အတုယူသင့္တဲ့ ဂ်ဴးလူမ်ိဳးမ်ား၏ ကေလး ပ်ိဳးေထာင္နည္း

Zawgyi ျဖင့္ဖတ္ရန္

အစၥေရး လူမ်ိဳးလိုလည္း ေခၚၾကပါတယ္။ ဂ်ဴးလူမ်ိဳးမ်ားဟာ ကမာၻ႔ေရွးအက်ဆုံးေသာ လူမ်ိဳးထဲမွာ ပါဝင္ပါတယ္။ သမိုင္းတစ္ေလွ်ာက္မွာလည္း အမ်ိဳးမ်ိဳးဖိနိပ္ခံရၿပီး တိုင္းျပည္ ေပ်ာက္ဆုံးသြားတဲ့အထိ ဆုံး႐ူံးခဲ့ၾကပါတယ္။ ဒါေပမဲ့ ဂ်ဴးလူမ်ိဳးကို ကမာၻမွာ ဉာဏ္ပညာအေကာင္းဆုံး လူမ်ိဳးလို႔ သတ္မွတ္ၾကပါတယ္။

၂၀၁၅ခုႏွစ္ ကမာၻတစ္ခြင္မွာ ဂ်ဴးလူမ်ိဳး လူဦးေရး ၁၄.၂ သန္းရွိပါတယ္။ ကမာၻ႔လူဦးေရရဲ႕ ဝ.၂%ရွိတဲ့ ဂ်ဴးလူမ်ိဳးဟာ…. ဂ်ဴးလူမ်ိဳးမ်ားဟာ ၂၀ ရာစုအတြင္း ႏိူဘယ္စုရွင္မ်ားရဲ႕ ငါးပုံတစ္ပုံ ၊အေမရိကန္ႏိုင္ငံ ၾသဇာအရွိဆုံးသူမ်ားစာရင္းထဲက ၅၀% ၊ အေမရိကန္ နာမည္အႀကီးဆုံးေသာ ပါေမာကၡေတြထဲမွာ ၃၀% ၊ အေမရိကန္ စာေပ၊ ေတးဂီတ၊ ျပဇာတ္ေလာကမွာ ၆၀%၊

ကမာၻ႔အခ်မ္းသာဆုံး လုပ္ငန္းရွင္မ်ား စာရင္းထဲမွာ ၅၀%၊ Forbes စားရင္းအရ ကမာၻ႔အခ်မ္းသာဆုံးေသာ ပုဂၢိဳလ္ ၄၀ ထဲမွာ ဂ်ဴးလူမ်ိဳးက ၁၈ ဦး တို႔ဟာ ဂ်ဴးလူမ်ိဳးျဖစ္ၾကသလို၊ သမိုင္းမွာ အလြန္ေက်ာ္ၾကားၾကတဲ့ အိုင္စတိုင္း၊ ကားလ္မတ္စ္၊ တာအိုဝင္ စသည္တို႔ဟာ ဂ်ဴးလူမ်ိဳးျဖစ္ၾကပါတယ္။

သုေတသနအရ ဒီလိုေအာင္ျမင္ရတဲ့ အေၾကာင္းရင္းအားလုံးထဲမွာ ဂ်ဴးလူမ်ိဳးတို႔ရဲ႕ မိသားစုနီတိနဲ႔ ကေလးျပဳစုပ်ိဳးေထာင္တဲ့ နည္းလမ္းမ်ားဟာ အဓိကက်တယ္လို႔ ဆိုပါတယ္။ သူတို႔ဘာေတြကို တန္ဖိုးထားလို႔ ကေလးမ်ားကို ဘယ္လိုသင္ၾကား ပ်ိဳးေထာင္ၾကပါသလဲ။

၁။ ကိုယ့္ကိုယ္ကို ရပ္တည္ အားကိုးေစျခင္း

ေကာင္းမြန္တဲ့ ကေလးပညာေရးဟာ တိုးတက္မူ အားလုံး ၊ ေကာင္းက်ိဳးအားလုံးရဲ႕ အေျခခံျဖစ္တယ္လို႔ ဂ်ဴးတို႔က ယုံၾကည္ပါတယ္။ ကေလးေတြရဲ႕ လြတ္လပ္တဲ့ေတြးေခၚမူနဲ႔ ကိုယ့္ကိုကို ရပ္တည္ႏိုင္မူ၊ မိမိကိုယ္ကို အားကိုးတတ္မူကို အေလးထား ပ်ိဳးေထာင္ပါတယ္။

