ဗိုက္ပူေနလို႔ စိတ္ညစ္ေနတဲ့ ကိုကို၊ မမေတြ ဒီနည္းေလးနဲ႔ ေျဖရွင္းလိုက္ပါ…

ဗိုက္ပူေနလို႔ စိတ္ညစ္ေနတဲ့ ကိုကို၊ မမေတြ ဒီနည္းေလးနဲ႔ ေျဖရွင္းလိုက္ပါ…

လူအမ်ားစုရဲ႕အထင္က ဗိုက္ပူတာဟာ ဝမ္းဗိုက္မွာ အဆီေတြစုပါမ်ားၿပီး အဆီေတြအေခါက္ေတြ ထူလာလို႔ ျဖစ္ရတာလို႔ပဲ ထင္ေနၾကပါတယ္။ အဲဒါတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ဘူး။ လူေတြ သတိမထားမိၾကေသးတဲ့ အေၾကာင္းတစ္ခု ရွိေနပါေသးတယ္။ အဲဒါကေတာ့ အူမႀကီးေတြ ႀကီးမားတုတ္ခိုင္လြန္းေနလို႔ ဗိုက္ပူထြက္ေနၾကရျခင္းပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ အသက္ႀကီးလာလို႔ ဗိုက္ပူထြက္ လာၾကရသူေတြဟာ အဲဒီ့အူမႀကီးေတြ တုတ္ခိုင္ႀကီးမားလာလို႔ ျဖစ္ရတာမ်ားပါတယ္။ အူမႀကီးေတြ ဘာေၾကာင့္ ႀကီးမားတုတ္ခိုင္လာၾကရတာလဲ။ ျဖစ္စဥ္ကေတာ့ အႏွစ္ႏွစ္အလလ အစားအစာေတြကို စားလာခဲ့ရာကေန ျဖစ္လာရတာပါပဲ။

အစာစားလိုက္တဲ့ အခါမွာ အစာေဟာင္းေတြဟာ အူမႀကီးထဲကို ေရာက္ရွိၿပီး အထိုင္ခ်ပါတယ္။ အဲဒီ အစာေဟာင္းေတြဟာ ေရွ႕ကိုျမန္ျမန္တိုးၿပီး မစင္အျဖစ္ ခႏၶာကိုယ္ျပင္ပကို ထြက္သြားဖို႔လိုပါတယ္။ သို႔ေသာ္လဲ လူက ေရေသာက္နည္းျခင္း အမွ်င္စာ စားတာနည္းျခင္း လႈပ္ရွားမႈ နည္းျခင္းေတြေၾကာင့္ အစာေဟာင္းေတြဟာ ေရွ႕ကို ျမန္ျမန္ မတိုးႏိုင္ၾကဘူး။

အဲဒီ့အခါမွာ အူမႀကီး အတြင္းနံရံေတြမွာ မစင္ေတြက ခ်ိဳး(ဂ်ိဳး)အျဖစ္ ကပ္ကပ္လာပါတယ္။ ဒီျဖစ္စဥ္မ်ိဳးက အၿမဲတန္းျဖစ္လာရာက ၾကာေတာ့ အူမႀကီးေတြ အလုံးတုတ္တုတ္လာၿပီး ဗိုက္ႀကီးက ပူထြက္လာေတာ့တာေပါ့။ ထင္ရွားတဲ့ ဥပမာနဲ႔ ေျပာရရင္ သံေကာင္ေတြ အမ်ားႀကီးရွိတဲ့ ကေလးေတြ ဗိုက္ပူေနတဲ့ ပုံစံမ်ိဳးပါပဲ။

အေမရိကန္ႏိုင္ငံက ဗိုက္အလြန္ပူတဲ့လူတစ္ေယာက္ ေသသြားလို႔ သူ႔အေလာင္းကို ခြဲစိတ္ၾကည့္ၾကပါတယ္။ ဗိုက္ကို ခြဲလိုက္ရာမွာ သူ႔ရဲ႕အူမႀကီးေတြဟာ အလြန္ကို ႀကီးမားတုတ္ခိုင္ေနတာကို ေတြ႕ၾကပါတယ္။ အဲဒီအူမႀကီးကို ခြဲလိုက္ရာမွာေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ နံေစာ္ေနတဲ့ မစင္ခ်ိဳးေတြ ကပ္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

အႏွစ္ႏွစ္အလလက စုေအာင္းလာတဲ့ မစင္ခ်ိဳးေတြေၾကာင့္ အူမႀကီးေတြ တုတ္ခိုင္ႀကီးမားၿပီး ဗိုက္ပူထြက္လာျခင္းျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ႕အူအရွည္ဟာ ၂၆ ေပကေန ေပ ၃၀ ေလာက္အထိ ရွည္ပါတယ္။ အဲ့ေလာက္ရွည္တဲ့ အူေတြတုတ္ခိုင္ႀကီးမားေနေတာ့ ဝမ္းဗိုက္ကလည္း ပူထြက္လာေတာ့တာေပါ့။

