“အခမ္းနားဆုံးး မုသားမ်ား “

“အခမ္းနားဆုံးး မုသားမ်ား ”

သူေဌးအိမ္မွာ အိမ္ေဖာ္လုပ္ေနတဲ့ ေကာင္မေလးကို နယ္ကသူ႔အေမက ဖုန္းဆက္ရင္း ေမးတယ္ သမီးေလး အလုပ္လုပ္ရတာ အဆင္ေျပရဲ႕လားး?

“ဟုတ္ကဲ့အေမ သမီးအဆင္ေျပပါတယ္ သူေဌးလင္မယားကလဲ သေဘာ အရမ္းေကာင္းၾကတယ္”တဲ့ သူေဌးကေတာ္ ေခါက္လို႔ ဖူးေနတဲ့ ေခါင္းေလးကို ပြတ္ရင္းေျဖတယ္…

“ေမာင္တိုးေရ မင္းအေမဖုန္းဆက္တယ္ လာေျပာလိုက္ဦး” စားပြဲထိုးေလးေမာင္တိုး ေဆးလက္စ ပန္းကန္ေတြ ပစ္ခ်ပီး ေျပးသြားတယ္ “သား လူေလး ေနေကာင္းလား အဆင္ေျပလား သားေလး”

“အင္းးးအေမ ေျပတယ္ စားေသာက္ဆိုင္ဆိုေတာ့ မုန႔္ေတြလဲ အမ်ားႀကီးစားရတယ္ အေမရဲ႕” မနက္ကတည္းက ဘာမွ မစားရေသးလို႔ တဂြီဂြီျမည္ေနတဲ့ ဗိုက္ကအသံ အေမၾကားသြား မလားလို႔ေတာ့ စိုးရိမ္မိသားး

“ေဟ်ာင့္းးး ဖိုးေဇာ္ တပ္ရင္းအဝမွာ မင္းအေဖ ဧည့္ေတြ႕လာတယ္ သြားလိုက္ဦးး” ရဲေဘာ္ေလးဖိုးေဇာ္ အိပ္ယာေအာက္ကိုလွန္ သတင္းစာေလးနဲ႔ က်စ္က်စ္ ပါေအာင္ ထုတ္ပီး ဖြက္ထားတဲ့ လစာ တစ္သိန္းကို ယူပီး တပ္ရင္းဝက သူ႔အေဖဆီေျပးတယ္…

“သားးဖိုးေဇာ္ အဆင္ေျပရဲ႕လားးကြ ဒီမွာ မင္းစားဖို႔ မင္းအေမ ဟင္းဘူးေတြ ထည့္ေပးလိုက္တယ္” “ဟာ ေအဖကလဲ မလိုပါဘူး အေဖတို႔စားဖို႔
ျပန္ယူသြား သားဒီမွာ အဆင္ေျပတယ္ ဒီလလစာက်န္ တစ္သိန္းေတာင္ အေဖတို႔ကို သားကန္ေတာ့ႏိုင္မယ္…

အေဖ့လက္ လစာေလးအပ္ အဲ့နားေျမႀကီးထဲတင္ ဒူးေလးေထာက္ ထိုင္ကန္ေတာ့ “သားးးးမင္းသုံးဖို႔ေရာ ရွိရဲ႕လားကြာ ျပန္ယူထားပါလား” “ရပါတယ္ အေဖရာ သားအတြက္က ဘာမွ ပူစရာမရွိပါဖူး အစစအရာရာအဆင္ေျပပါတယ္”

အေဖ့ရဲ႕အၿပဳံးးေတြေအာက္ ေန႔တိုင္းစားေနရတဲ့ ပဲရည္က်ဲဟင္းနဲ႔ ၾကက္ဥေရလုံျပဳတ္က ပိုပီး အားရွိေစခဲ့တယ္…

လိမ္ညာျခင္းဟာမေကာင္းေၾကာင္း ေလာကနီတိေတြ ကိုသင္ပီးျပန္လာတဲ့ ေက်ာင္းဆရာမေလးးမိုးခ်ဳပ္လို႔ အိမ္နဲ႔ phေျပာတဲ့အခါ ဗြက္ေတာထဲ လမ္းေလွ်ာက္သြားရတဲ့ ဒုကၡေတြ မသိေတာ့ဖူး..

