Collagen (သုိ႕) ႏုပ်ိဳျခင္းရဲ႕ ေသာ့ခ်က္

အမ်ိဳးသမီးမ်ားအၾကားမွာ ေရပန္းစားေနတဲ့ ကိုလာဂ်င္ဆိုတာ ဘာလဲ

ဒီေန႔ အမ်ိဳးသမီးမ်ားအၾကားမွာ ေရပန္းစားေနတဲ့ ကိုလာဂ်င္ဆိုတာ ဘာလည္း ဆိုတာကို အရင္ဆုံးေျပာမွ ရလိမ့္မယ္ထင္ပါတယ္။ ကိုလာဂ်င္ဆိုတာ ဘာလဲ….

ခႏၶာကိုယ္ကို ၾကည့္မယ္ဆိုရင္ အ႐ိုး၊ ႂကြက္သား ၊ အဆီဓာတ္ ေရဓာတ္ေတြနဲ႔ ဖြဲ႕စည္းတည္ေဆာက္ထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ခႏၶာကိုယ္တစ္ခုလုံးမွာရွိေနတဲ့ တြယ္ဆက္တစ္ရႈးေတြရဲ႕ အဓိကပ႐ိုတင္းက ကိုလာဂ်င္ ျဖစ္ၿပီး ကိုလာဂ်င္ကို အမိုင္ႏိုအက္စစ္ေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

အသက္အ႐ြယ္ ႀကီးလာတာနဲ႔အမွ် ခႏၶာကိုယ္တြင္း ကိုလာဂ်င္ထုတ္လုပ္မႈ က်ဆင္းလာပါတယ္။ ဒါ့ေၾကာင့္မို႔ ဆုံးရႈံးသြားတဲ့ ကိုလာဂ်င္ ပ႐ိုတင္းေတြရဲ႕ ေနရာကို အစားျပန္ထိုးႏိုင္စြမ္း က်လာတယ္။

ဒီအခါမွာပဲ အေရျပား ေပ်ာ့တြဲျခင္းမ်ား အေရးအေၾကာင္း ျဖစ္ေပၚမႈမ်ား စတင္လာတာပဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနအရ ေျပာရရင္ ကိုလာဂ်င္ဟာ အေရျပားအတြက္ အလြန္ေကာင္းက်ိဳးေပးႏိုင္တယ္။ အ႐ိုးအဆစ္ က်န္းမာေရးအတြက္ ေကာင္းေစတယ္။

အနာကို အက်က္ျမန္ေစတယ္။ ႂကြက္သားဆုံးရႈံးမႈကို ကာကြယ္ႏိုင္တယ္ ဆိုတာေတြကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ကိုလာဂ်င္နဲ႔ ပတ္သက္ၿပီး ဆက္လက္လို႔ သုေတသနမ်ား ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။

“ကိုလာဂ်င္ေသာက္ေဆး” ကိုလာဂ်င္ေသာက္ေဆးကို အမႈန႔္ပုံစံ အရည္ပုံစံ စသျဖင့္ အမ်ိဳးမ်ိဳး ထုတ္လုပ္ပါတယ္။

ျဖည့္စြက္ေဆးအျဖစ္ ထုတ္လုပ္ထားတဲ့ ကိုလာဂ်င္ေသာက္ေဆးေတြရဲ႕ ေဆးပမာဏက ဘယ္ေလာက္ထိ ပါဝင္သလဲ၊ ဘယ္ကဲ့သို႔ ေသာက္ရမလဲ၊ ဘာေတြနဲ႔ မတည့္သလဲ၊ ဘယ္ေလာက္ၾကာၾကာ စြဲၿပီး ေသာက္ရမွာလဲ၊ ဘာေတြေရွာင္ရမွာလဲ ဆိုတာေတြကို ေသခ်ာသိေအာင္ လုပ္ရပါမယ္။

“ကိုလာဂ်င္ထိုးေဆး”

ထိုးေဆးဆိုရင္ ပိုၿပီးသတိထားဖို႔ လိုပါတယ္။ အဓိကကေတာ့ ဝယ္ယူသည့္ေနရာ အာမခံခ်က္ FDA အသိအမွတ္ျပဳမႈရွိရဲ႕လား ပစၥည္းစစ္မစစ္ စတာေတြကို အရင္ဆုံးစစ္ေဆးရမွာ ျဖစ္ပါတယ္။ ေနာက္ၿပီးဒီထိုးေဆးကို ထိုးေပးသူက ဆရာဝန္ျဖစ္ဖို႔လိုၿပီး သူ႔ရဲ႕ကြၽမ္းက်င္မႈကလည္း အဓိကက်ပါတယ္။

