အိႏၵိယ သမုဒၵရာအတြင္းက အမႊာ ဆိုင္ကလုံး

အိႏၵိယ သမုဒၵရာအတြင္းက အမႊာ ဆိုင္ကလုံး

၂၀၂၂ ခုႏွစ္ ေမလ (၈) ရက္ေန႔က NOAA ရဲ႕ အနီေအာက္ေရာင္ျခည္သုံး ေရဒီယိုမီတာ ျဖင့္ ႐ိုက္ကူးထားေသာ ဓါတ္ပုံ ျဖစ္ပါတယ္။

ပုံထဲမွာ က်ေနာ္တို႔ ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ အိႏၵိယသမုဒၵရာ – ဘဂၤလား ပင္လယ္ေအာ္မွာ အာစီနီ (Asani) တိုက္ခတ္လ်က္ရွိၿပီး သူ႔ရဲ႕ ေအာက္ဘက္ (တနည္း) ေတာင္ဘက္ျခမ္းမွာလည္း ကာရင္းမ္ (Karim) ဆိုင္ကလုံးမုန္တိုင္း တိုက္ခတ္လို႔ ေနပါတယ္။ ဒီမုန္တိုင္း ႏွစ္ခုဟာ အီေကြတာကေန တူညီေသာ အကြာအေဝးမွာ ရွိေနပါတယ္။

မတူညီတာကေတာ့ ေလတိုက္ခတ္တဲ့ လမ္းေၾကာင္းပါပဲ။ အီေကြတာရဲ႕ ေျမာက္ဘက္မွာ ရွိတဲ့ မုန္တိုင္းဟာ နာရီလက္တံ ေျပာင္းျပန္လည္သလို တိုက္ခတ္ေနၿပီး..၊

အီေကြတာရဲ႕ ေတာင္ဘက္ျခမ္းက မုန္တိုင္းကေတာ့.. နာရီလက္တံ လည္သလိုမ်ိဳး တိုက္ခတ္ၾကပါတယ္။ ဒါဟာ ကမာၻလည္ျခင္းေၾကာင့္ ျဖစ္ေပၚလာရတဲ့ ကို႐ိုးလစ္ အားသက္ေရာက္မႈေၾကာင့္ ျဖစ္ပါတယ္။

အာစီနီ မုန္တိုင္းဟာ ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၆၀ ေက်ာ္ရွိၿပီး အိႏၵိယအေရွ႕ေတာင္ဘက္ ကုန္းတြင္းပိုင္းကို ဝင္ေရာက္ခ်ိန္မွာ အားေပ်ာ့သြားသလို.. အေရွ႕ေျမာက္ဘက္သို႔လည္း ေကြ႕တက္သြားပါတယ္။

မုန္တိုင္းရဲ႕ လမ္းေၾကာင္းဟာ အင္မတန္မွန္းရခက္တဲ့ အေျခအေနမ်ိဳးျဖစ္ၿပီး မုန္တိုင္းရဲ႕ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ အိႏၵိယ နဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔မွာ မိုး႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းတို႔ ႀကဳံေတြ႕ၾကရပါတယ္။

(၂၀၂၂ ခုႏွစ္ မတ္လတုန္းက ဧရာဝတီတိုင္းအနီးမွ ျဖတ္သန္းသြားတဲ့ မုန္တိုင္းငယ္ဟာ ဆိုင္ကလုံး မုန္တိုင္းအဆင့္သို႔ မေရာက္ရွိခဲ့တဲ့အတြက္.. အာစီနီ ဆိုတဲ့ အမည္ကို သုံးခြင့္မရခဲ့ပါ။)

အာစီနီ” ဆိုတဲ့အမည္ဟာ သိရိလကၤာႏိုင္ငံမွ တင္သြင္းခဲ့တဲ့ မုန္တိုင္းအမည္ျဖစ္ၿပီး ညင္သာျခင္း (ease) လို႔ အဓိပၸါယ္ရပါတယ္။ “ကာရင္းမ္” ကေတာ့ အာရပ္အမည္ျဖစ္ၿပီး ရက္ေရာျခင္း၊ ေပးဆပ္ျခင္း လို႔ ဆိုပါတယ္။

