တစ်မျိုးဖြစ်ပါတယ်။ ဒီ refrigerant ( အအေးပြုဓာတ်ငွေ့ ) တွေဟာ ရေခဲသေတ္တာတွေ၊ အဲကွန်းတွေရဲ့ ပိုက်လိုင်းတွေထဲမှာ အရည်ဖြစ်လိုက် အငွေ့ဖြစ်လိုက်နဲ့ ကွန်ပရက်စာမော်တာရဲ့ အကူအညီနဲ့ လှည့်ပတ်နေရင်း အပူထုတ်ခြင်း၊ အပူစုပ်ယူခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အအေးပြုခြင်း သံသရာကို ဖြစ်ပေါ်စေပါတယ်။

၎င်းအအေးပြုခြင်းသံသရာကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြင့် ရေခဲသေတ္တာ၊ အဲကွန်းများတွင် အပူချိန် ပြောင်းလဲမှုများ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ အဲဒီလို ပိုက်လိုင်းတွေထဲမှာပဲ လှည့်ပတ်သွားလာနေပြီး ထွက်ပေါက်မရှိ အလုံပိတ်ရှိနေတာကြောင့် ကုန်သွားစရာ အကြောင်းမရှိပါဘူး။

ကုန်သွားတယ်ဆိုရင် ဘာကြောင့် ကုန်သွားတယ်ဆိုတဲ့ အကြောင်းရင်း ရှိရပါတယ်။ ပိုက်လိုင်းတစ်နေရာက ပေါက်သွားလို့ ဂတ်စ်ယိုစိမ့်မှု ရှိလို့ ကုန်သွားရခြင်းသာ ဖြစ်ပါတယ်။ အဲတော့ဆိုလိုတာက ဂတ်စ်လျော့သွားတယ် ဂတ်စ်ကုန်သွားတယ်ဆိုရင် ပိုက်လိုင်းတစ်နေရာရာမှာ ပေါက်နေလို့ ဂတ်စ်ယိုစိမ့်မှု gas leakage ရှိနေလို့သာ ဖြစ်တာပါ။

အပေါက်ကြီးရင် ရုတ်တရက်အအေးလျော့သွားမယ်။ အပေါက်သေးရင် ဖြည်းဖြည်းခြင်း အအေးလျော့သွားမှာ ဖြစ်ပါတယ်။ အဲလိုဖြစ်လာပြီဆိုရင် ဘယ်နေရာက ပေါက်နေလဲ ဘယ်နေရာက ယိုစိမ့်မှုရှိနေလဲ အရင်ရှာရမှာပါ။ ရှာလို့တွေ့ရင် ဖာလို့ရရင်ဖာ ဖာလို့မရရင် အသစ်လဲ လုံအောင်လုပ်ပြီးမှ ဂတ်စ်ပြန်ထည့်ရမှာပါ။ အဲလိုမဟုတ်ပဲ အပေါက်မဖာပဲ gas ထပ်ထည့်ရင်တော့ ပြန်ကုန်ဦးမှာပါနော်။

အိမ်သုံးရေခဲသေတ္တာတွေမှာတော့ chamber type တွေဆိုရင် အခဲခန်းထဲမှာ ရေခဲထုတွေ ထူနေတာကို ဓားတွေဝက်အူလှည့်တွေနဲ့ ထိုးခွာရင်း evaporator ပိုက်ပေါက်ပြီး gas ထွက်သွားတတ်တာမျိုး မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။

အိမ်သုံး အဲကွန်းတွေမှာတော့ gas ကုန်တယ်။ ဂတ်စ်ထပ်ထည့်ရတယ် ဆိုတာ အမြဲလိုလို ကြားနေရတယ် ။ ဂတ်စ်ကုန်ရင် ဘာကြောင့်ကုန်သလဲ အဖြေ အရင်ရှာရမှာပါ။

