“သားသမီးကို ခ်စ္ရာမေရာက္ဘဲ နစ္ရာေရာက္တယ္”ဆိုတာမ်ိဳး မျဖစ္ခ်င္ရင္ ဖတ္ၾကည့္ပါ…

“သားသမီးကို ခ်စ္ရာမေရာက္ဘဲ နစ္ရာေရာက္တယ္”ဆိုတာမ်ိဳး မျဖစ္ခ်င္ရင္ ဖတ္ၾကည့္ပါ…

သားသမီးကို ခ်စ္ရင္ ခိုင္းပါ, ေနရာတကာ လိုက္မလုပ္ေပးပါနဲ႔.. သူ႔အ႐ြယ္နဲ႔တန္တဲ့ အလုပ္ေတြကို ခြဲတမ္းခ်ေပးပါ။ ပန္းကန္ ေဆးခိုင္းပါ။ တံျမတ္စည္း လွဲခိုင္းပါ။ အိပ္ယာ သိမ္းခိုင္းပါ။ ေရခဲေသတၱာထဲ ေရဘူးေတြ ျဖည့္ခိုင္းပါ။ အိမ္သာ ေဆးခိုင္းပါ။

အိမ္အကူရွိရင္လည္း တစ္ျခားသူလုပ္ႏိုင္တဲ့ အလုပ္ေတြကို လုပ္ခိုင္းပါ။ ဒီလိုလုပ္ခိုင္းတာဟာ ကေလးကို ခိုင္းတယ္လို႔ မျမင္ပါနဲ႔။ အလုပ္တစ္ခုကို သူ လုပ္ႏိုင္တယ္။ သူ လုပ္ၿပီးသြားၿပီ။ သူလုပ္တတ္တယ္ဆိုတဲ့ ယုံၾကည္မႈကို တေျဖးေျဖးခ်င္း တည္ေဆာက္ေပးတာပါ။

ကေလးကိုခ်စ္ရင္ ေနရာတကာ လိုက္လုပ္မေပးပါနဲ႔ ခိုင္းပါ။ စလုပ္လုပ္ခ်င္းမွာေတာ့ အခ်ိဳးမေျပတာေတြ Concept မမိတာေတြ က်ကြဲတာေတြ မေသသပ္တာေတြ ျဖစ္ေပမယ့္ ဒီအခ်က္ေတြဟာ ဘာ့ေၾကာင့္ျဖစ္ရတယ္ … မျဖစ္ေအာင္ ဘယ္လိုလုပ္ရမယ္… ေနာက္တစ္ခါျဖစ္ရင္ ဘယ္လိုတာဝန္ယူရမယ္ ဆိုတာမ်ိဳး အက်င့္လုပ္ေပးပါ။

ပန္းကန္ကြဲရင္ မုန႔္ဖိုးထဲက ျပန္ဝယ္ရမယ္ဆိုတာမ်ိဳး ဒီအလုပ္ၿပီးမွ အျပင္ထြက္ ေဆာ့ရမယ္ဆိုတာမ်ိဳး ဒီဟာမၿပီးရင္ ဟိုဟာ လုပ္ခြင့္မျပဳဘူးဆိုတာမ်ိဳး
အက်င့္လုပ္ၾကည့္ပါ။ ႐ိုက္ႏွက္တာထက္စာရင္ တာဝန္ယူမႈရွိေအာင္ လုပ္ေပးျခင္းက ပိုထိေရာက္ပါတယ္။ ဘာမွ မလုပ္တတ္တဲ့ ကေလးေတြဟာ ဘာမွမသိပါဘူး။

အလုပ္ေသးေသးေလးေတြ မလုပ္ဖူးတဲ့ ကေလးတစ္ေယာက္ဟာ ယုံၾကည္မႈလည္း မရွိၾကပါဘူး။ “ဒါေလးမ်ား သားလုပ္တတ္တယ္” “အဲဒါ သမီးလုပ္တတ္တယ္” ဆိုတဲ့စကားေတြ သင့္ကေလးဆီက ၾကားဖူးပါသလား။ မွားမွာ မစိုးရိမ္ပါနဲ႔။