ကေလးကို အခ်စ္လြန္ကဲတာမ်ိဳး၊ ပိုးေမြးသလို ေမြးတာမ်ိဳးကို လုံးဝဆန႔္က်င္တယ္။ သူတို႔စကားပုံတစ္ခုက ဒီလိုဆိုပါတယ္။ “ ၅ ႏွစ္ကေလးဟာ သင့္ရဲ႕ အရွင္သခင္၊ ၁၀ ႏွစ္ကေလးဟာ သင့္ရဲ႕ကြၽန္၊ ၁၅ ႏွစ္ကေလးဟာ အေဖနဲ႔ တန္းတူျဖစ္သြားၿပီ” တဲ့။

ဆိုလိုတာက ၅ ႏွစ္ကေလးဆိုရင္ အတတ္ႏိုင္ဆုံး ခ်စ္မယ္။ ပ်ိဳးေထာင္မယ္။ ၁၀ က်ရင္ သူႏိုင္တဲ့ဝန္ကို ထမ္းခိုင္းမယ္။ မိဘမ်ားက သူႏိုင္သမွ် အခ်ိန္ရရင္ရသလို ခိုင္းရမယ္။ ၁၅ ႏွစ္က်ရင္ ကိုယ္ပိုင္ ဆုံးျဖတ္တတ္ေစရမယ္။

၂။ စာအုပ္ခ်စ္တဲ့ဓေလ့

ကေလးမ်ား သိတတ္ခါစအ႐ြယ္မွာပဲ ဂ်ဴးမိသားစုမ်ားဟာ ပ်ားရည္တစ္စက္ တို႔ထားတဲ့ က်မ္းစာအုပ္ကို ကေလးအား နမ္း႐ူပ္ေစပါတယ္။ ဆိုလိုရင္းကေတာ့ စာအုပ္ဟာ အလြန္ခ်ိဳၿမိန္ေၾကာင္း၊ ႏွစ္သက္စရာ အလြန္ေကာင္းေၾကာင္း သိေစတဲ့သေဘာပါ။

ဂ်ဴးမိသားစုတိုင္းလိုလို စာအုပ္စင္ထားရွိၿပီး စာအုပ္စင္မ်ားကို ေခါင္းအုံးဘက္မွာ ထားရပါတယ္။ စာအုပ္ဆိုတာ ခ်စ္႐ုံတင္နဲ႔ မၿပီးပဲ ေလးစားရတဲ့သေဘာပါရွိပါတယ္။

သူတို႔ကိုသူတို႔လည္း စာအုပ္ခ်စ္တဲ့ လူမ်ိဳးလို႔ တင္စားၾကတယ္။ သုေတသန စာတမ္းအရ အသက္ ၁၄ ႏွစ္အထက္ ဂ်ဴးကေလးမ်ားဟာ တစ္လအနည္းဆုံး စာအုပ္တစ္အုပ္ ဖတ္ၿပီးတယ္လို႔ ဆိုပါတယ္။

၃။ ဉာဏ္ပညာကို အေလးထားတတ္ေအာင္ ပ်ိဳးေထာင္ေပးျခင္း

ဂ်ဴးမိသားစုထဲမွာ ကေလးမ်ား နည္းနည္းအသိရွိလာၿပီဆိုရင္ မိခင္ျဖစ္သူက ဒီလိုေမးျမန္းေလ့ရွိတယ္။ “တကယ္လို႔ သားရဲ႕အိမ္က မီးေလာင္သြားတယ္၊ ပစၥည္းေတြလည္း ဘာမွမက်န္ေအာင္ အလုခံရတယ္။ သားဘာကိုယူၿပီး ထြက္ေျပးမလဲ” တဲ့ ၊ ကေလးက ေ႐ႊတို႔ ၊ ေငြတို႔ ေျဖဆိုရင္ မိခင္က ျပန္စဥ္းစားအုံး၊ အဲဒီပစၥည္းဟာ အေရာင္မရွိဘူး၊ အနံ႔အရသာလည္း မရွိဘူးလို႔ ျပန္ေျပာေလ့ရွိပါတယ္။

သားက “ ဉာဏ္ပညာ” လို႔ ေျဖဆိုႏိုင္တဲ့ အထိ မိခင္က တစ္ျဖည္းျဖည္း လမ္းေၾကာင္းေပးပါတယ္။ က်ေနာ္တို႔ ဆီက ပညာေ႐ႊအိုး လူမခိုးနဲ႔ ခတ္ဆင္ဆင္တူပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔က ကေလးေတြ သူဖာသာသူ သိေစတာမ်ိဳးမဟုတ္ပဲ မိဘနဲ႔ဆရာမ်ားက တိုက္႐ိုက္ေျပာျပတာ မ်ားေနပါတယ္။