ကိုလာဂ်င္ေဆးနဲ႔သင္နဲ႔ ဓာတ္တည့္မတည့္လဲ အရင္စစ္ဖို႔ လိုပါတယ္။

ကိုလာဂ်င္ထိုးေဆးကို မ်က္ႏွာျပင္ေပၚက Smile linesေတြ အေရးအေၾကာင္းေတြ ဝက္ၿခံအမာ႐ြတ္ေတြ ေပ်ာက္ကင္းဖို႔ ထိုႏိုင္ပါတယ္။ အေရျပားအဆီ ဓာတ္ျပန္လည္ျဖည့္တင္းဖို႔ ႏႈတ္ခမ္းျပည့္ဖူးဖို႔ လက္ဖမိုးအေရျပားျပည့္တင္းဖို႔လည္း ထိုးႏိုင္ပါတယ္။

“ကိုလာဂ်င္လိမ္းေဆး”

ကိုလာဂ်င္ကို ခရင္မ္ေတြ လိုးရွင္းေတြထဲမွာလည္း ထည့္သြင္း ထုတ္လုပ္ၾကပါတယ္။

သို႔ေသာ္ ကိုလာဂ်င္ ေမာ္လီက်ဳးေတြက အေရျပားထဲကို ထိုးေဖာက္ႏိုင္စြမ္း မရွိတဲ့အတြက္ ကိုလာဂ်င္ ပ႐ိုတင္းရဲ႕အာနိသင္ကို အျပည့္အဝ မရႏိုင္ပါ။

“ကိုလာဂ်င္ရရွိဖို႔ ဘာေတြစားမလဲ”

ျဖည့္စြက္ေဆးေသာက္ေဆး ထိုေဆးမ်ားအျပင္ ကိုလာဂ်င္ပါဝင္တဲ့ အစားအစာမ်ားကို စားသုံးေပးႏိုင္ပါတယ္။ ကိုလာဂ်င္ပါဝင္တဲ့ အစားစအစာေတြကလည္း ပိုမိုထိေရာက္ပါတယ္။

ကီဝီသီး ေထာပတ္သီး ဘယ္ရီသီး လိေမၼာ္သီး မုန္လာဥ ပန္းမုန္လာ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္ င႐ုပ္ေကာင္း သခြားေမႊး ၾကက္သြန္ ဖ႐ုံေစ့ အယ္လ္မြန္ေစ့ ခရမ္းခ်ဥ္သီး ငါး ခ်ိစ္ ႏို႔ ဥအမ်ိဳးမ်ိဳး လိငုင္စင္းနဲ႔ပ႐ိုတင္း ဓာတ္ေတြပါဝင္တဲ့ အသား ပဲသီးေတာင့္ ၾကက္ဥအကာ ဂ်ဳံစပါး စတာေတြပဲ ျဖစ္ပါတယ္။

ကိုလာဂ်င္ အျပည့္အဝရေစမဲ့ အစား အစာမ်ားကို ေ႐ြးခ်ယ္စားသုံးျခင္းျဖင့္ သင့္အသားအေရ ျပည့္တင္းမႈကိုအရယူပါ……။
စႏၵီျမင့္မိုရ္

Unicode

အမျိုးသမီးများအကြားမှာ ရေပန်းစားနေတဲ့ ကိုလာဂျင်ဆိုတာ ဘာလဲ

Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

ဒီနေ့ အမျိုးသမီးများအကြားမှာ ရေပန်းစားနေတဲ့ ကိုလာဂျင်ဆိုတာ ဘာလည်း ဆိုတာကို အရင်ဆုံးပြောမှ ရလိမ့်မယ်ထင်ပါတယ်။ ကိုလာဂျင်ဆိုတာ ဘာလဲ….

ခန္ဓာကိုယ်ကို ကြည့်မယ်ဆိုရင် အရိုး၊ ကြွက်သား ၊ အဆီဓာတ် ရေဓာတ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ တွယ်ဆက်တစ်ရှုးတွေရဲ့ အဓိကပရိုတင်းက ကိုလာဂျင် ဖြစ်ပြီး ကိုလာဂျင်ကို အမိုင်နိုအက်စစ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အသက်အရွယ် ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ကိုလာဂျင်ထုတ်လုပ်မှု ကျဆင်းလာပါတယ်။ ဒါ့ကြောင့်မို့ ဆုံးရှုံးသွားတဲ့ ကိုလာဂျင် ပရိုတင်းတွေရဲ့ နေရာကို အစားပြန်ထိုးနိုင်စွမ်း ကျလာတယ်။

ဒီအခါမှာပဲ အရေပြား ပျော့တွဲခြင်းများ အရေးအကြောင်း ဖြစ်ပေါ်မှုများ စတင်လာတာပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ပြောရရင် ကိုလာဂျင်ဟာ အရေပြားအတွက် အလွန်ကောင်းကျိုးပေးနိုင်တယ်။ အရိုးအဆစ် ကျန်းမာရေးအတွက် ကောင်းစေတယ်။

