ေတာ္ေသးတာေပါ့ မ်ိဳးႀကီး ကယ္ေပလို႔

ေတာ္ေသးတာေပါ့ မ်ိဳးႀကီး ကယ္ေပလို႔

႐ြာထဲက မိဇင္မိသားစုနဲ႔ ဖိုးေအာင္တို႔မိသားစုက ၿပိဳင္ဘက္ တနည္းအားျဖင့္ ရန္ဘက္ေတြေပါ့… ခက္တာက အခ်စ္မွာ မ်က္စိမပါဘူး ဆိုတဲ့စကားလိုပဲ ဖိုးေအာင္ ‌နဲ႔ မိဇင္က ခ်စ္သူေတြ ျဖစ္ၾကတယ္

၂ဖက္စလုံးက သေဘာမတူလို႔ အမ်ိဳးမ်ိဳး ဖ်က္ၾကေပမယ့္ သူတို႔အခ်စ္က ခိုင္ၿမဲေနဆဲပဲ… တေန႔ ဖိုးေအာင္နဲ႔ မိဇင္ ေကာက္႐ိုးပုံမွာ ခ်ိန္းေတြ႕ မဖြယ္မရာ ျပဳေနတုန္း မိဇင္ဘက္က အမ်ိဳးေတြ ေတြ႕ေတာ့ ဝိုင္းဖမ္း သူႀကီးကို သြားတိုင္ၾကတယ္

တိုင္တာက မိဇင္ကို ဖိုးေအာင္က အလိုမတူဘဲ ဘာညာေပါ့ တနည္းအားျဖင့္ မုဒိန္းမႈနဲ႔ တိုင္တယ္ဆိုပါစို႔… သူႀကီးအိမ္ေရာက္ေတာ့ ဖိုးေအာင္ကိုေတာ့ ထိပ္တုံးခတ္ထားတယ္…

သူႀကီးက မိဇင္ဘက္က မိသားစုကို ေမးေတာ့ သူတို႔က ဖိုးေအာင္ကို မုဒိန္းမႈနဲ႔ အေရးယူေပးပါ ရဲစခန္းပို႔ေပးပါပဲ ေျပာတယ္ အဲ့ေတာ့ သူႀကီးက

“ငါက ဒီ႐ြာမွာလူႀကီး ငါပို႔သင့္တယ္လို႔ ယူဆရင္ ပို႔မယ္ မပို႔သင့္ဘူး ဆိုရင္ မပို႔ဘူး ငါကိုယ္တိုင္ မိဇင္ကို လူအမ်ားေရွ႕မွာ စစ္မယ္”လို႔ ေျပာလိုက္ေရာ တ႐ြာလုံး အုံးအုံးႂကြက္ႂကြက္ ျဖစ္သြားတယ္…

သူႀကီးက– “မိဇင္ ဖိုးေအာင္နဲ႔ ဘယ္လို ပါတ္သက္သလဲ “လို႔ေမးေတာ့ မိဇင္က- “ခ်စ္သူေတြပါ သူႀကီး” ဆိုေတာ့

သူႀကီးက– “နင္တို႔ ေကာက္႐ိုးပုံမွာ ခ်ိန္းေတြ႕ေတာ့ နင့္ကို ဖိုးေအာင္က အတင္းအဓၶမ ျပဳက်င့္တယ္ အႏိုင္က်င့္တယ္ဆိုတာ ဟုတ္သလား”လို႔ ေမးေတာ့

မိဇင္က– “သူႀကီး အဲ့ကိစၥ အမွန္က အဆိုေတာ္ မ်ိဳးႀကီးဆိုတဲ့ ‘လက္ခံေပးပါ’ ဆိုတဲ့ သီခ်င္း ပထမစာေၾကာင္းကို နားေထာင္ေပးပါ အဲ့အတိုင္းပါပဲ”လို႔ ေျပာေတာ့

သူႀကီးကလည္း တိပ္ေခြေတြရွာ စီဒီခ်ပ္ေတြရွာနဲ႔ ေနာက္ဆုံးေတာ့ အဲ့သီခ်င္းကိုေတြ႕ နားေထာင္ၿပီးေတာ့ သူ႔တပည့္ေတြကို–

“ေဟွာင့္ေတြ ဖိုးေအာင္ကို ထိပ္တုန္းက ျဖဳတ္ေပးလိုက္ မိဇင္ဘက္က မိဘေဆြမ်ိဳးေတြ ခင္ဗ်ားတို႔ ဘယ္မွာသြားတိုင္တိုင္ မိဇင္ထြက္ခ်က္အရ ဖိုးေအာင္ကို အေရးယူလို႔ ရမွာ မဟုတ္ဘူး”တဲ့…

ကဲ–မ်ိဳးႀကီးရဲ႕ “လက္ခံေပးပါ” သီခ်င္းရဲ႕ ပထမဆုံး တေၾကာင္းက ဘာမ်ားလဲ….