သင့္ကေလး မလုပ္ဖူးမွာကိုပဲ ေၾကာက္မွာ က်ဴရွင္တက္ဖို႔နဲ႔ စာက်က္ဖို႔ ရတဲ့စာကို အလြတ္ခ်ေရးၿပီး အဆင့္(၁) ရဖို႔ေလာက္သာ ႀကိဳးစားေနတယ္ဆိုရင္
ဒါဟာ ေတာ္ေတာ္လြဲမွားေနတဲ့ အုပ္ထိန္းမႈေအာက္မွာ ႀကီးျပင္းလာတဲ့ ကေလးျဖစ္ေနတာ ေသခ်ာပါၿပီ။ အသက္၂၀ ေက်ာ္တဲ့အထိ ထမင္းခူးေပးေနရတုန္း မိဘမခ်က္ထားရင္ ဘာမွမစားတတ္ဘူး။

ဘာလုပ္လုပ္ မိဘပါမွ လုပ္တတ္တယ္။ မိဘေျပာမွ စ-လုပ္တယ္ဆိုတာ ဂုဏ္ယူရမယ့္ အရာေတြ မဟုတ္ပါဘူး။ သင့္ကေလးက သင့္ကို လိုအပ္တာထက္ပိုၿပီး မွီခိုလြန္းေနတာဟာ သင့္ကို ခ်စ္လို႔ ဆိုတာထက္ သင္သူတို႔ကို မသုံးမက်ေအာင္ ပုံသြင္းထားခဲ့လို႔ဆိုတာ မေမ့ပါနဲ႔။ ‘ေနရာတကာ အေမပါရတယ္’ ဆိုတာ ဂုဏ္ယူစရာ စကားမဟုတ္ပါဘူး။

ကိစၥေသးေသးေလးေတြကို သူကိုယ္တိုင္ အစအဆုံး လုပ္တတ္ဖို႔ စဥ္းစားတတ္ဖို႔ တာဝန္ယူတတ္ဖို႔ တေျဖးေျဖးခ်င္းသင္ေပးပါ… ဒါမွသာ တေျဖးေျဖးခ်င္း ေလာကရဲ႕ျပႆနာေတြကို သူတို႔ ဘယ္လိုေျဖရွင္းရမလဲဆိုတာ ေတြးတဲ့အက်င့္ ရသြားမွာျဖစ္ပါတယ္။

အၿပိဳင္အဆိုင္ ဖြင့္လာၾကတဲ့ အမွန္အကန္ ေက်ာင္းေတြေရာ အႀကံအဖန္ ေက်ာင္းေတြမွာပါ သူမ်ားထက္သာဖို႔ ေငြေတြအကုန္ခံၿပီး သင္တာလည္း သင္ပါ။ အရာေတာ္ေတာ္မ်ားမ်ားကိုလည္း ကိုယ္တိုင္ သင္ေပးပါ။ ကိစၥေတာ္ေတာ္မ်ားမ်ားကို သူတို႔ ကိုယ္တိုင္ ေဆာင္႐ြက္ခိုင္းပါ။ လူေတာ္ေတာ္မ်ားမ်ားနဲ႔ ထိေတြ႕ခိုင္းပါ။

ေလာကမွာ စာေတာ္ဖို႔ လိုအပ္သလို အကင္းပါးဖို႔ လူရည္လည္ဖို႔ လူ႔အထာနပ္ဖို႔နဲ႔ သူတို႔ကိုယ္သူတို႔ ဘယ္ကိစၥမွာမဆို ယုံၾကည္မႈအျပည့္ရွိေနဖို႔လည္း
လိုအပ္တယ္ဆိုတာ သတိျပဳပါ။ ကြၽန္ေတာ္တို႔ ႏိုင္ငံက ေက်ာင္းေတြမွာ မစဥ္းစားခိုင္းပါဘူး။ ၏-သည္မေ႐ြး က်က္ခိုင္းပါတယ္။ ဆရာမတြက္နည္းအတိုင္း မတြက္ရင္ အမွတ္မရပါဘူး။

