ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူအပ္ေသာ ဘဝတစ္ခုမွ တစ္ခုကူးေျပာင္းပုံ

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူအပ္ေသာ ဘဝတစ္ခုမွ တစ္ခုကူးေျပာင္းပုံ

လူတစ္ေယာက္ဟာ ေသေတာ့မယ္ ဆိုလို႔ရွိရင္ ဘာျဖစ္လဲ။ ေနာက္ဘဝျဖစ္မယ္ဆိုတာ ေသခါနီးမွာ မိန္းေမာသြားတဲ့အခ်ိန္ေလးမွာ အိပ္မက္မက္သလို ျဖစ္တယ္။ ထင္ေယာင္ျမင္ေယာင္ေတြ ျဖစ္တတ္တယ္။ အဟုတ္ျမင္တာလည္း ျဖစ္တတ္တယ္။

ကံတရားရယ္၊ ကမၼနိမိတ္ရယ္၊ ဂတိနိမိတ္ရယ္ ဆိုတဲ့ ဒီသုံးခု တစ္ခုခု သူ႔ရဲ႕စိတ္အာ႐ုံထဲမွာေပၚလာတယ္။ လူကေတာ့ အိပ္ရာေပၚမွာပက္လက္ေပါ့။ ေဆြမ်ိဳးသားခ်င္းေတြဟာ ဝိုင္းၾကည့္ေနတာ။ အသက္ထြက္ေတာ့မွာကို ဝိုင္းၾကည့္ေနတာ။

အဲဒီအခ်ိန္ေလးမွာ သူက မွတ္ပုံတင္ေနၿပီ။ လူတိုင္းလူတိုင္း အဲဒါ ကိုယ္လည္း ဒီလိုပဲေနမွာ။ အဲဒီအခ်ိန္ေလးမွာ မွတ္ပုံတင္ရေတာ့တာ။ အဲဒီမွတ္ပုံတင္က ဘယ္ကလာတာတုန္းဆိုေတာ့ လဝကက လာတာ မဟုတ္ဘူး။ အဲဒီမွတ္ပုံတင္က ကိုယ္လုပ္ခဲ့တဲ့ဟာေတြ ဒီအခ်ိန္မွာ လာၿပီးေတာ့ ေပၚေနတာ။

ေန႔စဥ္နဲ႔အမွ် အေကာင္ပေလာင္ေတြ သတ္တဲ့လူကလည္းပဲ အဲဒီသတ္တုန္းက ေဒါသျဖစ္ေနတဲ့ ေဒါသေတြ လာေပၚတာ။ သို႔မဟုတ္ အေကာင္ပေလာင္ေတြနဲ႔ သူဟာ လုံးပန္းေနရတဲ့ပုံ၊ ႏြားသတ္လို႔ ႏြားက ျပန္ေခြ႕ေနတာတို႔ ဘာတို႔ အကုန္လုံးေပၚတယ္။

အဲဒါေတြဟာ ကံတို႔၊ ကမၼနိမိတ္၊ ဂတိနိမိတ္တို႔။ အဲဒီတုန္းက စိတ္ခံစားခ်က္ေတြအတိုင္း လာေပၚတယ္။ သို႔မဟုတ္ရင္ သူသြားရမယ့္ လမ္းေၾကာင္းႀကီးကို လာေပၚတယ္။ အဲဒီလို ေပၚေနတဲ့ အခ်ိန္ေလးမွာ အဲဒီေပၚလိုက္တာ မွတ္ပုံတင္လိုက္တဲ့ သေဘာပဲ။

ဒီဘဝ႐ုပ္နာမ္ေတြက အဲဒါကို အာ႐ုံျပဳၿပီးေတာ့ ဒီဘဝ႐ုပ္နာမ္ဟာ ခ်ဳပ္သြားတယ္။ အဲဒီအာ႐ုံအတိုင္းပဲ ေနာက္ဘဝမွာ ဒီအာ႐ုံနဲ႔ ဆက္စပ္ၿပီးေတာ့ ေနာင္ဘဝမွာ သြားျဖစ္ျပန္တယ္။ အဲဒီေတာ့ ဒီဘဝ ဒီ႐ုပ္နာမ္ ေသလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ခ်ဳပ္သြားတယ္။ ေနာက္ဘဝ ႐ုပ္နာမ္အသစ္က ျဖစ္တယ္။

