ဘ၀မွာ ဘယ္လုိ ရွင္သန္ရမလဲဆုိတာ ယုန္ကေလးကေပးတဲ႕ ဒႆန

ဘ၀မွာ ဘယ္လုိ ရွင္သန္ရမလဲဆုိတာ ယုန္ကေလးကေပးတဲ႕ ဒႆန

တစ္ခါက … မိန္းမ အလြန္ေၾကာက္ရတဲ့ ယုန္ပစ္မုဆိုး တစ္ေယာက္ ရွိတယ္ ။ မုဆိုးရဲ႕ မိန္းမက သူ႔ေယာက္်ားကို မယုံဘူး။ ရလာတဲ့ ယုန္အေရအတြက္ကို တိတိက်က် သိႏိုင္ဖို႔ မိုးလင္းၿပီဆိုရင္ ယုန္ပစ္ ထြက္ဖို႔ ျမား ဆယ္စင္း ၊ ထန္းလ်က္ ဆယ္လုံး ၊ ယုန္ေကာက္ဖို႔ အမဲလိုက္ေခြး တစ္ေကာင္ ျပင္ေပးထားေလ့ ရွိတယ္။

ဆိုလိုတာက မုဆိုးက လက္အရမ္းေျဖာင့္တဲ့သူ ျဖစ္လို႔ ျမားတစ္စင္း ဆိုရင္ ယုန္တစ္ေကာင္ မွန္လိမ့္မယ္ ။ အမဲလိုက္ေခြးကို သြားေကာက္ ခိုင္းၿပီး ဆုအျဖစ္ ထန္းလ်က္ တစ္လုံး ေကြၽးရမယ္ ။ ျမားဆယ္စင္း၊ ထန္းလ်က္ ဆယ္လုံးဆိုရင္ ယုန္ဆယ္ေကာင္ေပါ့ ။

ဒီလိုနဲ႔ …တစ္ေန႔မွာ ယုန္ပစ္ ထြက္လာၾကတယ္ ။ ျမားကိုးစင္း ၊ ယုန္ကိုးေကာင္ အထိကေတာ့ အဆင္ေျပေနတယ္ ။ ေနာက္ဆုံး ဆယ္စင္းေျမာက္ ျမားကို ပစ္လိုက္တဲ့အခါ ယုန္ကို မွန္သြားတာ ေတြ႕လိုက္တယ္။

အမဲလိုက္ေခြးကလည္း ခ်က္ခ်င္း ယုန္ေနာက္ လိုက္သြားတယ္ ။ ဒါေပမယ့္ အၾကာႀကီးေနမွ ေခြးဟာ ေမာပန္းၿပီး ယုန္မပါဘဲ ျပန္ေရာက္ လာတယ္ ။ မုဆိုးက စိတ္ကလည္း ဆိုး၊ မိန္းမကိုလည္း ေၾကာက္ရေတာ့ ေခြး အသုံးမက်ေၾကာင္း ျပန္ေျပာျပႏိုင္ဖို႔ သက္ေသ အျဖစ္ က်န္တဲ့ထန္းလ်က္ခဲ တစ္လုံးကို ေခြးကို မေကြၽးေတာ့ဘဲ ျပန္သိမ္းဖို႔ လုပ္တယ္။

ေခြးကလည္း သခင့္ အမူအရာကို ၾကည့္ၿပီး ” မရက္စက္ပါနဲ႔ သခင္ရယ္ ။ က်ဳပ္လည္း အဲဒီ့ယုန္ရဲ႕ ေနာက္ကို ေျပးႏိုင္ သေလာက္ ေျပးၿပီး လိုက္ခဲ့တာပါပဲ ။ စာနာပါ။ ညႇာတာပါ။ က်ဳပ္အျပစ္လို႔ တစ္ဘက္သတ္ႀကီး မဆုံးျဖတ္ပါနဲ႔ ” လို႔ စိတ္ထဲကေန စကားေတြ ေျပာေနသတဲ့။

ျမားခ်က္ထိၿပီး ဒဏ္ရာရသြားတဲ့ ယုန္အေၾကာင္း ကိုလည္း ေျပာရဦးမယ္။ ဒဏ္ရာရ ယုန္ကေလးလည္း ေမာႀကီး ပန္းႀကီးနဲ႔ မိသားစု သူငယ္ခ်င္းေတြဆီ ျပန္ေရာက္သြားတယ္ ။

