ညီမစိတ္ေတြ ထိန္းလိုမရေတာ့လို႔ပါ အကိုရယ္

ညီမစိတ္ေတြ ထိန္းလိုမရေတာ့လို႔ပါ အကိုရယ္

သာေအာင္က ဆိုင္ကယ္ တကၠစီ ေမာင္းသမားေပါ့။ လူပ်ိဳ ႀကီး တစ္ကိုယ္တည္းသမား။ တစ္ရက္ တြက္ေျခမကိုက္ေသးေတာ့ မိုးခ်ဳပ္တဲ့အထိ ဆြဲေနတာ။ ည ၁၁ နာရီေလာက္ ခရီးသည္ ေကာင္ေလး တစ္ေယာက္ကို သြားပို႔ေပးရတယ္။ သြားတဲ့လမ္းက ေခ်ာင္က်က်ပဲ၊ သြားေနရင္း လမ္းတစ္ဝက္အေရာက္ ေကာင္မေလး တစ္ေယာက္က လွမ္းတားတယ္ဗ်။

အဲ့ဒါနဲ႔ ဆိုင္ကယ္ကို ေကာင္မေလး ေရွ႕မွာ ရပ္လိုက္တယ္။ ေကာင္မေလး က ”အကို က်မ ကိုလိုက္ပို႔ေပးပါလား ” “ရတာေပါ့ ညီမက ဘယ္ကိုသြားခ်င္လို႔လဲ ” “ေျခဦးတည့္ရာ တစ္ေနရာကို သြားခ်င္တယ္။

က်သင့္သေလာက္ကို ေပးမွာပါ ” ” ဟာ အကို က်ေနာ့္ အိမ္မေရာက္ေသးဘူးေလ ”” မင္း အိမ္က နီးနီးပဲ က်န္ေတာ့တာေလကြာ၊ မင္းလမ္းေလွ်ာက္သြားလိုက္ပါ၊

ေကာင္မေလးက ညဖက္ႀကီးဆိုေတာ့ အႏၲရာယ္ မ်ားတယ္ကြ၊ ဆိုင္ကယ္ခကိုေတာ့ တစ္ဝက္ပဲ ေပးေတာ့ကြာ ” ” ဟာဗ်ာ၊ အကိုကလဲ က်ေနာ္က အိမ္အေရာက္ ငွားစီးလာတာေလဗ်ာ ” ”

ငါ့ညီကလဲ အိမ္ နီးနီးေလး လမ္းေလွ်ာက္လိုက္ပါ ၊ မေဝးေတာ့ပါဘူးကြာ ”“ၿပီးေရာ ဗ်ာ၊ ၿပီးေရာ ေရာ့ ပိုက္ဆံ ” လူကို ဘုၾကည့္ၾကည့္ၿပီး ဆိုင္ကယ္ေပၚ က ဆင္းသြာပါေလေရာ။

သာေအာင္က စကားသာေျပာေနတာ အၾကည့္က ေကာင္မေလးက မခြာဘူးဗ်။ ေကာင္းမေလးကို ေျခဆုံးေခါင္းဆုံး ၾကည့္ၿပီး ၾကည့္ျပန္ ၾကည့္ၿပီးၾကည့္ျပန္ပဲ၊ ေကာင္မေလးက ခပ္လန္းလန္း။

အက်ႌလက္တိုနဲ႔ ေဘာင္းဘီျပတ္ ဝတ္ထားတာ။ သာေအာင္က ” ကဲ မိန္ကေလး တက္ ၊ ဘယ္သြားခ်င္လဲ ၊ လိုက္ပို႔ေပးမယ္။ ” “ဟုတ္ အကို ” ”

ဟာ မင္းက လမ္းေလွ်ာက္ျပန္လိုက္ေတာ့ ငါသြားေတာ့မယ္ ဘိုင့္ဘိုင္ ” ” ဟင္း တစ္ကယ့္ ႏွာေခါင္းနဲ႔ လာေတြ႕ ေနတယ္၊ ေလပါတယ္ကြာ ”သာေအာင္ တစ္ေယာက္ ဆိုင္ကယ္ ေမာင္းထြက္ လာခဲ့တယ္။

