ေခါင္း အေပၚတည့္တည့္မွာ နား႐ြက္ တစ္ဖက္တည္းပါတဲ့ ေခြးကေလး

ေခါင္း အေပၚတည့္တည့္မွာ နား႐ြက္ တစ္ဖက္တည္းပါတဲ့ ေခြးကေလး

ဂိုဒင္းယူနီေကာင္းလို႔ နာမည္ေပးထားတဲ့ ခ်စ္စရာေကာင္းတဲ့ ေခြးမေလး တစ္ေကာင္က ေခါင္းအလည္ တည့္တည့္မွာ နား႐ြက္ တစ္ဖက္တည္းပဲ ပါပါတယ္ ။ ေခြး တစ္ေကာင္ကို အင္စတာဂရမ္ တင္လို႔ လိုင္းေပၚမွာ ပြထၿပီး ပလူပ်ံတယ္ဆိုတာ ရွားပါတယ္ ။ ဂိုးဒင္း ယူနီေကာင္းက ေမြးတုန္းကေတာ့ အေကာင္းပါ ။

ေမြးေမြးခ်င္းမွာ သူ႔ရဲ႕ ဘယ္ နား႐ြက္က ျပႆနာတစ္ခုခု တက္ခဲ့တယ္နဲ႔ တူတယ္ ။ ဘယ္နား႐ြက္ မပါလာ ပါဘူး ။ ညာဘက္နား႐ြက္က ညာဘက္မွာပဲ အစက ရွိခဲ့တာပါ ။ တစ္ျဖည္းျဖည္းနဲ႔ ညာဖက္နား႐ြက္က ေခါင္းအလယ္ကို ေ႐ႊ႕ၿပီး အေပၚ တည့္တည့္ကို ေရာက္လာတာပါ ။

ေခြးပိုင္ရွင္ လစ္တဲေရးက ေခြးေလးကို တိရစာၦန္ ေဆးကုခန္းကို ေခၚသြားၿပီး သြားျပတဲ့ အခါမွာ ဝိုင္းၿပီး ဓာတ္ပုံ႐ိုက္ လိုင္းေပၚ တင္တဲ့ အခါၾကမွ နာမည္တစ္ျဖည္းျဖည္း ႀကီးလာတာပါ ။

သူမရဲ႕ကစားပုံ သြားပုံ လာပုံေတြက အျခားေခြးေတြနဲ႔ မတူပဲ ကြဲျပားေနပါတယ္။ ဒါေၾကာင့္ ခ်စ္စရာ ေကာင္းတဲ့ ပါပီမေလးကို Like ၅ သိန္းေက်ာ္ ဝိုင္းေပးၿပီး လိုင္းသုံးသူေတြက ခ်စ္ေၾကာင္းျပခဲ့ပါတယ္ ။

အဲ့ဒါနဲ႔ လစ္တဲေရးက ဂိုးဒင္း ယူနီေကာင္းရဲ႕ ကစားတဲ့ ပုံကို ဒုတိယအႀကိမ္ ဗီဒီယို ႐ိုက္တင္ခဲ့ပါတယ္ ။

တိရစာၦန္ ေဆးကုဆရာဝန္ကေတာ့ ေခြးေလးကို ေမြးတဲ့ အခ်ိန္မွာ သူမရဲ႕ အေမက အခ်င္းေတြကို လွ်က္ၿပီး ဖယ္တဲ့အခ်ိန္မွာ နား႐ြက္တစ္ဖက္ကို ကိုက္မိၿပီး ပါသြားတယ္နဲ႔ တူပါတယ္လို႔ ဆိုတယ္။

တစ္ဖက္တည္း ရွိတဲ့ နား႐ြက္က ေခါင္းရဲ႕ အလည္ တည့္တည့္ကို ေ႐ြ႕လာတာကေတာ့ သူလည္း နားမလည္တဲ့ အပိုင္းပါဘဲလို႔ ဆိုတယ္ ။

အခုေတာ့ ခ်စ္စရာေကာင္းတဲ့ ဂိုးဒင္း ယူနီေကာင္းမွာ ေဖာ္လိုဝါ သန္းနဲ႔ ခ်ီၿပီး ရွိေနပါတယ္။ လစ္တဲေရးအတြက္ကေတာ့ ဂိုဒင္း ယူနီေကာင္းေလးက အသည္းေက်ာ္ ျဖစ္ေနပါတယ္ ။
ေမာင္ယႆ, REF: daily mail / Photo credit; instargam