တျခား ယုန္ကေလးေတြကလည္း ” ျမားခ်က္က အေရျပားကို ရွပ္ထိ သြားလို႔ ေတာ္ေသးတာေပါ့၊ မေသေကာင္း မေပ်ာက္ေကာင္းပဲ ” စသျဖင့္ ဝိုင္းဝန္းအားေပးၿပီး ယုန္ကေလးကို အေျပးသန္တဲ့ ေခြးလက္က ဘယ္လိုလြတ္လာတာလဲ လို႔ ေမးၾကတယ္။

“ေျပးလာလို႔ ေရာက္လာတာေပါ့ “လို႔ ဒဏ္ရာရ ယုန္ကေလးက ျပန္ေျဖတယ္ ။ က်န္တဲ့ယုန္ေတြကလည္း ေျပးတိုင္း မေရာက္တဲ့အေၾကာင္း၊ ေျပးရင္းနဲ႔ ေခြးပါးစပ္ ေရာက္သြားၾကရတာမ်ားေၾကာင္း ျပန္ျငင္းၾကတယ္ ။ ယုန္ကေလးက သူငယ္ခ်င္းေတြကို ၾကည့္ၿပီး ေျပာျပတယ္။

” ဒီလိုကြ။ ေခြးက လိုက္ေျပး ေျပးတယ္။ ငါက ထြက္ေျပး ေျပးတယ္ ။ ေျပးတာခ်င္းေတာ့ တူတယ္။ ေျပးပုံခ်င္း မတူဘူးကြ ” က်န္တဲ့ယုန္ေတြက နားမလည္ၾကလို႔ ယုန္ကေလးက ထပ္ရွင္းျပတယ္ ။

“ ဒီလို သူငယ္ခ်င္းတို႔ရ…… ေခြးက ေျပးႏိုင္သေလာက္ ေျပးခဲ့တယ္ ။ ငါက သူ႔လို ေျပးႏိုင္သေလာက္ပဲ ေျပးခဲ့တာ မဟုတ္ဘူးကြ ။ အသားကုန္ ေျပးခဲ့တာ ”

” ဟင္ .. ဘယ္လို “

” ေအး .. ဟုတ္တယ္ ။ ငါက အစြမ္းကုန္ ေျပးခဲ့တာ။ ငါသာ ေျပးႏိုင္သေလာက္ပဲ ေျပးခဲ့ရင္ ဒီခ်ိန္ဆို တျခားယုန္ေတြလို ႐ြာလယ္ေဈးမွာ အေရာင္း ခံေနရေလာက္ၿပီကြ ” နားေထာင္ေနၾကတဲ့ ယုန္အားလုံးက ဒဏ္ရာရ ယုန္ေလးရဲ႕ ဒႆနကို ၾကားရတဲ့အခါ အံ့ၾသသြား ၾကတယ္။ ယုန္ကေလးက တစ္လုံးခ်င္း ဆက္ေျပာတယ္ ။

” ဟုတ္တယ္ေလ … ။ ေျပးႏိုင္သေလာက္သာ ေျပးခဲ့တဲ့ ငါတို႔ရဲ႕ ျမႇားခ်က္သင့္ ယုန္ေတြ အားလုံး ေသဆုံးခဲ့ၿပီးၿပီ ။ ငါကေတာ့ သူမ်ားလို အေသ မခံႏိုင္ဘူး။ ေျပးႏိုင္သေလာက္သာ ေျပးတဲ့ ေခြးနဲ႔ အသားကုန္ေျပးတဲ့ ငါ … ။

အစြမ္းကုန္ ေျပးခဲ့လို႔ ငါ လြတ္ေျမာက္လာရတာ။ ဒါေၾကာင့္ ေခြးနဲ႔ငါ ေျပးပုံခ်င္း၊ ေျပးနည္းခ်င္း မတူဘူးလို႔ေျပာတာ။ မင္းတို႔လည္း တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အဲဒီမုဆိုးရဲ႕ ျမားခ်က္ ထိလို႔မ်ား ေျပးႏိုင္သေလာက္သာ ေျပးၾကမယ္ ဆိုရင္ ေသဆုံးၾကရဦး မွာပဲ။ လြတ္ေျမာက္ဖို႔ အတြက္၊ ရွင္သန္ဖို႔ အတြက္၊ ေအာင္ျမင္ဖို႔အတြက္ အသားကုန္ ေျပး၊ အစြမ္းကုန္ ေျပး … ”

