အသားအေရ စိုေျပလွပေစဖို႔ အဓိက လုိအပ္ေသာအရာမ်ား

အသားအေရ စိုေျပလွပေစဖို႔ အဓိက လုိအပ္ေသာအရာမ်ား

အမ်ိဳးသမီးမ်ား အတြက္သာမက အမ်ိဳးသားမ်ားပါ မိမိတို႔ရဲ႕ မ်က္ႏွာျပင္ အေရျပားကို ေကာင္းမြန္ သန႔္စင္လိုၾကတာက သဘာဝပါပဲ။ အေရျပားအတြက္ ဆိုရင္ ဗီတာမင္အခ်ိဳ႕ဟာ မရွိမျဖစ္ လိုအပ္ပါတယ္။ အဓိက အေရျပားအတြက္ လိုအပ္ေနတဲ့ ဗီတာမင္ေတြကေတာ့ ဗီတာမင္ ေအ၊ ဗီတာမင္ စီ ၊ ဗီတာမင္ အီး တို႔ပဲ ျဖစ္ပါတယ္။

အေရျပားဆိုင္ရာ ကြၽမ္းက်င္သူ အထူးကု အေတာ္မ်ားမ်ားရဲ႕ အဆိုကေတာ့ အင္ဒီေအာက္ဆီးဒင့္ (Antioxidants) ေတြဟာ ဖရီးရယ္ဒီကယ္ ေတြကို ထုတ္ေပးႏိုင္ၿပီး အေရျပားမွာ အေရးအေၾကာင္းျဖစ္တာ ေရာင္ရမ္းတာေတြကို မျဖစ္ေအာင္ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္တယ္လို႔ ဆိုတာပါပဲ။

အင္ဒီေအာက္ဆီးဒင့္ေတြျဖစ္တဲ့ ဗီတာမင္ ေအ၊ စီ ၊ အီး တို႔ကို အလွကုန္မ်ားမွာ ထည့္သြင္းျပဳလုပ္လာၿပီ ျဖစ္ပါတယ္။ ဒါဆို ဒီဗီတာမင္ေတြဟာ အေရျပားအတြက္ ဘယ္ေလာက္ထိ အေထာက္အကူ ျပဳႏိုင္မလည္း ဆိုတာ သိေစခ်င္လို႔ ေျပာျပခ်င္ပါတယ္။

“ဗီတာမင္ ေအ”

(Anti aging) ဗီတာမင္ေအဟာ ရက္တီေနာနဲ႔ အတူတူလို႔ ဆိုထားပါတယ္။ အေရျပားေပၚက အေရးအေၾကာင္းေတြ အဖုအပိန႔္ေတြ အေရျပား မညီမညာမႈေတြ၊ အမာ႐ြတ္ေတြ ၊ ဝက္ၿခံေတြကို သက္သာေပ်ာက္ကင္း ေစပါတယ္။ ရက္တီေနာကို တစ္ပတ္လွ်င္ တစ္ႀကိမ္မွ်သာ လိမ္းေပးပါ။ ရက္တီေနာကို ဗီတာမင္စီနဲ႔ တြဲမလိမ္းရပါ။ အသားအေရကို ပိုၿပီးေျခာက္ေသြ႕ေစတာမို႔ပါ။

“ဗီတာမင္ ေအ ရႏိုင္ေသာ အစားအစာမ်ား”

အမဲအသည္း ၊ ကန္စြန္းဥ၊ သရက္သီးဘ႐ိုကိုလီ ၊ ဟင္းႏုႏြယ္ ၊ ကိုက္လန္ဖရဲသီး ၊ မုန္လာဥနီ စတဲ့အစားအစာေတြပဲ ျဖစ္ပါတယ္။

“ဗီတာမင္စီ”

(Brightening) ဗီတာမင္စီဟာ သင့္ရဲ႕ ႏြမ္းနယ္ပင္ပန္းၿပီး မြဲေျခာက္ေနတဲ့ အသားအေရအတြက္ လြန္စြာ အက်ိဳးျပဳေစပါတယ္။ ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာက္ျခည္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကို ျပန္လည္ေကာင္းမြန္လာရန္ အေထာက္အကူျပဳပါတယ္။ အေရျပားကို တင္းရင္းေစတဲ့အတြက္ ႏုပ်ိဳမႈကိုရရွိေစပါတယ္။ အသားအေရာင္ မညီတာေတြကိုလည္း ညီမွ်ေအာင္ ညႇိေပးပါတယ္။

