
ခ်ိဳင္းနံ႔ျပင္းလို႔ စိတ္ညစ္ေနလား ခ်ိဳင္းေခြၽးထြက္ရင္ အနံ႔ျပင္းသူမ်ားအတြက္ (ခ်ိဳင္းေခြၽးနံ႔)ေပ်ာက္နည္း
ခ်ိဳင္းေခြၽးနံ႔ေပ်ာက္နည္း မေန႔က က်န္းမာေရး ေမးခြန္းေတြထဲမွာ ခ်ိဳင္းေခြၽးနံ႔ ေပ်ာက္နည္း ေမးထားတာေတြ႕တယ္ သုံးေယာက္ေလာက္ ရွိမယ္ ထင္တယ္ ေက်ာက္ခ်ဥ္ (alum) သုံးနည္းကေတာ့ လူတိုင္းသိလို႔ အက်ယ္တဝံ့ မေရးေတာ့ပါ
အခုနည္းက လြယ္တယ္ထင္လို႔ ေရးပါရေစ ခ်ိဳင္းေခြၽးနံ႔ ေပ်ာက္ေအာင္ အိမ္သုံးနည္းနဲ႔ စမ္းလို႔ရတယ္ အားလူးနဲ႔ ေဆာ္ဒါမႈန႔္ (baking soda) ပဲ လိုတယ္
အရင္ဆုံးအာလူးကို ပါးပါးလွီးၿပီး ခ်ိဳင္းေခြၽးထြက္တဲ့ေနရာေတြမွာ သုံးမိနစ္ၾကာေအာင္ အရင္ ပြတ္ေပးရတယ္။ ၿပီးရင္ ေျခာက္ေသြ႕ေအာင္ ခဏထားပါ
လိမ္းထားတဲ့ ေနရာကို ေဆာ္ဒါမႈန႔္ (baking soda) နဲ႔ သိပ္ေပးၿပီး ညလုံးေပါက္ ထားရမယ္ မနက္ အိပ္ရာထတဲ့အခါ အဆိုပါ ေနရာကို ေရခပ္ေႏြးေႏြးနဲ႔ သန႔္စင္ေပးပါ
ဒီနည္းအတိုင္း ခ်ိဳင္ လည္ပင္း လက္ေမာင္းအတြင္းပိုင္း၊ ေပါင္ၿခံ၊ ေျခဖဝါး၊ လက္ဖဝါး စတဲ့ေနရာေတြမွာလည္း သုံးေပးႏိုင္တယ္
တရက္ျခားတခါ ျပဳလုပ္ေပး႐ုံနဲ႔ ႏွစ္ပတ္အတြင္း ခ်ိဳင္းေခြၽးနံ႔ ထြက္တာ သိသိသာသာ သက္သာ လာလိမ့္မယ္ Creditေဒါက္တာေအးမင္းထူး
ခ်ိဳင္းနံ႔ျပင္းလို႔ စိတ္ညစ္ေနလား
ခ်ိဳင္းအေရျပားနဲ႔ ပတ္သက္တဲ့ ျပႆနာတခ်ိဳ႕ကို ႀကဳံေတြ႕ရသူေတြရွိပါ တယ္။ အထူးသျဖင့္ ခ်ိဳင္းနံ႔ျပင္းတာက လူအမ်ားကို စိတ္ကသိကေအာက္ျဖစ္ ေစသလို ကိုယ့္ကိုယ္ကိုယ္လည္း ယုံ ၾကည္မႈအားနည္းေစပါတယ္။
ဒါေၾကာင့္ ခ်ိဳင္းအေရျပားကို ေသခ်ာဂ႐ုစိုက္ႏိုင္ မယ့္ နည္းလမ္းေတြကို စုစည္းေပးလိုက္ ပါတယ္။
ဘာေၾကာင့္ေခြၽးနံ႔ နံတာလဲ
တခ်ိဳ႕လူေတြမွာ ခ်ိဳင္းေခြၽးနံ႔မရွိသ ေလာက္ကို အနံ႔မရတတ္ပါဘူး၊ တခ်ိဳ႕ က်ေတာ့လည္း အစားအေသာက္၊ မွီဝဲ ေနရတဲ့ေဆးဝါးေတြေၾကာင့္ ေခြၽးနံ႔ နံ တာမ်ိဳးျဖစ္တတ္ပါတယ္။ ေခြၽးထြက္ တာကေတာ့ လူတိုင္းမွာ ျဖစ္ေနတာပဲမို႔ ပုံမွန္ပါပဲ။
ေခြၽးထြက္လာတဲ့အခါ အေရ ျပားေပၚက ဗက္တီးရီးယားေတြနဲ႔ ထိ ေတြ႕တဲ့အခါ အနံ႔ဆိုးထြက္လာတာပါ။ တခ်ိဳ႕လူေတြမွာ ေျခဖဝါး၊ လက္ဖဝါးနဲ႔ ခ်ိဳင္းမွာ ေခြၽးထြက္သန္တာမ်ိဳး ရွိတတ္ ပါတယ္။
ဘယ္လို ဂ႐ုစိုက္မလဲ
တစ္ကိုယ္ေရသန႔္ရွင္းေရးကို ဂ႐ု စိုက္ပါ၊ ခ်ိဳင္းအေရျပားက တျခားအေရ ျပားေတြလိုပဲ Scrub လုပ္ေပးဖို႔ လိုပါတယ္။ အနည္းဆုံးႏွစ္ပတ္တစ္ႀကိမ္ Scrub လုပ္ေပးပါ။
