ဆင္းရဲျခင္းကို ျဖစ္ေစေသာ အေၾကာင္းအရင္း အစစ္အမွန္

ဆင္းရဲျခင္းကို ျဖစ္ေစေသာ အေၾကာင္းအရင္း အစစ္အမွန္

အခါတစ္ပါးမွာ ျမတ္စြာဘုရား နိဂုံး႐ြာႀကီးမွာ သီတင္းသုံးေနစဥ္ ဘျဒက႐ြာသူႀကီးေရာက္လာၿပီး အခုလိုေလွ်ာက္ထားပါတယ္…

“အရွင္ဘုရား… တပည့္ေတာ္ကို ဆင္းရဲျဖစ္ျခင္း၊ ဆင္းရဲခ်ဳပ္ျခင္းအေၾကာင္းကို ေဟာေတာ္မူပါဘုရား”တဲ့…

ျမတ္စြာဘုရားက- “႐ြာသူႀကီး… ေဟာဒီ ဥ႐ုေဝလကပၸမွာ တစ္စုံတစ္ေယာက္ အသတ္ခံရမယ္၊ ႏွိပ္စက္ခံရမယ္ဆိုရင္ သင့္အတြက္ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္းျဖစ္ေစမဲ့ သင္နဲ႔ စပ္ဟပ္တဲ့သူေတြ ရွိသလား?…

“တပည့္ေတာ္နဲ႔ စပ္တဲ့သူေတြ ရွိပါတယ္ဘုရား”…

“႐ြာသူႀကီး… တစ္စုံတစ္ေယာက္ အသတ္ခံရမယ္၊ ႏွိပ္စက္ခံရမယ္ဆိုရင္ သင့္အတြက္ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္းကို မျဖစ္ေစတဲ့ သင္နဲ႔ မစပ္ဟပ္သူေကာ ရွိသလား?…

“တပည့္ေတာ္နဲ႔ မစပ္ဟပ္သူလည္း ရွိပါတယ္ဘုရား”…

“ဒါဆိုရင္ တစ္ခ်ိဳ႕လူေတြ ဒုကၡေရာက္ရင္ သင္လည္း ဒုကၡေရာက္ရတယ္၊ တစ္ခ်ိဳ႕လူေတြ ဒုကၡေရာက္ေပမဲ့ သင္ဒုကၡ မေရာက္ဘူးေပါ့၊ အဲဒါ ဘာေၾကာင့္လဲ?…

“အရွင္ဘုရား… တစ္ခ်ိဳ႕လူေတြကိုေတာ့ တပည့္ေတာ္ ခ်စ္ခင္တယ္၊ စြဲလန္းတယ္၊ ဒါေၾကာင့္ သူတို႔ ဆင္းရဲရင္ တပည့္ေတာ္လည္း ဆင္းရဲတယ္”…

“တခ်ိဳ႕ကိုေတာ့ တပည့္ေတာ္ မခ်စ္ခင္ဘူး၊ မစြဲလန္းဘူး၊ ဒါေၾကာင့္ သူတို႔ဆင္းရဲေပမဲ့ တပည့္ေတာ္ မဆင္းရဲပါ ဘုရား”…

“႐ြာသူႀကီး… ထိုသို႔ဆိုလွ်င္ ဆင္းရဲဘာေၾကာင့္ ျဖစ္တယ္ဆိုတာ သင္ရသိၿပီ”…

“အတိတ္မွာလည္း လိုခ်င္တပ္မက္ စြဲလန္းျခင္းေၾကာင့္ သင္ ဆင္းရဲခဲ့ရၿပီးၿပီ၊ အနာဂတ္မွာလည္း လိုခ်င္တပ္မက္ စြဲလန္းခဲ့ရင္ သင္ ဆင္းရဲရလိမ့္ဦးမည္၊ အမွန္အတိုင္း ဆင္ျခင္ေလာ”…

