ကုန္းေဘာင္ေခတ္ ေဆာင္ၾကာၿမိဳင္မွတ္တမ္း

ကုန္းေဘာင္ေခတ္ ေဆာင္ၾကာၿမိဳင္မွတ္တမ္း

ကုန္းေဘာင္ေခတ္ ေဆာင္ၾကာၿမိဳင္မွတ္တမ္းကို လြန္ခဲ့တဲ့ ႏွစ္ေတြက ဖတ္ရင္းနဲ႔ စဥ္းစားမိတာ သမိုင္းဆိုတာ က်ေတာ္တို႔ ေက်ာင္းစာအုပ္ထဲ သင္ရသလို ဘုရင္ဆိုရင္ သူရဲေကာင္းတပါး၊ ျပည္သူျပည္သားကို ရင္ဝယ္သားလို ၾကင္နာသနား၊ ဘယ္တဆုပ္ကမ္းလိုက္ ညာတဆုပ္ျဖန႔္က်ဲ လႉလိုက္တန္းလိုက္၊ ဘုရား တည္ ေက်ာင္းေဆာက္လိုက္ ဒါေတြခ်ည္းပဲေတာ့ လုပ္ေနတာေတာ့ ဘယ္ဟုတ္ပါ့မလဲ။

သူတို႔ရဲ႕ ေန႔စဥ္ဘဝေတြ သိဖို႔က်ေတာ့ က်ေနာ္တို႔ လူႀကီးမိဘေတြ ကတဆင့္ ၾကားရတာ၊ စာအုပ္စာတမ္း ေတြ ရွာဖတ္ရတာ၊ အင္တာနက္ေခါက္ ရွာၾကရတာေပါ့။

ရီစရာဟာသတခ်ိဳ႕ ရွိသလို ရင္နင့္လြမ္းေမာရတဲ့ အခ်စ္ဇာတ္လမ္းေတြလဲ ရွိတယ္။ အဲ့လိုပဲ က်ေနာ္တို႔အတြက္ ယုံၾကည္ဖို႔ ခက္ခဲရတာ တခ်ိဳ႕ရွိသလို၊ မႏွစ္ၿမိဳ႕စရာ တခ်ိဳ႕လဲ ရွိတာေပါ့ဗ်ာ။

ဘုရင္ေတြ မိဖုရားမ်ားၾကတဲ့ အထဲမွာ မင္းတုန္းမင္းေလာက္ သမိုင္းရာဇဝင္ေရာ၊ ပါးစပ္ရာဇဝင္ေရာ ေပါမ်ားလွသူ ရွိပါ့မလား က်ေနာ္ေတြးမိတယ္။ မိဖုရားမ်ားတယ္ ဆိုတိုင္းေတာ့လဲ ေတာ္ေကာက္ခ်င္လို႔ ယူမယ္ဆိုတာခ်ည္းေတာ့ မဟုတ္။

လက္ေအာက္ခံ အရပ္တိုင္းနယ္ေတြ ဆီက သမီးကညာ ဆက္သၾကရင္း ေ႐ႊလမ္းေငြလမ္းခင္း မ်က္ႏွာေတာ္ပြင့္လင္း ဘုရင့္ေဆြမ်ိဳးေတာ္ စပ္ဟပ္ဂုဏ္ယူၾကတာေတြလဲ ရွိတာကိုး။ ဒါနဲ႔ မင္းတုန္းမင္းရဲ႕ က်ေတာ္တို႔ သိေန၊ ဖတ္ေနၾက မဟုတ္တာမ်ိဳးေတြထဲက တခ်ိဳ႕ ထုတ္ႏႈတ္ၾကည့္မိတယ္။