ဒါသင္ ဒါက်က္ ဒါရ ဒါေျဖစနစ္နဲ႔ စခန္းသြားခဲ့တာ မ်ိဳးဆက္(၂)ဆက္ မကေတာ့ပါဘူး။ အိမ္ေတြရဲ႕ထိန္းေက်ာင္းမႈကလည္း လုံးဝ ပစ္ထားတဲ့ မိဘရယ္
အကုန္လိုက္ၾကည့္ေနတဲ့ မိဘေတြနဲ႔သာ ႀကီးျပင္းလာရေတာ့ လူငယ္ေတြရဲ႕ေခါင္းထဲမွာ စဥ္းစားတဲ့ခ်ိန္ဆိုတာ Game ႏွိပ္မွပဲ ေပၚလာတဲ့ အေျခအေန ျဖစ္လာပါတယ္။

နည္းနည္းေလး ေမးခြန္းလွည့္လိုက္တာနဲ႔ မေျဖတတ္ေတာ့ဘူး။ နည္းနည္းေလး မိဘမပါတာနဲ႔ ယုံၾကည္မႈ မရွိၾကေတာ့တဲ့အထိ ျဖစ္ေနပါတယ္။ ေခါင္းမပါတဲ့ လူငယ္ေတြ ႀကီးလာခဲ့လို႔ တိုင္းျပည္လည္း အခြံပဲ က်န္ပါေတာ့တယ္။

စဥ္းစားတတ္တဲ့ မ်ိဳးဆက္တစ္ခု ယုံၾကည္မႈအျပည့္ရွိတဲ့ မ်ိဳးဆက္တစ္ခု ဖန္တီးႏိုင္စြမ္း ထိုးေဖာက္ႏိုင္စြမ္းရွိတဲ့ မ်ိဳးဆက္တစ္ခု ဖန္တီးေပးဖို႔ အခ်ိန္ ေတာ္ေတာ္ေတာင္ ေနာက္က်ေနပါၿပီ။ ဒါေၾကာင့္ မူႀကိဳပို႔ဖို႔ပဲ မစဥ္းစားၾကပါနဲ႔။

ေက်ာင္းေကာင္းေကာင္းထားဖို႔ တစ္ခုပဲ အာ႐ုံမစိုက္ၾကပါနဲ႔။ သူမ်ားထက္ အမွတ္ေကာင္းဖို႔တစ္ခုပဲ တြန္းအားမေပးပါနဲ႔။ သူတို႔ဖာသာ သူတို႔ စဥ္းစားေတြးေခၚဖို႔ အလွည့္ေပးလိုက္ပါ။ သူတို႔ တာဝန္ သူတို႔ယူတတ္ဖို႔ သူတို႔ ဘဝကို သူတို႔ အမွန္တကယ္ ေက်နပ္ၾကဖို႔ အခြင့္အေရး ေပးလိုက္ပါ။

‘ဘာမဆို ငါလုပ္ႏိုင္တယ္ ‘ ‘ငါ လုပ္တတ္တယ္ဆိုတဲ့’ ယုံၾကည္မႈမ်ိဳးကိုသာ ဖန္တီးေပးလိုက္ပါ။ ဒါဟာ သူတို႔အတြက္ သင္ေပးႏိုင္တဲ့ တစ္ဘဝလုံးစာ အေကာင္းဆုံး လက္ေဆာင္ပါ။ ။ ခရစ္ဒစ္ _ မူရင္းေရးသားသူ။

Unicode

“သားသမီးကို ချစ်ရာမရောက်ဘဲ နစ်ရာရောက်တယ်”ဆိုတာမျိုး မဖြစ်ချင်ရင် ဖတ်ကြည့်ပါ…

သားသမီးကို ချစ်ရင် ခိုင်းပါ, နေရာတကာ လိုက်မလုပ်ပေးပါနဲ့.. သူ့အရွယ်နဲ့တန်တဲ့ အလုပ်တွေကို ခွဲတမ်းချပေးပါ။ ပန်းကန် ဆေးခိုင်းပါ။ တံမြတ်စည်း လှဲခိုင်းပါ။ အိပ်ယာ သိမ်းခိုင်းပါ။ ရေခဲသေတ္တာထဲ ရေဘူးတွေ ဖြည့်ခိုင်းပါ။ အိမ်သာ ဆေးခိုင်းပါ။

