အစိမ္းစားလၽွင္ အဆိပ္အေတာကျဖစ္ပိး အစာအိမ္ကို ဒုကၡျဖစ္ေစေသာ အစားအစာ (၁၀)မ်ိဳး

အစိမ္းစားလၽွင္ အဆိပ္အေတာကျဖစ္ပိး အစာအိမ္ကို ဒုကၡျဖစ္ေစေသာ အစားအစာ (၁၀)မ်ိဳး

အစာလည္းေဆး ေဆးလည္းအစာဆိုတဲ့ ျမန္မာဆို႐ိုးစကားအတိုင္း မိမိတို႔ေန႔စဥ္စားသုံးေနတဲ့ ဟင္းသီး၊ဟင္း႐ြက္၊ သား၊ ငါး စတာေတြက က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတဲ့ ဗီတာမင္နဲ႔ သတၳဳဓာတ္ေတြ အေျမာက္အမ်ား ပါဝင္လို႔ေနပါတယ္။

သင့္အေနနဲ႔ အစိမ္းစားသုံးျခင္းမွ ေရွာင္ရွားသင့္တဲ့ အစားအစာ (၁၀) မ်ိဳးအေၾကာင္းကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ Potatos (အာလူး)

အာလူးကိုေတာ့ အေတာ္မ်ားမ်ား စားဖူးၾကမွာျဖစ္ၿပီး သူ႔မွာ အာဟာရျဖစ္ေစတဲ့ဓာတ္ေတြ ပါရွိပါတယ္။ ဒါေပမယ့္လို႔ေတာ့ အာလူးကိုအစိမ္းမစားေစခ်င္ပါဘူး။ အေၾကာင္းက သူ႔မွာေစးကပ္ေတာင့္ခဲေစတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ေနၿပီးသင့္ရဲ႕ အစာအိမ္လမ္းေၾကာင္းနဲ႔ အစာေခ်စနစ္ကိုမ်ားစြာ အေႏွာင့္အယွက္ေပးႏိုင္လို႔ပဲျဖစ္ပါတယ္။

အဲ … အာလူးကိုခ်က္ျပဳတ္လိုက္မယ္ဆိုရင္ေတာ့ဒီဓာတ္ကပ်က္ျပယ္သြားၿပီး အစာေခ်ဖို႔ အဆင္ေျပေစႏိုင္ပါသတဲ့။ ေနာက္ၿပီး အာလူးဟာ သူ႔မွာပါဝင္တဲ့ Solaine ဆိုတဲ့ ဓာတ္တစ္မ်ိဳးေၾကာင့္ ပူေႏြးစိုစြတ္ တဲ့ေနရာေတြမွာထားရင္ အစိမ္းေရာင္အကြက္ေတြ ျဖစ္လာတက္ပါေသးတယ္။ ဒီအရာေတြက အစာအဆိပ္သင့္ျခင္းလို ျဖစ္ရပ္ေတြျဖစ္ေစႏိုင္ပါတယ္။

၂။ Yucca (ယူက/ကေလာပီနံဥ)

ေတာင္အေမရိကတိုက္ နဲ႔ ကာရစ္ဘီယံေဒသေတြမွာ (Yucca) လို႔ေခၚက်ၿပီး ျမန္မာႏိုင္ငံမွာေတာ့ ကေလာပီနံ ဥ လို႔ေခၚက်တဲ့ ဒီအပင္ရဲ႕ အျမစ္ေတြက ဗီတာမင္နဲ႔ သတၳဳဓာတ္ေတြႂကြယ္ဝစြာပါဝင္လို႔ေနပါတယ္။

ျမန္မာႏိုင္ငံမွာဆိုရင္ ျပဳတ္၍ေသာ္လည္းေကာင္း မီးဖုတ္၍ေသာ္ လည္းေကာင္း စားေလ့ရွိၾကပါတယ္။ ဒါေပမယ့္ သူ႔မွာပါဝင္တဲ့ Cyanide လို အဆိပ္သင့္ေစတဲ့ ဓာတ္မ်ိဳးေၾကာင့္ အစိမ္းစားမယ္ဆိုရင္ အႏၲရာယ္ရွိပါတယ္။

၃။ Red Kidney Bean (ပဲနီႀကီး/ပဲကတၱီပါ)