-အိမ္ပို႔ဖို႔ လစာမက်န္မွာစိုးလို႔ အသီး႐ြက္ေၾကာ္နဲ႔ ဘဲဥပဲ အၿမဲစားေနရတဲ့ ဒုကၡေတြ မရွိေတာ့ဖူးး -နယ္ေျမက မၿငိမ္းခ်မ္းလို႔ က်ီးလန႔္စာစား ေနေနရတဲ့ ေသာကေတြကို ေမ့ပီးအဆင္ေျပပါတယ္ အေမလို႔ ညာမိျပန္တယ္

ဘဝမွာ လူတကာကို အႀကိမ္ႀကိမ္ ညာဖူး လိမ္ဖူးၾကေပမယ့္ အေဝးေရာက္သားသမီးေတြရဲ႕ ကိုယ့္ရဲ႕ လက္တေလာဒုကၡေတြ ေသာကေတြကိုေမ့ပီး မိဘေတြစိတ္ခ်မ္းသာဖို႔အတြက္ “အဆင္ေျပပါတယ္ အေဖ” “အဆင္ေျပပါတယ္ အေမ” လို႔ ညာရတဲ့ အခ်ိန္ေတြက အခမ္းးနားဆုံးးနဲ႔ ေက်နပ္ရဆုံး
အခ်ိန္ေတြပါပဲ 😊😊

(အေဝးေရာက္ သားသမီးမ်ားသာ နားလည္မည္) ❤️
crd

Unicode

“အခမ်းနားဆုံးး မုသားများ “

သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်ရင်း မေးတယ် သမီးလေး အလုပ်လုပ်ရတာ အဆင်ပြေရဲ့လားး?

“ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘော အရမ်းကောင်းကြတယ်”တဲ့ သူဌေးကတော် ခေါက်လို့ ဖူးနေတဲ့ ခေါင်းလေးကို ပွတ်ရင်းဖြေတယ်…

“မောင်တိုးရေ မင်းအမေဖုန်းဆက်တယ် လာပြောလိုက်ဦး” စားပွဲထိုးလေးမောင်တိုး ဆေးလက်စ ပန်းကန်တွေ ပစ်ချပီး ပြေးသွားတယ် “သား လူလေး နေကောင်းလား အဆင်ပြေလား သားလေး”

“အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့ မုန့်တွေလဲ အများကြီးစားရတယ် အမေရဲ့” မနက်ကတည်းက ဘာမှ မစားရသေးလို့ တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွား မလားလို့တော့ စိုးရိမ်မိသားး

“ဟျောင့်းးး ဖိုးဇော် တပ်ရင်းအဝမှာ မင်းအဖေ ဧည့်တွေ့လာတယ် သွားလိုက်ဦးး” ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန် သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီး ဖွက်ထားတဲ့ လစာ တစ်သိန်းကို ယူပီး တပ်ရင်းဝက သူ့အဖေဆီပြေးတယ်…

“သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာ မင်းစားဖို့ မင်းအမေ ဟင်းဘူးတွေ ထည့်ပေးလိုက်တယ်” “ဟာ အေဖကလဲ မလိုပါဘူး အဖေတို့စားဖို့
ပြန်ယူသွား သားဒီမှာ အဆင်ပြေတယ် ဒီလလစာကျန် တစ်သိန်းတောင် အဖေတို့ကို သားကန်တော့နိုင်မယ်…

အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီးထဲတင် ဒူးလေးထောက် ထိုင်ကန်တော့ “သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူထားပါလား” “ရပါတယ် အဖေရာ သားအတွက်က ဘာမှ ပူစရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်”

အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီး အားရှိစေခဲ့တယ်…

လိမ်ညာခြင်းဟာမကောင်းကြောင်း လောကနီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာမလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါ ဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေ မသိတော့ဖူး..

-အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့ ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးး -နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစား နေနေရတဲ့ သောကတွေကို မေ့ပီးအဆင်ပြေပါတယ် အမေလို့ ညာမိပြန်တယ်

ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး လိမ်ဖူးကြပေမယ့် အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့ လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီး မိဘတွေစိတ်ချမ်းသာဖို့အတွက် “အဆင်ပြေပါတယ် အဖေ” “အဆင်ပြေပါတယ် အမေ” လို့ ညာရတဲ့ အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံး
အချိန်တွေပါပဲ 😊😊

(အဝေးရောက် သားသမီးများသာ နားလည်မည်) ❤️
crd

Be the first to comment

Leave a Reply

Your email address will not be published.


*