မြန်မာနိုင်ငံမှာ သီလရှင် ဘယ်တုန်းက စခဲ့သလဲ

မြန်မာနိုင်ငံမှာ သီလရှင် ဘယ်တုန်းက စခဲ့သလဲ

မြန်မာနိုင်ငံမှာ သီလရှင်လို့ ခေါ်တဲ့ အမျိုးသမီးသာသနာ့ ဝန်ထမ်းတွေကို ပန်းရောင်ကိုယ်ရုံတွေနဲ့ တွဲပြီး လူသိ များပါတယ်။ သီလရှင်တွေဟာ သံဃာဦးရေရဲ့ ၁ဝပုံ တပုံ ခန့်ရှိပြီး ခြောက်သောင်းခန့်ရှိတယ်လို့လည်း စာရင်းတွေ အရ သိရပါတယ်။

၁၉၆၁ က သီလရှင် တစ်သောင်း မပြည့်ခဲ့ရာက အနှစ် ၅ဝ ကျော်မှာ သောင်းချီ တိုးတက်လာတာ ဖြစ်ပါတယ်။ ဒီသီလရှင်တွေ သာသနာသမိုင်း တလျှောက်လုံး မြန်မာပြည်မှာ ပေါ်ထွန်းခဲ့သလား… ဆိုတာကတော့ သေချာ မသိရပါဘူး။

ဆရာတော် ရဝေထွန်းရဲ့ ဘိက္ခုသာသနာနှင့် သီလရှင်သမိုင်း စာအုပ်အရ မင်းတုန်းမင်းခေတ်မှာ နန်းတွင်းက သမီးတော်တွေကို စာချပေးတဲ့ သီလရှင် ဆရာကြီး မယ်ကင်းနဲ့ မယ်နတ်ပေးတို့ အထင်အရှား ရှိနေပြီ ဖြစ်ပါတယ်။ မယ်ကင်းဟာ ဝိနည်းမှာထင်ရှားတဲ့ ရှမ်းကလေးကျွန်း ဆရာတော် ရဲ့ နှမဖြစ်ပြီး ဗန်းမော် ဆရာတော်ကြီးနဲ့ စာချိုးဘက် ဆိုပြီး စာပေမှာ လူသိများပါတယ်။

ထွဋ်ခေါင်မှာ သီလချော

မယ်ကင်းကို ထွဋ်ခေါင်ဆရာတော်က သီလရှင်တွေကို သီလရှင်ပြုပေးပြီး သီလရှင်အစ ထွဋ်ခေါင်ကလို့ ဆိုရိုး ရှိခဲ့ပေမယ့် အဲဒီမတိုင်ခင် ကတည်းက သီလရှင်အကြောင်း အထောက်အထားတွေ တွေ့ရတယ်လို့လည်း သမိုင်းသုတေသီ ဆရာတော်ရွှေကိုင်းသားက ရေးသားပါတယ်။

သီတင်းသုံး ယောက်ျားမိန်းမတွေကို အင်းဝ ဘုရင်တွေက လှူလေ့ရှိတယ်လို့လည်း လောကဗျူဟာအင်ရုံ စာတမ်းမှာ ဖော်ပြပါတယ်။ ဒီစာတမ်းဟာ အင်းဝ နန်းတွင်းဆောင်တာတွေကို ကုန်းဘောင်မင်းတွေကို ရှင်းပြတဲ့ ကျမ်းပါ။

၁၇၈၆ ခုရေး… မောင်းထောင် သာသနာပိုင်ဆရာတော်ရဲ့ အမေးတော်ပုံအဖြေကျမ်းမှာတော့ တောင်လေးလုံး ဆရာတော်ရဲ့နှမနဲ့ သီတင်းသုံး တစုဟာ အဝတ်နီ သစ်ခေါက်ကို ဆိုးပြီး ဝတ်တယ်လို့ ဆိုပါတယ်… ကမ္ဘောဒီးယားနဲ့ ထိုင်းမှာလိုပဲ ကိုယ်ရုံဖြူနဲ့ သီလရှင် တွေလည်း မြန်မာပြည်မှာ ရှိခဲ့ပါတယ်။

