
🌾🌾🌾🌾🌾🌧🌧🌧🌧










ဧရာဝတီမြစ်ရေ သတိ ⚠🌧🌧🌧🌧

မင်း ဂွတ် သီး

Unicode

တောင်သူဦးကြီးတို့ ဝမ်းမြောက်ဖွယ်ရာ  “စိုက်ကြမယ် ပျိုးကြမယ်” ဧရာဝတီ မြစ်ကြောင်းတလျှောက် မြစ်ရေများစွာ တိုးလာနိုင်တယ်လို့ စုစုစံ (မင်း ဂွတ် သီး) ခန့်မှန်း

၂၀၂၂ မေလ ၁၀ရက်နေ့မှ မေလ ၂၀ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ အာစနီမုန်တိုင်းမှ မုတ်သုန်ကြိုမိုးတွေရွာသွန်းနိုင်ပြီး မေလ ၂၀ရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း မုတ်သုန်လေသည် မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံ ရောက်ရှိသွားနိုင်သဖြင့် မိုးဆက်သွားနိုင်ပြီး

မိုးပြတ်တောက်သွားနိုင်တဲ့အလားအလာ မရှိသဖြင့် စပါးစိုက်ပျိုးကြတဲ့ တောင်သူလယ်သမားများအတွက် မဟာအထူးအခွင့်အရေးကြီးပဲ ဖြစ်ပါတော့တယ်

၂၀၂၂ အောက်တိုဘာလတွင် တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်း၃လုံးဖြစ်နိုင်သဖြင့် နောက်မိုးကောင်းမည့်အလားအလာရှိနေပါတယ်

ISSUED TIME 09/ 05/ 2022 at 8:40 AM (MMT)

၂၀၂၂ မေလ ၁၀ရက်နေ့မှ ၁၄ရက်နေ့အတွင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ မိုးရွာသွန်းနိုင်ပြီး ရွှေဘို ခင်ဦး ရေဦး ကာဘိုး ကံထူးမ တန့်ဆည် ထန်တပင် လင်ဗန်း ထန်းကုန်းမှော်တော်တောက်ကရှပ် ကန့်ဘလူ ကျွန်းလှ ချပ်သင်း ချပ်ကြီး ကောလင်း

ဘုံချောင်း နမ့်ခမ်းရွာ အင်းတော် မဲဇာ မန်လည် ကသာ ရွှေကူ ဗန်းမော် မြို့သစ် ဒေါ့ဖုန်းယန် လဂျာယန် လိုင်ဇာ ကန်ပိုက်တီ ဆဒုံး ဝိုင်းမော် မြစ်ကြီးနား တာလောကြီး ဆင်ဘို မိုးညှင်း အင်းတော်ကြီး ဟိုင် ပင်ဘော မိုးကောင်း ကာမိုင်း ဒေသများတွင် မိုးများစွာ ရွာသွန်းနိုင်ပါတယ်

ISSUED TIME 09/ 05/ 2022 at 10:23 AM (MMT)

ရန်ကုန်မိုးအငြိုးနဲ့ရွာ 🌧🌧🌧🌧

Lightning: Cloud to ground, Power: 42kA (Angry rourer), Date: 09/ 05/ 2022, Time: 12:37:51 pm

ဧရာဝတီမြစ်ရေ သတိ ⚠🌧🌧🌧🌧
အာစနီမုန်တိုင်းရဲ့ Upper air circulation (UAC) အထက်လေစီးကြောင်းများမှ ကချင်ပြည်နယ်ကို ၂၀၂၂ မေလ ၁၄ရက်နေ့မှ ၁၆ရက်နေအတွင်း ရောက်ရှိလာကာ ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားပိုင်းတွင် မိုးကြီးမှာ ဖြစ်သဖြင့် ဧရာဝတီ မြစ်ကြောင်းတလျှောက် မြစ်ရေများစွာ တိုးလာနိုင်တာကို အထူးသတိပြုကြရပါမည်

ISSUED TIME 09/ 05/ 2022 at 3:42 PM (MMT)
မင်း ဂွတ် သီး

Be the first to comment

Leave a Reply

Your email address will not be published.


*