မာရီယူေပါက ခုခံေရးသမားေတြကေတာ့ ေနာက္ဆုံးထြက္သက္အထိ တုိက္သြားမယ္လုိ႕ ေျပာ

မာရီယူေပါက ခုခံေရးသမားေတြကေတာ့ ေနာက္ဆုံးထြက္သက္အထိ တုိက္သြားမယ္လုိ႕ ေျပာ

( ယူကရိန္းကို ႐ုရွားဝင္တဲ့ ၇၁ ရက္ေျမာက္ေန႔သတင္းမ်ား ) ေမာင္ယႆ ( ေမ ၅ )

ယူကရိန္းေတာင္ဖက္ပိုင္းက စစ္ေရးအရေရာ စီးပြားေရးအရပါ မဟာဗ်ဴဟာက်တဲ့ မာရီယူေပါ ၿမိဳ႕မွာေတာ့ လက္က်န္ ခုခံေရးသမားေတြက ႐ုရွားေတြရဲ႕ ထိုးစစ္အသစ္ကို ေနာက္ဆုံးေသြးတစ္စက္ က်န္တဲ့အထိ ခုခံသြားဖို႔အတြက္ ျပင္ဆင္ထားၾကပါတယ္။

အရပ္သားေတြကို လႊတ္ေပးႏိုင္ဖို႔အတြက္ ႀကိဳးစားမႈေတြကိုလည္း ဆက္လုပ္ေနပါတယ္။ သိန္းခ်ီေနတဲ့ အရပ္သားေတြကို တစ္ရက္ ရာဂဏန္းေလာက္ပဲ ကယ္ဆယ္ႏိုင္ပါေသးတယ္။

ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနက အာေဇာ့ဗ္ သံမဏိစက္႐ုံကို အေျချပဳထားတဲ့ ခုခံေရးသမားေတြကို ခ်ီးက်ဴးလိုက္ပါတယ္။ ႐ုရွားေတြက ယူကရိန္းအရပ္သားေတြကို ေမ ၅ ၊ ၆ ၊ ၇ ရက္အတြင္းမွာ မနက္ ၇ နာရီကေန ညေန ၅ နာအတြင္း ထြက္ခြာဖို႔ ခြင့္ျပဳထားပါတယ္။

မာရီယူေပါၿမိဳ႕ေတာ္ဝန္က ႐ုရွားစစ္တပ္ေတြက ကတိကဝတ္ကို မလိုက္နာဘဲ မထင္ရင္ မထင္သလို ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္တဲ့အတြက္ ခုခံတဲ့သူ ေတာ္ေတာ္မ်ားမ်ား ဆုံရႈံးလိုက္ရတယ္လို႔ ဆိုပါတယ္။

မာရီယူေပါက ကေလးေတြနဲ႔ အမ်ိဳးသမီးေတြကို ကယ္ဆယ္ႏိုင္ဖို႔အတြက္ ရက္ရွည္ အပစ္ရပ္ဖို႔ကိစၥ ေဆြးေႏြးဖို႔ လိုေနၿပီလို႔ ယူကရိန္းသမၼတ ဇီလန္စကီက ဒီေန႔ ဆိုလိုက္ပါတယ္။

ပိုလန္နဲ႔ ဆြီဒင္ ၂ႏိုင္ငံေပါင္းၿပီး ယူကရိန္းမွာ လူသားခ်င္းငဲ့ညႇာေထာက္ထားတဲ့ အစီအစဥ္လုပ္ဖို႔အတြက္ ညီလာခံတစ္ခုကို က်င္းပေနပါတယ္။ အဲ့ဒိမွာ အလႉေငြေတြ ေကာက္ခံသြားမွာပါ။ အီးယူကေတာ့ ယူကရိန္းအတြက္ ယူ႐ို ဘီလီယံ ၂၀၀ ျပင္ထားတယ္လို႔ ဥေရာပေကာ္မရွင္ ဥကၠဌ အာဆူလာက ေျပာသြားပါတယ္။

႐ုရွားေတြက ယူကရိန္းအလယ္ပိုင္းက ခ်ာကာဆီၿမိဳ႕အထိ ေလေၾကာင္း တိုက္ခိုက္မႈေတြ ဆက္လုပ္ေနပါတယ္။ မေန႔က ေလေၾကာင္းတိုက္ခိုက္မႈမွာ ဒီႏိုပ႐ိုနဲ႔ ေတာင္ပိုင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ ဇာပို႐ိုက္ဇာဇီယားမွာလည္း လူ၅ ဦးထက္မနည္း ေသဆုံးမႈေတြ ျဖစ္ခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ႐ုရွားေတြကို ဒုံးက်ည္ အၾကမ္းဖက္သမားေတြလို႔ စြတ္စြဲေျပာဆိုလိုက္ပါတယ္။

