“*ေရွးျမန္မာဘုရင္တို႔ အသုံးျပဳခဲ့ေသာ သန္လ်က္အေၾကာင္း*”

***သန္လ်က္ဆိုသည္မွာ ေရွးအခါက ျမန္မာဘုရင္မ်ား ကိုင္စြဲရေသာလက္နက္ မင္းေဆာင္မင္းေယာင္ မင္းခမ္းမင္းနားမ်ားတြင္ အသုံးျပဳရေသာ လက္နက္ျဖစ္သည္။ မင္းေျမႇာက္တန္ဆာငါးပါးတြင္ သန္လ်က္သည္ တစ္ပါးအပါအဝင္ျဖစ္သည္။

မင္းခမ္းေတာ္မ်ားတြင္လည္း သန္လ်က္ကို လက်ၤာမင္းခမ္းေတာ္အျဖစ္ ေတြ႕ရသည္။ ထို႔ေၾကာင့္ `လက်ၤာေတာ္က၊ ေ႐ႊေလွာ္သိဂၤါ၊ မ်က္စိႁမႊာသား၊ ရတနာသန္လ်က္၊ လွ်ံလက္လွ်ပ္လွ်ပ္၊ သားၿမီးယပ္ႏွင့္´ စသည္ျဖင့္ စပ္ဆိုခဲ့ၾကသည္။

သို႔ေသာ္လည္း ဘုရင္၏ ခြင့္ျပဳခ်က္ျဖင့္ သူရဲေကာင္းတို႔ ကိုင္စြဲရပုံကို ရာဇဝင္သမိုင္းတြင္ ေတြ႕ရွိရျပန္ေလသည္။ နားေတာင္းမ်ားမင္း၏ ေယာက္ဖေတာ္ မင္းအနႏၲသူရိယသည္ ဒုတိယနရပတိစည္သူ လက္ထက္ေတာ္တြင္ သူရဲေကာင္းရန္မန္ငေထြးအျဖစ္ႏွင့္ ေရဝယ္ဆင္း၍ငုပ္ၿပီးေသာ္ မင္းႀကီး၏ေဖာင္ေတာ္ကို ေက်ာကုန္းထက္႐ြက္၍ ခ်ဳပ္ကိုင္ေသာမိေခ်ာင္းအား သန္လ်က္ျဖင့္ ထိုးသတ္ခဲ့ဘူးေပသည္။

နရသူမင္းလက္ထက္တြင္လည္း မိမိ၏သန႔္သက္ေရ မေဆာင္ေသာေၾကာင့္ ႐ႊံရွာသျဖင့္ မခ်ဥ္းမကပ္ေနေသာ ခမည္းေတာ္လက္ထက္က ဆက္လာသည့္ ကုလားမင္းသမီးကို အမ်က္ေတာ္ရွိကာ သန္လ်က္ျဖင့္ ခုတ္သတ္ခဲ့၏။

ထိုအေၾကာင္းကို မင္းသမီး၏ခမည္းေတာ္ ေဝသာလီျပည္မွကုလားမင္းႀကီး ၾကားသိေသာ္ ကုလားသူရဲေကာင္း ရွစ္ေယာက္တို႔ကိုေ႐ြး၍ ပုဏၰားေယာင္ေဆာင္ေစကာ ပုဂံသို႔ေစလႊတ္သည္။ နန္းေတာ္သို႔ေရာက္လွ်င္ နရသူမင္းႀကီးကို ေျမဇာျမက္ႏွင့္ ခ႐ုသင္းကမ္းဟန္ျပဳ၍ ပတ္ပတ္လည္ဝိုင္းရံကာ သန္လ်က္ (ဓားေျမႇာင္)ကိုယ္စီႏွင့္ ထိုးခုတ္ၾကၿပီး မိမိတို႔ကိုယ္ကိုလည္း အဆုံးစီရင္ခဲ့ၾကေပသည္။

