ဆင္ေတြ ႐ြာထဲဝင္ၿပီး အရက္ေသာက္ မူးမူးနဲ႔ လမ္းေဘးထိုးအိပ္

ဆင္ေတြ ႐ြာထဲဝင္ၿပီး အရက္ေသာက္ မူးမူးနဲ႔ လမ္းေဘးထိုးအိပ္

ကိုဗစ္-၁၉ ေရာဂါပိုးက ကမာၻႏိုင္ငံ အသီးသီးကို စိတ္ရွိလက္ရွိ အႏၲရာယ္ ေပးေနသလို တစ္ဖက္မွာကလည္း ကမာၻႀကီးကို ဒုကၡေပးေနတဲ့ ေလထု ညစ္ညမ္းမႈ ေတြကို ေလွ်ာ့ခ် ေပးေနသလို ျဖစ္ေနပါတယ္ ။ အဆိုးထဲက အေကာင္းလို႔ ျမင္ရမလို ျဖစ္ေနတယ္ ။

မူရင္း သဘာ၀ ပတ္ဝန္းက်င္ကို ျပန္ရ ေနပါတယ္။ ၿဂိဳဟ္တုကေန ႐ိုက္တဲ့ ဓာတ္ပုံေတြအရ ေလထုထဲက အဆိပ္ေငြ႕ ေတြက တျဖည္းျဖည္း ေလ်ာ့ပါး လာတာကို ေတြ႕ေန ရပါတယ္။

ဒါအျပင္ လူေတြရဲ႕ လႈပ္ရွားမႈ နည္းလာလို႔ အီတလီ မွာဆိုရင္ ဗင္းနစ္ၿမိဳ႕က တူးေျမာင္း ေတြဆီကို ငန္းေတြ လင္းပိုင္ေတြ ျပန္ေရာက္ လာပါတယ္ ။ လူေတြနယ္ခ်ဲ႕ ထားတဲ့ ေနရာေတြကို နဂိုရ္မူရင္း ေကာင္ေတြက ျပန္လာ ေနၾကပါတယ္ ။

အခုလည္း အပီကလစ္တပ္ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ဆင္ ၁၄ ေကာင္ပါတဲ့ အုပ္စု တစ္စုက ယူနန္ ျပည္နယ္အတြင္းက ႐ြာတစ္႐ြာထဲကို လာေရာက္ခဲ့ ၾကတယ္လို႔ ဆိုတယ္။ အဲ့ဒိ အေကာင္ေတြက ႐ြာထဲကို ဝင္ၿပီး ေျပာင္းဖူးလို စားစရာေတြ လာရွာၾကတာပါ ။

႐ြာထဲမွာ ေျပာင္းဖူးနဲ႔ ကေစာ္ ေဖာက္ထားတဲ့ ဝိုင္စဥ့္အိုးေတြကို လွန္ၿပီး အိုးထဲက ဝိုင္ အခ်ိန္၂၀ ပိႆာ ေလာက္ကို ေသာက္ခဲ့ၾက ပါတယ္ ။

အဲ့ဒိ ဆင္ေတြက ဝိုင္ေတြ ေသာက္ၿပီး ႐ြာထဲက ထြက္ကာ လက္ဖက္ခင္း ေတြထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးၿပဳံးႀကီး အိပ္ေမာက် ေနခဲ့ၾကပါတယ္ ။

ေဖ့စ္ဘုတ္ အေကာင့္ ပိုင္ရွင္က “လူေတြက အျပင္မထြက္ဖို႔ အတြက္ တားျမစ္ ခံထားရေတာ့ ဆင္ေတြက ႐ြာထဲကို ရဲရဲတင္းတင္း ဝင္လာၿပီး အစာ လာရွာၾကတယ္ေလ ။

သူတို႔ အစာရွာ မေတြ႕လို႔ ေတြ႕ရာ စိမ္ေရေတြကို ေသာက္ၿပီး ေတာထဲျပန္တာ ေတာမေရာက္ဘဲ လမ္းက လက္ဖက္ခင္း ေတြထဲမွာ မူးမူးနဲ႔ အိပ္ေပ်ာ္ ကုန္ၾကတယ္”လို႔ ေရးတင္ခဲ့ ပါတယ္ ။

ဆင္ေတြက ေတာေတြ အဖ်က္ခံရၿပီး လက္ဖက္ခင္း ေတြျဖစ္တဲ့ ေနရာေတြက သူတို႔ရဲ႕ ေနရာေတြ ပဲလို႔ မွတ္ထင္ ေနၾကတယ္နဲ႔ တူေနပါတယ္ ။

မလိုအပ္ဘဲ ဖြံ႕ၿဖိဳးဖို႔ ႀကိဳးစားေနတဲ့ အတြက္ ေၾကာင့္ ေတာ႐ိုင္းေတြ အတြက္ ေနစရာ မရွိေတာ့ဘူး ဆိုတာကို ဒါက သက္ေသျပ ေနပါတယ္ ။