အိမ်အကူရှိရင်လည်း တစ်ခြားသူလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ခိုင်းပါ။ ဒီလိုလုပ်ခိုင်းတာဟာ ကလေးကို ခိုင်းတယ်လို့ မမြင်ပါနဲ့။ အလုပ်တစ်ခုကို သူ လုပ်နိုင်တယ်။ သူ လုပ်ပြီးသွားပြီ။ သူလုပ်တတ်တယ်ဆိုတဲ့ ယုံကြည်မှုကို တဖြေးဖြေးချင်း တည်ဆောက်ပေးတာပါ။

ကလေးကိုချစ်ရင် နေရာတကာ လိုက်လုပ်မပေးပါနဲ့ ခိုင်းပါ။ စလုပ်လုပ်ချင်းမှာတော့ အချိုးမပြေတာတွေ Concept မမိတာတွေ ကျကွဲတာတွေ မသေသပ်တာတွေ ဖြစ်ပေမယ့် ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ် … မဖြစ်အောင် ဘယ်လိုလုပ်ရမယ်… နောက်တစ်ခါဖြစ်ရင် ဘယ်လိုတာဝန်ယူရမယ် ဆိုတာမျိုး အကျင့်လုပ်ပေးပါ။

ပန်းကန်ကွဲရင် မုန့်ဖိုးထဲက ပြန်ဝယ်ရမယ်ဆိုတာမျိုး ဒီအလုပ်ပြီးမှ အပြင်ထွက် ဆော့ရမယ်ဆိုတာမျိုး ဒီဟာမပြီးရင် ဟိုဟာ လုပ်ခွင့်မပြုဘူးဆိုတာမျိုး
အကျင့်လုပ်ကြည့်ပါ။ ရိုက်နှက်တာထက်စာရင် တာဝန်ယူမှုရှိအောင် လုပ်ပေးခြင်းက ပိုထိရောက်ပါတယ်။ ဘာမှ မလုပ်တတ်တဲ့ ကလေးတွေဟာ ဘာမှမသိပါဘူး။

အလုပ်သေးသေးလေးတွေ မလုပ်ဖူးတဲ့ ကလေးတစ်ယောက်ဟာ ယုံကြည်မှုလည်း မရှိကြပါဘူး။ “ဒါလေးများ သားလုပ်တတ်တယ်” “အဲဒါ သမီးလုပ်တတ်တယ်” ဆိုတဲ့စကားတွေ သင့်ကလေးဆီက ကြားဖူးပါသလား။ မှားမှာ မစိုးရိမ်ပါနဲ့။

သင့်ကလေး မလုပ်ဖူးမှာကိုပဲ ကြောက်မှာ ကျူရှင်တက်ဖို့နဲ့ စာကျက်ဖို့ ရတဲ့စာကို အလွတ်ချရေးပြီး အဆင့်(၁) ရဖို့လောက်သာ ကြိုးစားနေတယ်ဆိုရင်
ဒါဟာ တော်တော်လွဲမှားနေတဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာတဲ့ ကလေးဖြစ်နေတာ သေချာပါပြီ။ အသက်၂၀ ကျော်တဲ့အထိ ထမင်းခူးပေးနေရတုန်း မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး။

ဘာလုပ်လုပ် မိဘပါမှ လုပ်တတ်တယ်။ မိဘပြောမှ စ-လုပ်တယ်ဆိုတာ ဂုဏ်ယူရမယ့် အရာတွေ မဟုတ်ပါဘူး။ သင့်ကလေးက သင့်ကို လိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ သင့်ကို ချစ်လို့ ဆိုတာထက် သင်သူတို့ကို မသုံးမကျအောင် ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။ ‘နေရာတကာ အမေပါရတယ်’ ဆိုတာ ဂုဏ်ယူစရာ စကားမဟုတ်ပါဘူး။

ကိစ္စသေးသေးလေးတွေကို သူကိုယ်တိုင် အစအဆုံး လုပ်တတ်ဖို့ စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့ တဖြေးဖြေးချင်းသင်ပေးပါ… ဒါမှသာ တဖြေးဖြေးချင်း လောကရဲ့ပြဿနာတွေကို သူတို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ တွေးတဲ့အကျင့် ရသွားမှာဖြစ်ပါတယ်။