ဒီပုံျပင္မွာ ဒဏ္ရာရေနတဲ့ ယုန္ေလးက အရႈံးတရားတို႔ရဲ႕ နိမိတ္ပုံပါ ။ လူအမ်ားစုဟာ ဒဏ္ရာကို အေၾကာင္းျပဳ ၿပီး ေျပးႏိုင္သေလာက္သာ ေျပးခဲ့ၾကတယ္။ ေနာက္ဆုံး အမဲလိုက္ေခြးရဲ႕ အစြယ္ေအာက္မွာ အသက္ဆုံးပါးခဲ့ၾကပါတယ္။

ကိုယ္ကိုယ္တိုင္လည္း ေျပးႏိုင္သေလာက္ပဲ ေျပးမိေနတယ္ ဆိုတာကို သတိမျပဳမိၾကပါဘူး။ တခ်ိဳ႕မ်ားဆိုရင္ စိတ္ဒဏ္ရာေလး နည္းနည္း ရလိုက္တာနဲ႔ အိပ္ရာထဲေတာင္ ေခြေခါက္ လဲသြားတတ္ၾကတာပါ။

ဘဝမွာ ႀကဳံေတြ႕ရတဲ့ ဒုကၡေတြဆိုတာ ျမားခ်က္ေတြပါ။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ တစ္ေနရာရာမွာ အဲဒီ့ျမားခ်က္ေတြရဲ႕ ပစ္ခြင္းမႈဒဏ္ကို လူတိုင္း ခံၾကရစၿမဲပါ ။

ေအာင္ျမင္မႈကို ပိုင္ဆိုင္ခ်င္ရင္ ရလာတဲ့ ဒဏ္ရာကို ယိုးမယ္ မဖြဲ႕သင့္ပါဘူး။ ဒဏ္ရာနဲ႔ အခက္အခဲဆိုတာ ေအာင္ျမင္မႈအတြက္ အခြင့္အေရးေတြပဲ ျဖစ္ပါတယ္။ ဘဝမွာ ဒဏ္ရာေတြ ဘယ္ေလာက္ပဲ ရထားပါေစ ေမွ်ာ္လင့္ခ်က္ကို မစြန႔္လႊတ္သေ႐ြ႕ ေအာင္ျမင္မႈကို ပိုင္ဆိုင္ႏိုင္ခြင့္ ရွိေနဆဲပါ ။

ျပဆိုခဲ့တဲ့ ပုံျပင္မွာ ဒဏ္ရာရ ယုန္သူငယ္ဟာ အသက္ ရွင္သန္ခြင့္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို မစြန႔္လႊတ္ဘဲ မိမိ လုပ္ႏိုင္တာကို လုပ္ႏိုင္ သေလာက္တင္ မဟုတ္ဘဲ အစြမ္းကုန္ လုပ္ခဲ့တဲ့အတြက္ အသက္ရွင္သန္မႈ ဆိုတဲ့ ေအာင္ျမင္ျခင္းကို ရႏိုင္ခဲ့တာပါ ။

အခက္အခဲ ဆိုတာ အသိဉာဏ္ ႀကီးသူေတြ အဖို႔ ယာယီ အတားအဆီးသာ ျဖစ္ပါတယ္။ ရွင္သန္ျခင္း ဆိုတာ ေမွ်ာ္လင့္ျခင္းရဲ႕ ေနာက္ထပ္ အဓိပၸါယ္ တစ္ခု ျဖစ္ပါတယ္။ ေအာင္ျမင္ျခင္း ဆိုတာလည္း အစြမ္းကုန္ ႀကိဳးစားျခင္းရဲ႕ ရလဒ္ပဲ ျဖစ္ပါတယ္ ။

လူေတြရဲ႕ဘဝမွာ ႀကဳံေတြ႕လာရတဲ့ အခက္အခဲေတြဆိုတာ မုဆိုးနဲ႔ တူတယ္။ ျမားခ်က္နဲ႔ တူတယ္။ အမဲလိုက္ေခြးနဲ႔ တူတယ္… ေအာင္ျမင္မႈနဲ႔ လြဲေခ်ာ္ေနေသးလို႔ စိတ္ဓာတ္က်ေနသူေတြက ျမားမွန္တဲ့ ယုန္ကေလးေတြနဲ႔ တူတယ္။

