Unicode
[မျက်တောင်အတု တပ်စရာမလိုဘဲ] သဘာဝအတိုင်း မျက်တောင်မွှေးရှည်အောင် ပြုလုပ်နည်း
မျက်တောင်အတုတပ်စရာမလိုဘဲ သဘာဝအတိုင်းမျက်တောင်မွှေးရှည်အောင်ပြုလုပ်နည်း လူတစ်ယောက်မှာမျက်တောင်မွှေးရှည်ချင်းကလည်း အလှအပကိုစွဲဆောင်စေတဲ့ အဓိကအချက်တစ်ချက်ပါပဲ
ဒါပေမဲ့မျက်တောင်မွှေးရှည်ခြင်းဟာ လူတိုင်းလိုလိုတော့ မရရှိနိုင်တဲ့ ရှားပါးတဲ့ အလှတရားလက္ခဏာတစ်ရပ်ပဲ ဖြစ်တာကြောင့် မျက်တောင်မွှေးကို ရှည်အောင်ဘယ်လိုပြုလုပ်မလဲ၊ ထိန်းသိမ်းမလဲဆိုတာ မျှပေးလိုက်ပါတယ်…
ဗီတာမင်အီးမျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့Brushတံကို ဗီတာမင်အီးအနည်းငယ်စွတ်ပြီး သင့်ရဲ့မျက်တောင်မွှေးကို အချိန်၅မိနစ်လောက် ဖြီးလိမ်းပေးပါ တစ်နေ့ကိုနှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဟာ မျက်တောင်မွှေးရဲ့ ကြီးထွားနှုန်းကိုလှုံ့ဆော်ပေးစေတဲ့အပြင် သာမန်ထက်လည်း အရှည်ပိုမြန်စေပါတယ်။
အုန်းဆီသို့မဟုတ် သံလွင်အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတွင် အဟာရဓာတ်များကြွယ်ဝစေတဲ့ Fatty Acidsများစွာပါဝင်တာကြောင့် သင့်မျက်တောင်မွှေအတွက် အထူးကောင်းမွန်ပါတယ် သန့်စင်တဲ့Brushတံသို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် အုန်ဆီသံလွင်ဆီကို နည်းငယ်စွတ်ပြီး အိမ်ယာသို့မဝင်ခင် သုတ်လိမ်းပေးပါ
Petroleumခရင်မ် Petroleumခရင်မ်ဟာ မျက်တောင်မွှေးခြောက်သွေ့ခြင်းနဲ့ ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ် အိပ်ယာသို့မဝင်ခင် မျက်တောင်ကော့တဲ့အခါမှာ အသုံးပြုတဲ့ Brushတံ သို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် Petroleumခရင်မ်အနည်းငယ် သုတ်လိမ်းပေးပါ။
မျက်လုံးမထိအောင် ဂရုတစိုက်သုတ်လိမ်းသင့်ပြီး မနက်အိပ်ယာထတဲ့အခါ မျက်နှာကိုသန့်စင်အောင် ဆေးကြောပေးပါ။ ဗီတာမင်ကြွယ်ဝသောအစားအစာ ဗီခတာမင်ကြွယ်ဝမှုမရှိလျှင် ဆံပင်များ၊ မျက်တောင်မွှေးများ ကျွတ်ခြင်းစတဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့်ပရိုတိန်းဓာတ်၊ ဗီတာမင်နဲ့ Fatty Acidsကြွယ်ဝမှုရှိတဲ့ အခွံမာသီး၊ အသား၊ ငါး၊ဥ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို မျှမျှတတ စားသုံးသင့်ပါတယ်။
အစိမ်းရောင်လက်ဖက် အစိမ်းရောင်လက်ဖက်တွင် Antioxida ntsဓာတ်များနဲ့ ဗီတာမင်းများစွာပါဝင်တာကြောင့် အလှကုန်ပစ္စည်းတော်တော်များများမှာ ပါဝင်ပါတယ်။ ဆံပင်ဆုံးရှုံးမှုကို အထူးကာကွယ်ပေးတာကြောင့် သင့်မျက်တောင်မွှေးအတွက်လည်း အထူးကောင်းမွန်ပါတယ် အစိမ်းရောင်လက်ဖက်ရည်ကို အအေးခံပြီး ဝါဂွမ်းဖြင့်သင့်ရဲ့မျက်တောင်မွှေးကို တစ်နေ့နှစ်ကြိမ် သုတ်လိမ်းပေးပါ
ရှားစောင်းလက်ပတ်ရှား စောင်းလက်ပတ်ဟာဆံကေသာအတွက်လည် းအားကောင်းစေပြီး မျက်တောင်မွှေးအတွက်လည်း အခသုံးပြုနိုင်ပါတယ်။ လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်ရွက်မှအရည်ကို ညှစ်ခယူပြီသကြားမှုန့်သို့မဟုတ် သံလွင်ဆီအနည်းငယ် ရောမွှေပေးပါ။
ညအိပ်ယာမဝင်ခင် ထိုရည်ဖြင့်သင့်ရဲ့မျက်တောင်မွှေးကို သုတ်လိမ်းပေးပြီး နံနက်မိုးလင်းတဲ့အခါ မျက်လုံးကိုသန့်စင်အောင် ဆေးကြောပေးပါ
နှိပ်နယ်ပေးခြင်း မျက်တောင်နေရာတစ်ဝှိုက်ကို နှိပ်နယ်ပေးခြင်းဟာ မျက်တောင်မွှေးကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေပါတယ် နှိပ်ခင်သင့်လက်ကို သန့်စင်အောင်အရင်ဆေးကြောပါ။ ပြီးလျှင်သင့်လက်ချောင်းကို သံလွင်ဆီဒါမှမဟုတ် အုန်ဆီအနည်းငယ်သုတ်ပြီး ၅မိနစ်ခန့်မျက်ခမ်းနဲ့ မျက်တောင်တစ်လျှောက်ကို နှိပ်နယ်ပေးပါ။
တစ်ပတ်ကိုအကြိမ်းပေါင်းများစွာ ပြုလုပ်နိုင်ပါတယ်။ ကြက်ဥကြက်ဥဟာ ဆံပင်နဲ့မျက်တောင်မွှေးကိုအားကောင်းလာစေတဲ့ ဗီတာမင်ဘီအုပ်စုများစွာပါဝင်ပါတယ်
ကြက်ဥတစ်ခလုံးကိုအလှဆီ သို့မဟုတ်Petroleumခရင်မ် စာပွဲတင်ဇွန်းတစ်ဇွန်းစာ ရောခနှောပြီးသင့်ရဲ့မျက်တောင်ပေါ်တွင် သုတ်လိမ်းပေးပါ။ တစ်ပတ်ကို၃ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။ သန့်စင်ပေးခြင်းမျက်တောင်ကော့ဆေးကို အသုံးပြုပြီးတဲ့အခါမှ ာညဘက်အိပ်ယာ ဝင်လျှင်သင့်မျက်နှာကို စင်ကြယ်အောင်ဆေးခကြောဖို့ မမေ့ပါနဲ့။
အဆိုပါမျက်တောင်ကော့ဆေးဟာ Hair Sprayနဲ့တူတာကြောင့် ခေါင်းဦးသို့မဟုတ်တစ်ခုခုနဲ့ ထိတဲ့အခါ ကျွတ်ခြင်းပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်ညဘက်အိပ်တဲ့အခါ မျက်နှာကိုနှိုက်နှိုက်ချွတ်ချွတ်ဆေးကြောပေးသင့်ပါတယ်။Credit
Be the first to comment
Leave a Reply
Your email address will not be published.
*