ပဲနီႀကီးကိုေတာ့ ျမန္မာႏိုင္ငံမွာ ပဲကတၱီပါျပဳတ္အျဖစ္ လူသိမ်ားၾကပါတယ္။ သူ႔မွာ အသားဓာတ္၊ အမွ်င္ဓာတ္ေတြမ်ားစြာပါဝင္ေနၿပီး အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစတဲ့ Antioxidant လို ဓာတ္ေတြလည္း ပါဝင္ေနပါတယ္။

ဒါေပမယ့္လို႔လည္း အစိမ္းစားမယ္ဆိုရင္ သူ႔မွာပါဝင္တဲ့ Phytohemagglutinin ဆိုတဲ့ဓာတ္ေၾကာင့္ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အေကာင္ဆုံးက မစားခင္အနည္းဆုံး (၁၀) မိနစ္ေလာက္ ပြက္ပြက္ဆူေနတဲ့ ေရေႏြထဲမွာျပဳတ္ၿပီးမွ စားသုံးသင့္ပါတယ္။

၄။ Hot Dogs (ေဟာ့ေဒါ့)

ေပါင္မုန႔္ထဲညႇပ္ၿပီးစားတဲ့ ေဟာ့ေဒါ့ အသားေခ်ာင္းေတြနဲ႔ ကိုရီးယားၾကက္အူေခ်ာင္းလိုမ်ိဳး အသားေခ်ာင္းေတြကလည္း အဟာရျဖစ္ႏိုင္ေပမယ့္ မခ်က္မျပဳတ္ အပူမေပးဘဲ မစားသင့္ပါဘူးတဲ့။

ဘာလိုလဲဆိုေတာ့ သူတို႔မွာ ဘက္တီးရီးယားေတြ ပါဝင္ေနၿပီး မခ်က္မျပဳတ္ဘဲ အစိမ္းစားရင္ေတာ့ အဲ့ဒီဘက္တီးရီးယားေတြက အစာအိမ္ကို ေကာင္းေကာင္းဒုကၡေပးႏိုင္လို႔ပဲျဖစ္ပါတယ္။

၅။ Milk (ႏြားႏို႔)

လူအေတာ္မ်ားမ်ားက ႏြားႏို႔ကို အစိမ္းေသာက္သုံးၾကေပမယ့္လည္း က်ိဳခ်က္ၿပီးေသာက္သုံးတာကေတာ့ က်န္းမာေရးအတြက္ ပိုသင့္ေတာ္ပါတယ္။

မက်ိဳခ်က္ရေသးတဲ့ ႏြားႏို႔စိမ္းမွာ E.coli နဲ႔ Salmonella ဆိုတဲ့ ဘက္တီးရီးယား ေရာဂါပိုးေတြ ပါဝင္ေနတာေၾကာင့္ ဝမ္းပ်က္ျခင္း၊ ေအာ့အန္ျခင္း၊ တုပ္ေကြးမိျခင္း၊ ဗိုက္ေအာင့္ျခင္းတို႔လို ေဝဒနာေတြကို ခံစားရေစႏိုင္ပါတယ္။

၆။ Sprout (ပဲပင္ေပါက္)

ႏြားႏို႔စိမ္းမွာပါဝင္တဲ့ ဘက္တီးရီးယားေတြဟာ ပဲပင္ေပါက္မွာလည္း ပါဝင္ေနတက္တယ္လို႔သိရၿပီး လတ္ဆက္တဲ့ ပဲပင္ေပါက္ကို ဝယ္စားမယ္ဆိုရင္ေတာင္ ေသခ်ာေရေဆးၿပီး ခ်က္ျပဳတ္စားသင့္ပါတယ္။

၇။ Natapoa Nut (ဗာဒံေစ့)

ဗာဒံေစ့မွာေတာ့ က်န္းမာေရးအတြက္ေကာင္းက်ိဳးအနည္းငယ္ ရွိေပမယ့္ အစိမ္းေတာ့ အလြန္အကြၽံ မစားသုံးသင့္ပါဘူး။ သူ႔မွာ ေရကိုအဆိပ္ျဖစ္ေစတက္တဲ့ ဓာတ္တစ္မ်ိဳးျဖစ္တဲ့ Hydrocyanic Acid ဓာတ္ပါဝင္ေနၿပီး လူ႔ခႏၶာကိုယ္ကိုလည္း အဆိပ္အေတာက္ေတြျဖစ္ေစႏိုင္ပါတယ္။ စစ္တမ္းတစ္ခုရဲ႕ေဖာ္ျပခ်က္မွာေတာ့ ဗာဒံေစ့ကို အစိမ္းလိုက္ အေစ့ (၇၀) ေလာက္စားမယ္ဆိုရင္ လူကိုေသေစႏိုင္တယ္လို႔ သိရပါတယ္။

