ရတနာပုံေခတ္ေႏွာင္းပိုင္းတြင္ နန္းတြင္းကို လွ်ပ္စစ္မီးလင္းေစခဲ့တဲ့ ျပင္သစ္မီးစက္

ရတနာပုံေခတ္ေႏွာင္းပိုင္းတြင္ နန္းတြင္းကို လွ်ပ္စစ္မီးလင္းေစခဲ့တဲ့ ျပင္သစ္မီးစက္

နန္းတြင္း ႏွင့္ ျပင္သစ္မီးစက္

မႏၲေလးတြင္ လွ်ပ္စစ္ဓာတ္မီးကို စတင္အသုံးျပဳခဲ့သည္မွာ သကၠရာဇ္ ၁၂၄၆ (၁၈၈၅) ခု သီတင္းကြၽတ္လတြင္ ခမ္းနားႀကီးက်ယ္စြာ ဆင္ယင္က်င္းပခဲ့ေသာ သီေပါဘုရင္၏ သမီးေတာ္ နားထြင္းမဂၤလာပြဲမွ စတင္ခဲ့သည္ဟု မွတ္သားဖူးသည္။

ထိုစဥ္က မႏၲေလးၿမိဳ႕တြင္း အသီးသီးေသာ ရပ္ကြက္မ်ား၌ ဆီမီး၊ ကညင္မီးတို႔သာ သုံးစြဲေနခ်ိန္၌ က်ဳံးၿမိဳ႕႐ိုးကာရံထားေသာ နန္းတြင္း၊ နန္းၿမိဳ႕ေတာ္တြင္ “အလိုမဲ့ထြန္းလင္းေစႏိုင္သည့္ လွ်ပ္စစ္ဓာတ္မီး” ကို ထိန္ထိန္လင္းလင္းမွ် သုံးစြဲေခတ္မီေနေခ်ၿပီ။

အလိုမဲ့ထြန္းလင္းေစႏိုင္ေသာ လွ်ပ္စစ္ဓာတ္မီး

သီေပါမင္းလက္ထက္၊ သမီးေတာ္ နားထြင္းမဂၤလာမွ အစျပဳ၍ သုံးစြဲေသာ လွ်ပ္စစ္ဓာတ္မီးကား မီးစက္မီးျဖစ္၏။ ယခုကဲ့သို႔ တ႐ုတ္ အင္ဂ်င္ေတာ့ ဟုတ္ဟန္မတူ။

အဘယ့္ေၾကာင့္ဆိုေသာ္ ျမန္မာႏိုင္ငံသို႔ ၁၈၇၅ ခုႏွစ္ကတည္းက ေရာက္ရွိကာ ျမန္မာဘုရင္ထံ အမႈထမ္းေနေသာ ျပင္သစ္အင္ဂ်င္နီယာ ဘြန္ဘီလိန္းက ပါေတာ္မူၿပီးေနာက္ ျမန္မာအစိုးရ ရွင္ဘုရင္ထံမွ ရလိုေၾကာင္းေတာင္းခံခဲ့သည့္ “အေႂကြးေတာ္” စာရင္းတြင္ ၁၈၈၁ ခုႏွစ္ ကန္ထ႐ိုက္စာခ်ဳပ္အရ တင္သြင္းသည့္ မီးစက္ ၅ လုံးတန္ဖိုး (၆၀၇၅)က်ပ္ ဟူေသာ “ရရန္”စာရင္းတစ္ခု ပါရွိသည္။

ထို႔ေၾကာင့္ သီေပါမင္း သုံးစြဲေသာ “အလိုမဲ့ထြန္းလင္းေစႏိုင္ေသာ လွ်ပ္စစ္ဓာတ္မီး” ဟူသည္ ျပင္သစ္မီးစက္မွ ထြန္းညႇိေသာ လွ်ပ္စစ္မီး ျဖစ္ႏိုင္သည္။

ေက်ာက္ဖေယာင္းတိုင္မ်ား ပိုမိုသုံးစြဲခဲ့

သို႔ရာတြင္ နန္းတြင္း၌ ထိုမီးစက္ကို ၂၄ နာရီ မီးလင္းေရး အစီအစဥ္ျဖင့္ ထြန္းညႇိသေလာ၊ မဟုတ္တန္ရာ။ အဘယ့္ေၾကာင့္ ဆိုေသာ္ လွ်ပ္စစ္မီးကို သကၠရာဇ္ ၁၂၄၆ ခုႏွစ္ သီတင္းကြၽတ္လမွ စတင္ခဲ့သည္ဟု ဆိုေသာ္လည္း ဘုရင့္အမိန႔္ေတာ္ႏွင့္ ဆရာေတာ္သံဃာေတာ္မ်ားကို လႉဒါန္းရာတြင္လည္းေကာင္း၊ နန္းတြင္း၌ အသုံးျပဳရန္ သက္ဆိုင္ရာ ဝန္ႀကီးမ်ားကို ေပးအပ္ရာ၌လည္းေကာင္း၊

