အသက္အရြယ္ အလယ္အလတ္ ပိုင္းမွာ ေသြးတိုးရွိျခင္းဟာ အသက္ႀကီးလာတဲ့အခါ ရူးသြပ္သြားေစႏိုင္

Zawgyi ျဖင့္ဖတ္ရန္

အသက္ ၅၀ ပတ္ဝန္းက်င္မွာ ေသြးတိုး ရွိသူေတြဟာ ဘဝရဲ႕ ေနာက္ပိုင္း အခ်ိန္ေတြမွာ ႐ူးသြပ္သြားဖို႔ မ်ားတယ္လို႔ ေလ့လာမႈ တစ္ခုက ေဖာ္ျပလိုက္ပါတယ္။

Alzheimer’s Disease ဆိုတဲ့ ဂ်ာနယ္မွာ ပုံႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈ တစ္ခုအရ အသက္အ႐ြယ္ အလယ္အလတ္ပိုင္း ေသြးတိုးရွိတဲ့ လူနာေတြဟာ ႏွစ္ ၃၀ ၾကာတဲ့အခါမွာ အာ႐ုံစူးစိုက္မႈ အပိုင္းမွာ ဆိုး႐ြားစြာ ထိခိုက္လာေတြကို ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ထို ေလ့လာမႈမွာ ပါဝင္ခဲ့သူတစ္ေယာက္ျဖစ္တဲ့ Rhoda Au က “အသိဉာဏ္မွာ ဆုတ္ယုတ္မႈ ရွိလာျခင္းဟာ အသက္အ႐ြယ္ အိုမင္းလာျခင္းရဲ႕ အက်ိဳးဆက္တစ္ခု ျဖစ္ၿပီး အသက္အ႐ြယ္ ဆိုတာဟာလည္း ႐ုးသြပ္ျခင္းကို ျဖစ္ေပၚေစႏိုင္တဲ့ အႀကီးဆုံး အမွန္တရားပါပဲ” လို႔ ဆိုပါတယ္။

ေဘာ့စတြန္ေဆးတကၠသိုလ္က သိပၸံပညာရွင္ေတြဟာ အသက္ ၅၀ ကေန ၆၀ ၾကားရွိတဲ့ လူဦးေရ ၃၈၉ ေယာက္ရဲ႕ ေသြးဖိအား အေျခအေနေတြကို တိုင္းတာခဲ့ပါတယ္။ ႏွစ္ ၃၀ ခန႔္ ၾကာတဲ့အခါ လူနာေတြ အသက္ ၈၀ ဝန္းက်င္ အေရာက္မွာ သူတို႔ရဲ႕ ဉာဏ္ရည္ ေတြကို ထပ္မံ စမ္းသပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ေသြးဖိအားေတြကို ေလ့က်င့္ခန္းလုပ္ျခင္း ၊ ဝိတ္ခ်ျခင္း နဲ႔ တရားထိုင္ျခင္းတို႔က ေလ်ာ့က်ေစႏိုင္တယ္လို႔ သုေတသီေတြက ဆိုၾကပါတယ္။ မစၥ Au ကေတာ့ ဒါကို အသက္အ႐ြယ္ အလယ္အလတ္ပိုင္း က်န္းမာေရး ျပသနာလို႔ ဆိုျပန္ပါတယ္။

“လူတစ္ေယာက္ရဲ႕ အသက္ႀကီးခ်ိန္ဆိုတာဟာ အသက္ငယ္႐ြယ္စဥ္ အခ်ိန္ကာလေတြကတဆင့္ ျဖစ္ေပၚလာတာပါ။ ဒါေၾကာင့္ ငယ္႐ြယ္စဥ္မွာ ကတည္းက က်န္းမာေရး ဂ႐ုစိုက္တာဟာ သင္အသက္ႀကီးလာတဲ့အခါမွာ ဉာဏ္ရည္ ေကာင္းမြန္လာေစႏိုင္ပါတယ္။” လို႔ သူမက ဆိုထားပါတယ္။

ဒီ ေသြးဖိအား ေလ်ာ့က်ေစႏိုင္တဲ့ အခ်က္ေတြကေတာ့ အေမရိကန္သုေတသီေတြရဲ႕ အယ္လ္ဇိုင္းမား နဲ႔ အမ်ိဳးအစား ၂ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါ ျဖစ္ႏိုင္ေခ်ရွိသူေတြကို ေလ့လာမႈ က ေပၚထြက္လာတာပဲ ျဖစ္ပါတယ္။

( Mario ) – သစ္ထူးလြင္
Credit

Unicode ဖြင့်ဖတ်ရန်

အသက် ၅၀ ပတ်ဝန်းကျင်မှာ သွေးတိုး ရှိသူတွေဟာ ဘဝရဲ့ နောက်ပိုင်း အချိန်တွေမှာ ရူးသွပ်သွားဖို့ များတယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

Alzheimer’s Disease ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုအရ အသက်အရွယ် အလယ်အလတ်ပိုင်း သွေးတိုးရှိတဲ့ လူနာတွေဟာ နှစ် ၃၀ ကြာတဲ့အခါမှာ အာရုံစူးစိုက်မှု အပိုင်းမှာ ဆိုးရွားစွာ ထိခိုက်လာတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ထို လေ့လာမှုမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ Rhoda Au က “အသိဉာဏ်မှာ ဆုတ်ယုတ်မှု ရှိလာခြင်းဟာ အသက်အရွယ် အိုမင်းလာခြင်းရဲ့ အကျိုးဆက်တစ်ခု ဖြစ်ပြီး အသက်အရွယ် ဆိုတာဟာလည်း ရုးသွပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အကြီးဆုံး အမှန်တရားပါပဲ” လို့ ဆိုပါတယ်။

ဘော့စတွန်ဆေးတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ အသက် ၅၀ ကနေ ၆၀ ကြားရှိတဲ့ လူဦးရေ ၃၈၉ ယောက်ရဲ့ သွေးဖိအား အခြေအနေတွေကို တိုင်းတာခဲ့ပါတယ်။ နှစ် ၃၀ ခန့် ကြာတဲ့အခါ လူနာတွေ အသက် ၈၀ ဝန်းကျင် အရောက်မှာ သူတို့ရဲ့ ဉာဏ်ရည် တွေကို ထပ်မံ စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။

သွေးဖိအားတွေကို လေ့ကျင့်ခန်းလုပ်ခြင်း ၊ ဝိတ်ချခြင်း နဲ့ တရားထိုင်ခြင်းတို့က လျော့ကျစေနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ မစ္စ Au ကတော့ ဒါကို အသက်အရွယ် အလယ်အလတ်ပိုင်း ကျန်းမာရေး ပြသနာလို့ ဆိုပြန်ပါတယ်။

“လူတစ်ယောက်ရဲ့ အသက်ကြီးချိန်ဆိုတာဟာ အသက်ငယ်ရွယ်စဉ် အချိန်ကာလတွေကတဆင့် ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ ကတည်းက ကျန်းမာရေး ဂရုစိုက်တာဟာ သင်အသက်ကြီးလာတဲ့အခါမှာ ဉာဏ်ရည် ကောင်းမွန်လာစေနိုင်ပါတယ်။” လို့ သူမက ဆိုထားပါတယ်။

ဒီ သွေးဖိအား လျော့ကျစေနိုင်တဲ့ အချက်တွေကတော့ အမေရိကန်သုတေသီတွေရဲ့ အယ်လ်ဇိုင်းမား နဲ့ အမျိုးအစား ၂ ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ချေရှိသူတွေကို လေ့လာမှု က ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

( Mario ) – သစ်ထူးလွင်
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*