စတိုင္ရွိလို႔ စတားျဖစ္ေနၾကတာပါ….

စတိုင္ရွိလို႔ စတားျဖစ္ေနၾကတာပါ….

ေဘာလီးဝုဒ္က တစ္ျဖည္းျဖည္း က်ယ္ျပန႔္လာေတာ့ ႐ုပ္ရွင္တစ္ကားတည္းနဲ႔ ေပါက္ဖို႔ မလြယ္ကူေတာ့ပါဘူး။

အဲ့ဒါအျပင္ တလ္ဂူးေတြ ႐ိုက္တဲ့ ဟင္ဒီဇာတ္ကားေတြက ဇာတ္အိမ္ ခိုင္လြန္းတာေၾကာင့္ ေဘာလီးဝုဒ္ ထဲကို ေတာလီးဝုဒ္က တိုးဝင္လာေတာ့ ေတာ္႐ုံေလာက္နဲ႔ အိႏၵိယ ႐ုပ္ရွင္ေလာကကို ထိုးေဖာက္ဖို႔ မလြယ္ကူပါဘူး။

အိႏၵိယႏိုင္ငံက အျခားႏိုင္ငံေတြနဲ႔ မတူတာက လူဦးေရ ၇၀ ရာခိုင္းႏႈန္းက ႐ုပ္ရွင္ ၾကည့္ၾကတာပါပဲ။ ေတာ္႐ုံ စတိုင္ေလာက္နဲ႔က ေဘာလီးဝုဒ္မွာ မေပါက္ပါဘူး။

ဒါေပမဲ့ ေဘာလိဝုဒ္က စတားေတြတိုင္းမွာေတာ့ စတိုင္ေတြ ရွိေနၾကပါတယ္။ အဲ့ေတာ့ မီဒီယာေတြကလည္း အပတ္စဥ္ စတိုင္လန္းတဲ့ အဝတ္အစားနဲ႔ ဒီဇိုင္းသစ္ေတြကို ေဖာ္ျပေပး လာပါတယ္။ အခုက အိႏၵိယ မီဒီယာေတြက အသားေပး ေဖာ္ျပခဲ့တဲ့ ၿပီးခဲ့တဲ့ အပတ္က ဒီဇိုင္းလွလွ စတားေတြရဲ႕ စတိုင္ေတြပါ။

ပရီယန္ကာေခ်ာ္ပရာက ၿပီးခဲ့အပတ္က ဂရမၼီဆုေပးပြဲကို တက္ခဲ့ပါတယ္။ သူမရဲ႕ ပြဲတက္ဝတ္စုံက ႏႈးညံ့မႈကို ျပဖို႔အတြက္ သတၱဳေရာင္ ေျပာင္ေျပာင္နဲ႔ သူမရဲ႕ အသားေရာင္ကို လိုက္ေအာင္ ေ႐ြးခ်ယ္ ဝတ္ခဲ့ပါတယ္။ သူမရဲ႕ အသားေရာင္ အညိဳဖက္ လုေနတာကို ရေအာင္ ထိန္းသြားတဲ့ အေရာင္ ေ႐ြးခ်ယ္မႈကေတာ့ တကယ္ကို အံ့မခန္းပါပဲ။

အာနန္ယာပန္ေဒးရဲ႕ ဘိုဟီမီယံ သတိုသမီး ဝတ္စုံကေတာ့ ေတာ္ေတာ္ေလး လန္းပါတယ္။ သူငယ္ခ်င္းရဲ႕မဂၤလာေဆာင္ကို သြားတက္တဲ့ ပုံက ဟစ္ပီစတိုင္ကို အိႏၵိဟန္ေလး ေရာလိုက္ေတာ့ စတိုင္တစ္ခု ျဖစ္သြားတယ္။

မီဒီယာေတြရဲ႕ စာမ်က္ႏွာမွာ အသားေပး ေဖာ္ျပ ခံလိုက္ရပါတယ္။ နက္ျပာေရာင္ အခံေပၚမွာ ပန္းေလးေတြကို အကြက္လိုက္ ထိုးထားလိုက္ေတာ့ အ႐ိုင္ဆန္ဆန္ လွေနတာကို သူမက ထပ္ၿပီး မိတ္ကပ္ေတြ ျပင္လိုက္ေတာ့ အရသာ၂မ်ိဳးကို အခ်ိဳးညီညီနဲ႔ တြဲျဖစ္သြားပါတယ္။

ေထာင္စုသစ္စတိုင္နဲ႔ အာလာယာ ဖက္စ္ရဲ႕ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး ဟန္ကလည္း ၿပီးခဲ့တဲ့အပတ္က ေပါက္သြားတဲ့ ဓာတ္ပုံပါပဲ။ အိႏၵိယက ပညာတတ္ မိန္းကေလးတိုင္း ဝတ္ဆင္တဲ့ ဖရီးစတိုင္းကို ရေအာင္ ပုံေဖာ္ ယူခဲ့တာပါ။ အဲ့လိုမ်ိဳး စတိုင္လွလွနဲ႔ ပုံေတြကို ေရာင္းဝယ္တာကလည္း ေဈးကြက္တစ္ခု ရွိပါတယ္။

ေမာင္ယႆ ref; Bollywood life, photo credit; instragram

Unicode

စတိုင်ရှိလို့ စတားဖြစ်နေကြတာပါ….