သီလရှင်ကို သီတင်းသုံး၊ သီတင်းသည် စသဖြင့် အမျိုး မျိုး ခေါ်ခဲ့ပြီး မြိတ် ထားဝယ်ဘက်မှာတော့ မိရှင်လို့ ခေါ်ကြောင်း အညာသူများပင်လယ်သွား စာအုပ်မှာ လူထု ဒေါ်အမာက ရေးသားပါတယ်။ ရခိုင်မှာတော့ သူတော်မ ခေါ်တယ်ဆိုပါတယ်။

သီတင်းသည် ယောက်ျားတွေကို ဖိုးသူတော်နဲ့ အမျိုးသမီးတွေကို ဖွားသီလရှင်ခေါ်တဲ့ အလေ့လည်းရှိပါတယ်။ အဲဒီခေတ်က သီလရှင်တွေ ဟာ ဘုန်းကြီးတွေလိုပဲ ဆွမ်းခံတတ်ကြပြီး ကိုရင်တွေ နောက်ကနေ ဆွမ်းအုပ်နဲ့ ဆွမ်းခံတာလို့လည်း သိရ ပါတယ်။

နန်းတွင်းက သီလရှင်များ

မယ်ကင်းတပည့်တွေထဲက မင်းတုန်းမင်းရဲ့ သမီးတော်တွေထဲက ပင်တိုင်စံ စလင်းစုဘုရားဟာ သီပေါမင်း နန်းတက်ပြီးနောက် သီလရှင်ဘဝ ကူးပြောင်းသွားပါတယ်။ နောက် သီပေါမင်းရဲ့ မိဖုရား ခေါင်ကြီးတပါး ဖြစ်တဲ့ စုဘုရားကြီးဟာလည်း အိန္ဒိယက ပြန်လာပြီးနောက် မင်းကွန်းမှာ သီလရှင်ဝတ်နဲ့ အရိုးထုတ်သွားပါတယ်။

သီပေါမင်းမယ်တော် လောင်းရှည်မိဘုရားက သီလရှင် ဝတ်ခွင့်တောင်းပေမယ့် မင်းတုန်းမင်းက ခွင့်မပေးဘူး လို့လည်း ဆိုပါတယ်။ မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ကျန်ရစ်တဲ့ စိန်တုံးမိဖုရားကိုတော့ အသက်ဘေးက လွတ်အောင် သင်္ဂဇာဆရာတော်က မော်လမြိုင် ခေါ် သွားခဲ့ပါတယ်။ အဲဒီမှာ ကျောင်းကြီးဆောက်လှူပြီး သီလရှင်ဘဝနဲ့ နေသွားခဲ့တာပါ။

နောက် မင်းတုန်းမင်း သမီးတော်တပါးဖြစ်တဲ့ မြောင်လှ မင်းသမီးလည်း မင်းကွန်းမှာ သီလရှင်ဘဝနဲ့ ကွယ်လွန် သွားပြီး မင်းသမီးချောင်လို့ အခုတိုင် ကျန်ရစ်ပါတယ်။ စစ်ကိုင်း မင်းကွန်းတောင်ရိုးတွေမှာ အစောဆုံးပေါ်တဲ့ သီလရှင်ချောင်တွေက ဂူတလုံး၊ ဂူကလေး၊ သစ်ဆိမ့်၊ ဂူနီ စတဲ့ချောင်တွေပါ။သီလရှင်နေတဲ့ အဆောက် အအုံတွေကို ဇရပ်လို့ ခေါ်လေ့ရှိပါတယ်။

ပါတော်မူခါစက သီလရှင်ဝတ်တဲ့ အမျိုးသမီးတွေအတွက် မိဘဆီက ခွင့်ပြုချက်ရဖို့ ခက်လို့ အိမ်က ထွက်ပြေးပြီး ဝတ်ရတဲ့အကြောင်းကို သီလရှင် ဆရာကြီးတွေရဲ့ ဘဝမှတ်တမ်းတွေမှာ ဖော်ပြထား ပါတယ်။