Unicode

ခေါင်း အပေါ်တည့်တည့်မှာ နားရွက် တစ်ဖက်တည်းပါတဲ့ ခွေးကလေး

ဂိုဒင်းယူနီကောင်းလို့ နာမည်ပေးထားတဲ့ ချစ်စရာကောင်းတဲ့ ခွေးမလေး တစ်ကောင်က ခေါင်းအလည် တည့်တည့်မှာ နားရွက် တစ်ဖက်တည်းပဲ ပါပါတယ် ။ ခွေး တစ်ကောင်ကို အင်စတာဂရမ် တင်လို့ လိုင်းပေါ်မှာ ပွထပြီး ပလူပျံတယ်ဆိုတာ ရှားပါတယ် ။ ဂိုးဒင်း ယူနီကောင်းက မွေးတုန်းကတော့ အကောင်းပါ ။

မွေးမွေးချင်းမှာ သူ့ရဲ့ ဘယ် နားရွက်က ပြဿနာတစ်ခုခု တက်ခဲ့တယ်နဲ့ တူတယ် ။ ဘယ်နားရွက် မပါလာ ပါဘူး ။ ညာဘက်နားရွက်က ညာဘက်မှာပဲ အစက ရှိခဲ့တာပါ ။ တစ်ဖြည်းဖြည်းနဲ့ ညာဖက်နားရွက်က ခေါင်းအလယ်ကို ရွှေ့ပြီး အပေါ် တည့်တည့်ကို ရောက်လာတာပါ ။

ခွေးပိုင်ရှင် လစ်တဲရေးက ခွေးလေးကို တိရစ္ဆာန် ဆေးကုခန်းကို ခေါ်သွားပြီး သွားပြတဲ့ အခါမှာ ဝိုင်းပြီး ဓာတ်ပုံရိုက် လိုင်းပေါ် တင်တဲ့ အခါကြမှ နာမည်တစ်ဖြည်းဖြည်း ကြီးလာတာပါ ။

သူမရဲ့ကစားပုံ သွားပုံ လာပုံတွေက အခြားခွေးတွေနဲ့ မတူပဲ ကွဲပြားနေပါတယ်။ ဒါကြောင့် ချစ်စရာ ကောင်းတဲ့ ပါပီမလေးကို Like ၅ သိန်းကျော် ဝိုင်းပေးပြီး လိုင်းသုံးသူတွေက ချစ်ကြောင်းပြခဲ့ပါတယ် ။ အဲ့ဒါနဲ့ လစ်တဲရေးက ဂိုးဒင်း ယူနီကောင်းရဲ့ ကစားတဲ့ ပုံကို ဒုတိယအကြိမ် ဗီဒီယို ရိုက်တင်ခဲ့ပါတယ် ။

တိရစ္ဆာန် ဆေးကုဆရာဝန်ကတော့ ခွေးလေးကို မွေးတဲ့ အချိန်မှာ သူမရဲ့ အမေက အချင်းတွေကို လျှက်ပြီး ဖယ်တဲ့အချိန်မှာ နားရွက်တစ်ဖက်ကို ကိုက်မိပြီး ပါသွားတယ်နဲ့ တူပါတယ်လို့ ဆိုတယ်။

တစ်ဖက်တည်း ရှိတဲ့ နားရွက်က ခေါင်းရဲ့ အလည် တည့်တည့်ကို ရွေ့လာတာကတော့ သူလည်း နားမလည်တဲ့ အပိုင်းပါဘဲလို့ ဆိုတယ် ။

အခုတော့ ချစ်စရာကောင်းတဲ့ ဂိုးဒင်း ယူနီကောင်းမှာ ဖော်လိုဝါ သန်းနဲ့ ချီပြီး ရှိနေပါတယ်။ လစ်တဲရေးအတွက်ကတော့ ဂိုဒင်း ယူနီကောင်းလေးက အသည်းကျော် ဖြစ်နေပါတယ် ။
မောင်ယဿ, REF: daily mail / Photo credit; instargam

Be the first to comment

Leave a Reply

Your email address will not be published.


*