သန္လ်က္ကိုထိုးရာ၌၎ ခုတ္ရာ၌၎ အသုံးျပဳသည္။ သန္လ်က္လုပ္ေသာသံသည္ အလြန္ေကာင္းမြန္ရ၏။ ေရွးကသံေကာင္းကို တစ္ဖန္ႀကိဳးၾကာဝမ္းတြင္ အႀကိမ္ႀကိမ္စိမ္ၿပီးမွ သန္လ်က္ေကာင္း ဓားေကာင္းလုပ္ရသည္ဟု အဆိုရွိသည္။

ထို႔ေၾကာင့္ သန္လ်က္သည္ ထက္ျမက္လြန္း၍ ဆင္ေပါက္လည္တိုင္ကိုပင္ ျဖတ္ႏိုင္ေလာက္သည္ဟု အမွတ္သညာျပဳခဲ့ၾကေပသည္။ သန္လ်က္သည္ အသြားႏွစ္ဖက္ရွိေသာ ဓားဟုဆိုခဲ့ေသာေၾကာင့္ သန္လ်က္ႏွင့္ဓားကို ေပါင္းစပ္ကာ ”သန္လ်က္ဓား” ဟုလည္း သုံးခဲ့ၾကသည္။

အသြားႏွစ္ဖက္ရွိေသာ သန္လ်က္အစစ္ကိုသာ သန္လ်က္ဓားဟု ေခၚ႐ုံမွ်မက ေနာင္အခါတြင္ အသြားထက္ျမက္သည့္ ဓားကိုပင္သန္လ်က္ဓားဟု တင္စားေခၚေဝၚခဲ့ၾကသည္။ စာလုံးေပါင္း သတ္ပုံသန္လ်က္ကို `သံလွ်က္၊ သန္လ်က္၊ သန္လွ်က္´ဟူ၍ အမ်ိဳးမ်ိဳး စာလုံးေပါင္းတတ္ၾကသည္။ သံလွ်က္ဟု အသုံးျပဳၾကျခင္းမွာ `သံျဖင့္ျပဳလုပ္ထားေသာ အျပားတစ္မ်ိဳး´ ဟုေကာက္ယူလိုသည့္ သေဘာျဖင့္သုံးဟန္တူသည္။

စင္စစ္”သံ”မဟုတ္မူဘဲ သန္သာအမွန္ျဖစ္သည္။ ကဝိလကၡဏာသတ္ပုံ၌ ”ရွင္ဥပနန္၊ ပဋိဘာန္၊ ထားသန္လ်က္ပမာ”ဟု ျပဆိုခဲ့သည္။

တြင္းသင္းတိုက္ဝန္ မဟာစည္သူ၏ ေဝႆႏၲရာပ်ိဳ႕တြင္ ”ကိုင္ငင္စြဲလ်က္၊ ေ႐ႊသန္လွ်က္တည့္” မန္လည္ဆရာေတာ္၏ မဟာသုတကာရီ မာဃေဒဝလကၤာသစ္၌ ”ဤဓားသန္လွ်က္၊ ငါ့ကိုဆက္ဟု၊ တုပ္လ်က္နားေတာ္”စသည္ျဖင့္ ”လ်က္” ႏွင့္ ”လွ်က္” ကို ခြဲထားစပ္ခဲ့သည္လည္းရွိ၏။ သို႔ေသာ္လည္း”လ်က္”မွဟထိုး”တိုးကာလွ်က္”ျဖစ္လာပုံရ၍”သန္လ်က္”သာအမွန္ဟုယူသင့္ေပသည္။