၈။ Flour (ဂ်ဳံမႈန႔္)

အစားအစာ တစ္ခ်ိဳ႕ျပဳလုပ္ရာမွာ ကုန္ၾကမ္းအျဖစ္အသုံးျပဳၾကတဲ့ ဂ်ဳံမႈန႔္ကလည္း E.coli ဘက္တီးရီးယားေတြ ပါဝင္ေနတက္လို႔ အစိမ္းမစားသင့္တဲ့ အရာအျဖစ္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဌာန (FDA) သတ္မွတ္ထားပါတယ္။

မခ်က္ျပဳတ္ဘဲစားမယ္ဆိုရင္ ဒီဘက္တီးရီးယားေတြက မေသဘဲခႏၶာကိုယ္ထဲ ေရာက္သြားမွာျဖစ္လို႔ ဖ်ားနာျခင္းနဲ႔ အစာအိမ္လမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါလိမ့္မယ္။

၉။ Egg Plant (ခရမ္းသီး)

ခရမ္းသီးမွာလည္း အာလူးလိုပဲ Solanine ဓာတ္ပါဝင္ေနလို႔ အစိမ္းမစားသင့္ပါဘူး။ အစိမ္းစားရင္ေတာ့ အာလူးစားရင္ျဖစ္သလို အစာအိမ္နဲ႔ဆိုင္တဲ့ ေဝဒနာေတြ ခံစားရမွာျဖစ္တဲ့ အျပင္ တစ္ခ်ိဳ႕ ေတြအတြက္ေတာ့ ဓာတ္မတည့္တဲ့ေရာဂါ (Allergic) ေတြေတာင္ ျဖစ္ေစတက္ပါသတဲ့။

၁၀။ Wild Mushrooms (မႈိ႐ိုင္း)

မႈိအမ်ားစုက ဗီတာမင္ဘီ (Vitamin-B)၊ ပိုတက္ဆီယမ္ (Potassium)၊ အန္တီေအာက္ဆီးးဒင့္ (Antioxident) တို႔လို လူ႔ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ဓာတ္ေတြ ပါရွိတတ္ပါတယ္။

ဒါေပမယ့္ သဘာဝအတိုင္းအေလ့က်ေပါက္တက္တဲ့ တစ္ခ်ိဳ႕ မႈိေတြကိုေတာ့ ေသခ်ာမစူးစမ္းဘဲနဲ႔ စားသုံးတာမ်ိဳး ေရွာင္က်ဥ္သင့္ပါတယ္။ စားမယ္ဆိုရင္လည္း ေရေႏြးဆူဆူထဲမွာ အခ်ိန္အတန္ၾကာထားၿပီးမွသာ စားေစခ်င္ပါတယ္။

မဟုတ္ရင္ေတာ့ အစာအဆိပ္သင့္တာမ်ိဳး၊ အစာေခ်ဖို႔ခက္ခဲတာမ်ိဳးေတြျဖစ္တက္ပါတယ္။
Credit

Unicode

အစိမ်းစားလျှင် အဆိပ်အတောကဖြစ်ပိး အစာအိမ်ကို ဒုက္ခဖြစ်စေသော အစားအစာ (၁၀)မျိုး

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း မိမိတို့နေ့စဉ်စားသုံးနေတဲ့ ဟင်းသီး၊ဟင်းရွက်၊ သား၊ ငါး စတာတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အမြောက်အများ ပါဝင်လို့နေပါတယ်။

သင့်အနေနဲ့ အစိမ်းစားသုံးခြင်းမှ ရှောင်ရှားသင့်တဲ့ အစားအစာ (၁၀) မျိုးအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Potatos (အာလူး)