သူတို႔ေနာက္မွာလည္း ေလာကဓံဆိုတဲ့ အမဲလိုက္ေခြးက အၿပီး ကိုက္ဝါးမ်ိဳပစ္ဖို႔ တေကာက္ေကာက္ လိုက္လို႔ ..။ မိမိတို႔က အစြမ္းကုန္ မဟုတ္ဘဲ ေျပးႏိုင္သေလာက္ပဲ ေျပးရင္ေတာ့ ဟင္းတစ္ခြက္ပဲ ျဖစ္သြားပါလိမ့္မယ္ ။

ဒါေၾကာင့္ ရွင္သန္ျခင္းမ်ားကို ပိုင္ဆိုင္ႏိုင္ဖို႔ ေအာင္ျမင္ျခင္းမ်ားကို ရယူႏိုင္ဖို႔ ေမွ်ာ္မွန္းခဲ့တဲ့ ပန္းတိုင္ကို ေရာက္ရွိႏိုင္ဖို႔ ေျပး … ေျပး … အစြမ္းကုန္ ေျပး … ကိုယ္က သူတစ္ပါးထက္ ဝီရိယနဲ႔ လ်င္ျမန္ဖ်တ္လတ္မႈ ျဖတ္ထိုးဉာဏ္ေကာင္းဖို႔ လိုတယ္……
credit to original writer

Unicode

ဘဝမှာ ဘယ်လို ရှင်သန်ရမလဲဆိုတာ ယုန်ကလေးကပေးတဲ့ ဒဿန

တစ်ခါက … မိန်းမ အလွန်ကြောက်ရတဲ့ ယုန်ပစ်မုဆိုး တစ်ယောက် ရှိတယ် ။ မုဆိုးရဲ့ မိန်းမက သူ့ယောက်ျားကို မယုံဘူး။ ရလာတဲ့ ယုန်အရေအတွက်ကို တိတိကျကျ သိနိုင်ဖို့ မိုးလင်းပြီဆိုရင် ယုန်ပစ် ထွက်ဖို့ မြား ဆယ်စင်း ၊ ထန်းလျက် ဆယ်လုံး ၊ ယုန်ကောက်ဖို့ အမဲလိုက်ခွေး တစ်ကောင် ပြင်ပေးထားလေ့ ရှိတယ်။

ဆိုလိုတာက မုဆိုးက လက်အရမ်းဖြောင့်တဲ့သူ ဖြစ်လို့ မြားတစ်စင်း ဆိုရင် ယုန်တစ်ကောင် မှန်လိမ့်မယ် ။ အမဲလိုက်ခွေးကို သွားကောက် ခိုင်းပြီး ဆုအဖြစ် ထန်းလျက် တစ်လုံး ကျွေးရမယ် ။ မြားဆယ်စင်း၊ ထန်းလျက် ဆယ်လုံးဆိုရင် ယုန်ဆယ်ကောင်ပေါ့ ။

ဒီလိုနဲ့ …တစ်နေ့မှာ ယုန်ပစ် ထွက်လာကြတယ် ။ မြားကိုးစင်း ၊ ယုန်ကိုးကောင် အထိကတော့ အဆင်ပြေနေတယ် ။ နောက်ဆုံး ဆယ်စင်းမြောက် မြားကို ပစ်လိုက်တဲ့အခါ ယုန်ကို မှန်သွားတာ တွေ့လိုက်တယ်။

အမဲလိုက်ခွေးကလည်း ချက်ချင်း ယုန်နောက် လိုက်သွားတယ် ။ ဒါပေမယ့် အကြာကြီးနေမှ ခွေးဟာ မောပန်းပြီး ယုန်မပါဘဲ ပြန်ရောက် လာတယ် ။ မုဆိုးက စိတ်ကလည်း ဆိုး၊ မိန်းမကိုလည်း ကြောက်ရတော့ ခွေး အသုံးမကျကြောင်း ပြန်ပြောပြနိုင်ဖို့ သက်သေ အဖြစ် ကျန်တဲ့ထန်းလျက်ခဲ တစ်လုံးကို ခွေးကို မကျွေးတော့ဘဲ ပြန်သိမ်းဖို့ လုပ်တယ်။

ခွေးကလည်း သခင့် အမူအရာကို ကြည့်ပြီး ” မရက်စက်ပါနဲ့ သခင်ရယ် ။ ကျုပ်လည်း အဲဒီ့ယုန်ရဲ့ နောက်ကို ပြေးနိုင် သလောက် ပြေးပြီး လိုက်ခဲ့တာပါပဲ ။ စာနာပါ။ ညှာတာပါ။ ကျုပ်အပြစ်လို့ တစ်ဘက်သတ်ကြီး မဆုံးဖြတ်ပါနဲ့ ” လို့ စိတ်ထဲကနေ စကားတွေ ပြောနေသတဲ့။

