ေျဖးေျဖးေမာင္းပါ ဒ႐ိုင္ဘာရယ္…. သီတာ ရင္ေတြ တုန္လြန္းလို႔ပါ

ေျဖးေျဖးေမာင္းပါ ဒ႐ိုင္ဘာရယ္…. သီတာ ရင္ေတြ တုန္လြန္းလို႔ပါ

ဆရာေတာ္ ဦးနႏၵိမာ ျမစ္ႀကီးနားကေန မုံ႐ြာ – မႏၲေလးဘက္ ခရီးသြားစရာ ရွိ၍ ကားလက္မွတ္ ျဖတ္ထားခဲ့သည္။

ဘုန္းကံအရွိန္အဝါပဲ နည္းလို႔လား၊ တိုက္ဆိုင္မႈေၾကာင့္လား မေျပာတတ္။ ဆရာေတာ္ ခရီးသြားတိုင္း ေရွ႕ဆုံးခုံတန္း မရတတ္။ တစ္ဆယ္ေနာက္က ထိုင္ခုံသာ ရေလ့ရွိသည္။

ဒါကို ဆရာေတာ္ မေက်နပ္ခ်င္။ သံဃာခုံလို႔ သတ္မွတ္ထားတဲ့ ေရွ႕ဆုံးတန္းမွာ အမ်ိဳးသမီး ငယ္ငယ္ေခ်ာေခ်ာေလးေတြ ထိုင္ေနၿပီး မိမိက တစ္ဆယ္ေနာက္မွာ ထိုင္ရေလ့ရွိတာကိုလည္း သတိထားမိသည္သာ။

လမ္းက ေစာင့္စီးမည္ဟု ႀကိဳတင္မွာၾကားထားသျဖင့္ ကားလာခ်ိန္ကို ေစာင့္ဆိုင္းေနလိုက္သည္။ မိနစ္ႏွစ္ဆယ္ခန႔္ ေစာင့္လိုက္ရၿပီး ဆရာေတာ္စီးမည့္ကား ဆိုက္လာသည္။

အထုတ္အပိုးနဲ႔ ေစာင့္ေနသည္က ဦးနႏၵိမာ တစ္ပါးသာ။ ကားစပယ္ယာက ဆရာေတာ္ကို ေက်ာ္ၿပီး ခရီးသည္နာမည္ ေအာ္ေခၚလိုက္သည္က….

” မုံ႐ြာလိုက္မယ့္ လမ္းႀကိဳခရီးသည္ ခုံနံပါတ္တစ္ မသီတာ ရွိလားခင္ဗ်ား…” မသီတာကား ထြက္မလာ။ ဦးနႏၵိမာသာ အထုတ္ဆြဲၿပီး ကားေပၚတက္လာသည္။

” ဆရာေတာ္ ဘယ္ႂကြမွာလဲဘုရား… တပည့္ေတာ္တို႔ကား မွာ ခုံပိုမရွိေတာ့ဘူး။ လမ္းႀကိဳခရီးသည္ တင္ရမွာမို႔ဘုရား…”

” လမ္းႀကိဳခရီးသည္ ခုံနံပါတ္တစ္ မသီတာဆိုတာ ငါပဲကြ ”

“ဟာ… ဆရာေတာ္က ဘာလို႔ မိန္းကေလး နာမည္နဲ႔ ဘယ္လို ျဖစ္တာလဲ ဘုရား….”

” မင္းတို႔ကားေတြက ဆရာေတာ္နာမည္နဲ႔ လက္မွတ္ျဖတ္ရင္ ခုံနံပါတ္တစ္ မရလို႔… ဒကာမနာမည္နဲ႔ ျဖတ္ထားတာေဟ့… ဒီတစ္ခါေတာ့ ခုံနံပါတ္တစ္ကေန စီးရၿပီဟ… မာတုဂါမမ်ား အရွိန္အဝါ ႀကီးပါ့ကြာ… နာမည္ေလးေျပာတာနဲ႔ နံပါတ္တစ္ ရသဟ ”

ဆရာေတာ့္စကားေၾကာင့္ စပယ္ယာ ဒ႐ိုင္ဘာမ်ား မ်က္ႏွာ သုန္မႈံသြားၾကသည္… ဆရာေတာ္က ဆက္ႏွိပ္ကြပ္ေနေသးသည္… “ကဲ…. သီတာေနရာယူလို႔ ၿပီးပါၿပီ… ေမာင္းေတာ့ဗ်ား….”

ခရီးသည္ေတြေရွ႕ အႏွိပ္ကြပ္ ခံလိုက္ရသည္မို႔ စိတ္ဆိုးသြားေရာ့ထင့္… ဒ႐ိုင္ဘာက ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ ကားစက္ႏႈိးကာ ဇြတ္ေမာင္းထြက္သည္…

ခရီးသည္မ်ားလည္း အငိုက္မိကာ… ဟပ္ထိုး စိုက္ကုန္ၾကသျဖင့္ ကားကို ဘယ္လိုေမာင္းတာလဲ ဘာညာနဲ႔ ႂကြက္စီ ႂကြက္စီ ျဖစ္သြားခ်ိန္ ဆရာေတာ္ ေျပာလိုက္တာက….