သားယောက်ျားတွေ သာသနာ့ဘောင် ဝင်တာကို အားပေးတတ်ပေမယ့် သီလရှင်ရာသက်ပန်ဝတ်တာကို မကြည်ဖြူတဲ့အကြောင်း ဝတ္ထုတွေကိုလည်း ဂျာနယ်ကျော်မမလေး၊ မိုးမိုး အင်းလျား စတဲ့ မြန်မာ စာရေးဆရာမတွေက လွတ်လပ်ရေးရပြီးနောက် ရေးသားခဲ့ကြပါတယ်။

ဒီလို သီလရှင်အဖြစ်နဲ့ ရဟန်းတော်တွေကို စာပေ ပို့ချခဲ့တဲ့ ဆရာကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

သာသနာ့မိခင်ကြီး

ဒီထဲမှာ တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက သာသနာ့မိခင်ကြီး လို့ သတ်မှတ်ခေါ်ဆိုခဲ့တဲ့ အိမ်ကြီး ချောင်ဆရာကြီး ဒေါ်ဓမ္မစာရီဟာ ထင်ရှားပါတယ်။ သစ္စဝါဒီဋီကာ ကျမ်းပြု ဒေါ်ဓမ္မစာရီဟာ ဆရာတော် လောင်းလျာကို ငယ်စဉ်ကတည်းက ပြုစု စောင့်ရှောက် လာပြီး သွန်သင်ဆုံးမ လာခဲ့တာပါ။

ဒါကြောင့် နာမည်ကြီး ဆရာတော်တွေသာ ဟောပြော ခွင့်ရတဲ့ မလွန်ဆန်လှူအသင်းတရားပွဲမျိုးမှာ ဓမ္မကထိက အဖြစ် ဒေါ်ဓမ္မစာရီ ဟောခွင့်ရခဲ့ပါတယ်။ အဲဒီခေတ်က ဆရာတော်ကြီးတွေ အချင်းချင်းတောင် မယ်ဓမ္မစာရီဆီ စာဝါလိုက်ဖူးပြီလားလို့ မေးတတ်ကြကြောင်း သိရပါတယ်။

ရန်ကုန် ဒေါ်ဉာဏစာရီ စာသင် တိုက်က ဆရာကြီး ဒေါ်ဉာဏစာရီလည်း အမျိုးသမီး ငယ်လေးတွေကို တရားပြ ဆုံးမရာမှာ ထင်ရှားခဲ့ ပါတယ်။

ဒါကြောင့် အရင်က အိမ်က မကြည်ဖြူဘဲ သီလရှင် ဝတ်တဲ့ခေတ်ကနေ သားရှင်ပြုအလှူတွေမှာ သမီး သီလရှင်ဝတ်တာတွေလည်း ၂ဝ ရာစု နောက်ပိုင်းမှာ တွေ့လာရပါတယ်။ ဒါပေမဲ့ သီလရှင်တွေကို လှူဒါန်း ရာမှာတော့ ရဟန်းတော်များနဲ့မတူဘဲ လျှော့ပေါ့ လှူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဆွမ်း ကွမ်းရှားပါးတဲ့ အညာက သီလရှင်တွေကို ဒို့ဆီလိုက်ခဲ့ ဆိုပြီး မြိတ်က သီလရှင် ဆရာကြီးတပါးက ခေါ်ကြောင်း လူထုဒေါ်အမာက ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မိဘမဲ့မိန်းကလေးတွေကို ကြည့်ရှု စောင့်ရှောက်ရတဲ့ အလုပ်ကိုလည်း ဆရာကြီးတွေ တာဝန်ယူလာရပါတယ်။ မန္တလေး အေးရိပ်မွန် စာသင်တိုက်က မိဘမဲ့မိန်းကလေးတွေ အကြောင်း ရိုက်ကူးထားတဲ့ ကြည်ပြာ ဇာတ်ကားဟာ ထင်ရှားပါတယ်။