ခ်ိဳင္းေခြၽးနံ႔မရွိေအာင္ ခ်ိဳင္းေခြၽးနံ႔ ေပ်ာက္ေဆး(Deodorant or Antiperspirant) ကို ေရခ်ိဳးၿပီးတိုင္း အသုံးျပဳပါ။ ေက်ာက္ခ်ဥ္ကေတာ့ ဟိုးအရင္ကတည္းက လူ ႀကီးေတြသုံးခဲ့တာဆိုေတာ့ ဒီနည္းကလည္း အသုံးတည့္ ပါတယ္။
ဗက္တီးရီးယားေတြ ခိုေအာင္းတာ နည္းေအာင္ အေမြးအမွင္ေတြ ဖယ္ရွား ပါ။ ဖယ္ရွားတဲ့အခါ Shaving ပဲျဖစ္ျဖစ္ Waxing ပဲျဖစ္ျဖစ္ Hair Removal Cream သုံးတာပဲျဖစ္ျဖစ္ Ingrown Hair လို႔ေခၚတဲ့ အေမြးအမွင္က အေရ ျပားထဲျပန္ဝင္တာမ်ိဳး ျဖစ္တတ္ပါတယ္။
Ingrown Hair မျဖစ္ေအာင္ဆို ရင္ ေရေႏြးေႏြးေလးအသုံးျပဳၿပီး အေရ ျပားကို ေသခ်ာ Scrub လုပ္ပါ၊ Shaving Cream အသုံးျပဳပါ၊ Razor Burns မျဖစ္ေအာင္ အေရျပားနဲ႔အရမ္းကပ္ၿပီး မရိတ္ပါနဲ႔။
အေမြးအမွင္ေတြ လုံးဝမရွိခ်င္ရင္ ေတာ့ Laser Treatment အသုံးျပဳၿပီး အေမြးအမွင္ဖယ္ရွားတာမ်ိဳး လုပ္ႏိုင္ပါ တယ္။ Laser Treatment ခံယူမယ္ဆိုရင္ေတာ့ ကြၽမ္းက်င္တဲ့သူျဖစ္ဖို႔လိုပါတယ္။ Laser Treatment လုပ္ရင္း အေရျပားေလာင္သြားတာမ်ိဳး ျဖစ္တတ္ လို႔ပါ။
ပြပြေခ်ာင္ေခ်ာင္အဝတ္ေတြကို ဝတ္ဆင္ပါ၊ အရမ္းက်ပ္တဲ့အဝတ္ေတြ က အေရျပားမွာ ပြတ္တိုက္မႈမ်ားေစၿပီး ေခြၽးပိုထြက္ေစလို႔ပါ။credit Darliko
Unicode
ချိုင်းနံ့ပြင်းလို့ စိတ်ညစ်နေလား ချိုင်းချွေးထွက်ရင် အနံ့ပြင်းသူများအတွက် (ချိုင်းချွေးနံ့)ပျောက်နည်း
ချိုင်းချွေးနံ့ပျောက်နည်း မနေ့က ကျန်းမာရေး မေးခွန်းတွေထဲမှာ ချိုင်းချွေးနံ့ ပျောက်နည်း မေးထားတာတွေ့တယ် သုံးယောက်လောက် ရှိမယ် ထင်တယ် ကျောက်ချဉ် (alum) သုံးနည်းကတော့ လူတိုင်းသိလို့ အကျယ်တဝံ့ မရေးတော့ပါ
အခုနည်းက လွယ်တယ်ထင်လို့ ရေးပါရစေ ချိုင်းချွေးနံ့ ပျောက်အောင် အိမ်သုံးနည်းနဲ့ စမ်းလို့ရတယ် အားလူးနဲ့ ဆော်ဒါမှုန့် (baking soda) ပဲ လိုတယ်
အရင်ဆုံးအာလူးကို ပါးပါးလှီးပြီး ချိုင်းချွေးထွက်တဲ့နေရာတွေမှာ သုံးမိနစ်ကြာအောင် အရင် ပွတ်ပေးရတယ်။ ပြီးရင် ခြောက်သွေ့အောင် ခဏထားပါ
လိမ်းထားတဲ့ နေရာကို ဆော်ဒါမှုန့် (baking soda) နဲ့ သိပ်ပေးပြီး ညလုံးပေါက် ထားရမယ် မနက် အိပ်ရာထတဲ့အခါ အဆိုပါ နေရာကို ရေခပ်နွေးနွေးနဲ့ သန့်စင်ပေးပါ
ဒီနည်းအတိုင်း ချိုင် လည်ပင်း လက်မောင်းအတွင်းပိုင်း၊ ပေါင်ခြံ၊ ခြေဖဝါး၊ လက်ဖဝါး စတဲ့နေရာတွေမှာလည်း သုံးပေးနိုင်တယ်
တရက်ခြားတခါ ပြုလုပ်ပေးရုံနဲ့ နှစ်ပတ်အတွင်း ချိုင်းချွေးနံ့ ထွက်တာ သိသိသာသာ သက်သာ လာလိမ့်မယ် Creditဒေါက်တာအေးမင်းထူး
ချိုင်းနံ့ပြင်းလို့ စိတ်ညစ်နေလား