ေတာင္ပန္းခုံအုတ္တိုက္ေတာ္ကဲ့သို႔ အေဆာက္အဦးမ်ား မီးလင္းေရး အတြက္လည္းေကာင္း စသည့္ အသုံးစရိတ္ စာရင္းရွင္းတမ္းမ်ားတြင္ ထိုသူအသီးသီးကို ေပးအပ္သည့္ ေက်ာက္ဖေယာင္းတိုင္ ေသတၱာအေရအတြက္ ႏွင့္ ကုန္က်စရိတ္ဟု ပါရွိေနျခင္းေၾကာင့္ ျဖစ္၏။

အေရးႀကီးေသာ အခမ္းအနားမ်ားအတြက္သာ

ထို႔ေၾကာင့္ သီေပါဘုရင္သည္ ျပင္သစ္ထံမွ မီးစက္ဝယ္ထားေသာ္လည္း သမီးေတာ္နားထြင္းမဂၤလာကဲ့သို႔ အေရးတႀကီး အခမ္းအနားမ်ား၌သာ သုံးပုံရသည္။

က်န္အခ်ိန္မ်ား၌ မိဖုရားေခါင္ႀကီးကပင္ စံျပနမူနာအျဖစ္ ေက်ာက္ဖေယာင္းတိုင္ကိုပဲ သုံးစြဲေနလိမ့္မည္။ ေက်ာက္ဖေယာင္းတိုင္သတၱာ ၂၀၀ မွာ ေငြဒဂၤါး ၉၀၀ ဟူေသာေၾကာင့္ ဖေယာင္းတိုင္ တစ္ေသတၱာမွာ ၄ က်ပ္ခြဲပဲ က်သင့္ေပမည္။

အဆိုပါ လွ်ပ္စစ္မီးအတြက္ ၁၈၈၁ ခုႏွစ္တြင္ ကန္ထ႐ိုက္စာခ်ဳပ္အရ ေငြက်ပ္ ၆၀၇၅ တန္ဖိုးရွိ ျပင္သစ္မီးစက္ ၅ လုံးသာ ဝယ္ယူ တင္သြင္းသည္ ဆိုသည္မွာ ေ႐ႊၿမိဳ႕ေတာ္ႀကီးတြင္ နန္းေဆာင္ေပါင္း ၅၀ နီးပါးအတြက္ ထိုအေရအတြက္မွာ လိုသည့္ေနရာ အေရးေပၚ သုံးရန္ႏွင့္ သမီးေတာ္ နားထြင္းမဂၤလာစေသာ ပြဲႀကီးလမ္းႀကီးမ်ားအတြက္ပဲ ျဖစ္ပုံရသည္။

သို႔မဟုတ္ စက္႐ုံေတာ္မ်ားအတြက္ အသုံးျပဳရန္လည္း ျဖစ္ႏိုင္ေပသည္။ က်န္အခ်ိန္မ်ားတြင္ အေမွာင္ထဲ၌ လွ်ပ္စစ္မီးမရွိဘဲ ေနခဲ့ၾကတာ ရတနာပုံေခတ္ကတည္းက အသားက်ခဲ့ၾကၿပီ။

ဆူးငွက္ (နန္းတြင္းႏွင့္ျပင္သစ္မီးစက္) Voice of Myanmar ေဆာင္းပါးမွ ထုတ္ႏႈတ္ေဖာ္ျပပါသည္။
credit

Unicode

ရတနာပုံခေတ်နှောင်းပိုင်းတွင် နန်းတွင်းကို လျှပ်စစ်မီးလင်းစေခဲ့တဲ့ ပြင်သစ်မီးစက်

နန်းတွင်း နှင့် ပြင်သစ်မီးစက်

မန္တလေးတွင် လျှပ်စစ်ဓာတ်မီးကို စတင်အသုံးပြုခဲ့သည်မှာ သက္ကရာဇ် ၁၂၄၆ (၁၈၈၅) ခု သီတင်းကျွတ်လတွင် ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့သော သီပေါဘုရင်၏ သမီးတော် နားထွင်းမင်္ဂလာပွဲမှ စတင်ခဲ့သည်ဟု မှတ်သားဖူးသည်။

ထိုစဉ်က မန္တလေးမြို့တွင်း အသီးသီးသော ရပ်ကွက်များ၌ ဆီမီး၊ ကညင်မီးတို့သာ သုံးစွဲနေချိန်၌ ကျုံးမြို့ရိုးကာရံထားသော နန်းတွင်း၊ နန်းမြို့တော်တွင် “အလိုမဲ့ထွန်းလင်းစေနိုင်သည့် လျှပ်စစ်ဓာတ်မီး” ကို ထိန်ထိန်လင်းလင်းမျှ သုံးစွဲခေတ်မီနေချေပြီ။

အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး

သီပေါမင်းလက်ထက်၊ သမီးတော် နားထွင်းမင်္ဂလာမှ အစပြု၍ သုံးစွဲသော လျှပ်စစ်ဓာတ်မီးကား မီးစက်မီးဖြစ်၏။ ယခုကဲ့သို့ တရုတ် အင်ဂျင်တော့ ဟုတ်ဟန်မတူ။

အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ၁၈၇၅ ခုနှစ်ကတည်းက ရောက်ရှိကာ မြန်မာဘုရင်ထံ အမှုထမ်းနေသော ပြင်သစ်အင်ဂျင်နီယာ ဘွန်ဘီလိန်းက ပါတော်မူပြီးနောက် မြန်မာအစိုးရ ရှင်ဘုရင်ထံမှ ရလိုကြောင်းတောင်းခံခဲ့သည့် “အကြွေးတော်” စာရင်းတွင် ၁၈၈၁ ခုနှစ် ကန်ထရိုက်စာချုပ်အရ တင်သွင်းသည့် မီးစက် ၅ လုံးတန်ဖိုး (၆၀၇၅)ကျပ် ဟူသော “ရရန်”စာရင်းတစ်ခု ပါရှိသည်။

ထို့ကြောင့် သီပေါမင်း သုံးစွဲသော “အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး” ဟူသည် ပြင်သစ်မီးစက်မှ ထွန်းညှိသော လျှပ်စစ်မီး ဖြစ်နိုင်သည်။

ကျောက်ဖယောင်းတိုင်များ ပိုမိုသုံးစွဲခဲ့

သို့ရာတွင် နန်းတွင်း၌ ထိုမီးစက်ကို ၂၄ နာရီ မီးလင်းရေး အစီအစဉ်ဖြင့် ထွန်းညှိသလော၊ မဟုတ်တန်ရာ။ အဘယ့်ကြောင့် ဆိုသော် လျှပ်စစ်မီးကို သက္ကရာဇ် ၁၂၄၆ ခုနှစ် သီတင်းကျွတ်လမှ စတင်ခဲ့သည်ဟု ဆိုသော်လည်း ဘုရင့်အမိန့်တော်နှင့် ဆရာတော်သံဃာတော်များကို လှူဒါန်းရာတွင်လည်းကောင်း၊ နန်းတွင်း၌ အသုံးပြုရန် သက်ဆိုင်ရာ ဝန်ကြီးများကို ပေးအပ်ရာ၌လည်းကောင်း၊

တောင်ပန်းခုံအုတ်တိုက်တော်ကဲ့သို့ အဆောက်အဦးများ မီးလင်းရေး အတွက်လည်းကောင်း စသည့် အသုံးစရိတ် စာရင်းရှင်းတမ်းများတွင် ထိုသူအသီးသီးကို ပေးအပ်သည့် ကျောက်ဖယောင်းတိုင် သေတ္တာအရေအတွက် နှင့် ကုန်ကျစရိတ်ဟု ပါရှိနေခြင်းကြောင့် ဖြစ်၏။

အရေးကြီးသော အခမ်းအနားများအတွက်သာ

ထို့ကြောင့် သီပေါဘုရင်သည် ပြင်သစ်ထံမှ မီးစက်ဝယ်ထားသော်လည်း သမီးတော်နားထွင်းမင်္ဂလာကဲ့သို့ အရေးတကြီး အခမ်းအနားများ၌သာ သုံးပုံရသည်။

ကျန်အချိန်များ၌ မိဖုရားခေါင်ကြီးကပင် စံပြနမူနာအဖြစ် ကျောက်ဖယောင်းတိုင်ကိုပဲ သုံးစွဲနေလိမ့်မည်။ ကျောက်ဖယောင်းတိုင်သတ္တာ ၂၀၀ မှာ ငွေဒင်္ဂါး ၉၀၀ ဟူသောကြောင့် ဖယောင်းတိုင် တစ်သေတ္တာမှာ ၄ ကျပ်ခွဲပဲ ကျသင့်ပေမည်။

အဆိုပါ လျှပ်စစ်မီးအတွက် ၁၈၈၁ ခုနှစ်တွင် ကန်ထရိုက်စာချုပ်အရ ငွေကျပ် ၆၀၇၅ တန်ဖိုးရှိ ပြင်သစ်မီးစက် ၅ လုံးသာ ဝယ်ယူ တင်သွင်းသည် ဆိုသည်မှာ ရွှေမြို့တော်ကြီးတွင် နန်းဆောင်ပေါင်း ၅၀ နီးပါးအတွက် ထိုအရေအတွက်မှာ လိုသည့်နေရာ အရေးပေါ် သုံးရန်နှင့် သမီးတော် နားထွင်းမင်္ဂလာစသော ပွဲကြီးလမ်းကြီးများအတွက်ပဲ ဖြစ်ပုံရသည်။

သို့မဟုတ် စက်ရုံတော်များအတွက် အသုံးပြုရန်လည်း ဖြစ်နိုင်ပေသည်။ ကျန်အချိန်များတွင် အမှောင်ထဲ၌ လျှပ်စစ်မီးမရှိဘဲ နေခဲ့ကြတာ ရတနာပုံခေတ်ကတည်းက အသားကျခဲ့ကြပြီ။

ဆူးငှက် (နန်းတွင်းနှင့်ပြင်သစ်မီးစက်) Voice of Myanmar ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြပါသည်။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*