မြားချက်ထိပြီး ဒဏ်ရာရသွားတဲ့ ယုန်အကြောင်း ကိုလည်း ပြောရဦးမယ်။ ဒဏ်ရာရ ယုန်ကလေးလည်း မောကြီး ပန်းကြီးနဲ့ မိသားစု သူငယ်ချင်းတွေဆီ ပြန်ရောက်သွားတယ် ။

တခြား ယုန်ကလေးတွေကလည်း ” မြားချက်က အရေပြားကို ရှပ်ထိ သွားလို့ တော်သေးတာပေါ့၊ မသေကောင်း မပျောက်ကောင်းပဲ ” စသဖြင့် ဝိုင်းဝန်းအားပေးပြီး ယုန်ကလေးကို အပြေးသန်တဲ့ ခွေးလက်က ဘယ်လိုလွတ်လာတာလဲ လို့ မေးကြတယ်။

“ပြေးလာလို့ ရောက်လာတာပေါ့ “လို့ ဒဏ်ရာရ ယုန်ကလေးက ပြန်ဖြေတယ် ။ ကျန်တဲ့ယုန်တွေကလည်း ပြေးတိုင်း မရောက်တဲ့အကြောင်း၊ ပြေးရင်းနဲ့ ခွေးပါးစပ် ရောက်သွားကြရတာများကြောင်း ပြန်ငြင်းကြတယ် ။ ယုန်ကလေးက သူငယ်ချင်းတွေကို ကြည့်ပြီး ပြောပြတယ်။

” ဒီလိုကွ။ ခွေးက လိုက်ပြေး ပြေးတယ်။ ငါက ထွက်ပြေး ပြေးတယ် ။ ပြေးတာချင်းတော့ တူတယ်။ ပြေးပုံချင်း မတူဘူးကွ ” ကျန်တဲ့ယုန်တွေက နားမလည်ကြလို့ ယုန်ကလေးက ထပ်ရှင်းပြတယ် ။

“ ဒီလို သူငယ်ချင်းတို့ရ…… ခွေးက ပြေးနိုင်သလောက် ပြေးခဲ့တယ် ။ ငါက သူ့လို ပြေးနိုင်သလောက်ပဲ ပြေးခဲ့တာ မဟုတ်ဘူးကွ ။ အသားကုန် ပြေးခဲ့တာ ”

” ဟင် .. ဘယ်လို “

” အေး .. ဟုတ်တယ် ။ ငါက အစွမ်းကုန် ပြေးခဲ့တာ။ ငါသာ ပြေးနိုင်သလောက်ပဲ ပြေးခဲ့ရင် ဒီချိန်ဆို တခြားယုန်တွေလို ရွာလယ်ဈေးမှာ အရောင်း ခံနေရလောက်ပြီကွ ” နားထောင်နေကြတဲ့ ယုန်အားလုံးက ဒဏ်ရာရ ယုန်လေးရဲ့ ဒဿနကို ကြားရတဲ့အခါ အံ့သြသွား ကြတယ်။ ယုန်ကလေးက တစ်လုံးချင်း ဆက်ပြောတယ် ။

” ဟုတ်တယ်လေ … ။ ပြေးနိုင်သလောက်သာ ပြေးခဲ့တဲ့ ငါတို့ရဲ့ မြှားချက်သင့် ယုန်တွေ အားလုံး သေဆုံးခဲ့ပြီးပြီ ။ ငါကတော့ သူများလို အသေ မခံနိုင်ဘူး။ ပြေးနိုင်သလောက်သာ ပြေးတဲ့ ခွေးနဲ့ အသားကုန်ပြေးတဲ့ ငါ … ။

အစွမ်းကုန် ပြေးခဲ့လို့ ငါ လွတ်မြောက်လာရတာ။ ဒါကြောင့် ခွေးနဲ့ငါ ပြေးပုံချင်း၊ ပြေးနည်းချင်း မတူဘူးလို့ပြောတာ။ မင်းတို့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီမုဆိုးရဲ့ မြားချက် ထိလို့များ ပြေးနိုင်သလောက်သာ ပြေးကြမယ် ဆိုရင် သေဆုံးကြရဦး မှာပဲ။ လွတ်မြောက်ဖို့ အတွက်၊ ရှင်သန်ဖို့ အတွက်၊ အောင်မြင်ဖို့အတွက် အသားကုန် ပြေး၊ အစွမ်းကုန် ပြေး … ”