အာလူးကိုတော့ အတော်များများ စားဖူးကြမှာဖြစ်ပြီး သူ့မှာ အာဟာရဖြစ်စေတဲ့ဓာတ်တွေ ပါရှိပါတယ်။ ဒါပေမယ့်လို့တော့ အာလူးကိုအစိမ်းမစားစေချင်ပါဘူး။ အကြောင်းက သူ့မှာစေးကပ်တောင့်ခဲစေတဲ့ ဓာတ်တစ်မျိုးပါဝင်နေပြီးသင့်ရဲ့ အစာအိမ်လမ်းကြောင်းနဲ့ အစာချေစနစ်ကိုများစွာ အနှောင့်အယှက်ပေးနိုင်လို့ပဲဖြစ်ပါတယ်။

အဲ … အာလူးကိုချက်ပြုတ်လိုက်မယ်ဆိုရင်တော့ဒီဓာတ်ကပျက်ပြယ်သွားပြီး အစာချေဖို့ အဆင်ပြေစေနိုင်ပါသတဲ့။ နောက်ပြီး အာလူးဟာ သူ့မှာပါဝင်တဲ့ Solaine ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့် ပူနွေးစိုစွတ် တဲ့နေရာတွေမှာထားရင် အစိမ်းရောင်အကွက်တွေ ဖြစ်လာတက်ပါသေးတယ်။ ဒီအရာတွေက အစာအဆိပ်သင့်ခြင်းလို ဖြစ်ရပ်တွေဖြစ်စေနိုင်ပါတယ်။

၂။ Yucca (ယူက/ကလောပီနံဥ)

တောင်အမေရိကတိုက် နဲ့ ကာရစ်ဘီယံဒေသတွေမှာ (Yucca) လို့ခေါ်ကျပြီး မြန်မာနိုင်ငံမှာတော့ ကလောပီနံ ဥ လို့ခေါ်ကျတဲ့ ဒီအပင်ရဲ့ အမြစ်တွေက ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကြွယ်ဝစွာပါဝင်လို့နေပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ပြုတ်၍သော်လည်းကောင်း မီးဖုတ်၍သော် လည်းကောင်း စားလေ့ရှိကြပါတယ်။ ဒါပေမယ့် သူ့မှာပါဝင်တဲ့ Cyanide လို အဆိပ်သင့်စေတဲ့ ဓာတ်မျိုးကြောင့် အစိမ်းစားမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။

၃။ Red Kidney Bean (ပဲနီကြီး/ပဲကတ္တီပါ)

ပဲနီကြီးကိုတော့ မြန်မာနိုင်ငံမှာ ပဲကတ္တီပါပြုတ်အဖြစ် လူသိများကြပါတယ်။ သူ့မှာ အသားဓာတ်၊ အမျှင်ဓာတ်တွေများစွာပါဝင်နေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ Antioxidant လို ဓာတ်တွေလည်း ပါဝင်နေပါတယ်။

ဒါပေမယ့်လို့လည်း အစိမ်းစားမယ်ဆိုရင် သူ့မှာပါဝင်တဲ့ Phytohemagglutinin ဆိုတဲ့ဓာတ်ကြောင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကောင်ဆုံးက မစားခင်အနည်းဆုံး (၁၀) မိနစ်လောက် ပွက်ပွက်ဆူနေတဲ့ ရေနွေထဲမှာပြုတ်ပြီးမှ စားသုံးသင့်ပါတယ်။

၄။ Hot Dogs (ဟော့ဒေါ့)

ပေါင်မုန့်ထဲညှပ်ပြီးစားတဲ့ ဟော့ဒေါ့ အသားချောင်းတွေနဲ့ ကိုရီးယားကြက်အူချောင်းလိုမျိုး အသားချောင်းတွေကလည်း အဟာရဖြစ်နိုင်ပေမယ့် မချက်မပြုတ် အပူမပေးဘဲ မစားသင့်ပါဘူးတဲ့။

ဘာလိုလဲဆိုတော့ သူတို့မှာ ဘက်တီးရီးယားတွေ ပါဝင်နေပြီး မချက်မပြုတ်ဘဲ အစိမ်းစားရင်တော့ အဲ့ဒီဘက်တီးရီးယားတွေက အစာအိမ်ကို ကောင်းကောင်းဒုက္ခပေးနိုင်လို့ပဲဖြစ်ပါတယ်။

၅။ Milk (နွားနို့)

လူအတော်များများက နွားနို့ကို အစိမ်းသောက်သုံးကြပေမယ့်လည်း ကျိုချက်ပြီးသောက်သုံးတာကတော့ ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။