စစ်ဘေးစစ်ရှောင်နဲ့ အကြောင်း အမျိုးမျိုး ကြောင့် မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေအတွက် အစိုးရက အပြည့်အဝတာဝန် မယူနိုင်တဲ့အတွက် သာသနာဘက်က တာဝန်ယူတဲ့ ကျောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။

အစဉ်အလာအရ မြန်မာသီလရှင်တွေကို လောကီ ကိစ္စတွေနဲ့ မပတ်သက်ဘဲ အေးဆေးတည်ငြိမ်တယ် လို့ ပြည်ပ ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သီလရှင်တွေ ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။

၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ သံဃာတော်တွေနဲ့အတူ သီလရှင်တွေလည်း ပါဝင်ဆန္ဒ ပြလို့ ထိန်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။ နောက် မဘသ လှုပ်ရှားမှုမှာလည်း မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းဖို့ တောင်းဆိုတဲ့အထဲမှာ သီလရှင်တွေ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးမှာစောင့်ကြို နှုတ်ဆက်တဲ့ သီလရှင်တွေရှိသလို သူ အကျဉ်းက လွတ်ပြီးနောက် ဆွမ်းလောင်းပွဲမှာလည်း သီလရှင်တွေ ကြွရောက် အလှူခံခဲ့ကြပါတယ်။

လွတ်လပ်ရေး မရခင်က အရှင်အာဒိစ္စဝံသကို ဘိက္ခုနီ သာသနာပြန်ထူထောင်ဖို့ ကြိုးစားသူအဖြစ် လူသိများ ခဲ့ပေမယ့် စစ်ပြီးခေတ်မှာ ဇေတဝန် ဆရာတော်က ဘိက္ခုနီ ပြန်ပေါ်သင့်ကြောင်း ကျမ်းပြုခဲ့တာကို လူသိ နည်းပါတယ်။ ၁၉၇ဝ ကျော်မှာတော့ တရားပြ မြန်မာ အမျိုးသမီးတယောက်က ဘိက္ခုနီပြုခွင့် တောင်းတဲ့စာကို အစိုးရနဲ့ဆရာတော် အပါး ၂ဝ ဆီကို ပို့ခဲ့တယ်လို့ ဂျာမန်ပညာရှင် ဒေါက်တာ လိုတာမိုဆာက ရေး ပါတယ်။

ခုချိန်မှာ ရဟန်းမ ပြုတဲ့ မြန်မာအမျိုးသမီးတွေ ပြည်ပမှာ အနည်းအပါးရှိနေပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ခွင့်မပြုသေးပါဘူး။ ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ သာသနာ ပုံရိပ်အဖြစ် သီလရှင်တွေကို ရဟန်းတော်တွေ၊ စေတီ ပုထိုးနဲ့ ကျောင်းကန် ဇရပ်တွေနဲ့ဆက်ပြီး တွဲသိနေကြမှာ ဖြစ်ပါတယ်။
#credit

Zawgyi

ျမန္မာနိဳင္ငံမွာ သီလရွင္ ဘယ္တုန္းက စခဲ့သလဲ

ျမန္မာႏိုင္ငံမွာ သီလရွင္လို႔ ေခၚတဲ့ အမ်ိဳးသမီးသာသနာ့ ဝန္ထမ္းေတြကို ပန္းေရာင္ကိုယ္႐ုံေတြနဲ႔ တြဲၿပီး လူသိ မ်ားပါတယ္။ သီလရွင္ေတြဟာ သံဃာဦးေရရဲ႕ ၁ဝပုံ တပုံ ခန႔္ရွိၿပီး ေျခာက္ေသာင္းခန႔္ရွိတယ္လို႔လည္း စာရင္းေတြ အရ သိရပါတယ္။

၁၉၆၁ က သီလရွင္ တစ္ေသာင္း မျပည့္ခဲ့ရာက အႏွစ္ ၅ဝ ေက်ာ္မွာ ေသာင္းခ်ီ တိုးတက္လာတာ ျဖစ္ပါတယ္။ ဒီသီလရွင္ေတြ သာသနာသမိုင္း တေလွ်ာက္လုံး ျမန္မာျပည္မွာ ေပၚထြန္းခဲ့သလား… ဆိုတာကေတာ့ ေသခ်ာ မသိရပါဘူး။

