ေသနတ္ၿပီးေသာ ဆရာေတာ္

ေသနတ္ၿပီးေသာ ဆရာေတာ္

ႏြားသားမစားရ ဆိုၿပီး ႏြားေမတၱာစာ တရားေတြ ေဟာၾကားတဲ့အခါ အမဲလိုင္စင္စီသမားက လူငွါးၿပီး လယ္တီဆရာေတာ္ကို အသတ္ခိုင္းပါတယ္။

လယ္တီဆရာေတာ္က တရားပြဲမွာ ပလႅင္ေပၚထိုင္ၿပီး တရားေဟာေနပါတယ္။ အဲဒီအခ်ိန္မွာ ငွါးရမ္းထားတဲ့ လူက လယ္တီဆရာေတာ္ကို ခ်ိန္႐ြယ္ၿပီး ေသနတ္နဲ႔ ပစ္ပါတယ္။

ေသနတ္သံက. ဒိုင္းကနဲ ထြက္သြားၿပီး ပစ္တဲ့လူက ေနာက္ကို ပက္လက္လန္ လဲက်သြားပါတယ္။ က်ည္ဆံက အေပၚေထာင္ၿပီး ထြက္သြားတဲ့အတြက္ လယ္တီဆရာေတာ္ကို ထိမွန္ျခင္းမရွိပါဘူး။

ပရိတ္သတ္က ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားခ်ိန္မွာ လယ္တီဆရာေတာ္က ေသနတ္သမားကို ငါ့ပစ္တာ မဟုတ္ဘူး မဟုတ္လား။ ဒီလာငါ့ရွင္လို႔ လွမ္းေျပာၿပီး ဆရာေတာ္အနီးကို ေခၚယူ ထိုင္ေစပါတယ္။

အဲဒီေနာက္ လယ္တီဆရာေတာ္ဟာ ပုံမွန္အတိုင္းဘဲ တရားကို ဆက္လက္ေဟာပါတယ္။ အဲဒီတရားပြဲၿပီးေတာ့ အဲဒီေသနတ္နဲ႔ ပစ္တဲ့သူဟာ လယ္တီဆရာေတာ္ေနာက္ကို သကၤန္းဝတ္ၿပီး လိုက္ပါပါတယ္။

အေတာ္အတန္ တရားအားထုတ္ၿပီးတဲ့ေနာက္ အဲဒီေသနတ္နဲ႔ပစ္ဖူးတဲ့ ရဟန္းက တပည့္ေတာ္ အရွင္ဘုရားအေပၚ ျပစ္မွားမိတဲ့ အကုသိုလ္ကံကေတာ့ ေက်မွာ မဟုတ္ပါဘူးဘုရားလို႔ လယ္တီဆရာေတာ္ကို ေလွ်ာက္တဲ့အခါ လယ္တီဆရာေတာ္က `မဟုတ္ဘူးငါ့ရွင္ ငါေက်နပ္ရင္ အျပစ္ေက်တယ္ ငါေက်နပ္တယ္ လို႔ ျပန္လည္မိန႔္ၾကားပါတယ္။

လယ္တီဆရာေတာ္ရဲ႕ ေမတၱာတရား သီလဂုဏ္၊ သမာဓိဂုဏ္၊ ပညာဂုဏ္ ႀကီးမားပုံပါ။ ေနာက္တခုကေတာ့
လယ္တီေက်ာင္းတိုက္ အတြင္းမွာရွိတဲ့ ေသာက္ေရအိုး သုံးေရအိုးေတြဟာ နံနက္လင္းတာနဲ႔ တၿပိဳင္နက္
ေရျပည့္ေနေလ့ ရွိပါတယ္။

တရက္မွာေတာ့ ေရအိုးေတြ ဘာေၾကာင့္ ေရျပည့္ေနတာလဲ ဆိုတာ ရဟန္းတပါးက စူးစမ္းလိုတာေၾကာင့္ ညသန္းေခါင္ယံမွာ ထၾကည့္ပါတယ္။ အဲဒီလိုၾကည့္ေတာ့ လယ္တီဆရာေတာ္ကိုယ္တိုင္ ေရခပ္သယ္ယူၿပီး ျဖည့္ေနတာကို ျမင္ေတြ႕ရပါတယ္။

အဲဒီေတာ့ လယ္တီဆရာေတာ္ကိုယ္တိုင္ ေရသယ္ယူျခင္းမျပဳဖို႔ ေလွ်ာက္ထားရာမွာ လယ္တီဆရာေတာ္ ျပန္လည္မိန႔္ၾကားတာက သံသရာတေလ်ာက္လုံး သူတပါးကြၽန္ ခႏၶာ့ကြၽန္ ခံခဲ့ရတာပါ။