၄။ စာအုပ္အမ်ားႀကီးကို ဝန္တင္ထားတဲ့ “လား” မျဖစ္ပါေစနဲ႔

စာတအားဖတ္ေတာ့ ဒီစကားပုံ ေပၚေပါက္လာတယ္လို႔ ယူဆရပါတယ္။ ကေလးမ်ားကို ငယ္ငယ္ကတဲက စာဖတ္ေအာင္ သြန္သင္ေပးၾကတယ္။ ၿပီးရင္ စဥ္းစားတတ္ေအာင္ ပ်ိဳးေထာင္ေပးၾကပါတယ္။

သူတို႔အယူအဆအရ ဖတ္မွတ္ေလ့လာျခင္းဟာ အတုခိုးျခင္း တစ္မ်ိဳးသာျဖစ္ၿပီး စဥ္းစားေတြးေခၚတတ္ျခင္း၊ ကိုယ္ပိုင္အျမင္ရွိျခင္းနဲ႔ အသစ္ဖန္တီးတတ္ျခင္းသည္သာ အဓိကက်တယ္လို႔ ယူဆပါတယ္။ ဗဟုသုတ ႂကြယ္ဝၿပီး ဘာမွမလုပ္တတ္တဲ့သူကို စာအုပ္ကိုဝန္တင္ထားတဲ့ “ လား” လို႔ စကားပုံနဲ႔ ခိုင္းႏိူင္းထားပါတယ္။

၅။ ေတြးေခၚျခင္းဆိုတာ သံသယနဲ႔ အေျဖတို႔ ပူးေပါင္းၿပီးျဖစ္ေပၚလာတာပါ။

ဒါလည္းသူတို႔ရဲ႕ နာမည္ႀကီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင္ ဘယ္သူေျပာတာပဲျဖစ္ျဖစ္ သံသယ အရင္ဝင္ခိုင္းပါတယ္။ သံသယဝင္မွပဲ အေျဖမွန္ထြက္တဲ့သေဘာပါ။

က်ေနာ္တို႔ဆီက ေျပာတဲ့အတိုင္း နာခံမွ လိမၼာမယ္ဆိုတဲ့ အယူအဆနဲ႔ ကြဲလႊဲပါတယ္။ မိဘမ်ား အေထာက္အကူ ျဖစ္ဖို႔ တင္ျပေပးလိုက္ပါတယ္။ ႏွစ္သက္ႏိုင္ၾကပါေစ။
Credit; Sayar Aung Ko Latt

Unicode ဖြင့်ဖတ်ရန်

အတုယူသင့်တဲ့ ဂျူးလူမျိုးများ၏ ကလေး ပျိုးထောင်နည်း

အစ္စရေး လူမျိုးလိုလည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး တိုင်းပြည် ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဉာဏ်ပညာအကောင်းဆုံး လူမျိုးလို့ သတ်မှတ်ကြပါတယ်။

၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ဝ.၂%ရှိတဲ့ ဂျူးလူမျိုးဟာ…. ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိူဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ ၊အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစာရင်းထဲက ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောကမှာ ၆၀%၊

ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စားရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။

သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့ နည်းလမ်းများဟာ အဓိကကျတယ်လို့ ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြား ပျိုးထောင်ကြပါသလဲ။

၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း

ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။

ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့ တန်းတူဖြစ်သွားပြီ” တဲ့။

ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင် ဆုံးဖြတ်တတ်စေရမယ်။

၂။ စာအုပ်ချစ်တဲ့ဓလေ့

ကလေးများ သိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအား နမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့သဘောပါ။

ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။

သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့ လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ပြီးတယ်လို့ ဆိုပါတယ်။

၃။ ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း

ဂျူးမိသားစုထဲမှာ ကလေးများ နည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီး ထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။

သားက “ ဉာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူ သိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာ များနေပါတယ်။

၄။ စာအုပ်အများကြီးကို ဝန်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့

စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစားတတ်အောင် ပျိုးထောင်ပေးကြပါတယ်။

သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်း တစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ်။ ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိူင်းထားပါတယ်။

၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။

ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယဝင်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။

ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။ မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။
Credit; Sayar Aung Ko Latt

Be the first to comment

Leave a Reply

Your email address will not be published.


*