ေမာင္းမလက္သုံးပုံက်မ္း

မင္းတုန္းမင္းႀကီးရဲ႕ မိဘုရားတစ္ပါးမွာ ပုရပိုဒ္ တစ္ခုစီရွိတယ္။ လူေယာက်္ား၊ လူမိန္းမ ႏွစ္ေယာက္တြဲ သံဝါသ ျပဳေနတဲ့ပုံ ႏွစ္ဆယ့္ေလးပုံ ပါသတဲ့။ အသက္ႀကီးလာတဲ့ မိဘုရားႀကီးက မီးရႈိ႕ဖ်က္ဆီးခိုင္းလို႔ အခိုင္းခံရတဲ့ လူက တိတ္တဆိတ္ မွတ္တမ္းတင္ခဲ့လို႔ ပုံမွတ္တမ္း က်န္ရစ္ပါတယ္တဲ့။

ျပည့္တန္ဆာ ရွင္မိစပ္ နဲ႔ ခါခ်ဥ္ေကာင္ မင္းႀကီး

တခါက မင္းႀကီးဟာ ျပည္ႀကီးေပ်ာ္ဘြယ္ အရပ္က နာမည္ေက်ာ္ၾကား သတင္းေမႊးလွတဲ့ ရွင္မိစပ္အိမ္ကို ေ႐ႊဘိုနယ္က သစ္ဝါးကုန္သည္ ကိုရင္ေကာင္းျမတ္ အမည္ခံကာ ပင္းတလဲၿမိဳ႕စား လက္စြဲေတာ္ဦးေ႐ႊေမာင္ႀကီးနဲ႔အတူ နန္းတြင္းကေန တိတ္တဆိတ္ ထြက္တာေပါ့။

ေ႐ႊတေခ်ာင္းေျမာင္းမွာ ေလွစီးရင္း သီခ်င္းတေၾကာ္ေၾကာ္ဟစ္ကာ သာမန္ အရပ္သားတေယာက္လို ေပ်ာ္႐ြင္ျမဴးတူးရတဲ့ အသြားခရီးမွာ မင္းတရားႀကီးဟာ လြတ္လပ္ေနရွာတယ္။ ေပါ့ပါးေနတယ္။

သို႔ေပမယ့္ သတင္းႀကီးတဲ့မင္းသမီး ရွင္မိစပ္အိမ္က အျပန္ေတာ့ စိတ္ေတာ္ မၾကည္လင္ အေႏွာက္အယွက္ ဝင္လာခဲ့ရတယ္။ ျဖစ္ဆိုလဲ ၾကည့္ေလ အတြင္းခန္းကေန မင္းတုန္းမင္းနဲ႔ ႏွစ္ေယာက္တြဲ အတူထြက္လာရင္း ဦးေ႐ႊေမာင္ႀကီးရွိတဲ့ဘက္ ၾကည့္ကာ မိစပ္ ေျပာတဲ့စကားက

” ေနာင္ကို ၿမိဳ႕စားႀကီး မပါလဲ ရတနာပုံေနျပည္ေတာ္ ေရာက္လွ်င္ အခ်ိန္မေ႐ြး လာႏိုင္ပါတယ္၊ မိစပ္ကလဲ ေမာင္ႀကီးကို အနဲငယ္ ေက်နပ္ပါသည္။ ကေနာင္ေမာင္ေတာ္ႏွင့္ေတာ့ ယွဥ္တုလို႔မရလို႔ ကေနာင္ ေမာင္ေတာ္ဘုရား လိုေတာ့ မႏွစ္သက္ေပဖူး” ဟု မင္းႀကီးအား ဆို၏။

” ေမာင္ႀကီးရယ္ ခါခ်ဥ္ေကာင္ မာန္ဖီး ေတာင္ႀကီးၿဖိဳမယ့္ႀကံ ခါးကမသန္ ဆိုသည့္ စကားပုံလိုပ၊ ေမာင္ႀကီးနဲ႔ ေပ်ာ္ပါးရေပမယ့္ ခါခ်ဥ္ေကာင္နဲ႔တူသည့္ ေမာင္ႀကီးအတြက္ မိစပ္မွာ မေျပေခ်ာေပဘူး”