က်ေနာ္တို႔ သစ္ပင္ေတြ ပိုစိုက္ဖို႔ လိုေနပါၿပီ ။ အဲ့ဒိ အေကာင့္ပိုင္ရွင္ရဲ႕ ပို႔စ္ကို လူေပါင္း တစ္သိန္းခြဲေလာက္က ရွယ္ခဲ့ ၾကပါတယ္ ။

ေမာင္ယႆ, REF: world of buzz / Photo credit; facebook

Unicode

ဆင်တွေ ရွာထဲဝင်ပြီး အရက်သောက် မူးမူးနဲ့ လမ်းဘေးထိုးအိပ်

ကိုဗစ်-၁၉ ရောဂါပိုးက ကမ္ဘာနိုင်ငံ အသီးသီးကို စိတ်ရှိလက်ရှိ အန္တရာယ် ပေးနေသလို တစ်ဖက်မှာကလည်း ကမ္ဘာကြီးကို ဒုက္ခပေးနေတဲ့ လေထု ညစ်ညမ်းမှု တွေကို လျှော့ချ ပေးနေသလို ဖြစ်နေပါတယ် ။

အဆိုးထဲက အကောင်းလို့ မြင်ရမလို ဖြစ်နေတယ် ။ မူရင်း သဘာ၀ ပတ်ဝန်းကျင်ကို ပြန်ရ နေပါတယ်။ ဂြိုဟ်တုကနေ ရိုက်တဲ့ ဓာတ်ပုံတွေအရ လေထုထဲက အဆိပ်ငွေ့ တွေက တဖြည်းဖြည်း လျော့ပါး လာတာကို တွေ့နေ ရပါတယ်။

ဒါအပြင် လူတွေရဲ့ လှုပ်ရှားမှု နည်းလာလို့ အီတလီ မှာဆိုရင် ဗင်းနစ်မြို့က တူးမြောင်း တွေဆီကို ငန်းတွေ လင်းပိုင်တွေ ပြန်ရောက် လာပါတယ် ။ လူတွေနယ်ချဲ့ ထားတဲ့ နေရာတွေကို နဂိုရ်မူရင်း ကောင်တွေက ပြန်လာ နေကြပါတယ် ။

အခုလည်း အပီကလစ်တပ် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဆင် ၁၄ ကောင်ပါတဲ့ အုပ်စု တစ်စုက ယူနန် ပြည်နယ်အတွင်းက ရွာတစ်ရွာထဲကို လာရောက်ခဲ့ ကြတယ်လို့ ဆိုတယ်။

အဲ့ဒိ အကောင်တွေက ရွာထဲကို ဝင်ပြီး ပြောင်းဖူးလို စားစရာတွေ လာရှာကြတာပါ ။

ရွာထဲမှာ ပြောင်းဖူးနဲ့ ကစော် ဖောက်ထားတဲ့ ဝိုင်စဉ့်အိုးတွေကို လှန်ပြီး အိုးထဲက ဝိုင် အချိန်၂၀ ပိဿာ လောက်ကို သောက်ခဲ့ကြ ပါတယ် ။ အဲ့ဒိ ဆင်တွေက ဝိုင်တွေ သောက်ပြီး ရွာထဲက ထွက်ကာ လက်ဖက်ခင်း တွေထဲမှာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြုံးကြီး အိပ်မောကျ နေခဲ့ကြပါတယ် ။

ဖေ့စ်ဘုတ် အကောင့် ပိုင်ရှင်က “လူတွေက အပြင်မထွက်ဖို့ အတွက် တားမြစ် ခံထားရတော့ ဆင်တွေက ရွာထဲကို ရဲရဲတင်းတင်း ဝင်လာပြီး အစာ လာရှာကြတယ်လေ ။

သူတို့ အစာရှာ မတွေ့လို့ တွေ့ရာ စိမ်ရေတွေကို သောက်ပြီး တောထဲပြန်တာ တောမရောက်ဘဲ လမ်းက လက်ဖက်ခင်း တွေထဲမှာ မူးမူးနဲ့ အိပ်ပျော် ကုန်ကြတယ်”လို့ ရေးတင်ခဲ့ ပါတယ် ။

ဆင်တွေက တောတွေ အဖျက်ခံရပြီး လက်ဖက်ခင်း တွေဖြစ်တဲ့ နေရာတွေက သူတို့ရဲ့ နေရာတွေ ပဲလို့ မှတ်ထင် နေကြတယ်နဲ့ တူနေပါတယ် ။ မလိုအပ်ဘဲ ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့ အတွက် ကြောင့် တောရိုင်းတွေ အတွက် နေစရာ မရှိတော့ဘူး ဆိုတာကို ဒါက သက်သေပြ နေပါတယ် ။

ကျနော်တို့ သစ်ပင်တွေ ပိုစိုက်ဖို့ လိုနေပါပြီ ။ အဲ့ဒိ အကောင့်ပိုင်ရှင်ရဲ့ ပို့စ်ကို လူပေါင်း တစ်သိန်းခွဲလောက်က ရှယ်ခဲ့ ကြပါတယ် ။

မောင်ယဿ, REF: world of buzz / Photo credit; facebook

Be the first to comment

Leave a Reply

Your email address will not be published.


*