သာသနာနဲ႔ႀကဳံတုန္း သာသနာ့ကြၽန္ ခံပါရေစပါတဲ့။ လယ္တီဆရာေတာ္ရဲ႕ မာန္မာနခ်ိဳးႏွိမ္ၿပီး ေနထိုင္က်င့္ႀကံတဲ့ ၾကည္ညိဳဖြယ္ စိတ္ေနစိတ္ထားေတာ္ပါ။
credit

Unicode

သေနတ်ပြီးသော ဆရာတော်

နွားသားမစားရ ဆိုပြီး နွားမေတ္တာစာ တရားတွေ ဟောကြားတဲ့အခါ အမဲလိုင်စင်စီသမားက လူငှါးပြီး လယ်တီဆရာတော်ကို အသတ်ခိုင်းပါတယ်။

လယ်တီဆရာတော်က တရားပွဲမှာ ပလ္လင်ပေါ်ထိုင်ပြီး တရားဟောနေပါတယ်။ အဲဒီအချိန်မှာ ငှါးရမ်းထားတဲ့ လူက လယ်တီဆရာတော်ကို ချိန်ရွယ်ပြီး သေနတ်နဲ့ ပစ်ပါတယ်။

သေနတ်သံက. ဒိုင်းကနဲ ထွက်သွားပြီး ပစ်တဲ့လူက နောက်ကို ပက်လက်လန် လဲကျသွားပါတယ်။ ကျည်ဆံက အပေါ်ထောင်ပြီး ထွက်သွားတဲ့အတွက် လယ်တီဆရာတော်ကို ထိမှန်ခြင်းမရှိပါဘူး။

ပရိတ်သတ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်မှာ လယ်တီဆရာတော်က သေနတ်သမားကို ငါ့ပစ်တာ မဟုတ်ဘူး မဟုတ်လား။ ဒီလာငါ့ရှင်လို့ လှမ်းပြောပြီး ဆရာတော်အနီးကို ခေါ်ယူ ထိုင်စေပါတယ်။

အဲဒီနောက် လယ်တီဆရာတော်ဟာ ပုံမှန်အတိုင်းဘဲ တရားကို ဆက်လက်ဟောပါတယ်။ အဲဒီတရားပွဲပြီးတော့ အဲဒီသေနတ်နဲ့ ပစ်တဲ့သူဟာ လယ်တီဆရာတော်နောက်ကို သင်္ကန်းဝတ်ပြီး လိုက်ပါပါတယ်။

အတော်အတန် တရားအားထုတ်ပြီးတဲ့နောက် အဲဒီသေနတ်နဲ့ပစ်ဖူးတဲ့ ရဟန်းက တပည့်တော် အရှင်ဘုရားအပေါ် ပြစ်မှားမိတဲ့ အကုသိုလ်ကံကတော့ ကျေမှာ မဟုတ်ပါဘူးဘုရားလို့ လယ်တီဆရာတော်ကို လျှောက်တဲ့အခါ လယ်တီဆရာတော်က `မဟုတ်ဘူးငါ့ရှင် ငါကျေနပ်ရင် အပြစ်ကျေတယ် ငါကျေနပ်တယ် လို့ ပြန်လည်မိန့်ကြားပါတယ်။

လယ်တီဆရာတော်ရဲ့ မေတ္တာတရား သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားပုံပါ။ နောက်တခုကတော့
လယ်တီကျောင်းတိုက် အတွင်းမှာရှိတဲ့ သောက်ရေအိုး သုံးရေအိုးတွေဟာ နံနက်လင်းတာနဲ့ တပြိုင်နက်
ရေပြည့်နေလေ့ ရှိပါတယ်။

တရက်မှာတော့ ရေအိုးတွေ ဘာကြောင့် ရေပြည့်နေတာလဲ ဆိုတာ ရဟန်းတပါးက စူးစမ်းလိုတာကြောင့် ညသန်းခေါင်ယံမှာ ထကြည့်ပါတယ်။ အဲဒီလိုကြည့်တော့ လယ်တီဆရာတော်ကိုယ်တိုင် ရေခပ်သယ်ယူပြီး ဖြည့်နေတာကို မြင်တွေ့ရပါတယ်။

အဲဒီတော့ လယ်တီဆရာတော်ကိုယ်တိုင် ရေသယ်ယူခြင်းမပြုဖို့ လျှောက်ထားရာမှာ လယ်တီဆရာတော် ပြန်လည်မိန့်ကြားတာက သံသရာတလျောက်လုံး သူတပါးကျွန် ခန္ဓာ့ကျွန် ခံခဲ့ရတာပါ။

သာသနာနဲ့ကြုံတုန်း သာသနာ့ကျွန် ခံပါရစေပါတဲ့။ လယ်တီဆရာတော်ရဲ့ မာန်မာနချိုးနှိမ်ပြီး နေထိုင်ကျင့်ကြံတဲ့ ကြည်ညိုဖွယ် စိတ်နေစိတ်ထားတော်ပါ။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*