ဘုန္းႀကီးေက်ာင္းမွာ သရဲးပူးခံရတဲ့ကိုရင္ႏွင့္ အတိတ္ဘဝမွ မယ္ေတာ္ဘီလူးမ၏ မိခင္ေမတၱာ

ဘုန္းႀကီးေက်ာင္းမွာ သရဲးပူးခံရတဲ့ကိုရင္ႏွင့္ အတိတ္ဘဝမွ မယ္ေတာ္ဘီလူးမ၏ မိခင္ေမတၱာ

ဗုဒၶဘုရားရွင္ လက္ထက္ေတာ္ အခါက သာဝတၱိျပည္ ေဇတဝန္ေက်ာင္းေတာ္ ရာဇၿဂိဳဟ္ျပည္ ေဝဠဳဝန္ေက်ာင္းေတာ္စတဲ့ ေက်ာင္းေတာ္ႀကီးေတြ အသီးသီးမွာ ညေနခ်မ္းတရားသဘင္ေတြ က်င္းပေလ့ ရွိၾကပါသည္။

တရားသဘင္ဆိုေပမယ့္ အျပန္အလွန္ ေဆြးေႏြးေမးျမန္းမႈေတြ ရွင္းလင္းေျဖၾကားမႈေတြ ျပဳၾကတာလည္း ရွိသည္။ ဆြမ္းစားၿပီးခ်ိန္ႏွင့္ ညေနေစာင္းေတြမွာ အမ်ားဆုံး ျပဳၾကပါသည္။

ဉာဏ္အလင္းရၿပီ းရဟႏၲာျဖစ္သြားသူ အရိယာသံဃာေတြဟာ မိမိတို႔ရဲ႕အတိတ္ဘဝျဖစ္စဥ္ေတြကို တန္ခိုးေတာ္ျဖင့္ ျပန္လည္ဆင္ျခင္ၿပီး သီတင္းသုံးေဖာ္ ရဟန္းမ်ားအား ဖိတ္ၾကားကာ မိမိတို႔ရဲ႕ေနာက္ေၾကာင္းျပန္တရားမ်ားကို တရားေဟာဓမၼာ႐ုံမ်ား ဆြမ္းစားဇရပ္မ်ား၌ ျပန္လည္ေဟာၾကားေလ့ ရွိပါသည္။

တရားပြဲးမ်ားသည္ အလြန္အသက္ဝင္လွၿပီး စိတ္ဝင္စားဖြယ္ရာအတိ ျဖစ္ခဲ့တယ္။ ၿမိဳ႕သူၿမိဳ႕သားေတြဟာ ေက်ာင္းကိုအေမႊးနံ႔သာေတြ ပန္းမာလာေတြ . .ဆီမီးခြက္ေတြ ယူေဆာင္လာၿပီး ပူဇာမႈမ်ားျပဳကာ ရဟန္းေတာ္ေတြကို ဝန္းရံၿပီး ညေနခ်မ္းဓမၼသဘင္မွာ တရားလာနာၾကပါတယ္။

တကယ့္လက္ေတြ႕တရားေတြ ဈာန္တရားေတြဆိုေတာ့ တရားပြဲးႀကီးေတြတစ္ခု ၿပီးသြားတိုင္း ၿပီးသြားတိုင္း ဗုဒၶသာသနာေတာ္ဟာ ပိုမိုထြန္းလင္း ျပန႔္ပြားလာခဲ့ပါတယ္။ ျမင့္ျမတ္တဲ့ သီတင္းစကားေတြဟာ အျခားတိုင္းျပည္ ၿမိဳ႕ျပႏိုင္ငံေတြအထိ ပ်ံ႕ႏွံ႔သြားၾကပါသည္။

သာဝတၱိၿမိဳ႕သူဥပါသိကာမတစ္ဦး၏ တစ္ဦးတည္းေသာသား သာႏုသာမေဏသည္ ငယ္စဥ္ကပင္ ရွင္ျပဳခဲ့ၿပီး ေဇတဝန္ေက်ာင္းတိုက္ႀကီးအတြင္း ညေနခင္းတရားသဘင္ေတြ က်င္းပတိုင္း အလႉရွင္တို႔ရဲ႕ ဆီမီးေတြကို ထြန္းညႇိေပးေလသည္။ ေက်ာင္းေဝယ်ာဝစၥမ်ား ျပဳလုပ္ေပးၿပီး ေသာက္ေရ ေန႔စဥ္ခပ္ေပးသည္။