စကားၾကားတာနဲ႔ ကြက္ကနဲ မ်က္ႏွာပ်က္တဲ့ မင္းႀကီး။ ညီေတာ္ေမာင္ ကေနာင္မင္းသားႀကီးက စြမ္းသတဲ့။ ကိုယ္တိုင္လဲ ခါခ်ဥ္ေကာင္နဲ႔ ႏႈိင္းခံရေသးရဲ႕။

ကေနာင္မင္းသားႀကီး စြမ္းဆို နန္းတြင္းလက္စြဲသမားေတာ္ ဦးခဲ ေဖာ္စပ္ေပးတဲ့ ေဆးအစြမ္းေၾကာင့္ ဆိုတာ သိရေတာ့ မိုးမေသာက္ခင္ နန္းတြင္းဝင္ ေဆးဆရာႀကီးငခဲ ေရွ႕ေတာ္ေမွာက္အေရာက္၊ ေဆးတဖုံေဖာ္စပ္ ဆက္သႏိုင္ဖို႔ နန္းတြင္းထဲ ေရာက္တာနဲ႔ ဦးေ႐ႊေမာင္ႀကီးမွာ ျမင္းအေျပးဒုန္းစိုင္းရင္း မနားတမ္း ပင့္ေဆာင္ေပးခဲ့ရပါသတဲ့။

ဒါ ေဆာင္ၾကာၿမိဳင္မွတ္တမ္းရဲ႕ ကေျႏာ် အမွတ္ရေနတာ တခ်ိဳ႕ေပါ့။

တျခား ကုန္းေဘာင္ေခတ္ရဲ႕ မွတ္တမ္းမွတ္ရာေတြကို က်ေတာ္ ေလ့လာမိတဲ့အခါ ခုေခတ္နဲ႔ယွဥ္ရင္ အ႐ြယ္မေရာက္ေသးတဲ့ ကေလးအ႐ြယ္ေတြရဲ႕ အိမ္ေထာင္ျပဳ သားေမြး ကိစၥရပ္သာမက နန္းတြင္း ခိုင္းေစတဲ့ ေနရာမွာပါ ကေလးလုပ္အားေတြ ပါေနတာကို အံ့ၾသဖြယ္ ေတြ႕မိတယ္။

အတြင္းဖိနပ္ေတာ္တို႔၊ သူငယ္ေတာ္တို႔လို ရာထူးေတြမွာ ငယ္႐ြယ္တဲ့ ကေလးအမႈထမ္းေတြ ဝန္ထမ္းၾကရတယ္။ ဒီကေလးေတြဟာလဲ သာမန္အရပ္သား မွ ဆင္းသက္သူမ်ား မဟုတ္ၾကဘဲ မႉးမတ္၊ ေစာ္ဘြား၊ ၿမိဳ႕စားမ်ား၏ သားေျမးမ်ား ျဖစ္ၾကရပါတယ္။

Credit, ခ်စ္စိန္လြင္ (ကုန္းေဘာင္ေခတ္ ေဆာင္ၾကာၿမိဳင္ မွတ္တမ္း)

Unicode

ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း

ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်းကို လွန်ခဲ့တဲ့ နှစ်တွေက ဖတ်ရင်းနဲ့ စဉ်းစားမိတာ သမိုင်းဆိုတာ ကျတော်တို့ ကျောင်းစာအုပ်ထဲ သင်ရသလို ဘုရင်ဆိုရင် သူရဲကောင်းတပါး၊ ပြည်သူပြည်သားကို ရင်ဝယ်သားလို ကြင်နာသနား၊ ဘယ်တဆုပ်ကမ်းလိုက် ညာတဆုပ်ဖြန့်ကျဲ လှူလိုက်တန်းလိုက်၊ ဘုရား တည် ကျောင်းဆောက်လိုက် ဒါတွေချည်းပဲတော့ လုပ်နေတာတော့ ဘယ်ဟုတ်ပါ့မလဲ။

