အိမ်မြှောင်နှင့် ပတ်သက်သော နိမိတ်များအကြောင်း…

အိမ်မြှောင်နှင့် ပတ်သက်သော နိမိတ်များအကြောင်း…

အိမ်မြှောင်သည် များသောအားဖြင့် နေအိမ်တွင် ရှိသော တွားသွား တိရိစ္ဆာန် အကောင်ငယ် ဖြစ်၏ ။

အိမ်မြှောင် စုတ်ထိုး (အော်မြည်) မှုမှာ မကြာခဏ အော်တတ်၏ ။

အချို့အိမ်မြှောင်သည် နှစ်ရက်သုံးရက် မှ တစ်ကြိမ် စုတ်ထိုး၏ ။

ထိုကဲ့သို့ကြားပါက “သင်လည်း ကျန်းမာပါစေ ၊ အစားအစာ ကြွယ်ဝပါစေ” ဟု မေတ္တာ ပို့သင့်၏ ။

တစ်နေ့တည်း ကြိမ်ဖန်များစွာ လေးငါးကြိမ် မက စုတ်ထိုးသော် အိမ်သားများ “ ကျန်းမာရေး ချူချာမှု ရှိတတ်၏ ။

စီးပွား လာဘ်လာဘ ဝင်ကိန်း နည်းပါးမှု ရှိတတ်၏ ။ ”

အိမ်မြှောင်သည် အရှေ့အရပ်မှ စုတ်ထိုးခဲ့သော် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်ကိန်း ရရှိလိမ့်မည် ။

အနောက်အရပ်မှ စုတ်ထိုးခဲ့သော် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ ကြုံလိမ့်မည် ။

အိမ်မြှောင်သည် အရှေ့တောင်အရပ်မှ စုတ်ထိုးခဲ့သော် အိမ်မှ လူခြေနှစ်ချောင်း အရှင်ထွက် တတ်သည် ။

နွား ၊ မြင်း၊ အိမ်မွေးတိရစ္ဆာန် ပျောက်ဆုံး လိမ့်မည် ။

အိမ်မြှောင်သည် တောင်စူးစူး အရပ်မှ စုတ်ထိုးခဲ့သော် ခြေနှစ်ချောင်း ကျား ၊ မ အရှေ့ အရပ်မှ လာလိမ့်မည် ။

အိမ်မြှောင် အနောက်တောင်အရပ်မှ စုတ်ထိုးခဲ့သော် လောဘ ဒေါသကြီးမှု တွေ့ကြုံနိုင် ပြီး အမှုအခင်း ဖြစ်လိမ့်မည် ။

အိမ်မြှောင်သည် မြောက်စူးစူး အရပ်မှ စုတ်ထိုးခဲ့သော် ချီးမြှောက်ခြင်း ခံရမည် ။ ရွှေ ၊ ငွေ ၊ လှည်း ၊ လူဝင်ကိန်း ရရှိ လိမ့်မည် ။

အိမ်မြှောင်သည် ဦးခေါင်း တည့်တည့်အပေါ်မှ စုတ်ထိုးခဲ့သော် ရာထူး လာဘ်လာဘ ဒီရေကဲ့သို့ တစ်ခဏချင်း ရရှိလိမ့်မည် ။

credit to မောင်ကြည်မျိုး ( ကုန်းတလဘောင် )

Zawgi

အိမ္ေျမႇာင္ႏွင့္ ပတ္သက္ေသာ နိမိတ္မ်ားအေၾကာင္း…

အိမ္ေျမႇာင္သည္ မ်ားေသာအားျဖင့္ ေနအိမ္တြင္ ရွိေသာ တြားသြား တိရိစာၦန္ အေကာင္ငယ္ ျဖစ္၏ ။

အိမ္ေျမႇာင္ စုတ္ထိုး (ေအာ္ျမည္) မႈမွာ မၾကာခဏ ေအာ္တတ္၏ ။

အခ်ိဳ႕အိမ္ေျမႇာင္သည္ ႏွစ္ရက္သုံးရက္ မွ တစ္ႀကိမ္ စုတ္ထိုး၏ ။

ထိုကဲ့သို႔ၾကားပါက “သင္လည္း က်န္းမာပါေစ ၊ အစားအစာ ႂကြယ္ဝပါေစ” ဟု ေမတၱာ ပို႔သင့္၏ ။

တစ္ေန႔တည္း ႀကိမ္ဖန္မ်ားစြာ ေလးငါးႀကိမ္ မက စုတ္ထိုးေသာ္ အိမ္သားမ်ား “ က်န္းမာေရး ခ်ဴခ်ာမႈ ရွိတတ္၏ ။

စီးပြား လာဘ္လာဘ ဝင္ကိန္း နည္းပါးမႈ ရွိတတ္၏ ။ ”

အိမ္ေျမႇာင္သည္ အေရွ႕အရပ္မွ စုတ္ထိုးခဲ့ေသာ္ ေ႐ႊ၊ ေငြ၊ လက္ဝတ္ရတနာ ဝင္ကိန္း ရရွိလိမ့္မည္ ။

အေနာက္အရပ္မွ စုတ္ထိုးခဲ့ေသာ္ သူခိုးသူဝွက္ ရန္သူမ်ိဳးငါးပါး ေဘးေတြ႕ ႀကဳံလိမ့္မည္ ။

အိမ္ေျမႇာင္သည္ အေရွ႕ေတာင္အရပ္မွ စုတ္ထိုးခဲ့ေသာ္ အိမ္မွ လူေျခႏွစ္ေခ်ာင္း အရွင္ထြက္ တတ္သည္ ။

ႏြား ၊ ျမင္း၊ အိမ္ေမြးတိရစာၦန္ ေပ်ာက္ဆုံး လိမ့္မည္ ။

အိမ္ေျမႇာင္သည္ ေတာင္စူးစူး အရပ္မွ စုတ္ထိုးခဲ့ေသာ္ ေျခႏွစ္ေခ်ာင္း က်ား ၊ မ အေရွ႕ အရပ္မွ လာလိမ့္မည္ ။

အိမ္ေျမႇာင္ အေနာက္ေတာင္အရပ္မွ စုတ္ထိုးခဲ့ေသာ္ ေလာဘ ေဒါသႀကီးမႈ ေတြ႕ႀကဳံႏိုင္ ၿပီး အမႈအခင္း ျဖစ္လိမ့္မည္ ။

အိမ္ေျမႇာင္သည္ ေျမာက္စူးစူး အရပ္မွ စုတ္ထိုးခဲ့ေသာ္ ခ်ီးေျမႇာက္ျခင္း ခံရမည္ ။ ေ႐ႊ ၊ ေငြ ၊ လွည္း ၊ လူဝင္ကိန္း ရရွိ လိမ့္မည္ ။

အိမ္ေျမႇာင္သည္ ဦးေခါင္း တည့္တည့္အေပၚမွ စုတ္ထိုးခဲ့ေသာ္ ရာထူး လာဘ္လာဘ ဒီေရကဲ့သို႔ တစ္ခဏခ်င္း ရရွိလိမ့္မည္ ။

credit to ေမာင္ၾကည္မ်ိဳး ( ကုန္းတလေဘာင္ )

Be the first to comment

Leave a Reply

Your email address will not be published.


*