အနာကို အကျက်မြန်စေတယ်။ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်နိုင်တယ် ဆိုတာတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကိုလာဂျင်နဲ့ ပတ်သက်ပြီး ဆက်လက်လို့ သုတေသနများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

“ကိုလာဂျင်သောက်ဆေး” ကိုလာဂျင်သောက်ဆေးကို အမှုန့်ပုံစံ အရည်ပုံစံ စသဖြင့် အမျိုးမျိုး ထုတ်လုပ်ပါတယ်။

ဖြည့်စွက်ဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုလာဂျင်သောက်ဆေးတွေရဲ့ ဆေးပမာဏက ဘယ်လောက်ထိ ပါဝင်သလဲ၊ ဘယ်ကဲ့သို့ သောက်ရမလဲ၊ ဘာတွေနဲ့ မတည့်သလဲ၊ ဘယ်လောက်ကြာကြာ စွဲပြီး သောက်ရမှာလဲ၊ ဘာတွေရှောင်ရမှာလဲ ဆိုတာတွေကို သေချာသိအောင် လုပ်ရပါမယ်။

“ကိုလာဂျင်ထိုးဆေး”

ထိုးဆေးဆိုရင် ပိုပြီးသတိထားဖို့ လိုပါတယ်။ အဓိကကတော့ ဝယ်ယူသည့်နေရာ အာမခံချက် FDA အသိအမှတ်ပြုမှုရှိရဲ့လား ပစ္စည်းစစ်မစစ် စတာတွေကို အရင်ဆုံးစစ်ဆေးရမှာ ဖြစ်ပါတယ်။ နောက်ပြီးဒီထိုးဆေးကို ထိုးပေးသူက ဆရာဝန်ဖြစ်ဖို့လိုပြီး သူ့ရဲ့ကျွမ်းကျင်မှုကလည်း အဓိကကျပါတယ်။

ကိုလာဂျင်ဆေးနဲ့သင်နဲ့ ဓာတ်တည့်မတည့်လဲ အရင်စစ်ဖို့ လိုပါတယ်။

ကိုလာဂျင်ထိုးဆေးကို မျက်နှာပြင်ပေါ်က Smile linesတွေ အရေးအကြောင်းတွေ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းဖို့ ထိုနိုင်ပါတယ်။ အရေပြားအဆီ ဓာတ်ပြန်လည်ဖြည့်တင်းဖို့ နှုတ်ခမ်းပြည့်ဖူးဖို့ လက်ဖမိုးအရေပြားပြည့်တင်းဖို့လည်း ထိုးနိုင်ပါတယ်။

“ကိုလာဂျင်လိမ်းဆေး”

ကိုလာဂျင်ကို ခရင်မ်တွေ လိုးရှင်းတွေထဲမှာလည်း ထည့်သွင်း ထုတ်လုပ်ကြပါတယ်။

သို့သော် ကိုလာဂျင် မော်လီကျုးတွေက အရေပြားထဲကို ထိုးဖောက်နိုင်စွမ်း မရှိတဲ့အတွက် ကိုလာဂျင် ပရိုတင်းရဲ့အာနိသင်ကို အပြည့်အဝ မရနိုင်ပါ။

“ကိုလာဂျင်ရရှိဖို့ ဘာတွေစားမလဲ”

ဖြည့်စွက်ဆေးသောက်ဆေး ထိုဆေးများအပြင် ကိုလာဂျင်ပါဝင်တဲ့ အစားအစာများကို စားသုံးပေးနိုင်ပါတယ်။ ကိုလာဂျင်ပါဝင်တဲ့ အစားစအစာတွေကလည်း ပိုမိုထိရောက်ပါတယ်။

ကီဝီသီး ထောပတ်သီး ဘယ်ရီသီး လိမ္မော်သီး မုန်လာဥ ပန်းမုန်လာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ငရုပ်ကောင်း သခွားမွှေး ကြက်သွန် ဖရုံစေ့ အယ်လ်မွန်စေ့ ခရမ်းချဉ်သီး ငါး ချိစ် နို့ ဥအမျိုးမျိုး လိငုင်စင်းနဲ့ပရိုတင်း ဓာတ်တွေပါဝင်တဲ့ အသား ပဲသီးတောင့် ကြက်ဥအကာ ဂျုံစပါး စတာတွေပဲ ဖြစ်ပါတယ်။

ကိုလာဂျင် အပြည့်အဝရစေမဲ့ အစား အစာများကို ရွေးချယ်စားသုံးခြင်းဖြင့် သင့်အသားအရေ ပြည့်တင်းမှုကိုအရယူပါ……။
စန္ဒီမြင့်မိုရ်

Be the first to comment

Leave a Reply

Your email address will not be published.


*