ဆင္းရဲျခင္း အစစ္အမွန္ကို ျမတ္စြာဘုရားက ထုိကဲ႕သုိ႕ ရွင္းလင္းစြာ ေဟာၾကားေတာ္ မူခဲ႕ေပသည္။

credit ဦးျမင့္ခိုင္✍👸
#Pyae Sone-Taungoo

Unicode

ဆင်းရဲခြင်းကို ဖြစ်စေသော အကြောင်းအရင်း အစစ်အမှန်

အခါတစ်ပါးမှာ မြတ်စွာဘုရား နိဂုံးရွာကြီးမှာ သီတင်းသုံးနေစဉ် ဘဒြကရွာသူကြီးရောက်လာပြီး အခုလိုလျှောက်ထားပါတယ်…

“အရှင်ဘုရား… တပည့်တော်ကို ဆင်းရဲဖြစ်ခြင်း၊ ဆင်းရဲချုပ်ခြင်းအကြောင်းကို ဟောတော်မူပါဘုရား”တဲ့…

မြတ်စွာဘုရားက- “ရွာသူကြီး… ဟောဒီ ဥရုဝေလကပ္ပမှာ တစ်စုံတစ်ယောက် အသတ်ခံရမယ်၊ နှိပ်စက်ခံရမယ်ဆိုရင် သင့်အတွက် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဖြစ်စေမဲ့ သင်နဲ့ စပ်ဟပ်တဲ့သူတွေ ရှိသလား?…

“တပည့်တော်နဲ့ စပ်တဲ့သူတွေ ရှိပါတယ်ဘုရား”…

“ရွာသူကြီး… တစ်စုံတစ်ယောက် အသတ်ခံရမယ်၊ နှိပ်စက်ခံရမယ်ဆိုရင် သင့်အတွက် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းကို မဖြစ်စေတဲ့ သင်နဲ့ မစပ်ဟပ်သူကော ရှိသလား?…

“တပည့်တော်နဲ့ မစပ်ဟပ်သူလည်း ရှိပါတယ်ဘုရား”…

“ဒါဆိုရင် တစ်ချို့လူတွေ ဒုက္ခရောက်ရင် သင်လည်း ဒုက္ခရောက်ရတယ်၊ တစ်ချို့လူတွေ ဒုက္ခရောက်ပေမဲ့ သင်ဒုက္ခ မရောက်ဘူးပေါ့၊ အဲဒါ ဘာကြောင့်လဲ?…

“အရှင်ဘုရား… တစ်ချို့လူတွေကိုတော့ တပည့်တော် ချစ်ခင်တယ်၊ စွဲလန်းတယ်၊ ဒါကြောင့် သူတို့ ဆင်းရဲရင် တပည့်တော်လည်း ဆင်းရဲတယ်”…

“တချို့ကိုတော့ တပည့်တော် မချစ်ခင်ဘူး၊ မစွဲလန်းဘူး၊ ဒါကြောင့် သူတို့ဆင်းရဲပေမဲ့ တပည့်တော် မဆင်းရဲပါ ဘုရား”…

“ရွာသူကြီး… ထိုသို့ဆိုလျှင် ဆင်းရဲဘာကြောင့် ဖြစ်တယ်ဆိုတာ သင်ရသိပြီ”…

“အတိတ်မှာလည်း လိုချင်တပ်မက် စွဲလန်းခြင်းကြောင့် သင် ဆင်းရဲခဲ့ရပြီးပြီ၊ အနာဂတ်မှာလည်း လိုချင်တပ်မက် စွဲလန်းခဲ့ရင် သင် ဆင်းရဲရလိမ့်ဦးမည်၊ အမှန်အတိုင်း ဆင်ခြင်လော”…

ဆင်းရဲခြင်း အစစ်အမှန်ကို မြတ်စွာဘုရားက ထိုကဲ့သို့ ရှင်းလင်းစွာ ဟောကြားတော် မူခဲ့ပေသည်။

credit ဦးမြင့်ခိုင်✍👸
#Pyae Sone-Taungoo

Be the first to comment

Leave a Reply

Your email address will not be published.


*