ဟန္ေဂရီကေတာ့ ႐ုရွားေရနံ မတင္သြင္းေရး အီးယူရဲ႕ အႀကံျပဳခ်က္ကို လက္မခံႏိုင္ဘူးလို႔ ျငင္းလိုက္ပါတယ္။ အီးယူကေတာ့ ႐ုရွားေရနံစိမ္းကို ၆လ အတြင္း မတင္သြင္းေရးနဲ႔ ေရနံထြက္ပစၥည္းေတြကို တစ္ႏွစ္ အတြင္း မတင္သြင္းေရးမူကို ခ်မွတ္လိုက္ပါတယ္။

ပိုလန္ကေတာ့ လစ္သူေရးနီးယားဆီက ေရနံစိမ္းကို ဒီေန႔စဝယ္လိုက္ပါၿပီ။ ကီလိုမီတာ ၅၀၀ ရွည္တဲ့ ေရနံပိုက္လိုင္းတစ္ခုကေန ေရနံစိမ္းေတြ စေပးတဲ့ အခမ္းအနားကို ဖြင့္လိုက္ပါတယ္။

႐ုရွားေတြက ေမာ္စကိုမွာ ရွိတဲ့ ဒိန္းမတ္သံ႐ုံးက အရာရွိ၄ဦးကို တိုင္းျပည္ျပန္ဖို႔ ဒီေန႔ႏွင္ထုတ္လိုက္ပါတယ္။ ၿပီးခဲ့တဲ့လက ဒိန္းမတ္ၿမိဳ႕ေတာ္ ကိုပင္ေဟဂင္က ႐ုရွားသံ႐ုံး ဝန္ထမ္း ၁၅ ဦးကို ဒိန္းမတ္အစိုးရက ႏွင္ထုတ္လိုက္တဲ့အတြက္ ႐ုရွားက လက္တုံ႔ျပန္လိုက္တာပါ။

အဲ့လိုပဲ ဥေရာပႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ႐ုရွားသံဝန္ထမ္းေတြကို ႏွင္ထုတ္တာနဲ႔ ပတ္သက္ၿပီး ႐ုရွားကလည္း သူတို႔ႏိုင္ငံမွာရွိတဲ့ သံတမန္ေတြကို ျပန္ႏွင္ထုတ္ေနပါတယ္။

အေနာက္အုပ္စုက ယူကရိန္းကို စစ္ေရးအရ ေထာက္ပံ့ေပးကမ္းေနတာေတြက တျဖည္းျဖည္း အားေပ်ာ့လာၿပီလို႔ ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ကရင္းမလင္းနန္းေတာ္က ေျပာခြင့္ရပုဂၢိဳလ္ ဒီမီထရီပက္စ္ေကာဗ္က ဆိုသြားပါတယ္။

‘ အေမရိကန္၊ အဂၤလန္နဲ႔ ေနတိုးတို႔က ယူကရိန္းစစ္တပ္က ေပးတဲ့ သတင္းအခ်က္အလက္ေတြကို သုံးသပ္ၿပီးမွ သူတို႔ရဲ႕ စစ္လက္နက္အကူအညီေတြကို တြက္ခ်က္ေပးေနရတာပါ။ သူတို႔က က်ေနာ္တို႔ကို တိုက္ဖို႔အတြက္ စစ္လက္နက္ေတြကို အျမန္ မကူညီႏိုင္ပါဘူး “ လို႔ ဆိုသြားပါတယ္။
REF: euronews

Unicode

မာရီယူပေါက ခုခံရေးသမားတွေကတော့ နောက်ဆုံးထွက်သက်အထိ တိုက်သွားမယ်လို့ ပြော

( ယူကရိန်းကို ရုရှားဝင်တဲ့ ၇၁ ရက်မြောက်နေ့သတင်းများ ) မောင်ယဿ ( မေ ၅ )

ယူကရိန်းတောင်ဖက်ပိုင်းက စစ်ရေးအရရော စီးပွားရေးအရပါ မဟာဗျူဟာကျတဲ့ မာရီယူပေါ မြို့မှာတော့ လက်ကျန် ခုခံရေးသမားတွေက ရုရှားတွေရဲ့ ထိုးစစ်အသစ်ကို နောက်ဆုံးသွေးတစ်စက် ကျန်တဲ့အထိ ခုခံသွားဖို့အတွက် ပြင်ဆင်ထားကြပါတယ်။

အရပ်သားတွေကို လွှတ်ပေးနိုင်ဖို့အတွက် ကြိုးစားမှုတွေကိုလည်း ဆက်လုပ်နေပါတယ်။ သိန်းချီနေတဲ့ အရပ်သားတွေကို တစ်ရက် ရာဂဏန်းလောက်ပဲ ကယ်ဆယ်နိုင်ပါသေးတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက အာဇော့ဗ် သံမဏိစက်ရုံကို အခြေပြုထားတဲ့ ခုခံရေးသမားတွေကို ချီးကျူးလိုက်ပါတယ်။ ရုရှားတွေက ယူကရိန်းအရပ်သားတွေကို မေ ၅ ၊ ၆ ၊ ၇ ရက်အတွင်းမှာ မနက် ၇ နာရီကနေ ညနေ ၅ နာအတွင်း ထွက်ခွာဖို့ ခွင့်ပြုထားပါတယ်။