ဆရာေတာ္ ရေဝထြန္းရဲ႕ ဘိကၡဳသာသနာႏွင့္ သီလရွင္သမိုင္း စာအုပ္အရ မင္းတုန္းမင္းေခတ္မွာ နန္းတြင္းက သမီးေတာ္ေတြကို စာခ်ေပးတဲ့ သီလရွင္ ဆရာႀကီး မယ္ကင္းနဲ႔ မယ္နတ္ေပးတို႔ အထင္အရွား ရွိေနၿပီ ျဖစ္ပါတယ္။ မယ္ကင္းဟာ ဝိနည္းမွာထင္ရွားတဲ့ ရွမ္းကေလးကြၽန္း ဆရာေတာ္ ရဲ႕ ႏွမျဖစ္ၿပီး ဗန္းေမာ္ ဆရာေတာ္ႀကီးနဲ႔ စာခ်ိဳးဘက္ ဆိုၿပီး စာေပမွာ လူသိမ်ားပါတယ္။

ထြဋ္ေခါင္မွာ သီလေခ်ာ

မယ္ကင္းကို ထြဋ္ေခါင္ဆရာေတာ္က သီလရွင္ေတြကို သီလရွင္ျပဳေပးၿပီး သီလရွင္အစ ထြဋ္ေခါင္ကလို႔ ဆို႐ိုး ရွိခဲ့ေပမယ့္ အဲဒီမတိုင္ခင္ ကတည္းက သီလရွင္အေၾကာင္း အေထာက္အထားေတြ ေတြ႕ရတယ္လို႔လည္း သမိုင္းသုေတသီ ဆရာေတာ္ေ႐ႊကိုင္းသားက ေရးသားပါတယ္။

သီတင္းသုံး ေယာက္်ားမိန္းမေတြကို အင္းဝ ဘုရင္ေတြက လႉေလ့ရွိတယ္လို႔လည္း ေလာကဗ်ဴဟာအင္႐ုံ စာတမ္းမွာ ေဖာ္ျပပါတယ္။ ဒီစာတမ္းဟာ အင္းဝ နန္းတြင္းေဆာင္တာေတြကို ကုန္းေဘာင္မင္းေတြကို ရွင္းျပတဲ့ က်မ္းပါ။

၁၇၈၆ ခုေရး… ေမာင္းေထာင္ သာသနာပိုင္ဆရာေတာ္ရဲ႕ အေမးေတာ္ပုံအေျဖက်မ္းမွာေတာ့ ေတာင္ေလးလုံး ဆရာေတာ္ရဲ႕ႏွမနဲ႔ သီတင္းသုံး တစုဟာ အဝတ္နီ သစ္ေခါက္ကို ဆိုးၿပီး ဝတ္တယ္လို႔ ဆိုပါတယ္… ကေမာၻဒီးယားနဲ႔ ထိုင္းမွာလိုပဲ ကိုယ္႐ုံျဖဴနဲ႔ သီလရွင္ ေတြလည္း ျမန္မာျပည္မွာ ရွိခဲ့ပါတယ္။

သီလရွင္ကို သီတင္းသုံး၊ သီတင္းသည္ စသျဖင့္ အမ်ိဳး မ်ိဳး ေခၚခဲ့ၿပီး ၿမိတ္ ထားဝယ္ဘက္မွာေတာ့ မိရွင္လို႔ ေခၚေၾကာင္း အညာသူမ်ားပင္လယ္သြား စာအုပ္မွာ လူထု ေဒၚအမာက ေရးသားပါတယ္။ ရခိုင္မွာေတာ့ သူေတာ္မ ေခၚတယ္ဆိုပါတယ္။