ေျဖးေျဖးေမာင္းပါ ဒ႐ိုင္ဘာရယ္…. သီတာ ရင္ေတြ တုန္လြန္းလို႔ပါ…. ဟူသည္တည္း။

မဟာနန္ (ၿမိဳ႕သစ္)

#Credit ျပန္လည္ မွ်ေဝပါသည္။

Unicode

ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ်…. သီတာ ရင်တွေ တုန်လွန်းလို့ပါ

ဆရာတော် ဦးနန္ဒိမာ မြစ်ကြီးနားကနေ မုံရွာ – မန္တလေးဘက် ခရီးသွားစရာ ရှိ၍ ကားလက်မှတ် ဖြတ်ထားခဲ့သည်။

ဘုန်းကံအရှိန်အဝါပဲ နည်းလို့လား၊ တိုက်ဆိုင်မှုကြောင့်လား မပြောတတ်။ ဆရာတော် ခရီးသွားတိုင်း ရှေ့ဆုံးခုံတန်း မရတတ်။ တစ်ဆယ်နောက်က ထိုင်ခုံသာ ရလေ့ရှိသည်။

ဒါကို ဆရာတော် မကျေနပ်ချင်။ သံဃာခုံလို့ သတ်မှတ်ထားတဲ့ ရှေ့ဆုံးတန်းမှာ အမျိုးသမီး ငယ်ငယ်ချောချောလေးတွေ ထိုင်နေပြီး မိမိက တစ်ဆယ်နောက်မှာ ထိုင်ရလေ့ရှိတာကိုလည်း သတိထားမိသည်သာ။

လမ်းက စောင့်စီးမည်ဟု ကြိုတင်မှာကြားထားသဖြင့် ကားလာချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ မိနစ်နှစ်ဆယ်ခန့် စောင့်လိုက်ရပြီး ဆရာတော်စီးမည့်ကား ဆိုက်လာသည်။

အထုတ်အပိုးနဲ့ စောင့်နေသည်က ဦးနန္ဒိမာ တစ်ပါးသာ။ ကားစပယ်ယာက ဆရာတော်ကို ကျော်ပြီး ခရီးသည်နာမည် အော်ခေါ်လိုက်သည်က….

” မုံရွာလိုက်မယ့် လမ်းကြိုခရီးသည် ခုံနံပါတ်တစ် မသီတာ ရှိလားခင်ဗျား…” မသီတာကား ထွက်မလာ။ ဦးနန္ဒိမာသာ အထုတ်ဆွဲပြီး ကားပေါ်တက်လာသည်။

” ဆရာတော် ဘယ်ကြွမှာလဲဘုရား… တပည့်တော်တို့ကား မှာ ခုံပိုမရှိတော့ဘူး။ လမ်းကြိုခရီးသည် တင်ရမှာမို့ဘုရား…”

” လမ်းကြိုခရီးသည် ခုံနံပါတ်တစ် မသီတာဆိုတာ ငါပဲကွ ”

“ဟာ… ဆရာတော်က ဘာလို့ မိန်းကလေး နာမည်နဲ့ ဘယ်လို ဖြစ်တာလဲ ဘုရား….”

” မင်းတို့ကားတွေက ဆရာတော်နာမည်နဲ့ လက်မှတ်ဖြတ်ရင် ခုံနံပါတ်တစ် မရလို့… ဒကာမနာမည်နဲ့ ဖြတ်ထားတာဟေ့… ဒီတစ်ခါတော့ ခုံနံပါတ်တစ်ကနေ စီးရပြီဟ… မာတုဂါမများ အရှိန်အဝါ ကြီးပါ့ကွာ… နာမည်လေးပြောတာနဲ့ နံပါတ်တစ် ရသဟ ”

ဆရာတော့်စကားကြောင့် စပယ်ယာ ဒရိုင်ဘာများ မျက်နှာ သုန်မှုံသွားကြသည်… ဆရာတော်က ဆက်နှိပ်ကွပ်နေသေးသည်… “ကဲ…. သီတာနေရာယူလို့ ပြီးပါပြီ… မောင်းတော့ဗျား….”

ခရီးသည်တွေရှေ့ အနှိပ်ကွပ် ခံလိုက်ရသည်မို့ စိတ်ဆိုးသွားရော့ထင့်… ဒရိုင်ဘာက ဆောင့်ကြီးအောင့်ကြီးဖြင့် ကားစက်နှိုးကာ ဇွတ်မောင်းထွက်သည်…

ခရီးသည်များလည်း အငိုက်မိကာ… ဟပ်ထိုး စိုက်ကုန်ကြသဖြင့် ကားကို ဘယ်လိုမောင်းတာလဲ ဘာညာနဲ့ ကြွက်စီ ကြွက်စီ ဖြစ်သွားချိန် ဆရာတော် ပြောလိုက်တာက….

ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ်…. သီတာ ရင်တွေ တုန်လွန်းလို့ပါ…. ဟူသည်တည်း။

မဟာနန် (မြို့သစ်)

#Credit ပြန်လည် မျှဝေပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*