တံျမက္လွည္းျခင္းဝတ္ကို မျပတ္ေစပဲ ေစာင့္ထိန္းေလသည္။ အမ်ိဳးေကာင္းသား ျဖစ္သည္ႏွင့္အညီ အက်င့္သီလႏွင့္ ျပည့္စုံေသာ ကိုရင္သာႏုသည္ သာဝတၱိၿမိဳ႕သူၿမိဳ႕သားမ်ားကို ညေနခင္းတရားသဘင္ပြဲသို႔ ႂကြေရာက္တရားနာယူၾကပါရန္ လိုက္ၿပီးႏိုးေဆာ္ေပးရသည့္ ဝတၱရားကိုလည္း တာဝန္ယူထားသည့္ အာဃကိုရင္ေလး ျဖစ္ေလသည္။

အက်င့္သီလႏွင့္ျပည့္စုံ၍ ခ်စ္စဖြယ္ျဖစ္သည့္ ကိုရင္သာႏုကို တစ္ေန႔၌ ရဟန္းေတာ္မ်ားက ကိုယ္တိုင္တရားေဟာၾကည့္ဘို႔ ဝိုင္းဝန္း တိုက္တြန္းၾကေလသည္။ ပါရမီထူးသည့္သာႏုလည္း တရားပလႅင္ေပၚတက္ကာ သာယာေသာအသံျဖင့္ တရားေဟာေလေတာ့၏။

သာႏု၏သာယာေသာ တရားသံကို ေဒဝေလာကမွ နတ္ေတြၾကားကုန္ၾကၿပီး စု႐ုံးကာ လာေရာက္နာၾကားၾကေလသည္။ တရားပြဲးဟာ ေအာင္ျမင္ခဲ့ပါသည္။ ဒကာဒကာမေတြလည္း အံ့ၾသဝမ္းသာေနၾကသည္။ သာႏုလည္း ‘ငါ၏ ဤဓမၼဒါနကုသိုလ္အဖို႔ကို ငါ၏မိခင္ဖခင္တို႔အား အမွ်ေပးေဝပါ၏’ဟု ဆို၍ အမွ်ေပးလိုက္ပါသည္။

လူတို႔ရဲ႕ ကာယကံ ဝစီကံ မေနာကံေတြဟာ ဘယ္ေသာအခါမွ် အေဟာသိကံ မျဖစ္ေခ်။ သာႏု၏ အမွ်ေဝသံဟာ ပရေလာကထဲအထိ ႐ိုက္ခတ္သြားပါေတာ့တယ္။ သာႏု၏ အမွ်ေဝသံကို လူသားမိခင္ကမၾကားရေပမယ့္. .

နတ္မ်ားႏွင့္အတူ တရားလာနာေနတဲ့ အတိတ္ဘဝက မယ္ေတာ္ဘီလူးမက ၾကားသြားၿပီး သားျဖစ္သူ၏ ဓမၼဒါနကို ဝမ္းေျမာက္စြာ သာဓုေခၚလိုက္ရာ ခ်က္ခ်င္းပဲ ဘုန္းတန္ခိုးေတြ တိုးတက္သြားပါေတာ့သည္။

(ဤေနရာ၌ အာမိသအလႉထက္ ဓမၼအလႉက ပိုျမတ္တယ္ဆိုတာ သတိျပဳၾကပါ။ အလႉခံပုဂၢိဳလ္၌ ပိုမိုအက်ိဳးျဖစ္ထြန္း၍ ျဖစ္ပါသည္။)

တရားနာလာေသာ နတ္မ်ားဘီလူးမ်ားသည္ သာႏုသာမေဏကို ႐ိုေသေလးစားၾကသူမ်ားျဖစ္၍ သားကိုေလးစားသည့္အေလ်ာက္ မိခင္ျဖစ္ခဲ့ဖူးေသာ ဘီလူးမကိုလည္း ‘သာႏု၏မိခင္’ဟူ၍ ႐ိုေသေလးစားၾကေလေတာ့၏။

မိခင္ေဟာင္းဘီလူးမကို ျမင္သည္ႏွင့္ တန္ခိုးႀကီးေသာနတ္မ်ားကပင္ လမ္းဖယ္ေပးျခင္း ေနရာေပး၍ တေလးတစားျပဳျခင္းမ်ား ျပဳၾကပါေတာ့သည္။ ဘီလူးမယ္ေတာ္ဟာသ ားကိုရင္ကိုအမွီျပဳၿပီး ႀကီးပြားခ်မ္းသာျခင္းအျဖစ္ကို ေရာက္ေနပါေတာ့သည္။