မကျိုချက်ရသေးတဲ့ နွားနို့စိမ်းမှာ E.coli နဲ့ Salmonella ဆိုတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေ ပါဝင်နေတာကြောင့် ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ တုပ်ကွေးမိခြင်း၊ ဗိုက်အောင့်ခြင်းတို့လို ဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။

၆။ Sprout (ပဲပင်ပေါက်)

နွားနို့စိမ်းမှာပါဝင်တဲ့ ဘက်တီးရီးယားတွေဟာ ပဲပင်ပေါက်မှာလည်း ပါဝင်နေတက်တယ်လို့သိရပြီး လတ်ဆက်တဲ့ ပဲပင်ပေါက်ကို ဝယ်စားမယ်ဆိုရင်တောင် သေချာရေဆေးပြီး ချက်ပြုတ်စားသင့်ပါတယ်။

၇။ Natapoa Nut (ဗာဒံစေ့)

ဗာဒံစေ့မှာတော့ ကျန်းမာရေးအတွက်ကောင်းကျိုးအနည်းငယ် ရှိပေမယ့် အစိမ်းတော့ အလွန်အကျွံ မစားသုံးသင့်ပါဘူး။ သူ့မှာ ရေကိုအဆိပ်ဖြစ်စေတက်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Hydrocyanic Acid ဓာတ်ပါဝင်နေပြီး လူ့ခန္ဓာကိုယ်ကိုလည်း အဆိပ်အတောက်တွေဖြစ်စေနိုင်ပါတယ်။ စစ်တမ်းတစ်ခုရဲ့ဖော်ပြချက်မှာတော့ ဗာဒံစေ့ကို အစိမ်းလိုက် အစေ့ (၇၀) လောက်စားမယ်ဆိုရင် လူကိုသေစေနိုင်တယ်လို့ သိရပါတယ်။

၈။ Flour (ဂျုံမှုန့်)

အစားအစာ တစ်ချို့ပြုလုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုကြတဲ့ ဂျုံမှုန့်ကလည်း E.coli ဘက်တီးရီးယားတွေ ပါဝင်နေတက်လို့ အစိမ်းမစားသင့်တဲ့ အရာအဖြစ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) သတ်မှတ်ထားပါတယ်။

မချက်ပြုတ်ဘဲစားမယ်ဆိုရင် ဒီဘက်တီးရီးယားတွေက မသေဘဲခန္ဓာကိုယ်ထဲ ရောက်သွားမှာဖြစ်လို့ ဖျားနာခြင်းနဲ့ အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။

၉။ Egg Plant (ခရမ်းသီး)

ခရမ်းသီးမှာလည်း အာလူးလိုပဲ Solanine ဓာတ်ပါဝင်နေလို့ အစိမ်းမစားသင့်ပါဘူး။ အစိမ်းစားရင်တော့ အာလူးစားရင်ဖြစ်သလို အစာအိမ်နဲ့ဆိုင်တဲ့ ဝေဒနာတွေ ခံစားရမှာဖြစ်တဲ့ အပြင် တစ်ချို့ တွေအတွက်တော့ ဓာတ်မတည့်တဲ့ရောဂါ (Allergic) တွေတောင် ဖြစ်စေတက်ပါသတဲ့။

၁၀။ Wild Mushrooms (မှိုရိုင်း)

မှိုအများစုက ဗီတာမင်ဘီ (Vitamin-B)၊ ပိုတက်ဆီယမ် (Potassium)၊ အန်တီအောက်ဆီးးဒင့် (Antioxident) တို့လို လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ဓာတ်တွေ ပါရှိတတ်ပါတယ်။

ဒါပေမယ့် သဘာဝအတိုင်းအလေ့ကျပေါက်တက်တဲ့ တစ်ချို့ မှိုတွေကိုတော့ သေချာမစူးစမ်းဘဲနဲ့ စားသုံးတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ စားမယ်ဆိုရင်လည်း ရေနွေးဆူဆူထဲမှာ အချိန်အတန်ကြာထားပြီးမှသာ စားစေချင်ပါတယ်။

မဟုတ်ရင်တော့ အစာအဆိပ်သင့်တာမျိုး၊ အစာချေဖို့ခက်ခဲတာမျိုးတွေဖြစ်တက်ပါတယ်။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*