အပြိုင်အဆိုင် ဖွင့်လာကြတဲ့ အမှန်အကန် ကျောင်းတွေရော အကြံအဖန် ကျောင်းတွေမှာပါ သူများထက်သာဖို့ ငွေတွေအကုန်ခံပြီး သင်တာလည်း သင်ပါ။ အရာတော်တော်များများကိုလည်း ကိုယ်တိုင် သင်ပေးပါ။ ကိစ္စတော်တော်များများကို သူတို့ ကိုယ်တိုင် ဆောင်ရွက်ခိုင်းပါ။ လူတော်တော်များများနဲ့ ထိတွေ့ခိုင်းပါ။

လောကမှာ စာတော်ဖို့ လိုအပ်သလို အကင်းပါးဖို့ လူရည်လည်ဖို့ လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့ ဘယ်ကိစ္စမှာမဆို ယုံကြည်မှုအပြည့်ရှိနေဖို့လည်း
လိုအပ်တယ်ဆိုတာ သတိပြုပါ။ ကျွန်တော်တို့ နိုင်ငံက ကျောင်းတွေမှာ မစဉ်းစားခိုင်းပါဘူး။ ၏-သည်မရွေး ကျက်ခိုင်းပါတယ်။ ဆရာမတွက်နည်းအတိုင်း မတွက်ရင် အမှတ်မရပါဘူး။

ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့ စခန်းသွားခဲ့တာ မျိုးဆက်(၂)ဆက် မကတော့ပါဘူး။ အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း လုံးဝ ပစ်ထားတဲ့ မိဘရယ်
အကုန်လိုက်ကြည့်နေတဲ့ မိဘတွေနဲ့သာ ကြီးပြင်းလာရတော့ လူငယ်တွေရဲ့ခေါင်းထဲမှာ စဉ်းစားတဲ့ချိန်ဆိုတာ Game နှိပ်မှပဲ ပေါ်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်။

နည်းနည်းလေး မေးခွန်းလှည့်လိုက်တာနဲ့ မဖြေတတ်တော့ဘူး။ နည်းနည်းလေး မိဘမပါတာနဲ့ ယုံကြည်မှု မရှိကြတော့တဲ့အထိ ဖြစ်နေပါတယ်။ ခေါင်းမပါတဲ့ လူငယ်တွေ ကြီးလာခဲ့လို့ တိုင်းပြည်လည်း အခွံပဲ ကျန်ပါတော့တယ်။

စဉ်းစားတတ်တဲ့ မျိုးဆက်တစ်ခု ယုံကြည်မှုအပြည့်ရှိတဲ့ မျိုးဆက်တစ်ခု ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့ မျိုးဆက်တစ်ခု ဖန်တီးပေးဖို့ အချိန် တော်တော်တောင် နောက်ကျနေပါပြီ။ ဒါကြောင့် မူကြိုပို့ဖို့ပဲ မစဉ်းစားကြပါနဲ့။

ကျောင်းကောင်းကောင်းထားဖို့ တစ်ခုပဲ အာရုံမစိုက်ကြပါနဲ့။ သူများထက် အမှတ်ကောင်းဖို့တစ်ခုပဲ တွန်းအားမပေးပါနဲ့။ သူတို့ဖာသာ သူတို့ စဉ်းစားတွေးခေါ်ဖို့ အလှည့်ပေးလိုက်ပါ။ သူတို့ တာဝန် သူတို့ယူတတ်ဖို့ သူတို့ ဘဝကို သူတို့ အမှန်တကယ် ကျေနပ်ကြဖို့ အခွင့်အရေး ပေးလိုက်ပါ။

‘ဘာမဆို ငါလုပ်နိုင်တယ် ‘ ‘ငါ လုပ်တတ်တယ်ဆိုတဲ့’ ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ။ ဒါဟာ သူတို့အတွက် သင်ပေးနိုင်တဲ့ တစ်ဘဝလုံးစာ အကောင်းဆုံး လက်ဆောင်ပါ။ ။ ခရစ်ဒစ် _ မူရင်းရေးသားသူ။

Be the first to comment

Leave a Reply

Your email address will not be published.


*