ကိုရင္သာႏုကေတာ့ ဒါေတြကို တကယ္မသိရွာေခ်။ နတ္ေလာက၌ သူ၏ဂုဏ္သီတင္း ဟိုးဟိုးေက်ာ္ၿပီးေနတာကို မသိရွာပဲ တျဖည္းျဖည္းအ႐ြယ္ရာက္လာခဲ့ပါၿပီ။ လူ႔သဘာဝအတိုင္း ကိုယ္တြင္းဓာတုျဖစ္စဥ္ေတြ ေျပာင္းလည္းလာကာ ဆန႔္က်င္ဘက္အာ႐ုံကို စိတ္ဝင္စားလာမိပါသည္။

သာသနာ့ေဘာင္မွာ မေပ်ာ္ေမြ႕ႏိုင္ရွာေတာ့ပဲ လူထြက္ခ်င္လာပါေတာ့သည္။ ဒါဟာအျပစ္မဟုတ္ပါဘူး သဘာဝတရားပါပဲ။ ကိုရင္သာႏုဟာ အက်င့္သိကၡာကို အေလးထားသူ သာမေဏေကာင္းပီပီ ျမတ္ေသာသကၤန္းကို အစြန္းအထင္းမျဖစ္ေစလိုပဲ ႐ိုးသားစြာလူထြက္ၿပီး အိမ္ေထာင္ျပဳခ်င္ရွာတာပါ။

ကိုရင့္ဘက္ကၾကည့္ရင္ မွန္ေပမယ့္ မိခင္ျဖစ္သူကေတာ့ လူ႔ေဘာင္၏ဆင္းရဲဒုကၡမ်ားကို ေျပာျပၿပီး လူမထြက္ရန္ အမ်ိဳးမ်ိဳးေခ်ာ့ေမာ့ ေျပာရွာပါသည္။ ကိုရင္သာႏုကေတာ့ ဆုံးျဖတ္ၿပီးေလၿပီ ေျပာမရသည့္အဆုံး ‘ေနာက္ဆုံးတစ္နပ္ေတာ့ ေမေမဆြမ္းကပ္ပါရေစဦး’ဟု ေတာင္းပန္ကာ ဆြမ္းခ်က္ရွာေလသည္။

ထိုအျဖစ္ကို ဘဝေဟာင္းမွမိခင္ဘီလူးမ သိရွိသြားကာ အႀကီးအက်ယ္ေသာက ေရာက္ေလေတာ့သည္။ ႀကံရာမရသည့္အဆုံး သူမ၏သုခုမ႐ုပ္ႏုခႏၲာကိုယ္အား သားကိုရင္သာႏု၏ ၾသဠာရိက႐ုပ္ၾကမ္းခႏၲာထဲသို႔ ဝင္ေရာက္ ပူးကပ္လိုက္ေလေတာ့သည္။

သာႏုသာမေဏ၏ ဦးေခါင္းႏွင့္ဇတ္သည္ ေက်ာဘက္သို႔ လည္ထြက္သြားၿပီး ႐ုတ္တရက္ လဲက်သြားေလေတာ့သည္။ မ်က္လုံးႀကီးျပဴးထြက္လာၿပီး ပါးစပ္မွ တံေတြးမ်ား အဆက္မျပတ္ ယိုစီးက်လာေလေတာ့သည္။

မိခင္ျဖစ္သူလည္း ခ်က္ျပဳတ္ေနရာမွ ခ်က္ခ်င္းေျပးလာၿပီး သားကိုပိုက္လ်က္ ငိုေႂကြးေနေလေတာ့သည္။ ရဟန္းသံဃာမ်ား ဥပသကာ ဥပါသိကာမ်ားလည္း စု႐ုံးလာၾကသည္။

ကိုရင့္ကို စီးထားေသာဘီလူးမသည္ နက္ေသာအသံႀကီးျဖင့္ “ရွစ္ပါးသီလကို ေဆာက္တည္သူတို႔အား ဘီလူးမ်ားဝင္ေရာက္ မပူးကပ္ႏိုင္ေသာ္လည္း ယခုသာႏုသာမေဏသည္ လူထြက္ရန္ဟူသည့္ မေကာင္းေသာ အႀကံအစည္ရွိ၍ ေႏွာင့္ယွက္ရသည္။

ေနာင္အခါ လူထြက္မယ္ႀကံတိုင္း ယခုကဲ့သို႔ပင္ ပူးကပ္ေနမွာပဲ”ဟု ႀကဳံးဝါးသတိေပးၿပီး သာႏု၏ကိုယ္ထးမွ ထြက္ေလသည္။