သီတင္းသည္ ေယာက္်ားေတြကို ဖိုးသူေတာ္နဲ႔ အမ်ိဳးသမီးေတြကို ဖြားသီလရွင္ေခၚတဲ့ အေလ့လည္းရွိပါတယ္။ အဲဒီေခတ္က သီလရွင္ေတြ ဟာ ဘုန္းႀကီးေတြလိုပဲ ဆြမ္းခံတတ္ၾကၿပီး ကိုရင္ေတြ ေနာက္ကေန ဆြမ္းအုပ္နဲ႔ ဆြမ္းခံတာလို႔လည္း သိရ ပါတယ္။

နန္းတြင္းက သီလရွင္မ်ား

မယ္ကင္းတပည့္ေတြထဲက မင္းတုန္းမင္းရဲ႕ သမီးေတာ္ေတြထဲက ပင္တိုင္စံ စလင္းစုဘုရားဟာ သီေပါမင္း နန္းတက္ၿပီးေနာက္ သီလရွင္ဘဝ ကူးေျပာင္းသြားပါတယ္။ ေနာက္ သီေပါမင္းရဲ႕ မိဖုရား ေခါင္ႀကီးတပါး ျဖစ္တဲ့ စုဘုရားႀကီးဟာလည္း အိႏၵိယက ျပန္လာၿပီးေနာက္ မင္းကြန္းမွာ သီလရွင္ဝတ္နဲ႔ အ႐ိုးထုတ္သြားပါတယ္။

သီေပါမင္းမယ္ေတာ္ ေလာင္းရွည္မိဘုရားက သီလရွင္ ဝတ္ခြင့္ေတာင္းေပမယ့္ မင္းတုန္းမင္းက ခြင့္မေပးဘူး လို႔လည္း ဆိုပါတယ္။ မင္းတုန္းမင္း နတ္႐ြာစံၿပီးေနာက္ က်န္ရစ္တဲ့ စိန္တုံးမိဖုရားကိုေတာ့ အသက္ေဘးက လြတ္ေအာင္ သဂၤဇာဆရာေတာ္က ေမာ္လၿမိဳင္ ေခၚ သြားခဲ့ပါတယ္။ အဲဒီမွာ ေက်ာင္းႀကီးေဆာက္လႉၿပီး သီလရွင္ဘဝနဲ႔ ေနသြားခဲ့တာပါ။

ေနာက္ မင္းတုန္းမင္း သမီးေတာ္တပါးျဖစ္တဲ့ ေျမာင္လွ မင္းသမီးလည္း မင္းကြန္းမွာ သီလရွင္ဘဝနဲ႔ ကြယ္လြန္ သြားၿပီး မင္းသမီးေခ်ာင္လို႔ အခုတိုင္ က်န္ရစ္ပါတယ္။ စစ္ကိုင္း မင္းကြန္းေတာင္႐ိုးေတြမွာ အေစာဆုံးေပၚတဲ့ သီလရွင္ေခ်ာင္ေတြက ဂူတလုံး၊ ဂူကေလး၊ သစ္ဆိမ့္၊ ဂူနီ စတဲ့ေခ်ာင္ေတြပါ။သီလရွင္ေနတဲ့ အေဆာက္ အအုံေတြကို ဇရပ္လို႔ ေခၚေလ့ရွိပါတယ္။

ပါေတာ္မူခါစက သီလရွင္ဝတ္တဲ့ အမ်ိဳးသမီးေတြအတြက္ မိဘဆီက ခြင့္ျပဳခ်က္ရဖို႔ ခက္လို႔ အိမ္က ထြက္ေျပးၿပီး ဝတ္ရတဲ့အေၾကာင္းကို သီလရွင္ ဆရာႀကီးေတြရဲ႕ ဘဝမွတ္တမ္းေတြမွာ ေဖာ္ျပထား ပါတယ္။

သားေယာက္်ားေတြ သာသနာ့ေဘာင္ ဝင္တာကို အားေပးတတ္ေပမယ့္ သီလရွင္ရာသက္ပန္ဝတ္တာကို မၾကည္ျဖဴတဲ့အေၾကာင္း ဝတၳဳေတြကိုလည္း ဂ်ာနယ္ေက်ာ္မမေလး၊ မိုးမိုး အင္းလ်ား စတဲ့ ျမန္မာ စာေရးဆရာမေတြက လြတ္လပ္ေရးရၿပီးေနာက္ ေရးသားခဲ့ၾကပါတယ္။