Indoor Outdoor အဆက် Joint တွေ၊ Outdoor မှာပါတဲ့ L key valve တွေ မှာ ယိုစိမ့်မှုတွေရှိနိုင်ပါတယ်။ indoor outdoor joint တွေ မလုံတာ ကတော့ services သမားတွေ မသေသပ်မှုကြောင့် အဖြစ်များပါတယ်။ ပိုက်မဆက်မှီ ပိုက်ကို ကော်လံဖော်ရာမှာ မသေသပ်ရင် ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။

flare nut တွေကြပ်တဲ့နေရာမှာ လက်ဆများသွားရင် flare nut တွေကွဲပြီး ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။ L key valve တွေ မလုံတာကတော့ oil seal တွေမကောင်းတာ ဖြစ်တတ်ပါတယ်။ oil seal လဲလို့ရပါတယ်။ pressure gauge တပ်တဲ့ pin valve လေးမကောင်းရင်လဲ ယိုစိမ့်တတ်ပါတယ်။

အဲဒီ pin valve လေးလဲလို့ ရပါတယ်။ အဲတော့ နိဂုံးချုပ်အနေနဲ့ ရေခဲသေတ္တာ အဲကွန်းသုံးစွဲ သူတွေကို ပြောချင်တာက ရေခဲသေတ္တာ သို့မဟုတ် အဲကွန်း မအေးတော့ဘူးဆိုတိုင်း gas ကုန်တာမဟုတ်ပါဘူး။ အခြားအစိတ်အပိုင်းတွေ ချို့ယွင်းမှုရှိရင်လည်း မအေးတော့တာမျိုး ဖြစ်တတ်ပါတယ်။

အချို့ အတုအယောင် services အဖွဲ့တွေဆိုရင် အလကား နေရင်း gas လျော့တယ်။ gas ကုန်တယ်ဆိုပြီး ဟန်ဆောင် gas ထည့်ပြ gas ဘိုးတောင်းယူနေကြတာတွေ ရှိပါတယ်။

အဲဒီလို gas လျော့တယ် gas ကုန်တယ် gas လျော့လို့ gas ထပ်ထည့်လိုက်ရတယ်၊ gas ဘိုးဘယ်လောက်ကျပါတယ်၊ ဆိုပြီးတောင်းလာခဲ့ရင် ဘာကြောင့်လျော့သွားတာလဲ မေးပါ။ ဘယ်နေရာက ယိုစိမ့်မှုရှိလို့ ကုန်သွားတာလဲ မေးပါ။

အဲဒီယိုတဲ့နေရာကို လုံအောင် ဘယ်လို ဖြေရှင်းလိုက်လဲမေးပါ။ နောက်အချိန်တိုအတွင်း အဲဒီနေရာက ထပ်မဖြစ်အောင် မည်သို့ တာဝန်ယူပေးနိုင်လဲ မေးပါ။ ခိုင်လုံတဲ့ အဖြေရှိရပါမယ်။ အဲလိုမှမဟုတ်ရင် gas ဘိုးနဲ့ပဲ အသစ်တစ်လုံး ဝယ်တာလောက် ပြန်ကုန်သွားတတ်ပါတယ်။

Aircon တပ်ဆင်သမားအားလုံးကို မဆိုလိုပါ။ နားမလည်သူအချို့ကို ရိုက်စားနေသူများကို ပြန်ပြောပြတတ်အောင်ပါရှင့်။ တစ်ကယ်သမာသမတ်ကျပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ ကျွမ်းကျင်တဲ့ services အဖွဲ့တွေလည်း အများကြီးရှိပါတယ်။

အဲဒီလိုကျွမ်းကျင်တဲ့ services အဖွဲ့တွေ ဆိုရင်တော့ အခုပြောခဲ့တဲ့ မေးခွန်းအားလုံး သင်မမေးခင် မေးစရာမလိုအောင် အားလုံးရှင်းပြ ပြောပြပါလိမ့်မယ်။

မသိနားမလည်တဲ့သူတွေကို လိမ်မစားချင်ကျနဲ့ သူတစ်ပါး မျက်ရည်နှင့် ဆန်ဆေးတယ်ဆိုတာ ဝဋ်လိုက်တက်ပါတယ်။ ရမ်းရွှီးရမ်းကု စက်ဆရာအတုများရဲ့ ပါးစပ်ဖျားမှာ လမ်းမဆုံးစေရန် ရည်သန် ရေးသားလိုက်ရပါတယ်နော် လာမဆဲကြနဲ့နော် ဘေဘီက စေတနာနဲ့။

ခရစ်ဒစ် မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*