ချိုင်းအရေပြားနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့ရသူတွေရှိပါ တယ်။ အထူးသဖြင့် ချိုင်းနံ့ပြင်းတာက လူအများကို စိတ်ကသိကအောက်ဖြစ် စေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံ ကြည်မှုအားနည်းစေပါတယ်။
ဒါကြောင့် ချိုင်းအရေပြားကို သေချာဂရုစိုက်နိုင် မယ့် နည်းလမ်းတွေကို စုစည်းပေးလိုက် ပါတယ်။
ဘာကြောင့်ချွေးနံ့ နံတာလဲ
တချို့လူတွေမှာ ချိုင်းချွေးနံ့မရှိသ လောက်ကို အနံ့မရတတ်ပါဘူး၊ တချို့ ကျတော့လည်း အစားအသောက်၊ မှီဝဲ နေရတဲ့ဆေးဝါးတွေကြောင့် ချွေးနံ့ နံ တာမျိုးဖြစ်တတ်ပါတယ်။ ချွေးထွက် တာကတော့ လူတိုင်းမှာ ဖြစ်နေတာပဲမို့ ပုံမှန်ပါပဲ။
ချွေးထွက်လာတဲ့အခါ အရေ ပြားပေါ်က ဗက်တီးရီးယားတွေနဲ့ ထိ တွေ့တဲ့အခါ အနံ့ဆိုးထွက်လာတာပါ။ တချို့လူတွေမှာ ခြေဖဝါး၊ လက်ဖဝါးနဲ့ ချိုင်းမှာ ချွေးထွက်သန်တာမျိုး ရှိတတ် ပါတယ်။
ဘယ်လို ဂရုစိုက်မလဲ
တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရု စိုက်ပါ၊ ချိုင်းအရေပြားက တခြားအရေ ပြားတွေလိုပဲ Scrub လုပ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးနှစ်ပတ်တစ်ကြိမ် Scrub လုပ်ပေးပါ။
ချိုင်းချွေးနံ့မရှိအောင် ချိုင်းချွေးနံ့ ပျောက်ဆေး(Deodorant or Antiperspirant) ကို ရေချိုးပြီးတိုင်း အသုံးပြုပါ။ ကျောက်ချဉ်ကတော့ ဟိုးအရင်ကတည်းက လူ ကြီးတွေသုံးခဲ့တာဆိုတော့ ဒီနည်းကလည်း အသုံးတည့် ပါတယ်။
ဗက်တီးရီးယားတွေ ခိုအောင်းတာ နည်းအောင် အမွေးအမှင်တွေ ဖယ်ရှား ပါ။ ဖယ်ရှားတဲ့အခါ Shaving ပဲဖြစ်ဖြစ် Waxing ပဲဖြစ်ဖြစ် Hair Removal Cream သုံးတာပဲဖြစ်ဖြစ် Ingrown Hair လို့ခေါ်တဲ့ အမွေးအမှင်က အရေ ပြားထဲပြန်ဝင်တာမျိုး ဖြစ်တတ်ပါတယ်။
Ingrown Hair မဖြစ်အောင်ဆို ရင် ရေနွေးနွေးလေးအသုံးပြုပြီး အရေ ပြားကို သေချာ Scrub လုပ်ပါ၊ Shaving Cream အသုံးပြုပါ၊ Razor Burns မဖြစ်အောင် အရေပြားနဲ့အရမ်းကပ်ပြီး မရိတ်ပါနဲ့။
အမွေးအမှင်တွေ လုံးဝမရှိချင်ရင် တော့ Laser Treatment အသုံးပြုပြီး အမွေးအမှင်ဖယ်ရှားတာမျိုး လုပ်နိုင်ပါ တယ်။ Laser Treatment ခံယူမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့သူဖြစ်ဖို့လိုပါတယ်။ Laser Treatment လုပ်ရင်း အရေပြားလောင်သွားတာမျိုး ဖြစ်တတ် လို့ပါ။
ပွပွချောင်ချောင်အဝတ်တွေကို ဝတ်ဆင်ပါ၊ အရမ်းကျပ်တဲ့အဝတ်တွေ က အရေပြားမှာ ပွတ်တိုက်မှုများစေပြီး ချွေးပိုထွက်စေလို့ပါ။credit Darliko
Leave a Reply