သူတို့ရဲ့ နေ့စဉ်ဘဝတွေ သိဖို့ကျတော့ ကျနော်တို့ လူကြီးမိဘတွေ ကတဆင့် ကြားရတာ၊ စာအုပ်စာတမ်း တွေ ရှာဖတ်ရတာ၊ အင်တာနက်ခေါက် ရှာကြရတာပေါ့။

ရီစရာဟာသတချို့ ရှိသလို ရင်နင့်လွမ်းမောရတဲ့ အချစ်ဇာတ်လမ်းတွေလဲ ရှိတယ်။ အဲ့လိုပဲ ကျနော်တို့အတွက် ယုံကြည်ဖို့ ခက်ခဲရတာ တချို့ရှိသလို၊ မနှစ်မြို့စရာ တချို့လဲ ရှိတာပေါ့ဗျာ။

ဘုရင်တွေ မိဖုရားများကြတဲ့ အထဲမှာ မင်းတုန်းမင်းလောက် သမိုင်းရာဇဝင်ရော၊ ပါးစပ်ရာဇဝင်ရော ပေါများလှသူ ရှိပါ့မလား ကျနော်တွေးမိတယ်။ မိဖုရားများတယ် ဆိုတိုင်းတော့လဲ တော်ကောက်ချင်လို့ ယူမယ်ဆိုတာချည်းတော့ မဟုတ်။

လက်အောက်ခံ အရပ်တိုင်းနယ်တွေ ဆီက သမီးကညာ ဆက်သကြရင်း ရွှေလမ်းငွေလမ်းခင်း မျက်နှာတော်ပွင့်လင်း ဘုရင့်ဆွေမျိုးတော် စပ်ဟပ်ဂုဏ်ယူကြတာတွေလဲ ရှိတာကိုး။ ဒါနဲ့ မင်းတုန်းမင်းရဲ့ ကျတော်တို့ သိနေ၊ ဖတ်နေကြ မဟုတ်တာမျိုးတွေထဲက တချို့ ထုတ်နှုတ်ကြည့်မိတယ်။

မောင်းမလက်သုံးပုံကျမ်း

မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ် တစ်ခုစီရှိတယ်။ လူယောကျ်ား၊ လူမိန်းမ နှစ်ယောက်တွဲ သံဝါသ ပြုနေတဲ့ပုံ နှစ်ဆယ့်လေးပုံ ပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်းလို့ အခိုင်းခံရတဲ့ လူက တိတ်တဆိတ် မှတ်တမ်းတင်ခဲ့လို့ ပုံမှတ်တမ်း ကျန်ရစ်ပါတယ်တဲ့။

ပြည့်တန်ဆာ ရှင်မိစပ် နဲ့ ခါချဉ်ကောင် မင်းကြီး

တခါက မင်းကြီးဟာ ပြည်ကြီးပျော်ဘွယ် အရပ်က နာမည်ကျော်ကြား သတင်းမွှေးလှတဲ့ ရှင်မိစပ်အိမ်ကို ရွှေဘိုနယ်က သစ်ဝါးကုန်သည် ကိုရင်ကောင်းမြတ် အမည်ခံကာ ပင်းတလဲမြို့စား လက်စွဲတော်ဦးရွှေမောင်ကြီးနဲ့အတူ နန်းတွင်းကနေ တိတ်တဆိတ် ထွက်တာပေါ့။

ရွှေတချောင်းမြောင်းမှာ လှေစီးရင်း သီချင်းတကြော်ကြော်ဟစ်ကာ သာမန် အရပ်သားတယောက်လို ပျော်ရွင်မြူးတူးရတဲ့ အသွားခရီးမှာ မင်းတရားကြီးဟာ လွတ်လပ်နေရှာတယ်။ ပေါ့ပါးနေတယ်။

သို့ပေမယ့် သတင်းကြီးတဲ့မင်းသမီး ရှင်မိစပ်အိမ်က အပြန်တော့ စိတ်တော် မကြည်လင် အနှောက်အယှက် ဝင်လာခဲ့ရတယ်။ ဖြစ်ဆိုလဲ ကြည့်လေ အတွင်းခန်းကနေ မင်းတုန်းမင်းနဲ့ နှစ်ယောက်တွဲ အတူထွက်လာရင်း ဦးရွှေမောင်ကြီးရှိတဲ့ဘက် ကြည့်ကာ မိစပ် ပြောတဲ့စကားက