သာႏုလည္းျပန္လည္သတိရလာၿပီးမွ ျဖစ္ပုံကိုသိသြားရာ ‘ၾသ. .ငါ၏အျဖစ္ကို နတ္ေတြကေတာင္ သိေနပါေပါ့လား’ဟု ရွက္႐ြံ႕ျခင္းအထူးျဖစ္မိကာ လူထြက္ရန္အႀကံကို စြန႔္၍ ထိုေန႔တြင္ပင္ ရဟန္းေဘာင္သို႔ တက္ေလေတာ့သည္။

ေလာကသုံးပါး၏ တုႏႈိင္းမဲ့ဆရာသခင္ျဖစ္ေတာ္မူေသာ ဗုဒၶဘုရားရွင္ထံေတာ္ပါးသို႔ သာႏုမေထရ္ခ်ဥ္းကပ္လာလွ်င္ “ခ်စ္သား. .ဤစိတ္သည္ ဟိုးေရွးအခါကပင္ အာ႐ုံကို အလိုရွိတိုင္း လွည့္လည္က်က္စားခဲ့ၿပီးၿပီေလ. .

ခြၽန္းကိုင္ထားတဲ့ ဆင္ထိန္းဟာ မုန္ယစ္ေနေသာဆင္ကို ႏွိပ္ကြက္ဘိသကဲ့သို႔ ေအးခ်မ္းေအာင္ သင့္တင့္မွ်တေအာင္ ႏွလုံးသြင္းၿပီး စိတ္ကို ေကာင္းစြာႏွိပ္ကြပ္ၿပီး ျမတ္ေသာတရားကိုသာ အားထုတ္ေလေလာ့! ဟူ၍ ၾသဝါဒေပးေတာ္မူပါသည္။

ဤသို႔ျဖင့္ အရွင္သာႏုသည္ ဘဝေဟာင္းမွ မယ္ေတာ္နတ္ဘီလူးမ၏ မိခင္ေမတၱာေၾကာင့္ ေနာင္အခါတြင္ ပိဋကတ္သုံးပုံေဆာင္ႏိုင္သည့္ ရဟႏၲာအရွင္ျမတ္ႀကီးတစ္ပါး ျဖစ္လာခဲ့ၿပီး သက္ေတာ္ (၁၂၀)မွာနိဗၺာန္ကို မ်က္ေမွာက္ျပဳကာ ပရိနိဗၺာန္စံေတာ္မူခဲ့ပါသတည္း။

တကယ္ေတာ့ အနမတဂၢရွည္လ်ားလွတဲ့ သံသရာဝဋ္ဆင္းရဲးအတြင္းမွာ သတၱဝါေတြဟာ ယူခဲ့ရတဲ့မိန္းမေတြ ယူခဲ့ရတဲ့လင္သားေတြဟာ မဟာသမုဒၵရာေလးစင္းထဲကသဲလုံးမ်ား မကေအာင္ပင္ ရွိခဲ့ေလၿပီတကား။ ဗုဒၶသာသနာေတာ္ႏွင့္ ႀကဳံတုံးႀကဳံခိုက္မွသာ ရႏိုင္တဲ့ ဈာန္တရား မဂ္တရားေတြကသာ ရွားပါးအဖိုးတန္ၿပီး ရခဲလွ၍ အရယူသင့္ေပသည္။

ယုတ္စြအဆုံးလူသားမေျပာႏွင့္ တိရိစာၦန္ဘုံ၌ အသိဉာဏ္အနိမ့္ဆုံးျဖစ္တဲ့ အင္းစက္ပိုးမႊားေတြ ျခင္ေတြေတာင္ ေမထုံသံဝါသျပဳၾကေလသည္ပဲ။ အိမ္ေထာင္ျပဳၾကေလသည္ပဲ။

ဒီကာမတဏွာေတြဟာ အျပင္ပန္းကၾကည့္လွ်င္ မက္ေလာက္စရာ တစ္ခုခုရွိသကဲ့သို႔ အသြင္ေဆာင္ေသာ္လည္း အမွန္တကယ္ ခြဲစိတ္စစ္ေဆးၾကည့္လိုက္လွ်င္ ဘာအႏွစ္သာရမွ မရွိေလၿပီတကား။