ဘောလီးဝုဒ်က တစ်ဖြည်းဖြည်း ကျယ်ပြန့်လာတော့ ရုပ်ရှင်တစ်ကားတည်းနဲ့ ပေါက်ဖို့ မလွယ်ကူတော့ပါဘူး။

အဲ့ဒါအပြင် တလ်ဂူးတွေ ရိုက်တဲ့ ဟင်ဒီဇာတ်ကားတွေက ဇာတ်အိမ် ခိုင်လွန်းတာကြောင့် ဘောလီးဝုဒ် ထဲကို တောလီးဝုဒ်က တိုးဝင်လာတော့ တော်ရုံလောက်နဲ့ အိန္ဒိယ ရုပ်ရှင်လောကကို ထိုးဖောက်ဖို့ မလွယ်ကူပါဘူး။

အိန္ဒိယနိုင်ငံက အခြားနိုင်ငံတွေနဲ့ မတူတာက လူဦးရေ ၇၀ ရာခိုင်းနှုန်းက ရုပ်ရှင် ကြည့်ကြတာပါပဲ။ တော်ရုံ စတိုင်လောက်နဲ့က ဘောလီးဝုဒ်မှာ မပေါက်ပါဘူး။

ဒါပေမဲ့ ဘောလိဝုဒ်က စတားတွေတိုင်းမှာတော့ စတိုင်တွေ ရှိနေကြပါတယ်။ အဲ့တော့ မီဒီယာတွေကလည်း အပတ်စဉ် စတိုင်လန်းတဲ့ အဝတ်အစားနဲ့ ဒီဇိုင်းသစ်တွေကို ဖော်ပြပေး လာပါတယ်။ အခုက အိန္ဒိယ မီဒီယာတွေက အသားပေး ဖော်ပြခဲ့တဲ့ ပြီးခဲ့တဲ့ အပတ်က ဒီဇိုင်းလှလှ စတားတွေရဲ့ စတိုင်တွေပါ။

ပရီယန်ကာချော်ပရာက ပြီးခဲ့အပတ်က ဂရမ္မီဆုပေးပွဲကို တက်ခဲ့ပါတယ်။ သူမရဲ့ ပွဲတက်ဝတ်စုံက နှုးညံ့မှုကို ပြဖို့အတွက် သတ္တုရောင် ပြောင်ပြောင်နဲ့ သူမရဲ့ အသားရောင်ကို လိုက်အောင် ရွေးချယ် ဝတ်ခဲ့ပါတယ်။ သူမရဲ့ အသားရောင် အညိုဖက် လုနေတာကို ရအောင် ထိန်းသွားတဲ့ အရောင် ရွေးချယ်မှုကတော့ တကယ်ကို အံ့မခန်းပါပဲ။

အာနန်ယာပန်ဒေးရဲ့ ဘိုဟီမီယံ သတိုသမီး ဝတ်စုံကတော့ တော်တော်လေး လန်းပါတယ်။ သူငယ်ချင်းရဲ့မင်္ဂလာဆောင်ကို သွားတက်တဲ့ ပုံက ဟစ်ပီစတိုင်ကို အိန္ဒိဟန်လေး ရောလိုက်တော့ စတိုင်တစ်ခု ဖြစ်သွားတယ်။

မီဒီယာတွေရဲ့ စာမျက်နှာမှာ အသားပေး ဖော်ပြ ခံလိုက်ရပါတယ်။ နက်ပြာရောင် အခံပေါ်မှာ ပန်းလေးတွေကို အကွက်လိုက် ထိုးထားလိုက်တော့ အရိုင်ဆန်ဆန် လှနေတာကို သူမက ထပ်ပြီး မိတ်ကပ်တွေ ပြင်လိုက်တော့ အရသာ၂မျိုးကို အချိုးညီညီနဲ့ တွဲဖြစ်သွားပါတယ်။

ထောင်စုသစ်စတိုင်နဲ့ အာလာယာ ဖက်စ်ရဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဟန်ကလည်း ပြီးခဲ့တဲ့အပတ်က ပေါက်သွားတဲ့ ဓာတ်ပုံပါပဲ။ အိန္ဒိယက ပညာတတ် မိန်းကလေးတိုင်း ဝတ်ဆင်တဲ့ ဖရီးစတိုင်းကို ရအောင် ပုံဖော် ယူခဲ့တာပါ။ အဲ့လိုမျိုး စတိုင်လှလှနဲ့ ပုံတွေကို ရောင်းဝယ်တာကလည်း ဈေးကွက်တစ်ခု ရှိပါတယ်။

မောင်ယဿ ref; Bollywood life, photo credit; instragram

Be the first to comment

Leave a Reply

Your email address will not be published.


*