








Unicode

အသား အနာမခံဘဲ မျက်နှာနဲ့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို အလွယ်တကူ ဖယ်ရှားနည်း

အသားအနာမခံဘဲ မျက်နှာနဲ့နှာခေါင်းပေါ်က စားဝက်ခြံပြဿနာဟာ အလှအပကြိုက်တတ်တဲ့ ပျိုမေတို့အတွက်တော့ စိတ်ညစ်စရာပါ။ ချွေပါက်ပိတ်စေပြီး အဆီပြန်စေလို့ ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေသလို သင့်ကိုလည်းဆွဲဆောင်မှု လျော့စေပါတယ်။

ဒါ့ကြောင့် ဆားဝက်ခြံ ကင်းစင်ပြီး အသားအရေကို ပိုမိုဖြူဝင်းလာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်

“ပါဝင်ပစ္စည်း” မုန့်ဖုတ်ဆိုဒါ BakingSoda စားပွဲတင်ဇွန်း ၁ဇွန်း, ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း, သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း …

“ပြုလုပ်နည်း” အရင်ဆုံး ခွက်တစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါ ထည့်လိုက်ပါ။

မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေအတွက် PHပမာဏကို သင့်တင့် မျှတစေပါတယ်။

အဲဒီနောက် ပါဝင်ပစ္စည်း အားလုံးကို သေချာသမအောင် မွှေလိုက်ပြီး မျက်နှာကို အရင် သစ်လိုက်ပါ။ ပြီးရင်မျက်နှာကို ခြောက်အောင် ပြန်သုတ်ပြီး အခုရောထားတာကို လိမ်းလိုက်ပါ

အထူးသဖြင့် ဆားဝက်ခြံရှိတဲ့ နေရာကို လိမ်းပေးပါ။ ၅မိနစ်လောက် နှိပ်ပေးပါ။ ပြီးရင် မိနစ်၂၀လောက် ဒီအတိုင်းထားပြီး ရေဆေးချပေးပါ တစ်ရက်ခြားတစ်ခါ ၂ပတ် ၃ပတ်လောက် လုပ်ပေးပါ

ဆားဝက်ခြံ သိသိသာသာ သက်သာသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူနှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Creditပေးပါသည်။










Be the first to comment

Leave a Reply

Your email address will not be published.

*