အူမႀကီးေတြမွာ မစင္ခ်ိဳးေတြ မ်ားေနျခင္းဟာ လူကိုေရာဂါမ်ားေစၿပီး အသက္လည္း တိုတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမစင္ခ်ိဳးေတြကေန ထြက္လာတဲ့ အဆိပ္အေတာက္ေတြဟာ အူနံရံေတြကေနဝင္ၿပီး တစ္ကိုယ္လုံးကို ပ်ံ႕ႏွံ႔ေရာက္ရွိၿပီး ေရာဂါျဖစ္ေစလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီမစင္ခ်ိဳးေတြကို ဖယ္ရွားရွင္းလင္းဖို႔ လိုအပ္ပါတယ္။

မစင္ခ်ိဳးေတြကို ဘယ္လို ရွင္းလင္း ဖယ္ရွားပစ္ရမလဲ။

ႏိုင္ငံျခားမွာေတာ့ ဝမ္းခ်ဴတဲ့စက္ေတြနဲ႔ စအိုကေန ေဆးရည္သြင္းၿပီး ဖယ္ရွားၾကပါတယ္။ ၇ႀကိမ္ေလာက္ ဝမ္းခ်ဴလိုက္ၿပီးေနာက္မွာ မစင္ခ်ိဳးေတြ ရွင္းသြားၿပီး ဗိုက္လည္းခ်ပ္ ေနလို႔ထိုင္လို႔လည္း ေကာင္းသြားၾကတယ္လို႔ ဆိုပါတယ္။ က်ေနာ္တို႔ တိုင္းျပည္မွာေတာ့ အဲ့ဒီ့ေလာက္ ေခတ္မမွီေသးဘူး… ဒါေၾကာင့္ ျမန္မာ့နည္းျမန္မာ့ဟန္နဲ႔ပဲ လုပ္ၾကတာေပါ့။

ျမန္မာေတြ အလြန္ႏွစ္သက္တဲ့ ဟင္းအမယ္ေတြရွိပါတယ္။ အဲဒီ့ထဲမွာ ထမင္းကို အလြန္ၿမိန္ေစတတ္တဲ့ ကင္ပြန္းခ်ည္ကို မႀကိဳက္သူ မရွိသေလာက္ပါပဲ။
ေၾကာ္ခ်က္အျဖစ္၎ ဟင္းခ်ိဳအျဖစ္၎ ခ်က္စားၾကပါတယ္။ ကင္ပြန္းသီးကိုလည္း တေရာ္နဲ႔ တြဲၿပီး ေခါင္းေလွ်ာ္ၾကပါတယ္။ ကင္ပြန္းပင္ဟာ ဆပ္ျပာကဲ့သို႔ ေဆးေၾကာေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။

ကင္ပြန္းခ်ဥ္႐ြက္ကို ဟင္းခ်ိဳအျဖစ္ အရသာရွိေအာင္ ခပ္ပ်စ္ပ်စ္ခ်က္ၿပီး ေန႔လယ္ ထမင္းစားခ်ိန္မွာ ထမင္းနဲ႔အတူ အားရပါးရစားပါေသာက္ပါ။
တစ္ပန္းကန္လုံး ကုန္ေအာင္ ေသာက္ပစ္လိုက္ေပါ့။ အဲဒီကင္ပြန္းခ်ဥ္က အူမႀကီးထဲေရာက္ရင္ မစင္ခ်ိဳးေတြကို ႏႉးေပးပါလိမ့္မယ္။ ေရွ႕ကဆပ္ျပာနဲ႔ ႏႉးထားၿပီးရင္ ေနာက္က တံျမက္စည္းနဲ႔လွဲၿပီး သန႔္ရွင္းေရး လုပ္ေပးရပါတယ္။

ဒါေၾကာင့္ညေနဘက္မွာ အမွ်င္ဓါတ္ႂကြယ္ဝတဲ့ ေဂါရခါးၫြန႔္လို အ႐ြက္အၫြန႔္ေတြ ဗိုက္ဝတဲ့ အထိ ေၾကာ္စားေပးပါ။ ညအိပ္ယာမဝင္ခင္ ပန္းသီးတစ္လုံးစားၿပီး အိပ္လိုက္ပါ။ အူေတြ လႈိင္းထေအာင္ ညေနဘက္မွာ လမ္းေလွ်ာက္ထြက္ေပးၿပီး ေရမ်ားမ်ားေသာက္ဖို႔လည္း လိုပါတယ္။

အဲ……ေနာက္ေန႔ မနက္မွာေတာ့ တကြီကြီတစီစီနဲ႔ E ပါၿပီး အူမႀကီးထဲက မစင္ခ်ိဳးေတြ အက်ိအခြၽဲေတြ အရိအ႐ြဲေတြ ထြက္က်လာလိမ့္မယ္။
ဝမ္းခိုင္တဲ့ သူေတြကေတာ့ ဝမ္းႏူးပါလိမ့္မယ္။ တစ္ပတ္တစ္ခါေလာက္ ပုံမွန္ေလးလုပ္ေပးရင္ ၁ ႏွစ္ေလာက္အၾကာမွာ သိသိသာသာ ဗိုက္ခ်ပ္ပါတယ္။