ဒီပုံပြင်မှာ ဒဏ်ရာရနေတဲ့ ယုန်လေးက အရှုံးတရားတို့ရဲ့ နိမိတ်ပုံပါ ။ လူအများစုဟာ ဒဏ်ရာကို အကြောင်းပြု ပြီး ပြေးနိုင်သလောက်သာ ပြေးခဲ့ကြတယ်။ နောက်ဆုံး အမဲလိုက်ခွေးရဲ့ အစွယ်အောက်မှာ အသက်ဆုံးပါးခဲ့ကြပါတယ်။

ကိုယ်ကိုယ်တိုင်လည်း ပြေးနိုင်သလောက်ပဲ ပြေးမိနေတယ် ဆိုတာကို သတိမပြုမိကြပါဘူး။ တချို့များဆိုရင် စိတ်ဒဏ်ရာလေး နည်းနည်း ရလိုက်တာနဲ့ အိပ်ရာထဲတောင် ခွေခေါက် လဲသွားတတ်ကြတာပါ။

ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေဆိုတာ မြားချက်တွေပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အဲဒီ့မြားချက်တွေရဲ့ ပစ်ခွင်းမှုဒဏ်ကို လူတိုင်း ခံကြရစမြဲပါ ။

အောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် ရလာတဲ့ ဒဏ်ရာကို ယိုးမယ် မဖွဲ့သင့်ပါဘူး။ ဒဏ်ရာနဲ့ အခက်အခဲဆိုတာ အောင်မြင်မှုအတွက် အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒဏ်ရာတွေ ဘယ်လောက်ပဲ ရထားပါစေ မျှော်လင့်ချက်ကို မစွန့်လွှတ်သရွေ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခွင့် ရှိနေဆဲပါ ။

ပြဆိုခဲ့တဲ့ ပုံပြင်မှာ ဒဏ်ရာရ ယုန်သူငယ်ဟာ အသက် ရှင်သန်ခွင့်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ မိမိ လုပ်နိုင်တာကို လုပ်နိုင် သလောက်တင် မဟုတ်ဘဲ အစွမ်းကုန် လုပ်ခဲ့တဲ့အတွက် အသက်ရှင်သန်မှု ဆိုတဲ့ အောင်မြင်ခြင်းကို ရနိုင်ခဲ့တာပါ ။

အခက်အခဲ ဆိုတာ အသိဉာဏ် ကြီးသူတွေ အဖို့ ယာယီ အတားအဆီးသာ ဖြစ်ပါတယ်။ ရှင်သန်ခြင်း ဆိုတာ မျှော်လင့်ခြင်းရဲ့ နောက်ထပ် အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ အောင်မြင်ခြင်း ဆိုတာလည်း အစွမ်းကုန် ကြိုးစားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ် ။

လူတွေရဲ့ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေဆိုတာ မုဆိုးနဲ့ တူတယ်။ မြားချက်နဲ့ တူတယ်။ အမဲလိုက်ခွေးနဲ့ တူတယ်… အောင်မြင်မှုနဲ့ လွဲချော်နေသေးလို့ စိတ်ဓာတ်ကျနေသူတွေက မြားမှန်တဲ့ ယုန်ကလေးတွေနဲ့ တူတယ်။

သူတို့နောက်မှာလည်း လောကဓံဆိုတဲ့ အမဲလိုက်ခွေးက အပြီး ကိုက်ဝါးမျိုပစ်ဖို့ တကောက်ကောက် လိုက်လို့ ..။ မိမိတို့က အစွမ်းကုန် မဟုတ်ဘဲ ပြေးနိုင်သလောက်ပဲ ပြေးရင်တော့ ဟင်းတစ်ခွက်ပဲ ဖြစ်သွားပါလိမ့်မယ် ။

ဒါကြောင့် ရှင်သန်ခြင်းများကို ပိုင်ဆိုင်နိုင်ဖို့ အောင်မြင်ခြင်းများကို ရယူနိုင်ဖို့ မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ပြေး … ပြေး … အစွမ်းကုန် ပြေး … ကိုယ်က သူတစ်ပါးထက် ဝီရိယနဲ့ လျင်မြန်ဖျတ်လတ်မှု ဖြတ်ထိုးဉာဏ်ကောင်းဖို့ လိုတယ်……
credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*