မ်က္ေမွာက္ေခတ္၂၁ရာစုကဲ့သို႔ ေလာက၏ၿငိမ္းခ်မ္းေရးတရား ပ်က္ယြင္းလာသည့္အခ်ိန္၌ ၾကည္လင္သန႔္ရွင္းတဲ့ ဝမ္းေျမာက္စရာေတြရွားပါးလာသည့္ အခါ၌ ပိုလို႔ပင္ သံေဝဂရသင့္ တရားကို အားထုတ္သင့္ေလၿပီ။

အသက္ရွင္သန္ေနရျခင္းအတြက္ အေကာင္းဆုံးအခႊင့္အေရးသည္ကား ျဗဟၼဝိဟာရတရားကို ပြားမ်ားၾကဘို႔ပင္တည္း. . .။ က်မ္းကိုး ; : ဓမၼပဒပါဠိေတာ္နာဂဝဂ္

ဗုဒၶသာသနာျပဳ ဆရာေကာင္းထြဋ္ေခါင္ (ဝမ္းတြင္းေမွာ္စက္ရွင္)
ဝိဇၨာဓရဂမၻီရအစီအရင္ႏွင့္ေဗဒင္ယၾတာ၊ မဂၤလာအႀကံျပဳေဟာခန္း၊ ရန္ကုန္ၿမိဳ႕။ ၀၉၄၂၈၁၁၅၂၃၅

Unicode

ဘုန်းကြီးကျောင်းမှာ သရဲးပူးခံရတဲ့ကိုရင်နှင့် အတိတ်ဘဝမှ မယ်တော်ဘီလူးမ၏ မိခင်မေတ္တာ

ဗုဒ္ဓဘုရားရှင် လက်ထက်တော် အခါက သာဝတ္တိပြည် ဇေတဝန်ကျောင်းတော် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်စတဲ့ ကျောင်းတော်ကြီးတွေ အသီးသီးမှာ ညနေချမ်းတရားသဘင်တွေ ကျင်းပလေ့ ရှိကြပါသည်။

တရားသဘင်ဆိုပေမယ့် အပြန်အလှန် ဆွေးနွေးမေးမြန်းမှုတွေ ရှင်းလင်းဖြေကြားမှုတွေ ပြုကြတာလည်း ရှိသည်။ ဆွမ်းစားပြီးချိန်နှင့် ညနေစောင်းတွေမှာ အများဆုံး ပြုကြပါသည်။

ဉာဏ်အလင်းရပြီ းရဟန္တာဖြစ်သွားသူ အရိယာသံဃာတွေဟာ မိမိတို့ရဲ့အတိတ်ဘဝဖြစ်စဉ်တွေကို တန်ခိုးတော်ဖြင့် ပြန်လည်ဆင်ခြင်ပြီး သီတင်းသုံးဖော် ရဟန်းများအား ဖိတ်ကြားကာ မိမိတို့ရဲ့နောက်ကြောင်းပြန်တရားများကို တရားဟောဓမ္မာရုံများ ဆွမ်းစားဇရပ်များ၌ ပြန်လည်ဟောကြားလေ့ ရှိပါသည်။

တရားပွဲးများသည် အလွန်အသက်ဝင်လှပြီး စိတ်ဝင်စားဖွယ်ရာအတိ ဖြစ်ခဲ့တယ်။ မြို့သူမြို့သားတွေဟာ ကျောင်းကိုအမွှေးနံ့သာတွေ ပန်းမာလာတွေ . .ဆီမီးခွက်တွေ ယူဆောင်လာပြီး ပူဇာမှုများပြုကာ ရဟန်းတော်တွေကို ဝန်းရံပြီး ညနေချမ်းဓမ္မသဘင်မှာ တရားလာနာကြပါတယ်။

တကယ့်လက်တွေ့တရားတွေ ဈာန်တရားတွေဆိုတော့ တရားပွဲးကြီးတွေတစ်ခု ပြီးသွားတိုင်း ပြီးသွားတိုင်း ဗုဒ္ဓသာသနာတော်ဟာ ပိုမိုထွန်းလင်း ပြန့်ပွားလာခဲ့ပါတယ်။ မြင့်မြတ်တဲ့ သီတင်းစကားတွေဟာ အခြားတိုင်းပြည် မြို့ပြနိုင်ငံတွေအထိ ပျံ့နှံ့သွားကြပါသည်။

သာဝတ္တိမြို့သူဥပါသိကာမတစ်ဦး၏ တစ်ဦးတည်းသောသား သာနုသာမဏေသည် ငယ်စဉ်ကပင် ရှင်ပြုခဲ့ပြီး ဇေတဝန်ကျောင်းတိုက်ကြီးအတွင်း ညနေခင်းတရားသဘင်တွေ ကျင်းပတိုင်း အလှူရှင်တို့ရဲ့ ဆီမီးတွေကို ထွန်းညှိပေးလေသည်။ ကျောင်းဝေယျာဝစ္စများ ပြုလုပ်ပေးပြီး သောက်ရေ နေ့စဉ်ခပ်ပေးသည်။