ဗီတာမင္စီရႏိုင္မည့္ အစားအစာေတြကေတာ့……

ဘ႐ိုကိုလီ လီမြန္ လိုင္ခ်ီး စေတာ္ဘယ္ရီ သေဘၤာသီး ခရမ္းခ်ဥ္သီး င႐ုပ္ေကာင္း ကန္စြန္းဥ ဟင္းႏုႏြယ္ ေဂၚဖီထုတ္ ပန္းေဂၚဖီ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ စတာေတြပဲျဖစ္ပါတယ္။

“ဗီတာမင္ အီး”

(Moisturizing) ဗီတာမင္အီးဟာ အရမ္းအားမျပင္းတဲ့ အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳးျဖစ္ၿပီး ရက္တီေနာနဲ႔ မတည့္တဲ့ အသားအေရ ဒါမွမဟုတ္ Sensitive အသားအေရအတြက္ အလြန္ပင္ သင္ေတာ္လွပါတယ္။

အေရျပားကို ဖရီးရယ္ဒီကယ္ေတြက ကာကြယ္ေပးၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။ အေရျပားကို အစိုဓာတ္ေပးၿပီး အမာ႐ြတ္မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္ အီးကို ဗီတာမင္စီနဲ႔ တြဲပီး လိမ္းေပးႏိုင္ပါတယ္။

ဗီတာမင္အီးရႏိုင္မည့္ အစားအစာမ်ား….

ဗီတာမင္အီး ေကာင္းမြန္စြာ ရရွိဖို႔ဆိုရင္ အေစ့အဆန္ အမ်ိဳးမ်ိဳးကို စားေပးရမွာ ျဖစ္ပါတယ္။ အယ္လ္မြန္ေစ့ ေနၾကာေစ့ ေျမပဲ သစ္အယ္သီးတို႔ျဖစ္ၿပီးဟင္းသီးဟင္း႐ြက္ဆီနဲ႔ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္တို႔ကလည္း ဗီတာမင္အီး ႂကြယ္ဝလွတာမို႔ စားသုံးေပးပါ။

ကဲဒါဆုိရင္ျဖင့္ မိမိခႏၶာကိုယ္က အသားအေရကို စိုေျပလွပေစဖုိ႕ မိမိတို႔ကိုယ္တိုင္ ထိန္းသိမ္းႏိုင္ၾကၿပီေပါ့……
#စႏၵီျမင့္မိုရ္

Unicode

အသားအရေ စိုပြေလှပစေဖို့ အဓိက လိုအပ်သောအရာများ

အမျိုးသမီးများ အတွက်သာမက အမျိုးသားများပါ မိမိတို့ရဲ့ မျက်နှာပြင် အရေပြားကို ကောင်းမွန် သန့်စင်လိုကြတာက သဘာဝပါပဲ။ အရေပြားအတွက် ဆိုရင် ဗီတာမင်အချို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အဓိက အရေပြားအတွက် လိုအပ်နေတဲ့ ဗီတာမင်တွေကတော့ ဗီတာမင် အေ၊ ဗီတာမင် စီ ၊ ဗီတာမင် အီး တို့ပဲ ဖြစ်ပါတယ်။

အရေပြားဆိုင်ရာ ကျွမ်းကျင်သူ အထူးကု အတော်များများရဲ့ အဆိုကတော့ အင်ဒီအောက်ဆီးဒင့် (Antioxidants) တွေဟာ ဖရီးရယ်ဒီကယ် တွေကို ထုတ်ပေးနိုင်ပြီး အရေပြားမှာ အရေးအကြောင်းဖြစ်တာ ရောင်ရမ်းတာတွေကို မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုတာပါပဲ။