႐ုပ္နာမ္အသစ္ျဖစ္တယ္ဆိုတာ ဒီဘဝ ႐ုပ္နာမ္ႀကီးက ဘာတစ္ခုမွ ကူးမသြားဘူး။ ခုနက အာ႐ုံျပဳလိုက္တာပဲ ရွိတယ္။ လူကေတာ့ ပက္လက္ အိပ္ရာထဲမွာ၊ ကူးမသြားလို႔ ေရေဝးပို႔ေနရတာေပါ့။ ကူးသြားရင္ ႐ုပ္အေလာင္းႀကီး ေပ်ာက္သြားမွာေပါ့။

ဒီဘဝ႐ုပ္က ေပ်ာက္မသြားဘူး။ အဲဒီထဲက အသိစိတ္က ကူးသြားတာမဟုတ္ဘူး။ ႐ုပ္ခ်ဳပ္တာနဲ႔တစ္ၿပိဳင္နက္ နာမ္တရားေတြလည္း အဲဒီမွာ ခ်ဳပ္တယ္။ တစ္ခါတည္း ခ်ဳပ္သြားတယ္။ ခ်ဳပ္သြားၿပီလို႔ ဒါေၾကာင့္မို႔ ေျပာၾကတာ။

ခ်ဳပ္သြားတယ္ဆိုတာ… ႐ုပ္နဲ႔နာမ္နဲ႔ လႈပ္ရွားမႈေတြအားလုံး ရပ္သြားတာ။ အသက္ထြက္သြားတယ္ဆိုရင္ လိုက္ဖမ္းလို႔ ရမွာေပါ့။ အဲဒီလို ထြက္တာမရွိဘူး၊ ရပ္သြားတာပဲ ရွိတယ္။ ႏွလုံးခုန္ေနတာ ရပ္သြားတယ္။ အသက္ရႉတာ ရပ္သြားတယ္၊ ရပ္ဆိုင္းသြားတာ။

အျပင္ဘက္မွာ ဂစ္ကနဲ ထြက္သြားတာ မရွိဘူး။ ရွိရင္ ဖမ္းဖို႔သာျပင္ထား။ ဖမ္းလို႔ရွိရင္ ဖမ္းၿပီး ျပန္ထည့္လို႔ရမွာေပါ့။ အဲဒါေၾကာင့္ အဲ့လို ဘာမွ ထြက္သြားတာ မရွိဘူး။ ခ်ဳပ္သြားတယ္။ ဒီကခ်ဳပ္သြားတာနဲ႔တစ္ၿပိဳင္နက္ ကံရဲ႕အရွိန္အဟုန္နဲ႔ သူျဖစ္မယ့္ ေနရာမွာေတာက္ေလွ်ာက္ တန္းျဖစ္တယ္။

တန္းျဖစ္တယ္ဆိုတဲ့ အခ်ိန္ေလးမွာ ဥပမာမယ္… လူျဖစ္ၿပီဆိုပါစို႔၊ လူမျဖစ္ခင္ ကတည္းက သူက အာ႐ုံနိမိတ္ထဲမွာ ဘာေပၚေနတုန္း ဆိုလို႔ရွိရင္ ခုနတုန္းက ေကာင္းတာ လုပ္တဲ့သူ သို႔မဟုတ္ အကုသိုလ္ နည္းၿပီးေတာ့ ေသခါနီး ေသငယ္ေဇာနဲ႔ ေျမာေနတဲ့အခ်ိန္မွာ သူဟာ တိုက္ႀကီးနဲ႔ ဥယ်ာဥ္နဲ႔ အဲဒီအိမ္ၿခံႀကီးထဲကို ကားႀကီးေမာင္းဝင္သြားတယ္လို႔ ျမင္တယ္ေပါ့။

အဲဒီလို အိပ္မက္မက္သလိုျဖစ္ၿပီး အဲဒီတိုက္ႀကီးထဲ ဝင္တဲ့အခါမွာ အိမ္ကလူေတြက သူ႔ကို ႀကိဳဆိုၾကတယ္။ တိုက္ေပၚသူတက္သြားတယ္။ တိုက္ႀကီးကလည္း ခမ္းနားလိုက္တာဆိုၿပီး အဲဒီအခ်ိန္မွာ ကြိကနဲ ခ်ဳပ္သြားတယ္။