တံမြက်လှည်းခြင်းဝတ်ကို မပြတ်စေပဲ စောင့်ထိန်းလေသည်။ အမျိုးကောင်းသား ဖြစ်သည်နှင့်အညီ အကျင့်သီလနှင့် ပြည့်စုံသော ကိုရင်သာနုသည် သာဝတ္တိမြို့သူမြို့သားများကို ညနေခင်းတရားသဘင်ပွဲသို့ ကြွရောက်တရားနာယူကြပါရန် လိုက်ပြီးနိုးဆော်ပေးရသည့် ဝတ္တရားကိုလည်း တာဝန်ယူထားသည့် အာဃကိုရင်လေး ဖြစ်လေသည်။

အကျင့်သီလနှင့်ပြည့်စုံ၍ ချစ်စဖွယ်ဖြစ်သည့် ကိုရင်သာနုကို တစ်နေ့၌ ရဟန်းတော်များက ကိုယ်တိုင်တရားဟောကြည့်ဘို့ ဝိုင်းဝန်း တိုက်တွန်းကြလေသည်။ ပါရမီထူးသည့်သာနုလည်း တရားပလ္လင်ပေါ်တက်ကာ သာယာသောအသံဖြင့် တရားဟောလေတော့၏။

သာနု၏သာယာသော တရားသံကို ဒေဝလောကမှ နတ်တွေကြားကုန်ကြပြီး စုရုံးကာ လာရောက်နာကြားကြလေသည်။ တရားပွဲးဟာ အောင်မြင်ခဲ့ပါသည်။ ဒကာဒကာမတွေလည်း အံ့သြဝမ်းသာနေကြသည်။ သာနုလည်း ‘ငါ၏ ဤဓမ္မဒါနကုသိုလ်အဖို့ကို ငါ၏မိခင်ဖခင်တို့အား အမျှပေးဝေပါ၏’ဟု ဆို၍ အမျှပေးလိုက်ပါသည်။

လူတို့ရဲ့ ကာယကံ ဝစီကံ မနောကံတွေဟာ ဘယ်သောအခါမျှ အဟောသိကံ မဖြစ်ချေ။ သာနု၏ အမျှဝေသံဟာ ပရလောကထဲအထိ ရိုက်ခတ်သွားပါတော့တယ်။ သာနု၏ အမျှဝေသံကို လူသားမိခင်ကမကြားရပေမယ့်. .

နတ်များနှင့်အတူ တရားလာနာနေတဲ့ အတိတ်ဘဝက မယ်တော်ဘီလူးမက ကြားသွားပြီး သားဖြစ်သူ၏ ဓမ္မဒါနကို ဝမ်းမြောက်စွာ သာဓုခေါ်လိုက်ရာ ချက်ချင်းပဲ ဘုန်းတန်ခိုးတွေ တိုးတက်သွားပါတော့သည်။

(ဤနေရာ၌ အာမိသအလှူထက် ဓမ္မအလှူက ပိုမြတ်တယ်ဆိုတာ သတိပြုကြပါ။ အလှူခံပုဂ္ဂိုလ်၌ ပိုမိုအကျိုးဖြစ်ထွန်း၍ ဖြစ်ပါသည်။)

တရားနာလာသော နတ်များဘီလူးများသည် သာနုသာမဏေကို ရိုသေလေးစားကြသူများဖြစ်၍ သားကိုလေးစားသည့်အလျောက် မိခင်ဖြစ်ခဲ့ဖူးသော ဘီလူးမကိုလည်း ‘သာနု၏မိခင်’ဟူ၍ ရိုသေလေးစားကြလေတော့၏။

မိခင်ဟောင်းဘီလူးမကို မြင်သည်နှင့် တန်ခိုးကြီးသောနတ်များကပင် လမ်းဖယ်ပေးခြင်း နေရာပေး၍ တလေးတစားပြုခြင်းများ ပြုကြပါတော့သည်။ ဘီလူးမယ်တော်ဟာသ ားကိုရင်ကိုအမှီပြုပြီး ကြီးပွားချမ်းသာခြင်းအဖြစ်ကို ရောက်နေပါတော့သည်။