မာရီယူပေါမြို့တော်ဝန်က ရုရှားစစ်တပ်တွေက ကတိကဝတ်ကို မလိုက်နာဘဲ မထင်ရင် မထင်သလို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တဲ့အတွက် ခုခံတဲ့သူ တော်တော်များများ ဆုံရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။

မာရီယူပေါက ကလေးတွေနဲ့ အမျိုးသမီးတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ရက်ရှည် အပစ်ရပ်ဖို့ကိစ္စ ဆွေးနွေးဖို့ လိုနေပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီက ဒီနေ့ ဆိုလိုက်ပါတယ်။

ပိုလန်နဲ့ ဆွီဒင် ၂နိုင်ငံပေါင်းပြီး ယူကရိန်းမှာ လူသားချင်းငဲ့ညှာထောက်ထားတဲ့ အစီအစဉ်လုပ်ဖို့အတွက် ညီလာခံတစ်ခုကို ကျင်းပနေပါတယ်။ အဲ့ဒိမှာ အလှူငွေတွေ ကောက်ခံသွားမှာပါ။ အီးယူကတော့ ယူကရိန်းအတွက် ယူရို ဘီလီယံ ၂၀၀ ပြင်ထားတယ်လို့ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာက ပြောသွားပါတယ်။

ရုရှားတွေက ယူကရိန်းအလယ်ပိုင်းက ချာကာဆီမြို့အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ဒီနိုပရိုနဲ့ တောင်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ဇာပိုရိုက်ဇာဇီယားမှာလည်း လူ၅ ဦးထက်မနည်း သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားတွေကို ဒုံးကျည် အကြမ်းဖက်သမားတွေလို့ စွတ်စွဲပြောဆိုလိုက်ပါတယ်။

ဟန်ဂေရီကတော့ ရုရှားရေနံ မတင်သွင်းရေး အီးယူရဲ့ အကြံပြုချက်ကို လက်မခံနိုင်ဘူးလို့ ငြင်းလိုက်ပါတယ်။ အီးယူကတော့ ရုရှားရေနံစိမ်းကို ၆လ အတွင်း မတင်သွင်းရေးနဲ့ ရေနံထွက်ပစ္စည်းတွေကို တစ်နှစ် အတွင်း မတင်သွင်းရေးမူကို ချမှတ်လိုက်ပါတယ်။

ပိုလန်ကတော့ လစ်သူရေးနီးယားဆီက ရေနံစိမ်းကို ဒီနေ့စဝယ်လိုက်ပါပြီ။ ကီလိုမီတာ ၅၀၀ ရှည်တဲ့ ရေနံပိုက်လိုင်းတစ်ခုကနေ ရေနံစိမ်းတွေ စပေးတဲ့ အခမ်းအနားကို ဖွင့်လိုက်ပါတယ်။

ရုရှားတွေက မော်စကိုမှာ ရှိတဲ့ ဒိန်းမတ်သံရုံးက အရာရှိ၄ဦးကို တိုင်းပြည်ပြန်ဖို့ ဒီနေ့နှင်ထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့လက ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်က ရုရှားသံရုံး ဝန်ထမ်း ၁၅ ဦးကို ဒိန်းမတ်အစိုးရက နှင်ထုတ်လိုက်တဲ့အတွက် ရုရှားက လက်တုံ့ပြန်လိုက်တာပါ။

အဲ့လိုပဲ ဥရောပနိုင်ငံတော်တော်များများက ရုရှားသံဝန်ထမ်းတွေကို နှင်ထုတ်တာနဲ့ ပတ်သက်ပြီး ရုရှားကလည်း သူတို့နိုင်ငံမှာရှိတဲ့ သံတမန်တွေကို ပြန်နှင်ထုတ်နေပါတယ်။

အနောက်အုပ်စုက ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့ပေးကမ်းနေတာတွေက တဖြည်းဖြည်း အားပျော့လာပြီလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်းမလင်းနန်းတော်က ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကောဗ်က ဆိုသွားပါတယ်။

‘ အမေရိကန်၊ အင်္ဂလန်နဲ့ နေတိုးတို့က ယူကရိန်းစစ်တပ်က ပေးတဲ့ သတင်းအချက်အလက်တွေကို သုံးသပ်ပြီးမှ သူတို့ရဲ့ စစ်လက်နက်အကူအညီတွေကို တွက်ချက်ပေးနေရတာပါ။ သူတို့က ကျနော်တို့ကို တိုက်ဖို့အတွက် စစ်လက်နက်တွေကို အမြန် မကူညီနိုင်ပါဘူး “ လို့ ဆိုသွားပါတယ်။
REF: euronews

Be the first to comment

Leave a Reply

Your email address will not be published.


*