သန္လ်က္၏ရင္းျမစ္ကိုရွာလွ်င္ သကၠတဘာသာစကား”ၐလ်က”ကိုေတြ႕ႏိုင္သည္။ ”ၐလ်က”သည္ပါဠိ”သလႅ”ႏွင့္ အနက္သေဘာျခင္းတူသည္။ ျဖဴေကာင္ ဆူး၊ ျမားဦးစေသာအသြားထက္သည့္ အရာကိုေခၚေပသည္။ ”ၐလ်က”မွ”သလ်က္”၊”သန္လ်က္”ဟုဟုၾကားဆက္(န္)တိုးကာပ်က္ယြင္းလာသည္ဟုယူဆရသည္။

ဟယ္လီေဒး၏ မြန္- အဂၤလိပ္အဘိဓာန္တြင္ a two edge dswordordagger(အသြားႏွစ္ဖက္ရွိေသာဓား)ဟု အနက္ဖြင့္ဆိုထားသည္။ ျမန္မာတြင္လည္းရ-ေကာက္ႏွင့္ လတို႔ေျပာင္းလဲႏိုင္သည့္အေလ်ာက္ ”သန္လ်က္” ဟုအသုံးျပဳခဲ့ၾကျခင္းျဖစ္ေပသည္။

သန္လ်က္သည္ အသြားႏွစ္ဖက္ရွိသည့္အေလ်ာက္၊ သန္လ်က္ဦး၊ သန္လ်က္စြန္းသည္ ႏွစ္ဖက္ညီစြာခြၽန္၍ သြားသည္။ သို႔ျဖစ္၍ ႏွစ္ဖက္ညီစြာခြၽန္ထြက္ေနသည့္ ရတနာပူရအင္းဝေျမအခုံကို ”သန္လ်က္ခုံ၊ သန္လ်က္စြန္း” ဟု တင္စားသုံးႏႈန္းခဲ့ၾကေပသည္။

ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္တြင္လည္း ရန္ကုန္ျမစ္ႏွင့္ ပုဇြန္ေတာင္ေခ်ာင္းဆုံရာ အစြန္းကို ”သန္လ်က္စြန္း” ဟု အမည္တြင္ေလသည္။

သန္လ်က္ဟူသည္ကား လက္နက္အထူးတည္း။ သန္လ်က္ ၂ မ်ိဳးရွိသည္။ တစ္ဖက္သာအသြားရွိေသာ ဧကေတာဓာရသန္လ်က္ႏွင့္ ႏွစ္ဖက္သြားရွိေသာ ဥဘေတာဓာရ သန္လ်က္ဟူ၍လည္းေကာင္း၊

ဦးဖ်ားစဥ္းငယ္ၫြတ္ေသာ ဤသာဂၢသန္လ်က္ႏွင့္ ဦးဖ်ားမၫြတ္ဘဲ အစဥ္အတိုင္း ဦးဖ်ားေသးေသာ ဥဇုဂၢသန္လ်က္ ဟူ၍လည္းေကာင္း ႏွစ္မ်ိဳးခြဲၾကသည္။ သန္လ်က္၏ အသြားအလ်ားပမာဏသည္ သုံးဆယ့္သုံးသစ္၊ အခ်ိန္ပမာဏသည္ သုံးဆယ့္သုံးပိုလ္ဟူ၍ ေသနကဇာတ္၊ ပၪၥာဝုဓဇာတ္တို႔၌လာသည္။Credit ;သုတဇုန္ထြန္းလင္း

Unicode

“*ရှေးမြန်မာဘုရင်တို့ အသုံးပြုခဲ့သော သန်လျက်အကြောင်း*”

***သန်လျက်ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များ ကိုင်စွဲရသောလက်နက် မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားများတွင် အသုံးပြုရသော လက်နက်ဖြစ်သည်။ မင်းမြှောက်တန်ဆာငါးပါးတွင် သန်လျက်သည် တစ်ပါးအပါအဝင်ဖြစ်သည်။

မင်းခမ်းတော်များတွင်လည်း သန်လျက်ကို လင်္ကျာမင်းခမ်းတော်အဖြစ် တွေ့ရသည်။ ထို့ကြောင့် `လင်္ကျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက်လျှပ်လျှပ်၊ သားမြီးယပ်နှင့်´ စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။