ဒီလို သီလရွင္အျဖစ္နဲ႔ ရဟန္းေတာ္ေတြကို စာေပ ပို႔ခ်ခဲ့တဲ့ ဆရာႀကီးေတြလည္း ေပၚထြက္ခဲ့ပါတယ္။

သာသနာ့မိခင္ႀကီး

ဒီထဲမွာ တိပိဋကဓရ မင္းကြန္းဆရာေတာ္ႀကီးက သာသနာ့မိခင္ႀကီး လို႔ သတ္မွတ္ေခၚဆိုခဲ့တဲ့ အိမ္ႀကီး ေခ်ာင္ဆရာႀကီး ေဒၚဓမၼစာရီဟာ ထင္ရွားပါတယ္။ သစၥဝါဒီဋီကာ က်မ္းျပဳ ေဒၚဓမၼစာရီဟာ ဆရာေတာ္ ေလာင္းလ်ာကို ငယ္စဥ္ကတည္းက ျပဳစု ေစာင့္ေရွာက္ လာၿပီး သြန္သင္ဆုံးမ လာခဲ့တာပါ။

ဒါေၾကာင့္ နာမည္ႀကီး ဆရာေတာ္ေတြသာ ေဟာေျပာ ခြင့္ရတဲ့ မလြန္ဆန္လႉအသင္းတရားပြဲမ်ိဳးမွာ ဓမၼကထိက အျဖစ္ ေဒၚဓမၼစာရီ ေဟာခြင့္ရခဲ့ပါတယ္။ အဲဒီေခတ္က ဆရာေတာ္ႀကီးေတြ အခ်င္းခ်င္းေတာင္ မယ္ဓမၼစာရီဆီ စာဝါလိုက္ဖူးၿပီလားလို႔ ေမးတတ္ၾကေၾကာင္း သိရပါတယ္။

ရန္ကုန္ ေဒၚဉာဏစာရီ စာသင္ တိုက္က ဆရာႀကီး ေဒၚဉာဏစာရီလည္း အမ်ိဳးသမီး ငယ္ေလးေတြကို တရားျပ ဆုံးမရာမွာ ထင္ရွားခဲ့ ပါတယ္။

ဒါေၾကာင့္ အရင္က အိမ္က မၾကည္ျဖဴဘဲ သီလရွင္ ဝတ္တဲ့ေခတ္ကေန သားရွင္ျပဳအလႉေတြမွာ သမီး သီလရွင္ဝတ္တာေတြလည္း ၂ဝ ရာစု ေနာက္ပိုင္းမွာ ေတြ႕လာရပါတယ္။ ဒါေပမဲ့ သီလရွင္ေတြကို လႉဒါန္း ရာမွာေတာ့ ရဟန္းေတာ္မ်ားနဲ႔မတူဘဲ ေလွ်ာ့ေပါ့ လႉတာေတြက ရွိေနဆဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဆြမ္း ကြမ္းရွားပါးတဲ့ အညာက သီလရွင္ေတြကို ဒို႔ဆီလိုက္ခဲ့ ဆိုၿပီး ၿမိတ္က သီလရွင္ ဆရာႀကီးတပါးက ေခၚေၾကာင္း လူထုေဒၚအမာက ေရးသားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ မိဘမဲ့မိန္းကေလးေတြကို ၾကည့္ရႈ ေစာင့္ေရွာက္ရတဲ့ အလုပ္ကိုလည္း ဆရာႀကီးေတြ တာဝန္ယူလာရပါတယ္။ မႏၲေလး ေအးရိပ္မြန္ စာသင္တိုက္က မိဘမဲ့မိန္းကေလးေတြ အေၾကာင္း ႐ိုက္ကူးထားတဲ့ ၾကည္ျပာ ဇာတ္ကားဟာ ထင္ရွားပါတယ္။