အာစီနီ ေနာက္မွာ ဆိုင္ကလုံးမုန္တိုင္းတစ္ခု ထပ္ျဖစ္ခဲ့လွ်င္ေတာ့.. ထိုင္းႏိုင္ငံမွ တင္သြင္းထားတဲ့ Sitrang (စက္ထရင္း) အမည္ကို အသုံးျပဳရမွာပဲ ျဖစ္ပါတယ္..။

အနာဂတ္ ပညာေရးအတြက္..
credit to သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Unicode

အိန္ဒိယ သမုဒ္ဒရာအတွင်းက အမွှာ ဆိုင်ကလုံး

၂၀၂၂ ခုနှစ် မေလ (၈) ရက်နေ့က NOAA ရဲ့ အနီအောက်ရောင်ခြည်သုံး ရေဒီယိုမီတာ ဖြင့် ရိုက်ကူးထားသော ဓါတ်ပုံ ဖြစ်ပါတယ်။

ပုံထဲမှာ ကျနော်တို့ နိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယသမုဒ္ဒရာ – ဘင်္ဂလား ပင်လယ်အော်မှာ အာစီနီ (Asani) တိုက်ခတ်လျက်ရှိပြီး သူ့ရဲ့ အောက်ဘက် (တနည်း) တောင်ဘက်ခြမ်းမှာလည်း ကာရင်းမ် (Karim) ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်လို့ နေပါတယ်။ ဒီမုန်တိုင်း နှစ်ခုဟာ အီကွေတာကနေ တူညီသော အကွာအဝေးမှာ ရှိနေပါတယ်။

မတူညီတာကတော့ လေတိုက်ခတ်တဲ့ လမ်းကြောင်းပါပဲ။ အီကွေတာရဲ့ မြောက်ဘက်မှာ ရှိတဲ့ မုန်တိုင်းဟာ နာရီလက်တံ ပြောင်းပြန်လည်သလို တိုက်ခတ်နေပြီး..၊

အီကွေတာရဲ့ တောင်ဘက်ခြမ်းက မုန်တိုင်းကတော့.. နာရီလက်တံ လည်သလိုမျိုး တိုက်ခတ်ကြပါတယ်။ ဒါဟာ ကမ္ဘာလည်ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ကိုရိုးလစ် အားသက်ရောက်မှုကြောင့် ဖြစ်ပါတယ်။

အာစီနီ မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ကျော်ရှိပြီး အိန္ဒိယအရှေ့တောင်ဘက် ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ အားပျော့သွားသလို.. အရှေ့မြောက်ဘက်သို့လည်း ကွေ့တက်သွားပါတယ်။

မုန်တိုင်းရဲ့ လမ်းကြောင်းဟာ အင်မတန်မှန်းရခက်တဲ့ အခြေအနေမျိုးဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ကြုံတွေ့ကြရပါတယ်။

(၂၀၂၂ ခုနှစ် မတ်လတုန်းက ဧရာဝတီတိုင်းအနီးမှ ဖြတ်သန်းသွားတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုံး မုန်တိုင်းအဆင့်သို့ မရောက်ရှိခဲ့တဲ့အတွက်.. အာစီနီ ဆိုတဲ့ အမည်ကို သုံးခွင့်မရခဲ့ပါ။)

အာစီနီ” ဆိုတဲ့အမည်ဟာ သိရိလင်္ကာနိုင်ငံမှ တင်သွင်းခဲ့တဲ့ မုန်တိုင်းအမည်ဖြစ်ပြီး ညင်သာခြင်း (ease) လို့ အဓိပ္ပါယ်ရပါတယ်။ “ကာရင်းမ်” ကတော့ အာရပ်အမည်ဖြစ်ပြီး ရက်ရောခြင်း၊ ပေးဆပ်ခြင်း လို့ ဆိုပါတယ်။

အာစီနီ နောက်မှာ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ထပ်ဖြစ်ခဲ့လျှင်တော့.. ထိုင်းနိုင်ငံမှ တင်သွင်းထားတဲ့ Sitrang (စက်ထရင်း) အမည်ကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်..။

အနာဂတ် ပညာရေးအတွက်..
credit to သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Be the first to comment

Leave a Reply

Your email address will not be published.


*