
မောင်ယဿ ( မေ ၁၂ )



REF: euronews

Unicode

ကမ္ဘာပေါ်မှာ နောက်အကျဆုံး လော့ဒေါင်းချသောနိုင်ငံ မြောက်ကိုရီးယားမှာ ကိုဗစ်လော့ဒေါင်း စချပြီ

မောင်ယဿ ( မေ ၁၂ )
ကိုဗစ်ဖြစ်တာ ၂နှစ်ကျော် ကြာခဲ့ပါပြီ။ ကမ္ဘာနိုင်ငံအသီးသီးက ကိုဗစ်လှိုင်း အသီးသီးအတွက် လော့ဒေါင်းတွေ ခဏခဏ ချနေတဲ့အချိန်မှာ မြောက်ကိုရီးယားဆီက ဘာသံမှ မကြားရပါဘူး ၊ ဒါပေမဲ့ ဒီနေ့တော့ မြောက်ကိုရီးယားမှာ ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး ကိုဗစ်လော့ဒေါင်းချပြီလို့ သတင်းရပါတယ်။

မြောက်ကိုရီးယားမှာ လူဦးရေ ၂၆ သန်းရှိပါတယ်။ ကိုဗစ်လော့ဒေါင်းကာလ ဘယ်လောက်ကြာမယ် ၊ ဘယ်ဒေသတွေကို ချတယ် ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး ။

မြောက်ကိုရီးယားအစိုးရ သတင်း အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အိုမီခရွန် ဗိုင်းရက်က မြို့တော်ပြုံးယမ်းမှာ စပြီး ပြန့်နှံ့တယ်လို့ သိရပါတယ်။ ဘယ်နှယောက် ကူးစက်တယ်ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး ။ မြောက်ကိုရီးယားသားအများစုက ကိုဗစ်ကာကွယ်ဆေး မထိုးထားကြပါဘူး ။

ခေါင်ဆောင် ကင်ဂျုံအန်ကတော့ မနေ့က အစည်းအဝေးမှာ ရောဂါဖြစ်နေတဲ့ မြို့တွေ ပြည်နယ်တွေ အားလုံး လော့ဒေါင်းချဖို့ အမိန်ပေးလိုက်တယ်လို့ KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
REF: euronews


မောင်ယဿ ( မေ ၁၂ )



REF: euronews

Be the first to comment

Leave a Reply

Your email address will not be published.

*