ေနလို႔လည္း ေကာင္းသြားလိမ့္မယ္။ အသက္ႀကီးလာလို႔ ဗိုက္ပူလာၿပီး အစားေလွ်ာ့ေပမဲ့ ဗိုက္မခ်ပ္သူမ်ား ဒီနည္းကို စမ္းၾကည့္ႏိုင္ပါတယ္။
ဗိုက္ေလးခ်ပ္မွလည္း ၾကည့္ေကာင္းတာ မဟုတ္လား…
Credittooriginalwriter

Unicode

ဗိုက်ပူနေလို့ စိတ်ညစ်နေတဲ့ ကိုကို၊ မမတွေ ဒီနည်းလေးနဲ့ ဖြေရှင်းလိုက်ပါ…

လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ ဝမ်းဗိုက်မှာ အဆီတွေစုပါများပြီး အဆီတွေအခေါက်တွေ ထူလာလို့ ဖြစ်ရတာလို့ပဲ ထင်နေကြပါတယ်။ အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ လူတွေ သတိမထားမိကြသေးတဲ့ အကြောင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်းနေလို့ ဗိုက်ပူထွက်နေကြရခြင်းပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အသက်ကြီးလာလို့ ဗိုက်ပူထွက် လာကြရသူတွေဟာ အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ ဖြစ်ရတာများပါတယ်။ အူမကြီးတွေ ဘာကြောင့် ကြီးမားတုတ်ခိုင်လာကြရတာလဲ။ ဖြစ်စဉ်ကတော့ အနှစ်နှစ်အလလ အစားအစာတွေကို စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။

အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီ အစာဟောင်းတွေဟာ ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။ သို့သော်လဲ လူက ရေသောက်နည်းခြင်း အမျှင်စာ စားတာနည်းခြင်း လှုပ်ရှားမှု နည်းခြင်းတွေကြောင့် အစာဟောင်းတွေဟာ ရှေ့ကို မြန်မြန် မတိုးနိုင်ကြဘူး။

အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ မစင်တွေက ချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။ ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး ဗိုက်ကြီးက ပူထွက်လာတော့တာပေါ့။ ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့လူတစ်ယောက် သေသွားလို့ သူ့အလောင်းကို ခွဲစိတ်ကြည့်ကြပါတယ်။ ဗိုက်ကို ခွဲလိုက်ရာမှာ သူ့ရဲ့အူမကြီးတွေဟာ အလွန်ကို ကြီးမားတုတ်ခိုင်နေတာကို တွေ့ကြပါတယ်။ အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့ ကြောက်စရာကောင်းလောက်အောင် နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အနှစ်နှစ်အလလက စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့် အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့အူအရှည်ဟာ ၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။ အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့ ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။

အူမကြီးတွေမှာ မစင်ချိုးတွေ များနေခြင်းဟာ လူကိုရောဂါများစေပြီး အသက်လည်း တိုတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့ အဆိပ်အတောက်တွေဟာ အူနံရံတွေကနေဝင်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမစင်ချိုးတွေကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။

မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း ဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ ဝမ်းချူတဲ့စက်တွေနဲ့ စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။ ၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ် နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့ ဆိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာတော့ အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး… ဒါကြောင့် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲ လုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့ ဟင်းအမယ်တွေရှိပါတယ်။ အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့ ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၎င်း ဟင်းချိုအဖြစ်၎င်း ချက်စားကြပါတယ်။ ကင်ပွန်းသီးကိုလည်း တရော်နဲ့ တွဲပြီး ခေါင်းလျှော်ကြပါတယ်။ ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့ ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ် အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင် သောက်ပစ်လိုက်ပေါ့။ အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင် မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။ ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင် နောက်က တံမြက်စည်းနဲ့လှဲပြီး သန့်ရှင်းရေး လုပ်ပေးရပါတယ်။

ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဂေါရခါးညွန့်လို အရွက်အညွန့်တွေ ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။ ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး အိပ်လိုက်ပါ။ အူတွေ လှိုင်းထအောင် ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး ရေများများသောက်ဖို့လည်း လိုပါတယ်။

အဲ……နောက်နေ့ မနက်မှာတော့ တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက မစင်ချိုးတွေ အကျိအချွဲတွေ အရိအရွဲတွေ ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။ တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင် ၁ နှစ်လောက်အကြာမှာ သိသိသာသာ ဗိုက်ချပ်ပါတယ်။

နေလို့လည်း ကောင်းသွားလိမ့်မယ်။ အသက်ကြီးလာလို့ ဗိုက်ပူလာပြီး အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း ကြည့်ကောင်းတာ မဟုတ်လား…
Credittooriginalwriter

Be the first to comment

Leave a Reply

Your email address will not be published.


*