သို့သော်လည်း ဘုရင်၏ ခွင့်ပြုချက်ဖြင့် သူရဲကောင်းတို့ ကိုင်စွဲရပုံကို ရာဇဝင်သမိုင်းတွင် တွေ့ရှိရပြန်လေသည်။ နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည် ဒုတိယနရပတိစည်သူ လက်ထက်တော်တွင် သူရဲကောင်းရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ငုပ်ပြီးသော် မင်းကြီး၏ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချုပ်ကိုင်သောမိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။

နရသူမင်းလက်ထက်တွင်လည်း မိမိ၏သန့်သက်ရေ မဆောင်သောကြောင့် ရွှံရှာသဖြင့် မချဉ်းမကပ်နေသော ခမည်းတော်လက်ထက်က ဆက်လာသည့် ကုလားမင်းသမီးကို အမျက်တော်ရှိကာ သန်လျက်ဖြင့် ခုတ်သတ်ခဲ့၏။

ထိုအကြောင်းကို မင်းသမီး၏ခမည်းတော် ဝေသာလီပြည်မှကုလားမင်းကြီး ကြားသိသော် ကုလားသူရဲကောင်း ရှစ်ယောက်တို့ကိုရွေး၍ ပုဏ္ဏားယောင်ဆောင်စေကာ ပုဂံသို့စေလွှတ်သည်။

နန်းတော်သို့ရောက်လျှင် နရသူမင်းကြီးကို မြေဇာမြက်နှင့် ခရုသင်းကမ်းဟန်ပြု၍ ပတ်ပတ်လည်ဝိုင်းရံကာ သန်လျက် (ဓားမြှောင်)ကိုယ်စီနှင့် ထိုးခုတ်ကြပြီး မိမိတို့ကိုယ်ကိုလည်း အဆုံးစီရင်ခဲ့ကြပေသည်။

သန်လျက်ကိုထိုးရာ၌၎င်း ခုတ်ရာ၌၎င်း အသုံးပြုသည်။ သန်လျက်လုပ်သောသံသည် အလွန်ကောင်းမွန်ရ၏။ ရှေးကသံကောင်းကို တစ်ဖန်ကြိုးကြာဝမ်းတွင် အကြိမ်ကြိမ်စိမ်ပြီးမှ သန်လျက်ကောင်း ဓားကောင်းလုပ်ရသည်ဟု အဆိုရှိသည်။

ထို့ကြောင့် သန်လျက်သည် ထက်မြက်လွန်း၍ ဆင်ပေါက်လည်တိုင်ကိုပင် ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာပြုခဲ့ကြပေသည်။ သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟုဆိုခဲ့သောကြောင့် သန်လျက်နှင့်ဓားကို ပေါင်းစပ်ကာ ”သန်လျက်ဓား” ဟုလည်း သုံးခဲ့ကြသည်။

အသွားနှစ်ဖက်ရှိသော သန်လျက်အစစ်ကိုသာ သန်လျက်ဓားဟု ခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင်သန်လျက်ဓားဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

စာလုံးပေါင်း သတ်ပုံသန်လျက်ကို `သံလျှက်၊ သန်လျက်၊ သန်လျှက်´ဟူ၍ အမျိုးမျိုး စာလုံးပေါင်းတတ်ကြသည်။ သံလျှက်ဟု အသုံးပြုကြခြင်းမှာ `သံဖြင့်ပြုလုပ်ထားသော အပြားတစ်မျိုး´ ဟုကောက်ယူလိုသည့် သဘောဖြင့်သုံးဟန်တူသည်။

စင်စစ်”သံ”မဟုတ်မူဘဲ သန်သာအမှန်ဖြစ်သည်။ ကဝိလက္ခဏာသတ်ပုံ၌ ”ရှင်ဥပနန်၊ ပဋိဘာန်၊ ထားသန်လျက်ပမာ”ဟု ပြဆိုခဲ့သည်။

