

Zawgyi ဖြင့်ဖတ်ရန်









အမျိုးသားများ အမျိုးသမီးကို ကြည့်ခြင်းက တားစီးဖို့မဖြစ်နိုင်

Unicode ဖြင့်ဖတ်ရန်
သဝန်တိုတတ်တဲ့ ချစ်သူများကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားများ အနေနဲ့ အကြောင်းပြချက်ကောင်း တစ်ခု ရှိသွားပြီ ထင်ပါတယ်။

ယင်းကတော့ အမျိုးသားများ အနေနဲ့ အမျိုးသမီးကို ကြည့်ခြင်းက သဘာဝ အရ ဦးနှောက်ဆဲလ် တစ်ခုရဲ့ စေ့ဆော်မှု အရ ဖြစ်ကြောင်း သုတေသန တစ်ခုက ထုတ်ပြန်ထားပါတယ်။

ယင်း သုတေတနရ အမျိုးသား တစ်ယောက်ဟာ အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရင် sex ဟိုမုန်း testosterone ဟာ ဦးနှောက်က အာရုံကြော ထိန်းချုပ်စင်တာ အထိ သွား သတင်းပို့ပါတယ်။

ယင်းပို့ဆောင်တဲ့ သတင်းအရ ယောင်္ကျားရဲ့ မျက်လုံးဟာ အလိုအလျောက် အမျိုးသမီး ဆီကို ရောက်သွား တာမျိုး ဖြစ်ပါတယ်။

ဥပမာ အားဖြင့် အမျိုးသားနဲ့ အမျိုးသမီး အတူလျှောက်လာတာကို မြင်တာတောင် မျက်နှာချင်းဆိုင် လာတဲ့ အမျိုးသားက အမျိုးသားချင်းအရင် မကြည့်ပဲ အမျိုးသမီး ဘက်ကို ဦးစွာ အရင် ကြည့်ရှု မိခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပွင့်ပွင့် လင်းလင်း ဝတ်စားထားတဲ့ အမျိုးသမီးများကို မြင်ရင် ယောင်္ကျားလေးများက ငေးကြ တယ်ဆိုတာ Testosterone များလို့ ဖြစ်ပါလိမ့်မယ်။

ဒါကို ဉာဏ်ရည်မြင့်တဲ့ အမျိုးသားများက အကြည့်နဲ့ အတွေးမှာတင် ရပ်လိုက်ပေမယ့် အခြား ဉာဏ်ရည်နည်း အမျိုးသားများက ကိုယ်ထိ လက်ရောက် ကျူးလွန်မှု အထိ ဖြစ်လာ ပါတယ်။

ဒါကြောင့်မို့ အမျိုးသမီးများ အနေနဲ့လည်း မိမိ အန္တရာယ် မဖြစ်ပဲ လုံခြုံ စိတ်ချရစေဖို့ လုံလုံ ခြုံခြုံ ဝတ်ဆင်တတ်ဖို့ အကြံပြုလိုက် ပါရစေ။

Credit : Original uploder

Be the first to comment

Leave a Reply

Your email address will not be published.


*