နီမိုဖိုဘီးယားလို႔ေခၚတဲ့ ဖုန္းစြဲေရာဂါ ( သို႔ ) ဒစ္ဂ်စ္တယ္ အဆိပ္သင့္မႈ

နီမိုဖိုဘီးယားလို႔ေခၚတဲ့ ဖုန္းစြဲေရာဂါ ( သို႔ ) ဒစ္ဂ်စ္တယ္ အဆိပ္သင့္မႈ

ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ကို စမတ္ဖုန္း အသုံးမျပဳေရး သီတင္းပတ္အျဖစ္ ကမာၻ႔အထိမ္းအမွတ္ေန႔ လုပ္ခဲ့တာက ၂၀၀၁ ခုႏွစ္ ကတည္းကပါ ။ နီမိုဖိုဘီးယားလို႔ ေခၚတဲ့ စမတ္ဖုန္းမရွိမွာကို ေၾကာက္တဲ့ ေရာဂါက တစ္ကမာၻလုံးကို ျပန႔္ပြားေနပါၿပီ ။

အဲ့ဒါေၾကာင့္ ျပင္သစ္ စာေရးဆရာ ဖီလ္မာဆိုက ဒစ္ဂ်စ္တယ္ အဆိပ္သင့္မႈ ေျပေလ်ာ့ဖို႔ အတြက္ တစ္ကမာၻလုံးဆိုင္ရာ မိုဘိုင္းဖုန္း အသုံးမျပဳေရးေန႔ အျဖစ္ သက္မွတ္ႏိုင္ေရး အတြက္ လႈံ႕ေဆာ္ေရးသား ျဖန႔္ေဝခဲ့ပါတယ္ ။

မိုဘိုင္းဖုန္း အသုံးမျပဳေရးအတြက္ လႈံ႕ေဆာ္ခဲ့ေပမဲ့ တကယ္ေတာ့ မိုဘိုင္းဖုန္းေတြက ဘဝမွာ မရွိမျဖစ္ အေရးပါေနတဲ့အတြက္ လူေတြက ဆင္ေျခေတြ အမ်ိဳးမ်ိဳးေပးၿပီး တစ္ရက္မွ မနားပဲ ကိုင္ဆဲ သုံးဆဲပါ ။ ဒါအူဒါ ဆိုတဲ့သူက လိုင္ယြန္းၿမိဳ႕မွာ ႏိုင္ငံေရး ခိုလႈံခြင့္ ေတာင္းေနသူတစ္ဦးပါ ။

သူအတြက္ကေတာ့ ေန႔စဥ္ လိုင္ယြန္းၿမိဳထဲမွာ အလုပ္ရွာဖို႔ စာ႐ြက္စာတမ္း ကိစၥအတြက္ သြားလာဖို႔က မိုဘိုင္းဖုန္းမွ မရွိရင္ သူ႔ရဲ႕ဘဝက ေသဆုံးသြားတာနဲ႔ မထူးပါဘူး ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒစ္ဂ်စ္တယ္ ကိရိယာေတြက သူတို႔လို စစ္ေဘးေရွာင္ေတြအတြက္ အသက္ပါပဲ ။

မိုဘိုင္ဖုန္းကို မသုံးရမေနႏိုင္တဲ့ ေရာဂါ ျဖစ္လာၿပီဆိုရင္ ေရာဂါသည္ေတြက အလြယ္တကူ စိတ္အေႏွာက္အယွက္ ျဖစ္တတ္ျခင္း နလုံးခုန္ႏႈန္းနဲ႔ ေသြးတိုးႏႈန္း ျမင့္တက္လာျခင္း အသက္ရႈခ်ိန္ တိုလာျခင္း မူးေဝတတ္ျခင္း ေျခတုန္ လက္တုန္ျဖစ္ျခင္း အိပ္ေရးမဝသလို ျဖစ္ေနျခင္း

စိတ္က်ေရာဂါျဖစ္ျခင္း မသက္မသာ ခံစားေနရျခင္း ေၾကာက္တတ္လာျခင္းနဲ႔ ထင္ေယာင္ထင္မွား ျဖစ္လာျခင္းေတြကို ခံစား လာရပါတယ္။ ၂၀၁၈ခုႏွစ္က ဗီယင္နာမွာ ျပဳလုပ္တဲ့ စစ္ေဘးဒုကၡသည္ စစ္တမ္းမွာ စစ္ေဘးေရွာင္ ၉၀ % က ဖုန္းစြဲေရာဂါ ျဖစ္ေနပါတယ္ ။

သူတို႔ေတြ အဓိကသုံးေနတာက ေဖ့စ္ဘုတ္ whats App ဂူဂဲလ္ေျမပုံ နဲ႔ ဂူဂဲလ္ဘာသာျပန္ေတြပါပဲ ။ မိုဘိုင္ဖုန္းစြဲေရာဂါက လူႀကီး လူလတ္ လူငယ္မေ႐ြးျဖစ္ေနတာပါ ။ မိုဘိုင္းဖုန္းက ဘဝကိုအေထာက္အကူ ျဖစ္ေစတာ အမွန္ျဖစ္ေပမဲ့ ဘဝအတြက္ ေျဖရွင္း ခ်က္တစ္ခု မဟုတ္ပါဘူး ။