အဲဒီအိမ္က အိမ္ရွင္မဆီမွာ သူက သေႏၶသြား တည္တယ္။

အဲဒီနည္းနဲ႔ ဝင္စားတယ္လို႔ ေျပာၾကတယ္။ ဘာမွေတာ့ ထြက္သြားတာ မဟုတ္ဘူး။ ခုန အာ႐ုံ ယူလိုက္တာပဲ။ အဲဒီမွာ အိမ္ရွင္မရဲ႕ ဝမ္းထဲမွာ ကလလေရၾကည္ ဆိုတဲ့ အေျပာက္အစက္ကေလးထဲမွာ ကမၼဇ႐ုပ္ (၃၀)နဲ႔ ပဋိသေႏၶ ဝိညာဏ္စိတ္ရယ္၊ နာမ္ေတြ႐ုပ္ေတြရယ္ ဒီေသးေသးေလးထဲမွာ စျဖစ္တယ္။

သေႏၶစိတ္ေလး ေပၚလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ထိုသေႏၶစိတ္ေလးရဲ႕မွီရာက ကလလေရၾကည္ ဆိုတဲ့ပုံစံေလးနဲ႔ ဖြဲ႕ၿပီးေတာ့ ႐ုပ္တရားေလး အဲဒါေလး လာတာ။ ဒါ ဒီဘဝက ႐ုပ္ေတြ တစ္ခုမွ မဟုတ္ဘူး။ ဒီဘဝ ႐ုပ္လည္း မဟုတ္ဘူး၊ ဒီဘဝ နာမ္လည္း မဟုတ္ဘူး။ ကံေၾကာင့္သြားၿပီး အဲဒီမွာအသစ္ျဖစ္လိုက္တာ။

ဒီဘဝမွာလုပ္ခဲ့တဲ့ ကံပဲျဖစ္ေစ၊ အတိတ္ဘဝကလုပ္တဲ့ ကံေတြပဲျဖစ္ေစ အဲဒီကံကေန ထုတ္လုပ္လိုက္တာ၊ အဲဒီအစက္အေျပာက္ကေလး စလာတာပဲ။

အဲဒီဟာႀကီး ေနာက္တပတ္က်ေတာ့ “ပထမံ ကလလံ ေဟာတိ” အျမဳပ္ကေလးအျဖစ္ ျပထားတာနဲ႔ ျမတ္စြာဘုရားေဟာတာနဲ႔ တစ္ထပ္တည္းပဲ အဲဒါ။ ပုံစံေလးေတြ အဲဒီလိုေျပာင္းေျပာင္းၿပီးေတာ့ ႐ုပ္ဟာ အဲဒီလိုျဖစ္ေပၚလာတာ နာမ္တို႔ ႐ုပ္တို႔ဆိုတာ၊အသစ္ အဲဒီလို ျဖစ္ေပၚလာတာ။

အဲဒီေတာ့ ဒီဘဝကလုပ္တဲ့ကံေတြကအဲဒီကံေတြေၾကာင့္ျဖစ္ရတာ ျဖစ္ေသာေၾကာင့္ အဲဒီကံေတြရဲ႕ စြမ္းအားေတြ ရွိလာတဲ့အခါ ဒီဘဝကလုပ္တဲ့အကုသိုလ္ေတြ ဟိုဘဝက်ခံဦး၊ ဒီလိုဆိုတယ္။

သာမန္အားျဖင့္ ၾကည့္မယ္ဆိုရင္ လုပ္သူတစ္ျခား၊ ခံသူတစ္ျခားလို႔ ျဖစ္ေနတယ္ေပါ့။ ဆိုပါစို႔… ဒီဘဝမွာ သူက ဦးဘဆိုတဲ့လူ တစ္ေယာက္က ေသသြားၿပီ။ ေနာင္ဘဝေမာင္လွဆိုတာ ျဖစ္တယ္။ ဦးဘလုပ္သမွ်ေတြ ေမာင္လွက ခံေနရတယ္၊ ဒီလိုျဖစ္ေနတယ္။

သို႔ေသာ္ ဦးဘေသမွေမာင္လွျဖစ္လို႔ ဦးဘလုပ္ခဲ့တဲ့ လုပ္ရပ္ေတြဟာ ေမာင္လွဘဝမွာ ခံရတယ္။ေျပာမယ္ဆိုရင္ on line ေပါ့ ၊ ဆက္စပ္ေနတယ္။

