
ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)”သည္ ေနာက္ (၁၂)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္း၌ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)”အျဖစ္သို႔ ေရာက္ရွိႏိုင္
(က) ဆိုင္ကလုန္းမုန္တိုင္းအေျခအေန
(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၂:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလား ပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic strom) “အာစန္နီ(Asani)” သည္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ပို႔ပလဲယား(Port Blair)၏ အေနာက္ဘက္ ေရမိုင္(၂၂၅)မိုင္ခန႔္၊
ဗီဆာကာပတၱနမ္ၿမိဳ႕(Vishakhapatnam)၏ အေရွ႕ေတာင္ ဘက္ ေရမိုင္(၄၉၅)မိုင္ခန႔္၊ ပူရီၿမိဳ႕(Puri)၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္(၅၂၅)မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕(Coco Island)၏ အေနာက္ ေတာင္ဘက္ ေရမိုင္(၃၀၅)မိုင္ခန႔္ႏွင့္ ဟိုင္းႀကီးကြၽန္းၿမိဳ႕(Hainggyikyun) ၏ အေနာက္ေတာင္ဘက္ ေရမိုင္(၄၁၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟို ျပဳေနပါသည္။
(၂) ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)”၏ လက္ရွိ အေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိ ပါသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
(ခ) ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)”၏ တည္ေနရာ၊ ဗဟိုခ်က္ ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)”သည္ ျမန္မာ စံေတာ္ခ်ိန္(၁၂:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၁.၆)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၈.၉)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား(၉၉၈)ဟက္တိုပါစကယ္ႏွင့္ အျမင့္ ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ မိုင္(၄၀)မွ (၄၅)မိုင္ႏႈန္းခန႔္ ျဖစ္ပါသည္။
(ဂ) ေနာက္(၇၂)နာရီအတြင္းခန႔္မွန္းခ်က္
အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)”သည္ ေနာက္ (၁၂)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္း၌ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)”အျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး၊
အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ၊ (၁၀.၅.၂၀၂၂) ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္ လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္း(အိႏၵိယႏိုင္ငံ၊ အင္ဒရာ ပရာေဒ့ရွ္ေျမာက္ပိုင္းကမ္းလြန္-ဩရိႆကမ္းေျခ)သို႔ ေရာက္ရွိႏိုင္ကာ
ထိုမွတစ္ဆင့္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေကြ႕ၿပီး ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္း (အိႏၵိယႏိုင္ငံ၊ ဩရိႆကမ္းလြန္)သို႔ ေရာက္ရွိႏိုင္သည္ဟု ခန႔္မွန္းရပါသည္။
(ဃ) သတိေပးႏႈိးေဆာ္ခ်က္
ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)”၏ အရွိန္ေၾကာင့္ ယေန႔ ေန႔လယ္မွ (၁၂.၅.၂၀၂၂)ရက္ေန႔အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသ ႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တို႔တြင္
ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပားႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ကာ၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာ ကြက္၍ မိုးႀကီးႏိုင္ပါသည္။
ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။
လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန႔္ ရွိႏိုင္ပါသည္။
(င) အႀကံျပဳခ်က္
သို႔ျဖစ္ပါ၍ အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic strom) “အာစန္နီ(Asani)” ၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္
ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန
Unicode
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)”သည် နောက် (၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”အဖြစ်သို့ ရောက်ရှိနိုင်
(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic strom) “အာစန်နီ(Asani)” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်ဘက် ရေမိုင်(၂၂၅)မိုင်ခန့်၊
ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့တောင် ဘက် ရေမိုင်(၄၉၅)မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၅၂၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက် တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့(Hainggyikyun) ၏ အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)”၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)”သည် မြန်မာ စံတော်ချိန်(၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)”သည် နောက် (၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊
အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ (၁၀.၅.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်ကာ
ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)”၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ (၁၂.၅.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်
နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(င) အကြံပြုချက်
သို့ဖြစ်ပါ၍ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်
ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင် ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Leave a Reply