ကိုရင်သာနုကတော့ ဒါတွေကို တကယ်မသိရှာချေ။ နတ်လောက၌ သူ၏ဂုဏ်သီတင်း ဟိုးဟိုးကျော်ပြီးနေတာကို မသိရှာပဲ တဖြည်းဖြည်းအရွယ်ရာက်လာခဲ့ပါပြီ။ လူ့သဘာဝအတိုင်း ကိုယ်တွင်းဓာတုဖြစ်စဉ်တွေ ပြောင်းလည်းလာကာ ဆန့်ကျင်ဘက်အာရုံကို စိတ်ဝင်စားလာမိပါသည်။

သာသနာ့ဘောင်မှာ မပျော်မွေ့နိုင်ရှာတော့ပဲ လူထွက်ချင်လာပါတော့သည်။ ဒါဟာအပြစ်မဟုတ်ပါဘူး သဘာဝတရားပါပဲ။ ကိုရင်သာနုဟာ အကျင့်သိက္ခာကို အလေးထားသူ သာမဏေကောင်းပီပီ မြတ်သောသင်္ကန်းကို အစွန်းအထင်းမဖြစ်စေလိုပဲ ရိုးသားစွာလူထွက်ပြီး အိမ်ထောင်ပြုချင်ရှာတာပါ။

ကိုရင့်ဘက်ကကြည့်ရင် မှန်ပေမယ့် မိခင်ဖြစ်သူကတော့ လူ့ဘောင်၏ဆင်းရဲဒုက္ခများကို ပြောပြပြီး လူမထွက်ရန် အမျိုးမျိုးချော့မော့ ပြောရှာပါသည်။ ကိုရင်သာနုကတော့ ဆုံးဖြတ်ပြီးလေပြီ ပြောမရသည့်အဆုံး ‘နောက်ဆုံးတစ်နပ်တော့ မေမေဆွမ်းကပ်ပါရစေဦး’ဟု တောင်းပန်ကာ ဆွမ်းချက်ရှာလေသည်။

ထိုအဖြစ်ကို ဘဝဟောင်းမှမိခင်ဘီလူးမ သိရှိသွားကာ အကြီးအကျယ်သောက ရောက်လေတော့သည်။ ကြံရာမရသည့်အဆုံး သူမ၏သုခုမရုပ်နုခန္တာကိုယ်အား သားကိုရင်သာနု၏ သြဠာရိကရုပ်ကြမ်းခန္တာထဲသို့ ဝင်ရောက် ပူးကပ်လိုက်လေတော့သည်။

သာနုသာမဏေ၏ ဦးခေါင်းနှင့်ဇတ်သည် ကျောဘက်သို့ လည်ထွက်သွားပြီး ရုတ်တရက် လဲကျသွားလေတော့သည်။ မျက်လုံးကြီးပြူးထွက်လာပြီး ပါးစပ်မှ တံတွေးများ အဆက်မပြတ် ယိုစီးကျလာလေတော့သည်။

မိခင်ဖြစ်သူလည်း ချက်ပြုတ်နေရာမှ ချက်ချင်းပြေးလာပြီး သားကိုပိုက်လျက် ငိုကြွေးနေလေတော့သည်။ ရဟန်းသံဃာများ ဥပသကာ ဥပါသိကာများလည်း စုရုံးလာကြသည်။

ကိုရင့်ကို စီးထားသောဘီလူးမသည် နက်သောအသံကြီးဖြင့် “ရှစ်ပါးသီလကို ဆောက်တည်သူတို့အား ဘီလူးများဝင်ရောက် မပူးကပ်နိုင်သော်လည်း ယခုသာနုသာမဏေသည် လူထွက်ရန်ဟူသည့် မကောင်းသော အကြံအစည်ရှိ၍ နှောင့်ယှက်ရသည်။

နောင်အခါ လူထွက်မယ်ကြံတိုင်း ယခုကဲ့သို့ပင် ပူးကပ်နေမှာပဲ”ဟု ကြုံးဝါးသတိပေးပြီး သာနု၏ကိုယ်ထးမှ ထွက်လေသည်။

သာနုလည်းပြန်လည်သတိရလာပြီးမှ ဖြစ်ပုံကိုသိသွားရာ ‘သြ. .ငါ၏အဖြစ်ကို နတ်တွေကတောင် သိနေပါပေါ့လား’ဟု ရှက်ရွံ့ခြင်းအထူးဖြစ်မိကာ လူထွက်ရန်အကြံကို စွန့်၍ ထိုနေ့တွင်ပင် ရဟန်းဘောင်သို့ တက်လေတော့သည်။

လောကသုံးပါး၏ တုနှိုင်းမဲ့ဆရာသခင်ဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်ထံတော်ပါးသို့ သာနုမထေရ်ချဉ်းကပ်လာလျှင် “ချစ်သား. .ဤစိတ်သည် ဟိုးရှေးအခါကပင် အာရုံကို အလိုရှိတိုင်း လှည့်လည်ကျက်စားခဲ့ပြီးပြီလေ. .