ေကာင္ေလး ေျပာတဲ့ စကားကိုေတာ့ ခပ္သဲ့သဲ့ေလးပဲ ၾကားလိုက္ရတယ္။ လမ္းမွာ ေကာင္မေလးနဲ႔ စကားေတြ ေျပာလာတာ။” မိန္ကေလးက နာမည္ဘယ္လိုေခၚလဲ ” ” ခင္ျမပါ အကို ” ” ခင္ျမက ဘယ္ကိုသြားခ်င္လို႔လဲ ” ”

ညီမ ဘယ္သြားလို႔ သြားရမွန္း မသိပါဘူး အကိုရယ္ ” ” ဒါဆို အကို႔အိမ္ လိုက္ခဲ့ပါလား ၊ အိမ္မွာ အကိုက တစ္ေယာက္တည္းေနတာ … လူပ်ိဳ လူလြတ္ တစ္ေယာက္ပါ။

အိမ္မွာက ဘယ္သူမွ လဲ မရွိဘူး။ ” ” အို …. မသြားရဲပါဘူး ရွင္ ၊ ခဏေန….” ” ဘာမွ မေၾကာက္ပါနဲ႔ ညီမရယ္ ၊ အကို ညီမကို ျပဳစုမွာပါ။ ”

“တစ္ကယ္ေျပာတာလား ၊ အကို ၊ မညာရဘူးေနာ္ ” ” တစ္ကယ္ေပါ့ ညီမရဲ႕ ” ” ညီမေလ စိတ္ထိန္းမရေတာ့ဘူး အကိုရယ္ ” ခင္ျမက ေျပာေနရင္းနဲ႔ သာေအာင္ခါးကို လွမ္းၿပီး ဖက္လိုက္တယ္။

သာေအာင္က ခင္ျမလက္ကို လွမ္းကိုင္လိုက္ၿပီး “အကို အျမန္ေမာင္းေနပါတယ္ ညီမရယ္ ” ခင္ျမက လက္ကိုျပန္႐ုပ္ၿပီး အက်ႌၾကယ္သီးကို ျဖည္းျဖည္းခ်င္းဆြဲ ျဖဳတ္လိုက္တယ္။

သာေအာင္တစ္ေယာက္ အသံၾကားေတာ့ ေနာက္ျပန္လွည့္ၾကည့္လိုက္တာ။ မ်က္လုံးေတြပါ ျပဴးထြက္သြားၿပီး ဆိုင္ကယ္ လက္ကိုင္ေတာင္ ထိန္းမႏိုင္ ဘဲ လမ္းေဘးက ေျမာင္းထဲ ထိုးဆင္းသြားတယ္။

ဗြက္ေတြနဲ႔ သာေအာင္ ေျမာင္းထဲကေန တ႐ြတ္တိုက္ တက္လာခဲ့တယ္။ ေမွာက္တဲ့အရွိန္ေၾကာင့္ ေျခေထာက္တစ္ဖက္ သြင္သြင္ က်ိဳးသြားေလၿပီ၊ တစ္ကိုယ္လုံးလဲ ဆတ္ဆတ္တုန္ၿပီး၊ မ်က္လုံးကလဲ ေတာင္ၾကည့္လိုက္ ေျမာက္ၾကည့္လိုက္နဲ႔ အဲ့ေနရာမွာပဲ သတိလစ္ ေမ့ေျမာသြားခဲ့တယ္။

သာေအာင္ေတြ႕လိုက္ရတာက ခင္ျမ အက်ႌခြၽတ္လိုက္တာ ဗိုက္ထဲက ကလီစာေတြ အတိုင္းသားျမင္ေနရတယ္ေလ။ ႏွလုံး လႈပ္ေနတာကအစ ဗိုက္က ေဟာင္းေလာင္းပြင့္လို႔တဲ့။

