နိဳင္ငံတကာ သတင္းမ်ား စုစည္းမွဳ

နိဳင္ငံတကာ သတင္းမ်ား စုစည္းမွဳ

႐ုရွားစစ္တပ္ေတြက သူတို႔ရဲ႕ ေရတပ္ကို အကာအကြယ္ ရေအာင္ ေလ့က်င့္ထားတဲ့ လင္းပိုင္ေတြသုံး

လက္ရွိ ယူကရိန္းနဲ႔ စစ္ျဖစ္ေနတဲ့ ပင္လယ္နက္ထဲမွာ ႐ုရွားစစ္တပ္ေတြက သူတို႔ရဲ႕ ေရတပ္ကို အကာအကြယ္ ရေအာင္ ေလ့က်င့္ထားတဲ့ လင္းပိုင္ေတြသုံးတယ္လို႔ ၿဂိဳဟ္တုပုံရိပ္ေတြကေန ေတြ႕ေနရပါတယ္။

စစ္သုံး လင္းပိုင္ ေတြက ရန္သူစစ္သေဘာေတၤြနဲ႔ ေရငုတ္သေဘာေတၤြကို ရွာေဖြဖို႔နဲ႔ တိုက္ခိုက္ဖို႔အတြက္ ေလ့က်င့္တယ္ဆိုတဲ့ သတင္းကို ၾကား ရတာ ၁၀ စုႏွစ္တစ္ခုေလာက္ရွိေနပါၿပီ ။

အဲ့ဒိအေၾကာင္းကို အေမရိကန္ေရတပ္က လိုက္ေနတာၾကာပါၿပီ ။ ဒါေပမဲ့ မေန႔က ခ႐ိုင္းမီးယားက ဆီဗတ္စတိုေပါ ဆိပ္ကမ္းမွာ စစ္သုံး လင္းပိုင္ ၂ေကာင္ကို ၿဂိဳဟ္တုက ေတြ႕မွ သတင္းကို အတည္ျပဳႏိုင္ခဲ့ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ မိသားစု ၿခိမ္းေျခာက္ခံေနရ

အစၥေရးဝန္ႀကီးခ်ဳပ္ နက္ဖ္တာလီဘန္နက္ ရဲ႕ မိသားစုက ဒီအပတ္အတြင္းမွာ စာထဲကိုက်ည္ဆံထည့္ၿပီး အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈ ၂ႀကိမ္ျပဳလုပ္ခံလိုက္ရပါတယ္ လို႔ ရဲေတြက ဒီေန႔မနက္ပဲ ဆိုလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ရဲ႕ သား ယိုနီ ( ၁၇ ႏွစ္ ) ကိုပစ္မွတ္ထားၿပီး ၿခိမ္းေျခာက္ေနတာျဖစ္ၿပီး ေပးပို႔သူက ဘယ္သူလဲဆိုတာကို မသိရေသးပါဘူး ။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး အစၥေရးအာဏါပိုင္ေတြက ဝန္ႀကီးခ်ဳပ္မိသားစု လုံၿခဳံေရး ကို တိုးျမႇင့္ၿပီး ခ်ထားပါတယ္။

အေမရိကန္ေတြရဲ႕ တိုင္းျပည္ဝင္ေငြ စက်ေနၿပီ

၂၀၂၂ ရဲ႕ ပထမဘ႑ါေရးႏွစ္ျဖစ္တဲ့ ဇန္နဝါရီလကေန မတ္လ အထိ ၃လ အတြင္းမွာ အေမရိကန္ေတြရဲ႕ တိုင္းျပည္ဝင္ေငြျဖစ္တဲ့ GDP က ၁.၄ % က်ဆင္းသြားတယ္လို႔ ကုန္သြယ္ေရးဌာနက ဆိုပါတယ္။

လြန္ခဲ့တဲ့ ၂ႏွစ္ က ကိုဗစ္ကာလအတြင္း အေမရိကန္စီးပြားေရး ပ်က္ကပ္ၿပီးေနာက္ ပထမဆုံး စီးပြားေရး က်ဳံ႕သြားတာျဖစ္ပါတယ္။ GDP က်သြားတယ္လို႔ ဆိုေပမဲ့ ကိုဗစ္ကာလထက္စာရင္ ၂.၅% ေလာက္ေတာ့ ျမႇင့္တက္ေသးတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

ယူကရိန္းက ႐ုရွားသိမ္းထားတဲ့ နယ္ေတြမွာ ႐ူဘယ္ေငြ စသုံးေတာ့မယ္

ယူကရိန္းႏိုင္ငံေျမာက္ပိုင္း က ႐ုရွားေတြသိမ္းထားတဲ့ နယ္ေျမျဖစ္တဲ့ ခါဆန္ေဒသမွာ ေမလ ၁ရက္ေန႔ကေန စၿပီး ႐ုရွား ပိုက္ဆံ႐ူဘယ္ေငြ ကို စသုံး ဖို႔အတြက္ လူထုဆႏၵခံယူပြဲလုပ္ေတာ့မယ္လို႔ သိရပါတယ္။ အဲ့ဒိအေၾကာင္းက ေဒသတြင္း ႐ုရွားေထာက္ခံေရးေကာ္မတီ အဖြဲ႕ကလည္း ဆိုထားပါတယ္။