အဲဒီ အဓိပၸာယ္မ်ိဳးကို ဒီလို ရွင္းျပတာ။ဒီဘဝ႐ုပ္နာမ္ ေသခါနီးအထိျဖစ္ေသာ္လည္း ပဋိသေႏၶအခါမွာေပၚလာတဲ့႐ုပ္နာမ္က အသစ္၊ အဲဒါေၾကာင့္မို႔ ဒီဘဝက ကံတရားေၾကာင့္ အဲဒီ ႐ုပ္နာမ္ဟာ ျဖစ္ရတာ။

ပဋိသေႏၶမွာျဖစ္ရတာ။ ဒါေၾကာင့္မို႔လို႔ သူဟာ မေကာင္းမႈ႕အကုသိုလ္ဟာ မလြတ္ပါဘူးလို႔ ဒီလိုဆိုလိုတယ္။ မလြတ္ဘူး ဆက္စပ္ေနတယ္။

ဒီသေဘာတရားေတြဟာ အေသးစိတ္နားလည္ႏိုင္ေအာင္ ျမတ္ဗုဒၶရဲ႕အဆုံးအရျဖစ္တဲ့ အဘိဓမၼာတရားကို ေလ့လာၿပီး ေသေသခ်ာခ်ာ အေလးအနက္ စဥ္းစားမွသာလွ်င္ သိရွိနားလည္းႏိုင္တာ ျဖစ္ေသာေၾကာင့္ ဘဝကူးပုံ နက္နက္နဲနဲသိဖို႔ အဘိဓမၼာတရားကို ေလ့လာၾကပါ။

အဲဒီ အဘိဓမၼာတရားကို ေလ့လာျခင္းျဖင့္ မိမိတို႔သႏၲာန္မွာ အသိဉာဏ္ေတြ တိုးတက္ၿပီး ျမတ္ဗုဒၶရဲ႕ႀကီးမားလွတဲ့ ဉာဏ္ေတာ္ကို ယုံၾကည္ေလးစားၿပီး လိုက္နာ က်င့္သုံးႏိုင္ၾကမွာ ျဖစ္တယ္။

ဒါေၾကာင့္ တရားခ်စ္ခင္ သူေတာ္စင္ပရိသတ္အေပါင္းတို႔ အသိဉာဏ္ေတြတစ္ခုၿပီးတစ္ခုရရွိေအာင္ ဆည္းပူးႏိုင္ၾက၍ ျမတ္ဗုဒၶရဲ႕အဆုံးအမအတိုင္း လိုက္နာက်င့္သုံးႏိုင္ၾကပါေစကုန္သတည္း။

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူအပ္ေသာ “မိလိႏၵမင္းႀကီးႏွင့္ ရွင္နာဂေသနတို႔၏ ဗုဒၶေရးရာ အေခ်အတင္ေျပာဆိုခ်က္မ်ား” အပိုင္း(၉)မွ မွ်ေဝပါသည္။

သိမ္ေမြ႕နက္နဲ ျမတ္ဘုရားတရားႏွလုံးသားတြင္ ၿမဲပါေလမွ သိရွိခံစား ႏိုင္ပါမည္။ တန္ဘိုးရွိလွပါသည္ဘုရား #ႏွလုံးသားတြင္ ဘုရားတည္ၾကမည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော ဘဝတစ်ခုမှ တစ်ခုကူးပြောင်းပုံ

လူတစ်ယောက်ဟာ သေတော့မယ် ဆိုလို့ရှိရင် ဘာဖြစ်လဲ။ နောက်ဘဝဖြစ်မယ်ဆိုတာ သေခါနီးမှာ မိန်းမောသွားတဲ့အချိန်လေးမှာ အိပ်မက်မက်သလို ဖြစ်တယ်။ ထင်ယောင်မြင်ယောင်တွေ ဖြစ်တတ်တယ်။ အဟုတ်မြင်တာလည်း ဖြစ်တတ်တယ်။

ကံတရားရယ်၊ ကမ္မနိမိတ်ရယ်၊ ဂတိနိမိတ်ရယ် ဆိုတဲ့ ဒီသုံးခု တစ်ခုခု သူ့ရဲ့စိတ်အာရုံထဲမှာပေါ်လာတယ်။ လူကတော့ အိပ်ရာပေါ်မှာပက်လက်ပေါ့။ ဆွေမျိုးသားချင်းတွေဟာ ဝိုင်းကြည့်နေတာ။ အသက်ထွက်တော့မှာကို ဝိုင်းကြည့်နေတာ။