သူငယ္ခ်င္းလည္း သူ႔ကို လူနာ သြားေမးရင္း သူကျပန္ေျပာျပတာ။ သူကိုယ္သူလဲ ဘယ္လိုေဆး႐ုံေရာက္လာလဲ မသိဘူးတဲ့ဗ်ာ။ ခင္မင္ေလးစားစြာျဖင့္ credit photo

Unicode

ညီမစိတ်တွေ ထိန်းလိုမရတော့လို့ပါ အကိုရယ်

သာအောင်က ဆိုင်ကယ် တက္ကစီ မောင်းသမားပေါ့။ လူပျို ကြီး တစ်ကိုယ်တည်းသမား။ တစ်ရက် တွက်ခြေမကိုက်သေးတော့ မိုးချုပ်တဲ့အထိ ဆွဲနေတာ။ ည ၁၁ နာရီလောက် ခရီးသည် ကောင်လေး တစ်ယောက်ကို သွားပို့ပေးရတယ်။ သွားတဲ့လမ်းက ချောင်ကျကျပဲ၊ သွားနေရင်း လမ်းတစ်ဝက်အရောက် ကောင်မလေး တစ်ယောက်က လှမ်းတားတယ်ဗျ။

အဲ့ဒါနဲ့ ဆိုင်ကယ်ကို ကောင်မလေး ရှေ့မှာ ရပ်လိုက်တယ်။ ကောင်မလေး က ”အကို ကျမ ကိုလိုက်ပို့ပေးပါလား ” “ရတာပေါ့ ညီမက ဘယ်ကိုသွားချင်လို့လဲ ” “ခြေဦးတည့်ရာ တစ်နေရာကို သွားချင်တယ်။

ကျသင့်သလောက်ကို ပေးမှာပါ ” ” ဟာ အကို ကျနော့် အိမ်မရောက်သေးဘူးလေ ”” မင်း အိမ်က နီးနီးပဲ ကျန်တော့တာလေကွာ၊ မင်းလမ်းလျှောက်သွားလိုက်ပါ၊

ကောင်မလေးက ညဖက်ကြီးဆိုတော့ အန္တရာယ် များတယ်ကွ၊ ဆိုင်ကယ်ခကိုတော့ တစ်ဝက်ပဲ ပေးတော့ကွာ ” ” ဟာဗျာ၊ အကိုကလဲ ကျနော်က အိမ်အရောက် ငှားစီးလာတာလေဗျာ ” ”

ငါ့ညီကလဲ အိမ် နီးနီးလေး လမ်းလျှောက်လိုက်ပါ ၊ မဝေးတော့ပါဘူးကွာ ”“ပြီးရော ဗျာ၊ ပြီးရော ရော့ ပိုက်ဆံ ” လူကို ဘုကြည့်ကြည့်ပြီး ဆိုင်ကယ်ပေါ် က ဆင်းသွာပါလေရော။

သာအောင်က စကားသာပြောနေတာ အကြည့်က ကောင်မလေးက မခွာဘူးဗျ။ ကောင်းမလေးကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ကြည့်ပြန် ကြည့်ပြီးကြည့်ပြန်ပဲ၊ ကောင်မလေးက ခပ်လန်းလန်း။

အင်္ကျီလက်တိုနဲ့ ဘောင်းဘီပြတ် ဝတ်ထားတာ။ သာအောင်က ” ကဲ မိန်ကလေး တက် ၊ ဘယ်သွားချင်လဲ ၊ လိုက်ပို့ပေးမယ်။ ” “ဟုတ် အကို ” ”

ဟာ မင်းက လမ်းလျှောက်ပြန်လိုက်တော့ ငါသွားတော့မယ် ဘိုင့်ဘိုင် ” ” ဟင်း တစ်ကယ့် နှာခေါင်းနဲ့ လာတွေ့ နေတယ်၊ လေပါတယ်ကွာ ”သာအောင် တစ်ယောက် ဆိုင်ကယ် မောင်းထွက် လာခဲ့တယ်။