ချွန်းကိုင်ထားတဲ့ ဆင်ထိန်းဟာ မုန်ယစ်နေသောဆင်ကို နှိပ်ကွက်ဘိသကဲ့သို့ အေးချမ်းအောင် သင့်တင့်မျှတအောင် နှလုံးသွင်းပြီး စိတ်ကို ကောင်းစွာနှိပ်ကွပ်ပြီး မြတ်သောတရားကိုသာ အားထုတ်လေလော့! ဟူ၍ သြဝါဒပေးတော်မူပါသည်။

ဤသို့ဖြင့် အရှင်သာနုသည် ဘဝဟောင်းမှ မယ်တော်နတ်ဘီလူးမ၏ မိခင်မေတ္တာကြောင့် နောင်အခါတွင် ပိဋကတ်သုံးပုံဆောင်နိုင်သည့် ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်လာခဲ့ပြီး သက်တော် (၁၂၀)မှာနိဗ္ဗာန်ကို မျက်မှောက်ပြုကာ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသတည်း။

တကယ်တော့ အနမတဂ္ဂရှည်လျားလှတဲ့ သံသရာဝဋ်ဆင်းရဲးအတွင်းမှာ သတ္တဝါတွေဟာ ယူခဲ့ရတဲ့မိန်းမတွေ ယူခဲ့ရတဲ့လင်သားတွေဟာ မဟာသမုဒ္ဒရာလေးစင်းထဲကသဲလုံးများ မကအောင်ပင် ရှိခဲ့လေပြီတကား။ ဗုဒ္ဓသာသနာတော်နှင့် ကြုံတုံးကြုံခိုက်မှသာ ရနိုင်တဲ့ ဈာန်တရား မဂ်တရားတွေကသာ ရှားပါးအဖိုးတန်ပြီး ရခဲလှ၍ အရယူသင့်ပေသည်။

ယုတ်စွအဆုံးလူသားမပြောနှင့် တိရိစ္ဆာန်ဘုံ၌ အသိဉာဏ်အနိမ့်ဆုံးဖြစ်တဲ့ အင်းစက်ပိုးမွှားတွေ ခြင်တွေတောင် မေထုံသံဝါသပြုကြလေသည်ပဲ။ အိမ်ထောင်ပြုကြလေသည်ပဲ။

ဒီကာမတဏှာတွေဟာ အပြင်ပန်းကကြည့်လျှင် မက်လောက်စရာ တစ်ခုခုရှိသကဲ့သို့ အသွင်ဆောင်သော်လည်း အမှန်တကယ် ခွဲစိတ်စစ်ဆေးကြည့်လိုက်လျှင် ဘာအနှစ်သာရမှ မရှိလေပြီတကား။

မျက်မှောက်ခေတ်၂၁ရာစုကဲ့သို့ လောက၏ငြိမ်းချမ်းရေးတရား ပျက်ယွင်းလာသည့်အချိန်၌ ကြည်လင်သန့်ရှင်းတဲ့ ဝမ်းမြောက်စရာတွေရှားပါးလာသည့် အခါ၌ ပိုလို့ပင် သံဝေဂရသင့် တရားကို အားထုတ်သင့်လေပြီ။

အသက်ရှင်သန်နေရခြင်းအတွက် အကောင်းဆုံးအခွှင့်အရေးသည်ကား ဗြဟ္မဝိဟာရတရားကို ပွားများကြဘို့ပင်တည်း. . .။ ကျမ်းကိုး ; : ဓမ္မပဒပါဠိတော်နာဂဝဂ်

ဗုဒ္ဓသာသနာပြု ဆရာကောင်းထွဋ်ခေါင် (ဝမ်းတွင်းမှော်စက်ရှင်)
ဝိဇ္ဇာဓရဂမ္ဘီရအစီအရင်နှင့်ဗေဒင်ယတြာ၊ မင်္ဂလာအကြံပြုဟောခန်း၊ ရန်ကုန်မြို့။ ၀၉၄၂၈၁၁၅၂၃၅

Be the first to comment

Leave a Reply

Your email address will not be published.


*