
အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း အမွတ္စဥ္(၁၀/၂၀၂၂) (၂၀၂၂ ခုႏွစ္၊ ေမလ ၉ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၁၁:၃၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)
(က) အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)” အေျခအေန
(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလား ပင္လယ္ေအာ္အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလား ပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)”သည္
အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ ဘဂၤလားပင္လယ္ေအာ္အေနာက္ အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းသို႔ ေရာက္ရွိခဲ့ကာ၊ အိႏၵိယႏိုင္ငံ၊ ပို႔ပလဲယား(Port Blair)၏ အေနာက္-အေနာက္ေျမာက္ဘက္ ေရမိုင္(၄၁၅)မိုင္ခန႔္၊
ဗီဆာကာပတၱနမ္ၿမိဳ႕ (Vishakhapatnam)၏ အေရွ႕ေတာင္ဘက္ ေရမိုင္(၂၇၅)မိုင္ခန႔္၊ ပူရီၿမိဳ႕ (Puri)၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္(၃၅၀)မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕(Coco Island)၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ (၄၂၅)မိုင္ခန႔္ႏွင့္ ဟိုင္းႀကီးကြၽန္းၿမိဳ႕(Hainggyikyun)၏ အေနာက္ေတာင္ ဘက္ ေရမိုင္ (၅၀၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။
(၂) အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ (Asani)”၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ား မည့္ အေျခအေနမရွိပါသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
(ခ) အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)” ၏ တည္ေနရာ၊ ဗဟိုခ်က္ ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
အဆိုပါ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ (Asani)”သည္ ျမန္မာစံေတာ္ခ်ိန္(၁၀:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၄.ဝ) ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၆.၁)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၈၉) ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ (၆၅)မိုင္မွ မိုင္(၇၀)ႏႈန္းခန႔္ ျဖစ္ပါသည္။
(ဂ) ေနာက္(၇၂)နာရီအတြင္းခန႔္မွန္းခ်က္
အဆိုပါ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ (Asani)”သည္ အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး၊ (၁၀.၅.၂၀၂၂) ရက္ေန႔ တြင္ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္း(အိႏၵိယႏိုင္ငံ၊ အင္ဒရာပရာေဒ့ရွ္ေျမာက္ပိုင္း ကမ္းလြန္-ဩရိႆကမ္းေျခ)သို႔ ေရာက္ရွိႏိုင္ပါသည္။
ထိုမွတစ္ဆင့္ ေျမာက္-အေရွ႕ ေျမာက္ဘက္သို႔ေကြ႕ၿပီး ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္း(အိႏၵိယႏိုင္ငံ၊ ဩရိႆကမ္းလြန္)သို႔ေရာက္ရွိကာ ေနာက္(၄၈)နာရီအတြင္း ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) “အာစန္နီ(Asani)”အျဖစ္သို႔ တျဖည္းျဖည္းအားေလ်ာ့သြား ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။
(ဃ) သတိေပးႏႈိးေဆာ္ခ်က္
အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)” ၏ အရွိန္ေၾကာင့္ ယေန႔နံနက္မွ (၁၃.၅.၂၀၂၂)ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊
ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာ ႏိုင္ကာ၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။
ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန႔္ရွိ ႏိုင္ပါသည္။
(င) အႀကံျပဳခ်က္
သို႔ျဖစ္ပါ၍ အဆိုပါအားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(Severe Cyclonic Storm) “အာစန္နီ(Asani)”၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္းမ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္
ျပည္တြင္း ေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန
Unicode
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အမှတ်စဉ်(၁၀/၂၀၂၂) (၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”သည်
အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊
ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ ပူရီမြို့ (Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၂၅)မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင် ဘက် ရေမိုင် (၅၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”သည် မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.ဝ) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၉) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၅)မိုင်မှ မိုင်(၇၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၁၀.၅.၂၀၂၂) ရက်နေ့ တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်ပါသည်။
ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)သို့ရောက်ရှိကာ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ(Asani)”အဖြစ်သို့ တဖြည်းဖြည်းအားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၁၃.၅.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိ နိုင်ပါသည်။
(င) အကြံပြုချက်
သို့ဖြစ်ပါ၍ အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်
ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Leave a Reply