အင်ဒီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီ ၊ အီး တို့ကို အလှကုန်များမှာ ထည့်သွင်းပြုလုပ်လာပြီ ဖြစ်ပါတယ်။ ဒါဆို ဒီဗီတာမင်တွေဟာ အရေပြားအတွက် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်မလည်း ဆိုတာ သိစေချင်လို့ ပြောပြချင်ပါတယ်။

“ဗီတာမင် အေ”

(Anti aging) ဗီတာမင်အေဟာ ရက်တီနောနဲ့ အတူတူလို့ ဆိုထားပါတယ်။ အရေပြားပေါ်က အရေးအကြောင်းတွေ အဖုအပိန့်တွေ အရေပြား မညီမညာမှုတွေ၊ အမာရွတ်တွေ ၊ ဝက်ခြံတွေကို သက်သာပျောက်ကင်း စေပါတယ်။ ရက်တီနောကို တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိမ်းပေးပါ။ ရက်တီနောကို ဗီတာမင်စီနဲ့ တွဲမလိမ်းရပါ။ အသားအရေကို ပိုပြီးခြောက်သွေ့စေတာမို့ပါ။

“ဗီတာမင် အေ ရနိုင်သော အစားအစာများ”

အမဲအသည်း ၊ ကန်စွန်းဥ၊ သရက်သီးဘရိုကိုလီ ၊ ဟင်းနုနွယ် ၊ ကိုက်လန်ဖရဲသီး ၊ မုန်လာဥနီ စတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။

“ဗီတာမင်စီ”

(Brightening) ဗီတာမင်စီဟာ သင့်ရဲ့ နွမ်းနယ်ပင်ပန်းပြီး မွဲခြောက်နေတဲ့ အသားအရေအတွက် လွန်စွာ အကျိုးပြုစေပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောက်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်လာရန် အထောက်အကူပြုပါတယ်။ အရေပြားကို တင်းရင်းစေတဲ့အတွက် နုပျိုမှုကိုရရှိစေပါတယ်။ အသားအရောင် မညီတာတွေကိုလည်း ညီမျှအောင် ညှိပေးပါတယ်။

ဗီတာမင်စီရနိုင်မည့် အစားအစာတွေကတော့……

ဘရိုကိုလီ လီမွန် လိုင်ချီး စတော်ဘယ်ရီ သင်္ဘောသီး ခရမ်းချဉ်သီး ငရုပ်ကောင်း ကန်စွန်းဥ ဟင်းနုနွယ် ဂေါ်ဖီထုတ် ပန်းဂေါ်ဖီ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေပဲဖြစ်ပါတယ်။

“ဗီတာမင် အီး”

(Moisturizing) ဗီတာမင်အီးဟာ အရမ်းအားမပြင်းတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ရက်တီနောနဲ့ မတည့်တဲ့ အသားအရေ ဒါမှမဟုတ် Sensitive အသားအရေအတွက် အလွန်ပင် သင်တော်လှပါတယ်။

အရေပြားကို ဖရီးရယ်ဒီကယ်တွေက ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ပေးပြီး အမာရွတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် အီးကို ဗီတာမင်စီနဲ့ တွဲပီး လိမ်းပေးနိုင်ပါတယ်။

ဗီတာမင်အီးရနိုင်မည့် အစားအစာများ….

ဗီတာမင်အီး ကောင်းမွန်စွာ ရရှိဖို့ဆိုရင် အစေ့အဆန် အမျိုးမျိုးကို စားပေးရမှာ ဖြစ်ပါတယ်။ အယ်လ်မွန်စေ့ နေကြာစေ့ မြေပဲ သစ်အယ်သီးတို့ဖြစ်ပြီးဟင်းသီးဟင်းရွက်ဆီနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ကလည်း ဗီတာမင်အီး ကြွယ်ဝလှတာမို့ စားသုံးပေးပါ။

ကဲဒါဆိုရင်ဖြင့် မိမိခန္ဓာကိုယ်က အသားအရေကို စိုပြေလှပစေဖို့ မိမိတို့ကိုယ်တိုင် ထိန်းသိမ်းနိုင်ကြပြီပေါ့……
#စန္ဒီမြင့်မိုရ်

Be the first to comment

Leave a Reply

Your email address will not be published.


*