တွင်းသင်းတိုက်ဝန် မဟာစည်သူ၏ ဝေဿန္တရာပျို့တွင် ”ကိုင်ငင်စွဲလျက်၊ ရွှေသန်လျှက်တည့်” မန်လည်ဆရာတော်၏ မဟာသုတကာရီ မာဃဒေဝလင်္ကာသစ်၌ ”ဤဓားသန်လျှက်၊ ငါ့ကိုဆက်ဟု၊ တုပ်လျက်နားတော်”စသည်ဖြင့် ”လျက်” နှင့် ”လျှက်” ကို ခွဲထားစပ်ခဲ့သည်လည်းရှိ၏။

သို့သော်လည်း”လျက်”မှဟထိုး”တိုးကာလျှက်”ဖြစ်လာပုံရ၍”သန်လျက်”သာအမှန်ဟုယူသင့်ပေသည်။

သန်လျက်၏ရင်းမြစ်ကိုရှာလျှင် သက္ကတဘာသာစကား”ၐလျက”ကိုတွေ့နိုင်သည်။ ”ၐလျက”သည်ပါဠိ”သလ္လ”နှင့် အနက်သဘောခြင်းတူသည်။ ဖြူကောင် ဆူး၊ မြားဦးစသောအသွားထက်သည့် အရာကိုခေါ်ပေသည်။ ”ၐလျက”မှ”သလျက်”၊”သန်လျက်”ဟုဟုကြားဆက်(န်)တိုးကာပျက်ယွင်းလာသည်ဟုယူဆရသည်။

ဟယ်လီဒေး၏ မွန်- အင်္ဂလိပ်အဘိဓာန်တွင် a two edge dswordordagger(အသွားနှစ်ဖက်ရှိသောဓား)ဟု အနက်ဖွင့်ဆိုထားသည်။ မြန်မာတွင်လည်းရ-ကောက်နှင့် လတို့ပြောင်းလဲနိုင်သည့်အလျောက် ”သန်လျက်” ဟုအသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။

သန်လျက်သည် အသွားနှစ်ဖက်ရှိသည့်အလျောက်၊ သန်လျက်ဦး၊ သန်လျက်စွန်းသည် နှစ်ဖက်ညီစွာချွန်၍ သွားသည်။ သို့ဖြစ်၍ နှစ်ဖက်ညီစွာချွန်ထွက်နေသည့် ရတနာပူရအင်းဝမြေအခုံကို ”သန်လျက်ခုံ၊ သန်လျက်စွန်း” ဟု တင်စားသုံးနှုန်းခဲ့ကြပေသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်တွင်လည်း ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာ အစွန်းကို ”သန်လျက်စွန်း” ဟု အမည်တွင်လေသည်။

သန်လျက်ဟူသည်ကား လက်နက်အထူးတည်း။ သန်လျက် ၂ မျိုးရှိသည်။ တစ်ဖက်သာအသွားရှိသော ဧကတောဓာရသန်လျက်နှင့် နှစ်ဖက်သွားရှိသော ဥဘတောဓာရ သန်လျက်ဟူ၍လည်းကောင်း၊

ဦးဖျားစဉ်းငယ်ညွတ်သော ဤသာဂ္ဂသန်လျက်နှင့် ဦးဖျားမညွတ်ဘဲ အစဉ်အတိုင်း ဦးဖျားသေးသော ဥဇုဂ္ဂသန်လျက် ဟူ၍လည်းကောင်း နှစ်မျိုးခွဲကြသည်။ သန်လျက်၏ အသွားအလျားပမာဏသည် သုံးဆယ့်သုံးသစ်၊ အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ၍ သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့၌လာသည်။Credit ;သုတဇုန်ထွန်းလင်း

Be the first to comment

Leave a Reply

Your email address will not be published.


*