ဘာပဲျဖစ္ျဖစ္ ဖိုးေအာင္ေတာ့ မုဒိန္းမႈနဲ႔ အစြဲမခံရပဲ အမႈက လြတ္သြားတယ္ဗ်…

ကဲ ကဲ.. မ်ိဳးၾကီးသီခ်င္း အရွာ ျငိမ္းေအာင္ တခါတည္း တင္ေပးလုိက္တယ္ေနာ္။ နားေထာင္ၾကည့္ၾကဗ်ား…
#credit

သီခ်င္းနားေထာင္ရန္

Unicode

တော်သေးတာပေါ့ မျိုးကြီး ကယ်ပေလို့

ရွာထဲက မိဇင်မိသားစုနဲ့ ဖိုးအောင်တို့မိသားစုက ပြိုင်ဘက် တနည်းအားဖြင့် ရန်ဘက်တွေပေါ့… ခက်တာက အချစ်မှာ မျက်စိမပါဘူး ဆိုတဲ့စကားလိုပဲ ဖိုးအောင် ‌နဲ့ မိဇင်က ချစ်သူတွေ ဖြစ်ကြတယ်

၂ဖက်စလုံးက သဘောမတူလို့ အမျိုးမျိုး ဖျက်ကြပေမယ့် သူတို့အချစ်က ခိုင်မြဲနေဆဲပဲ… တနေ့ ဖိုးအောင်နဲ့ မိဇင် ကောက်ရိုးပုံမှာ ချိန်းတွေ့ မဖွယ်မရာ ပြုနေတုန်း မိဇင်ဘက်က အမျိုးတွေ တွေ့တော့ ဝိုင်းဖမ်း သူကြီးကို သွားတိုင်ကြတယ်

တိုင်တာက မိဇင်ကို ဖိုးအောင်က အလိုမတူဘဲ ဘာညာပေါ့ တနည်းအားဖြင့် မုဒိန်းမှုနဲ့ တိုင်တယ်ဆိုပါစို့… သူကြီးအိမ်ရောက်တော့ ဖိုးအောင်ကိုတော့ ထိပ်တုံးခတ်ထားတယ်…

သူကြီးက မိဇင်ဘက်က မိသားစုကို မေးတော့ သူတို့က ဖိုးအောင်ကို မုဒိန်းမှုနဲ့ အရေးယူပေးပါ ရဲစခန်းပို့ပေးပါပဲ ပြောတယ် အဲ့တော့ သူကြီးက

“ငါက ဒီရွာမှာလူကြီး ငါပို့သင့်တယ်လို့ ယူဆရင် ပို့မယ် မပို့သင့်ဘူး ဆိုရင် မပို့ဘူး ငါကိုယ်တိုင် မိဇင်ကို လူအများရှေ့မှာ စစ်မယ်”လို့ ပြောလိုက်ရော တရွာလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားတယ်…

သူကြီးက– “မိဇင် ဖိုးအောင်နဲ့ ဘယ်လို ပါတ်သက်သလဲ “လို့မေးတော့ မိဇင်က- “ချစ်သူတွေပါ သူကြီး” ဆိုတော့

သူကြီးက– “နင်တို့ ကောက်ရိုးပုံမှာ ချိန်းတွေ့တော့ နင့်ကို ဖိုးအောင်က အတင်းအဓ္ဓမ ပြုကျင့်တယ် အနိုင်ကျင့်တယ်ဆိုတာ ဟုတ်သလား”လို့ မေးတော့

မိဇင်က– “သူကြီး အဲ့ကိစ္စ အမှန်က အဆိုတော် မျိုးကြီးဆိုတဲ့ ‘လက်ခံပေးပါ’ ဆိုတဲ့ သီချင်း ပထမစာကြောင်းကို နားထောင်ပေးပါ အဲ့အတိုင်းပါပဲ”လို့ ပြောတော့

သူကြီးကလည်း တိပ်ခွေတွေရှာ စီဒီချပ်တွေရှာနဲ့ နောက်ဆုံးတော့ အဲ့သီချင်းကိုတွေ့ နားထောင်ပြီးတော့ သူ့တပည့်တွေကို–

“ဟှောင့်တွေ ဖိုးအောင်ကို ထိပ်တုန်းက ဖြုတ်ပေးလိုက် မိဇင်ဘက်က မိဘဆွေမျိုးတွေ ခင်ဗျားတို့ ဘယ်မှာသွားတိုင်တိုင် မိဇင်ထွက်ချက်အရ ဖိုးအောင်ကို အရေးယူလို့ ရမှာ မဟုတ်ဘူး”တဲ့…

ကဲ–မျိုးကြီးရဲ့ “လက်ခံပေးပါ” သီချင်းရဲ့ ပထမဆုံး တကြောင်းက ဘာများလဲ….

ဘာပဲဖြစ်ဖြစ် ဖိုးအောင်တော့ မုဒိန်းမှုနဲ့ အစွဲမခံရပဲ အမှုက လွတ်သွားတယ်ဗျ…

ကဲ ကဲ.. မျိုးကြီးသီချင်း အရှာ ငြိမ်းအောင် တခါတည်း တင်ပေးလိုက်တယ်နော်။ နားထောင်ကြည့်ကြဗျား…
#credit

Be the first to comment

Leave a Reply

Your email address will not be published.


*