အဲဒီအချိန်လေးမှာ သူက မှတ်ပုံတင်နေပြီ။ လူတိုင်းလူတိုင်း အဲဒါ ကိုယ်လည်း ဒီလိုပဲနေမှာ။ အဲဒီအချိန်လေးမှာ မှတ်ပုံတင်ရတော့တာ။ အဲဒီမှတ်ပုံတင်က ဘယ်ကလာတာတုန်းဆိုတော့ လဝကက လာတာ မဟုတ်ဘူး။ အဲဒီမှတ်ပုံတင်က ကိုယ်လုပ်ခဲ့တဲ့ဟာတွေ ဒီအချိန်မှာ လာပြီးတော့ ပေါ်နေတာ။

နေ့စဉ်နဲ့အမျှ အကောင်ပလောင်တွေ သတ်တဲ့လူကလည်းပဲ အဲဒီသတ်တုန်းက ဒေါသဖြစ်နေတဲ့ ဒေါသတွေ လာပေါ်တာ။ သို့မဟုတ် အကောင်ပလောင်တွေနဲ့ သူဟာ လုံးပန်းနေရတဲ့ပုံ၊ နွားသတ်လို့ နွားက ပြန်ခွေ့နေတာတို့ ဘာတို့ အကုန်လုံးပေါ်တယ်။

အဲဒါတွေဟာ ကံတို့၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့။ အဲဒီတုန်းက စိတ်ခံစားချက်တွေအတိုင်း လာပေါ်တယ်။ သို့မဟုတ်ရင် သူသွားရမယ့် လမ်းကြောင်းကြီးကို လာပေါ်တယ်။ အဲဒီလို ပေါ်နေတဲ့ အချိန်လေးမှာ အဲဒီပေါ်လိုက်တာ မှတ်ပုံတင်လိုက်တဲ့ သဘောပဲ။

ဒီဘဝရုပ်နာမ်တွေက အဲဒါကို အာရုံပြုပြီးတော့ ဒီဘဝရုပ်နာမ်ဟာ ချုပ်သွားတယ်။ အဲဒီအာရုံအတိုင်းပဲ နောက်ဘဝမှာ ဒီအာရုံနဲ့ ဆက်စပ်ပြီးတော့ နောင်ဘဝမှာ သွားဖြစ်ပြန်တယ်။ အဲဒီတော့ ဒီဘဝ ဒီရုပ်နာမ် သေလိုက်တာနဲ့ တစ်ပြိုင်နက် ချုပ်သွားတယ်။ နောက်ဘဝ ရုပ်နာမ်အသစ်က ဖြစ်တယ်။

ရုပ်နာမ်အသစ်ဖြစ်တယ်ဆိုတာ ဒီဘဝ ရုပ်နာမ်ကြီးက ဘာတစ်ခုမှ ကူးမသွားဘူး။ ခုနက အာရုံပြုလိုက်တာပဲ ရှိတယ်။ လူကတော့ ပက်လက် အိပ်ရာထဲမှာ၊ ကူးမသွားလို့ ရေဝေးပို့နေရတာပေါ့။ ကူးသွားရင် ရုပ်အလောင်းကြီး ပျောက်သွားမှာပေါ့။

ဒီဘဝရုပ်က ပျောက်မသွားဘူး။ အဲဒီထဲက အသိစိတ်က ကူးသွားတာမဟုတ်ဘူး။ ရုပ်ချုပ်တာနဲ့တစ်ပြိုင်နက် နာမ်တရားတွေလည်း အဲဒီမှာ ချုပ်တယ်။ တစ်ခါတည်း ချုပ်သွားတယ်။ ချုပ်သွားပြီလို့ ဒါကြောင့်မို့ ပြောကြတာ။

ချုပ်သွားတယ်ဆိုတာ… ရုပ်နဲ့နာမ်နဲ့ လှုပ်ရှားမှုတွေအားလုံး ရပ်သွားတာ။ အသက်ထွက်သွားတယ်ဆိုရင် လိုက်ဖမ်းလို့ ရမှာပေါ့။ အဲဒီလို ထွက်တာမရှိဘူး၊ ရပ်သွားတာပဲ ရှိတယ်။ နှလုံးခုန်နေတာ ရပ်သွားတယ်။ အသက်ရှူတာ ရပ်သွားတယ်၊ ရပ်ဆိုင်းသွားတာ။