ကောင်လေး ပြောတဲ့ စကားကိုတော့ ခပ်သဲ့သဲ့လေးပဲ ကြားလိုက်ရတယ်။ လမ်းမှာ ကောင်မလေးနဲ့ စကားတွေ ပြောလာတာ။” မိန်ကလေးက နာမည်ဘယ်လိုခေါ်လဲ ” ” ခင်မြပါ အကို ” ” ခင်မြက ဘယ်ကိုသွားချင်လို့လဲ ” ”

ညီမ ဘယ်သွားလို့ သွားရမှန်း မသိပါဘူး အကိုရယ် ” ” ဒါဆို အကို့အိမ် လိုက်ခဲ့ပါလား ၊ အိမ်မှာ အကိုက တစ်ယောက်တည်းနေတာ … လူပျို လူလွတ် တစ်ယောက်ပါ။

အိမ်မှာက ဘယ်သူမှ လဲ မရှိဘူး။ ” ” အို …. မသွားရဲပါဘူး ရှင် ၊ ခဏနေ….” ” ဘာမှ မကြောက်ပါနဲ့ ညီမရယ် ၊ အကို ညီမကို ပြုစုမှာပါ။ ”

“တစ်ကယ်ပြောတာလား ၊ အကို ၊ မညာရဘူးနော် ” ” တစ်ကယ်ပေါ့ ညီမရဲ့ ” ” ညီမလေ စိတ်ထိန်းမရတော့ဘူး အကိုရယ် ” ခင်မြက ပြောနေရင်းနဲ့ သာအောင်ခါးကို လှမ်းပြီး ဖက်လိုက်တယ်။

သာအောင်က ခင်မြလက်ကို လှမ်းကိုင်လိုက်ပြီး “အကို အမြန်မောင်းနေပါတယ် ညီမရယ် ” ခင်မြက လက်ကိုပြန်ရုပ်ပြီး အင်္ကျီကြယ်သီးကို ဖြည်းဖြည်းချင်းဆွဲ ဖြုတ်လိုက်တယ်။

သာအောင်တစ်ယောက် အသံကြားတော့ နောက်ပြန်လှည့်ကြည့်လိုက်တာ။ မျက်လုံးတွေပါ ပြူးထွက်သွားပြီး ဆိုင်ကယ် လက်ကိုင်တောင် ထိန်းမနိုင် ဘဲ လမ်းဘေးက မြောင်းထဲ ထိုးဆင်းသွားတယ်။

ဗွက်တွေနဲ့ သာအောင် မြောင်းထဲကနေ တရွတ်တိုက် တက်လာခဲ့တယ်။ မှောက်တဲ့အရှိန်ကြောင့် ခြေထောက်တစ်ဖက် သွင်သွင် ကျိုးသွားလေပြီ၊ တစ်ကိုယ်လုံးလဲ ဆတ်ဆတ်တုန်ပြီး၊ မျက်လုံးကလဲ တောင်ကြည့်လိုက် မြောက်ကြည့်လိုက်နဲ့ အဲ့နေရာမှာပဲ သတိလစ် မေ့မြောသွားခဲ့တယ်။

သာအောင်တွေ့လိုက်ရတာက ခင်မြ အင်္ကျီချွတ်လိုက်တာ ဗိုက်ထဲက ကလီစာတွေ အတိုင်းသားမြင်နေရတယ်လေ။ နှလုံး လှုပ်နေတာကအစ ဗိုက်က ဟောင်းလောင်းပွင့်လို့တဲ့။

သူငယ်ချင်းလည်း သူ့ကို လူနာ သွားမေးရင်း သူကပြန်ပြောပြတာ။ သူကိုယ်သူလဲ ဘယ်လိုဆေးရုံရောက်လာလဲ မသိဘူးတဲ့ဗျာ။ ခင်မင်လေးစားစွာဖြင့် credit photo

Be the first to comment

Leave a Reply

Your email address will not be published.


*