သူတို႔က ယူကရိန္းပိုက္ဆံနဲ႔ ႐ုရွားပိုက္ဆံေျပာင္းသုံးဖို႔ ၾကားကာလ ၄ လ ထားၿပီး ေျပာင္းလဲၾကမွာပါ။ အဲ့ဒိ ၄လအတြင္းမွာ ပိုက္ဆံ ၂မ်ိဳးလုံး သုံးၿပီးေနာက္မွာေတာ့ ႐ုရွားေတြရဲ႕ ႐ူဘယ္ ပိုက္ဆံကိုေနာက္ပိုင္း ဆက္သုံး ၾကရမွာျဖစ္ပါတယ္။

ဝီရမီဒီယာ

Unicode

နိုင်ငံတကာ သတင်းများ စုစည်းမှု

ရုရှားစစ်တပ်တွေက သူတို့ရဲ့ ရေတပ်ကို အကာအကွယ် ရအောင် လေ့ကျင့်ထားတဲ့ လင်းပိုင်တွေသုံး

လက်ရှိ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ပင်လယ်နက်ထဲမှာ ရုရှားစစ်တပ်တွေက သူတို့ရဲ့ ရေတပ်ကို အကာအကွယ် ရအောင် လေ့ကျင့်ထားတဲ့ လင်းပိုင်တွေသုံးတယ်လို့ ဂြိုဟ်တုပုံရိပ်တွေကနေ တွေ့နေရပါတယ်။

စစ်သုံး လင်းပိုင် တွေက ရန်သူစစ်သဘောင်္တွေနဲ့ ရေငုတ်သဘောင်္တွေကို ရှာဖွေဖို့နဲ့ တိုက်ခိုက်ဖို့အတွက် လေ့ကျင့်တယ်ဆိုတဲ့ သတင်းကို ကြား ရတာ ၁၀ စုနှစ်တစ်ခုလောက်ရှိနေပါပြီ ။

အဲ့ဒိအကြောင်းကို အမေရိကန်ရေတပ်က လိုက်နေတာကြာပါပြီ ။ ဒါပေမဲ့ မနေ့က ခရိုင်းမီးယားက ဆီဗတ်စတိုပေါ ဆိပ်ကမ်းမှာ စစ်သုံး လင်းပိုင် ၂ကောင်ကို ဂြိုဟ်တုက တွေ့မှ သတင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် မိသားစု ခြိမ်းခြောက်ခံနေရ

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက် ရဲ့ မိသားစုက ဒီအပတ်အတွင်းမှာ စာထဲကိုကျည်ဆံထည့်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှု ၂ကြိမ်ပြုလုပ်ခံလိုက်ရပါတယ် လို့ ရဲတွေက ဒီနေ့မနက်ပဲ ဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ သား ယိုနီ ( ၁၇ နှစ် ) ကိုပစ်မှတ်ထားပြီး ခြိမ်းခြောက်နေတာဖြစ်ပြီး ပေးပို့သူက ဘယ်သူလဲဆိုတာကို မသိရသေးပါဘူး ။ အဲ့ဒါနဲ့ ပတ်သက်ပြီး အစ္စရေးအာဏါပိုင်တွေက ဝန်ကြီးချုပ်မိသားစု လုံခြုံရေး ကို တိုးမြှင့်ပြီး ချထားပါတယ်။

အမေရိကန်တွေရဲ့ တိုင်းပြည်ဝင်ငွေ စကျနေပြီ

၂၀၂၂ ရဲ့ ပထမဘဏ္ဍါရေးနှစ်ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လ အထိ ၃လ အတွင်းမှာ အမေရိကန်တွေရဲ့ တိုင်းပြည်ဝင်ငွေဖြစ်တဲ့ GDP က ၁.၄ % ကျဆင်းသွားတယ်လို့ ကုန်သွယ်ရေးဌာနက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂နှစ် က ကိုဗစ်ကာလအတွင်း အမေရိကန်စီးပွားရေး ပျက်ကပ်ပြီးနောက် ပထမဆုံး စီးပွားရေး ကျုံ့သွားတာဖြစ်ပါတယ်။ GDP ကျသွားတယ်လို့ ဆိုပေမဲ့ ကိုဗစ်ကာလထက်စာရင် ၂.၅% လောက်တော့ မြှင့်တက်သေးတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ယူကရိန်းက ရုရှားသိမ်းထားတဲ့ နယ်တွေမှာ ရူဘယ်ငွေ စသုံးတော့မယ်

ယူကရိန်းနိုင်ငံမြောက်ပိုင်း က ရုရှားတွေသိမ်းထားတဲ့ နယ်မြေဖြစ်တဲ့ ခါဆန်ဒေသမှာ မေလ ၁ရက်နေ့ကနေ စပြီး ရုရှား ပိုက်ဆံရူဘယ်ငွေ ကို စသုံး ဖို့အတွက် လူထုဆန္ဒခံယူပွဲလုပ်တော့မယ်လို့ သိရပါတယ်။ အဲ့ဒိအကြောင်းက ဒေသတွင်း ရုရှားထောက်ခံရေးကော်မတီ အဖွဲ့ကလည်း ဆိုထားပါတယ်။

သူတို့က ယူကရိန်းပိုက်ဆံနဲ့ ရုရှားပိုက်ဆံပြောင်းသုံးဖို့ ကြားကာလ ၄ လ ထားပြီး ပြောင်းလဲကြမှာပါ။ အဲ့ဒိ ၄လအတွင်းမှာ ပိုက်ဆံ ၂မျိုးလုံး သုံးပြီးနောက်မှာတော့ ရုရှားတွေရဲ့ ရူဘယ် ပိုက်ဆံကိုနောက်ပိုင်း ဆက်သုံး ကြရမှာဖြစ်ပါတယ်။

ဝီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*