အပြင်ဘက်မှာ ဂစ်ကနဲ ထွက်သွားတာ မရှိဘူး။ ရှိရင် ဖမ်းဖို့သာပြင်ထား။ ဖမ်းလို့ရှိရင် ဖမ်းပြီး ပြန်ထည့်လို့ရမှာပေါ့။ အဲဒါကြောင့် အဲ့လို ဘာမှ ထွက်သွားတာ မရှိဘူး။ ချုပ်သွားတယ်။ ဒီကချုပ်သွားတာနဲ့တစ်ပြိုင်နက် ကံရဲ့အရှိန်အဟုန်နဲ့ သူဖြစ်မယ့် နေရာမှာတောက်လျှောက် တန်းဖြစ်တယ်။

တန်းဖြစ်တယ်ဆိုတဲ့ အချိန်လေးမှာ ဥပမာမယ်… လူဖြစ်ပြီဆိုပါစို့၊ လူမဖြစ်ခင် ကတည်းက သူက အာရုံနိမိတ်ထဲမှာ ဘာပေါ်နေတုန်း ဆိုလို့ရှိရင် ခုနတုန်းက ကောင်းတာ လုပ်တဲ့သူ သို့မဟုတ် အကုသိုလ် နည်းပြီးတော့ သေခါနီး သေငယ်ဇောနဲ့ မြောနေတဲ့အချိန်မှာ သူဟာ တိုက်ကြီးနဲ့ ဥယျာဉ်နဲ့ အဲဒီအိမ်ခြံကြီးထဲကို ကားကြီးမောင်းဝင်သွားတယ်လို့ မြင်တယ်ပေါ့။

အဲဒီလို အိပ်မက်မက်သလိုဖြစ်ပြီး အဲဒီတိုက်ကြီးထဲ ဝင်တဲ့အခါမှာ အိမ်ကလူတွေက သူ့ကို ကြိုဆိုကြတယ်။ တိုက်ပေါ်သူတက်သွားတယ်။ တိုက်ကြီးကလည်း ခမ်းနားလိုက်တာဆိုပြီး အဲဒီအချိန်မှာ ကွိကနဲ ချုပ်သွားတယ်။

အဲဒီအိမ်က အိမ်ရှင်မဆီမှာ သူက သန္ဓေသွား တည်တယ်။

အဲဒီနည်းနဲ့ ဝင်စားတယ်လို့ ပြောကြတယ်။ ဘာမှတော့ ထွက်သွားတာ မဟုတ်ဘူး။ ခုန အာရုံ ယူလိုက်တာပဲ။ အဲဒီမှာ အိမ်ရှင်မရဲ့ ဝမ်းထဲမှာ ကလလရေကြည် ဆိုတဲ့ အပြောက်အစက်ကလေးထဲမှာ ကမ္မဇရုပ် (၃၀)နဲ့ ပဋိသန္ဓေ ဝိညာဏ်စိတ်ရယ်၊ နာမ်တွေရုပ်တွေရယ် ဒီသေးသေးလေးထဲမှာ စဖြစ်တယ်။

သန္ဓေစိတ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုသန္ဓေစိတ်လေးရဲ့မှီရာက ကလလရေကြည် ဆိုတဲ့ပုံစံလေးနဲ့ ဖွဲ့ပြီးတော့ ရုပ်တရားလေး အဲဒါလေး လာတာ။ ဒါ ဒီဘဝက ရုပ်တွေ တစ်ခုမှ မဟုတ်ဘူး။ ဒီဘဝ ရုပ်လည်း မဟုတ်ဘူး၊ ဒီဘဝ နာမ်လည်း မဟုတ်ဘူး။ ကံကြောင့်သွားပြီး အဲဒီမှာအသစ်ဖြစ်လိုက်တာ။

ဒီဘဝမှာလုပ်ခဲ့တဲ့ ကံပဲဖြစ်စေ၊ အတိတ်ဘဝကလုပ်တဲ့ ကံတွေပဲဖြစ်စေ အဲဒီကံကနေ ထုတ်လုပ်လိုက်တာ၊ အဲဒီအစက်အပြောက်ကလေး စလာတာပဲ။

