လက္ေကာက္ဝတ္ အထက္မွ ျပတ္ေတာက္သြားေသာ လက္အား ျပန္လည္ ဆက္ေပးသည့္ ခြဲစိတ္ကုသမႈေအာင္ျမင္

လက္ေကာက္ဝတ္ အထက္မွ ျပတ္ေတာက္သြားေသာ လက္အား ျပန္လည္ ဆက္ေပးသည့္ ခြဲစိတ္ကုသမႈေအာင္ျမင္

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ (၁၄-၄-၂၀၂၂)ရက္ေန႔တြင္ ဘယ္ဘက္လက္ လက္ေကာက္ဝတ္ အထက္မွ ျပတ္ေတာက္သြားေသာ လက္အား ျပန္လည္ဆက္ေပးသည့္ ခြဲစိတ္ကုသမႈကို ေအာင္ျမင္စြာ ေဆာင္႐ြက္ေပးႏိုင္ခဲ့ပါသည္။

လူနာမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ငါဖမ္းလုပ္ငန္းလုပ္ကိုင္သူျဖစ္ၿပီး (၁၄-၄-၂၀၂၂)ရက္ေန႔၊ ေန႔လယ္(၃း၀၀)နာရီအခ်ိန္တြင္ ဓားျဖင့္ ခုတ္ခံရျခင္းေၾကာင့္ ဘယ္ဘက္လက္၏ လက္ေကာက္ဝတ္အထက္မွ ျပတ္ေတာက္သြားသည့္ ဒဏ္ရာ (Amputated Left Forearm)ျဖင့္

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ အဆိုပါေန႔ရက္ ညေန (၅း၅၅)နာရီအခ်ိန္တြင္ ျပတ္ေတာက္ သြားေသာ လက္ႏွင့္အတူ ေရာက္ရွိလာခဲ့ပါသည္။

ထိုသို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေရာက္ရွိလာသည္ႏွင့္ တစ္ၿပိဳင္နက္ သက္ဆိုင္ရာ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားမွ လိုအပ္ေသာ အေရး ေပၚျပဳစုကုသမႈမ်ား ျပဳလုပ္ေပးျခင္း၊ သက္ဆိုင္ရာ လက္ပိုင္းဆိုင္ရာခြဲစိတ္ကုသမႈ အထူးကု ဆရာဝန္ ႀကီးမ်ားထံ အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္သြယ္ၿပီး

ျပတ္ေတာက္သြားေသာ လက္အား ျပန္လည္ ဆက္ႏိုင္ေရးအတြက္ လိုအပ္ေသာ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ျခင္းတို႔ကို ျပဳလုပ္၍ အေရးေပၚခြဲစိတ္ခန္း ဝင္ရန္ ျပင္ဆင္ခဲ့ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွ လက္ပိုင္းဆိုင္ရာခြဲစိတ္ကုသမႈ ပါရဂူဘြဲ႕သင္တန္းသား ေဒါက္တာ ၿဖိဳးေမာင္ေမာင္ ဦးေဆာင္သည့္

လက္ေထာက္ဆရာဝန္(အ႐ိုး) ေဒါက္တာေမာင္ေမာင္လြင္၊ ေဆးပညာ ဘြဲ႕လြန္(အ႐ိုး) သင္တန္းသား ေဒါက္တာမင္းသူ၊ ေဒါက္တာဟိန္းျပည့္ေအာင္၊ ေမ့ေဆးအထူးကု ဆရာဝန္ ေဒါက္တာထြန္းထြန္းႏိုင္ႏွင့္ အထက္တန္းသူနာျပဳ ေဒၚေမသူရ တို႔ ပါဝင္ေသာအဖြဲ႕က

ျပတ္ေတာက္သြား သည့္ လက္အား ျပန္ဆက္ေပးေသာ ခြဲစိတ္ကုသမႈကို (၁၄-၄-၂၀၂၂) ရက္ေန႔၊ ည(ရး၅၀)နာရီ အခ်ိန္မွ စတင္ေဆာင္႐ြက္ခဲ့ရာ (၁၅-၄-၂၀၂၂)ရက္ေန႔၊ နံနက္(၁း၃၀)နာရီ အခ်ိန္တြင္ ခြဲစိတ္ကုသမႈၿပီးဆုံးခဲ့ပါသည္။

အဆိုပါလူနာ၏ လက္မွာ ခြဲစိတ္ၿပီးခ်ိန္မွစတင္၍ ေသြးေၾကာမ်ား ျဖည္းျဖည္းခ်င္း ျပန္လည္ လွည့္ပတ္စီးဆင္း လာၿပီး (၂၅-၄-၂၀၂၂) ရက္ေန႔မွစတင္၍ အေၾကာအဆစ္ေရာဂါကုပညာဌာန ျပင္ပလူနာဌာနတြင္ ေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ လ်က္ရွိရာ (၂၉-၄-၂၀၂၂)ရက္ေန႔တြင္ ေဆး႐ုံမွ ဆင္းခြင့္ျပဳၿပီးျဖစ္ပါသည္။

ဤကဲ့သို႔ ျပတ္ေတာက္သြားေသာလက္ကို ျပန္လည္ဆက္ေပးသည့္ ခြဲစိတ္ကုသမႈ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ ပထမဦးစြာ ျပတ္ေတာက္သြားသည့္လက္ကို Normal Saline (သို႔မဟုတ္) ေရက်က္ေအးႏွင့္ ေဆးေၾကာရပါမည္။