စစ္ေဘးစစ္ေရွာင္နဲ႔ အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ မိဘမဲ့ျဖစ္ရတဲ့ ကေလးေတြအတြက္ အစိုးရက အျပည့္အဝတာဝန္ မယူႏိုင္တဲ့အတြက္ သာသနာဘက္က တာဝန္ယူတဲ့ ေက်ာင္းေတြ ေပၚလာတာ ျဖစ္ပါတယ္။

အစဥ္အလာအရ ျမန္မာသီလရွင္ေတြကို ေလာကီ ကိစၥေတြနဲ႔ မပတ္သက္ဘဲ ေအးေဆးတည္ၿငိမ္တယ္ လို႔ ျပည္ပ ပညာရွင္ေတြက ယူဆခဲ့ၾကေပမယ့္ ႏိုင္ငံေရး လႈပ္ရွားမႈေတြမွာ သီလရွင္ေတြ ပတ္သက္မႈေတြ ရွိခဲ့ပါတယ္။

၂ဝဝ၇ ေ႐ႊဝါေရာင္လႈပ္ရွားမႈမွာ သံဃာေတာ္ေတြနဲ႔အတူ သီလရွင္ေတြလည္း ပါဝင္ဆႏၵ ျပလို႔ ထိန္းသိမ္းခံရတာေတြ ရွိခဲ့ပါတယ္။ ေနာက္ မဘသ လႈပ္ရွားမႈမွာလည္း မ်ိဳးေစာင့္ဥပေဒေတြ ျပ႒ာန္းဖို႔ ေတာင္းဆိုတဲ့အထဲမွာ သီလရွင္ေတြ ပါဝင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မႏၲေလးခရီးမွာေစာင့္ႀကိဳ ႏႈတ္ဆက္တဲ့ သီလရွင္ေတြရွိသလို သူ အက်ဥ္းက လြတ္ၿပီးေနာက္ ဆြမ္းေလာင္းပြဲမွာလည္း သီလရွင္ေတြ ႂကြေရာက္ အလႉခံခဲ့ၾကပါတယ္။

လြတ္လပ္ေရး မရခင္က အရွင္အာဒိစၥဝံသကို ဘိကၡဳနီ သာသနာျပန္ထူေထာင္ဖို႔ ႀကိဳးစားသူအျဖစ္ လူသိမ်ား ခဲ့ေပမယ့္ စစ္ၿပီးေခတ္မွာ ေဇတဝန္ ဆရာေတာ္က ဘိကၡဳနီ ျပန္ေပၚသင့္ေၾကာင္း က်မ္းျပဳခဲ့တာကို လူသိ နည္းပါတယ္။ ၁၉၇ဝ ေက်ာ္မွာေတာ့ တရားျပ ျမန္မာ အမ်ိဳးသမီးတေယာက္က ဘိကၡဳနီျပဳခြင့္ ေတာင္းတဲ့စာကို အစိုးရနဲ႔ဆရာေတာ္ အပါး ၂ဝ ဆီကို ပို႔ခဲ့တယ္လို႔ ဂ်ာမန္ပညာရွင္ ေဒါက္တာ လိုတာမိုဆာက ေရး ပါတယ္။

ခုခ်ိန္မွာ ရဟန္းမ ျပဳတဲ့ ျမန္မာအမ်ိဳးသမီးေတြ ျပည္ပမွာ အနည္းအပါးရွိေနၿပီ ျဖစ္ေပမယ့္ ျပည္တြင္းမွာေတာ့ ခြင့္မျပဳေသးပါဘူး။ ဒါေပမဲ့လည္း ျမန္မာျပည္ရဲ႕ သာသနာ ပုံရိပ္အျဖစ္ သီလရွင္ေတြကို ရဟန္းေတာ္ေတြ၊ ေစတီ ပုထိုးနဲ႔ ေက်ာင္းကန္ ဇရပ္ေတြနဲ႔ဆက္ၿပီး တြဲသိေနၾကမွာ ျဖစ္ပါတယ္။
#credit

Be the first to comment

Leave a Reply

Your email address will not be published.


*