အဲဒီဟာကြီး နောက်တပတ်ကျတော့ “ပထမံ ကလလံ ဟောတိ” အမြုပ်ကလေးအဖြစ် ပြထားတာနဲ့ မြတ်စွာဘုရားဟောတာနဲ့ တစ်ထပ်တည်းပဲ အဲဒါ။ ပုံစံလေးတွေ အဲဒီလိုပြောင်းပြောင်းပြီးတော့ ရုပ်ဟာ အဲဒီလိုဖြစ်ပေါ်လာတာ နာမ်တို့ ရုပ်တို့ဆိုတာ၊အသစ် အဲဒီလို ဖြစ်ပေါ်လာတာ။

အဲဒီတော့ ဒီဘဝကလုပ်တဲ့ကံတွေကအဲဒီကံတွေကြောင့်ဖြစ်ရတာ ဖြစ်သောကြောင့် အဲဒီကံတွေရဲ့ စွမ်းအားတွေ ရှိလာတဲ့အခါ ဒီဘဝကလုပ်တဲ့အကုသိုလ်တွေ ဟိုဘဝကျခံဦး၊ ဒီလိုဆိုတယ်။

သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လုပ်သူတစ်ခြား၊ ခံသူတစ်ခြားလို့ ဖြစ်နေတယ်ပေါ့။ ဆိုပါစို့… ဒီဘဝမှာ သူက ဦးဘဆိုတဲ့လူ တစ်ယောက်က သေသွားပြီ။ နောင်ဘဝမောင်လှဆိုတာ ဖြစ်တယ်။ ဦးဘလုပ်သမျှတွေ မောင်လှက ခံနေရတယ်၊ ဒီလိုဖြစ်နေတယ်။

သို့သော် ဦးဘသေမှမောင်လှဖြစ်လို့ ဦးဘလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ မောင်လှဘဝမှာ ခံရတယ်။ပြောမယ်ဆိုရင် on line ပေါ့ ၊ ဆက်စပ်နေတယ်။

အဲဒီ အဓိပ္ပာယ်မျိုးကို ဒီလို ရှင်းပြတာ။ဒီဘဝရုပ်နာမ် သေခါနီးအထိဖြစ်သော်လည်း ပဋိသန္ဓေအခါမှာပေါ်လာတဲ့ရုပ်နာမ်က အသစ်၊ အဲဒါကြောင့်မို့ ဒီဘဝက ကံတရားကြောင့် အဲဒီ ရုပ်နာမ်ဟာ ဖြစ်ရတာ။

ပဋိသန္ဓေမှာဖြစ်ရတာ။ ဒါကြောင့်မို့လို့ သူဟာ မကောင်းမှု့အကုသိုလ်ဟာ မလွတ်ပါဘူးလို့ ဒီလိုဆိုလိုတယ်။ မလွတ်ဘူး ဆက်စပ်နေတယ်။

ဒီသဘောတရားတွေဟာ အသေးစိတ်နားလည်နိုင်အောင် မြတ်ဗုဒ္ဓရဲ့အဆုံးအရဖြစ်တဲ့ အဘိဓမ္မာတရားကို လေ့လာပြီး သေသေချာချာ အလေးအနက် စဉ်းစားမှသာလျှင် သိရှိနားလည်းနိုင်တာ ဖြစ်သောကြောင့် ဘဝကူးပုံ နက်နက်နဲနဲသိဖို့ အဘိဓမ္မာတရားကို လေ့လာကြပါ။

အဲဒီ အဘိဓမ္မာတရားကို လေ့လာခြင်းဖြင့် မိမိတို့သန္တာန်မှာ အသိဉာဏ်တွေ တိုးတက်ပြီး မြတ်ဗုဒ္ဓရဲ့ကြီးမားလှတဲ့ ဉာဏ်တော်ကို ယုံကြည်လေးစားပြီး လိုက်နာ ကျင့်သုံးနိုင်ကြမှာ ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ အသိဉာဏ်တွေတစ်ခုပြီးတစ်ခုရရှိအောင် ဆည်းပူးနိုင်ကြ၍ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော “မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓရေးရာ အချေအတင်ပြောဆိုချက်များ” အပိုင်း(၉)မှ မျှဝေပါသည်။

သိမ်မွေ့နက်နဲ မြတ်ဘုရားတရားနှလုံးသားတွင် မြဲပါလေမှ သိရှိခံစား နိုင်ပါမည်။ တန်ဘိုးရှိလှပါသည်ဘုရား #နှလုံးသားတွင် ဘုရားတည်ကြမည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*