ထိုသို႔ေဆးေၾကာသန႔္စင္ၿပီးပါက သန႔္ရွင္းသည့္ ပလတ္စတစ္အိတ္ျဖင့္ ထုပ္ပိုးရပါမည္။ (ျဖစ္ႏိုင္ပါက ပလတ္စတစ္အိတ္ထဲတြင္ Normal Saline စိမ္ထားေသာ ပိုးသတ္ထားသည့္ ပတ္တီးစ အႀကီးျဖင့္စည္း၍ ထည့္ေပးပါ)။

ထို႔ေနာက္ ေရခဲပုံးထဲသို႔ ထည့္၍ ေဆး႐ုံသို႔ သယ္ေဆာင္လာရပါမည္။ လက္ စတင္ျပတ္ေတာက္သည့္ အခ်ိန္မွ (၄) သို႔မဟုတ္ (၆)နာရီအတြင္း လက္ပိုင္းဆိုင္ရာ ခြဲစိတ္ကုသမႈအထူးကု ဆရာဝန္ႀကီးမ်ားရွိရာ ေဆး႐ုံႀကီးမ်ားသို႔ ေရာက္ရွိပါက အေကာင္းဆုံး ျဖစ္ေၾကာင္း သိရွိရပါသည္။

Media Zone M.Z
Credit

Unicode

လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ (၁၄-၄-၂၀၂၂)ရက်နေ့တွင် ဘယ်ဘက်လက် လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

လူနာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ငါဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး (၁၄-၄-၂၀၂၂)ရက်နေ့၊ နေ့လယ်(၃း၀၀)နာရီအချိန်တွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်၏ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Left Forearm)ဖြင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အဆိုပါနေ့ရက် ညနေ (၅း၅၅)နာရီအချိန်တွင် ပြတ်တောက် သွားသော လက်နှင့်အတူ ရောက်ရှိလာခဲ့ပါသည်။

ထိုသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ လိုအပ်သော အရေး ပေါ်ပြုစုကုသမှုများ ပြုလုပ်ပေးခြင်း၊ သက်ဆိုင်ရာ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှု အထူးကု ဆရာဝန် ကြီးများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပြီး

ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်နိုင်ရေးအတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်၍ အရေးပေါ်ခွဲစိတ်ခန်း ဝင်ရန် ပြင်ဆင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှု ပါရဂူဘွဲ့သင်တန်းသား ဒေါက်တာ ဖြိုးမောင်မောင် ဦးဆောင်သည့်

လက်ထောက်ဆရာဝန်(အရိုး) ဒေါက်တာမောင်မောင်လွင်၊ ဆေးပညာ ဘွဲ့လွန်(အရိုး) သင်တန်းသား ဒေါက်တာမင်းသူ၊ ဒေါက်တာဟိန်းပြည့်အောင်၊ မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာထွန်းထွန်းနိုင်နှင့် အထက်တန်းသူနာပြု ဒေါ်မေသူရ တို့ ပါဝင်သောအဖွဲ့က

ပြတ်တောက်သွား သည့် လက်အား ပြန်ဆက်ပေးသော ခွဲစိတ်ကုသမှုကို (၁၄-၄-၂၀၂၂) ရက်နေ့၊ ည(ရး၅၀)နာရီ အချိန်မှ စတင်ဆောင်ရွက်ခဲ့ရာ (၁၅-၄-၂၀၂၂)ရက်နေ့၊ နံနက်(၁း၃၀)နာရီ အချိန်တွင် ခွဲစိတ်ကုသမှုပြီးဆုံးခဲ့ပါသည်။

အဆိုပါလူနာ၏ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည် လှည့်ပတ်စီးဆင်း လာပြီး (၂၅-၄-၂၀၂၂) ရက်နေ့မှစတင်၍ အကြောအဆစ်ရောဂါကုပညာဌာန ပြင်ပလူနာဌာနတွင် လေ့ကျင့်ခန်းများ လုပ်ဆောင် လျက်ရှိရာ (၂၉-၄-၂၀၂၂)ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါသည်။

ဤကဲ့သို့ ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်ရန် အတွက် ပထမဦးစွာ ပြတ်တောက်သွားသည့်လက်ကို Normal Saline (သို့မဟုတ်) ရေကျက်အေးနှင့် ဆေးကြောရပါမည်။

ထိုသို့ဆေးကြောသန့်စင်ပြီးပါက သန့်ရှင်းသည့် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရပါမည်။ (ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်ထဲတွင် Normal Saline စိမ်ထားသော ပိုးသတ်ထားသည့် ပတ်တီးစ အကြီးဖြင့်စည်း၍ ထည့်ပေးပါ)။

ထို့နောက် ရေခဲပုံးထဲသို့ ထည့်၍ ဆေးရုံသို့ သယ်ဆောင်လာရပါမည်။ လက် စတင်ပြတ်တောက်သည့် အချိန်မှ (၄) သို့မဟုတ် (၆)နာရီအတွင်း လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအထူးကု ဆရာဝန်ကြီးများရှိရာ ဆေးရုံကြီးများသို့ ရောက်ရှိပါက အကောင်းဆုံး ဖြစ်ကြောင်း သိရှိရပါသည်။

Media Zone M.Z
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*