နီမိုဖိုဘီးယားျဖစ္ေနၿပီဆိုရင္ လူ႔ အဖြဲ႕အစည္းကို အေႏွာက္အယွက္ ျဖစ္လာႏိုင္တဲ့အတြက္ ကုသဖို႔နည္းလမ္းက မိုဘိုင္းဖုန္းကို ရက္အကန႔္အသက္ ထားၿပီး မသုံးဖို႔ဘဲ ရွိပါေတာ့တယ္ ။
ေမာင္ယႆ REF: euronews, photo credit

Unicode

နီမိုဖိုဘီးယားလို့ခေါ်တဲ့ ဖုန်းစွဲရောဂါ ( သို့ ) ဒစ်ဂျစ်တယ် အဆိပ်သင့်မှု

ဖေဖော်ဝါရီလ ၆ ရက်နေ့ကို စမတ်ဖုန်း အသုံးမပြုရေး သီတင်းပတ်အဖြစ် ကမ္ဘာ့အထိမ်းအမှတ်နေ့ လုပ်ခဲ့တာက ၂၀၀၁ ခုနှစ် ကတည်းကပါ ။ နီမိုဖိုဘီးယားလို့ ခေါ်တဲ့ စမတ်ဖုန်းမရှိမှာကို ကြောက်တဲ့ ရောဂါက တစ်ကမ္ဘာလုံးကို ပြန့်ပွားနေပါပြီ ။

အဲ့ဒါကြောင့် ပြင်သစ် စာရေးဆရာ ဖီလ်မာဆိုက ဒစ်ဂျစ်တယ် အဆိပ်သင့်မှု ပြေလျော့ဖို့ အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဖုန်း အသုံးမပြုရေးနေ့ အဖြစ် သက်မှတ်နိုင်ရေး အတွက် လှုံ့ဆော်ရေးသား ဖြန့်ဝေခဲ့ပါတယ် ။

မိုဘိုင်းဖုန်း အသုံးမပြုရေးအတွက် လှုံ့ဆော်ခဲ့ပေမဲ့ တကယ်တော့ မိုဘိုင်းဖုန်းတွေက ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့အတွက် လူတွေက ဆင်ခြေတွေ အမျိုးမျိုးပေးပြီး တစ်ရက်မှ မနားပဲ ကိုင်ဆဲ သုံးဆဲပါ ။ ဒါအူဒါ ဆိုတဲ့သူက လိုင်ယွန်းမြို့မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းနေသူတစ်ဦးပါ ။

သူအတွက်ကတော့ နေ့စဉ် လိုင်ယွန်းမြိုထဲမှာ အလုပ်ရှာဖို့ စာရွက်စာတမ်း ကိစ္စအတွက် သွားလာဖို့က မိုဘိုင်းဖုန်းမှ မရှိရင် သူ့ရဲ့ဘဝက သေဆုံးသွားတာနဲ့ မထူးပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ် ကိရိယာတွေက သူတို့လို စစ်ဘေးရှောင်တွေအတွက် အသက်ပါပဲ ။

မိုဘိုင်ဖုန်းကို မသုံးရမနေနိုင်တဲ့ ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါသည်တွေက အလွယ်တကူ စိတ်အနှောက်အယှက် ဖြစ်တတ်ခြင်း နလုံးခုန်နှုန်းနဲ့ သွေးတိုးနှုန်း မြင့်တက်လာခြင်း အသက်ရှုချိန် တိုလာခြင်း မူးဝေတတ်ခြင်း ခြေတုန် လက်တုန်ဖြစ်ခြင်း အိပ်ရေးမဝသလို ဖြစ်နေခြင်း

စိတ်ကျရောဂါဖြစ်ခြင်း မသက်မသာ ခံစားနေရခြင်း ကြောက်တတ်လာခြင်းနဲ့ ထင်ယောင်ထင်မှား ဖြစ်လာခြင်းတွေကို ခံစား လာရပါတယ်။ ၂၀၁၈ခုနှစ်က ဗီယင်နာမှာ ပြုလုပ်တဲ့ စစ်ဘေးဒုက္ခသည် စစ်တမ်းမှာ စစ်ဘေးရှောင် ၉၀ % က ဖုန်းစွဲရောဂါ ဖြစ်နေပါတယ် ။

သူတို့တွေ အဓိကသုံးနေတာက ဖေ့စ်ဘုတ် whats App ဂူဂဲလ်မြေပုံ နဲ့ ဂူဂဲလ်ဘာသာပြန်တွေပါပဲ ။ မိုဘိုင်ဖုန်းစွဲရောဂါက လူကြီး လူလတ် လူငယ်မရွေးဖြစ်နေတာပါ ။ မိုဘိုင်းဖုန်းက ဘဝကိုအထောက်အကူ ဖြစ်စေတာ အမှန်ဖြစ်ပေမဲ့ ဘဝအတွက် ဖြေရှင်း ချက်တစ်ခု မဟုတ်ပါဘူး ။

နီမိုဖိုဘီးယားဖြစ်နေပြီဆိုရင် လူ့ အဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်လာနိုင်တဲ့အတွက် ကုသဖို့နည်းလမ်းက မိုဘိုင်းဖုန်းကို ရက်အကန့်အသက် ထားပြီး မသုံးဖို့ဘဲ ရှိပါတော့တယ် ။
မောင်ယဿ REF: euronews, photo credit

Be the first to comment

Leave a Reply

Your email address will not be published.


*