” နောင်ကို မြို့စားကြီး မပါလဲ ရတနာပုံနေပြည်တော် ရောက်လျှင် အချိန်မရွေး လာနိုင်ပါတယ်၊ မိစပ်ကလဲ မောင်ကြီးကို အနဲငယ် ကျေနပ်ပါသည်။ ကနောင်မောင်တော်နှင့်တော့ ယှဉ်တုလို့မရလို့ ကနောင် မောင်တော်ဘုရား လိုတော့ မနှစ်သက်ပေဖူး” ဟု မင်းကြီးအား ဆို၏။

” မောင်ကြီးရယ် ခါချဉ်ကောင် မာန်ဖီး တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန် ဆိုသည့် စကားပုံလိုပ၊ မောင်ကြီးနဲ့ ပျော်ပါးရပေမယ့် ခါချဉ်ကောင်နဲ့တူသည့် မောင်ကြီးအတွက် မိစပ်မှာ မပြေချောပေဘူး”

စကားကြားတာနဲ့ ကွက်ကနဲ မျက်နှာပျက်တဲ့ မင်းကြီး။ ညီတော်မောင် ကနောင်မင်းသားကြီးက စွမ်းသတဲ့။ ကိုယ်တိုင်လဲ ခါချဉ်ကောင်နဲ့ နှိုင်းခံရသေးရဲ့။

ကနောင်မင်းသားကြီး စွမ်းဆို နန်းတွင်းလက်စွဲသမားတော် ဦးခဲ ဖော်စပ်ပေးတဲ့ ဆေးအစွမ်းကြောင့် ဆိုတာ သိရတော့ မိုးမသောက်ခင် နန်းတွင်းဝင် ဆေးဆရာကြီးငခဲ ရှေ့တော်မှောက်အရောက်၊ ဆေးတဖုံဖော်စပ် ဆက်သနိုင်ဖို့ နန်းတွင်းထဲ ရောက်တာနဲ့ ဦးရွှေမောင်ကြီးမှာ မြင်းအပြေးဒုန်းစိုင်းရင်း မနားတမ်း ပင့်ဆောင်ပေးခဲ့ရပါသတဲ့။

ဒါ ဆောင်ကြာမြိုင်မှတ်တမ်းရဲ့ ကနြောျ အမှတ်ရနေတာ တချို့ပေါ့။

တခြား ကုန်းဘောင်ခေတ်ရဲ့ မှတ်တမ်းမှတ်ရာတွေကို ကျတော် လေ့လာမိတဲ့အခါ ခုခေတ်နဲ့ယှဉ်ရင် အရွယ်မရောက်သေးတဲ့ ကလေးအရွယ်တွေရဲ့ အိမ်ထောင်ပြု သားမွေး ကိစ္စရပ်သာမက နန်းတွင်း ခိုင်းစေတဲ့ နေရာမှာပါ ကလေးလုပ်အားတွေ ပါနေတာကို အံ့သြဖွယ် တွေ့မိတယ်။

အတွင်းဖိနပ်တော်တို့၊ သူငယ်တော်တို့လို ရာထူးတွေမှာ ငယ်ရွယ်တဲ့ ကလေးအမှုထမ်းတွေ ဝန်ထမ်းကြရတယ်။ ဒီကလေးတွေဟာလဲ သာမန်အရပ်သား မှ ဆင်းသက်သူများ မဟုတ်ကြဘဲ မှူးမတ်၊ စော်ဘွား၊ မြို့စားများ၏ သားမြေးများ ဖြစ်ကြရပါတယ်။

Crd, ချစ်စိန်လွင် (ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင် မှတ်တမ်း)

Be the first to comment

Leave a Reply

Your email address will not be published.


*