တန္ဖိုးနည္းေပမယ့္ အက်ိဳးမ်ားတဲ့ ” ဆီးျဖဴသီး “

တန္ဖိုးနည္းေပမယ့္ အက်ိဳးမ်ားတဲ့ ” ဆီးျဖဴသီး “

ဆီးျဖဴသီးဆိုတာ ျမန္မာေတြအတြက္ ဟင္းအရန္အျဖစ္ စားႏိုင္တဲ့ အသီးတစ္မ်ိဳးပါ ။ ဆီးျဖဴသီးကို ေထာင္းစားရင္ေတာ့ ထမင္းၿမိန္ေစမယ့္ ဟင္းတစ္ခြက္ပါပဲ ။ ဆီးျဖဴသီးကို သုပ္စားၾကပါတယ္ ။

ဆီးျဖဴသီးသနပ္အျဖစ္ လုပ္စားၾကပါတယ္ ။ အသားနဲ႔ေရာၿပီး ခ်က္စားၾကသလို ငပိခ်က္အျဖစ္လည္း ခ်က္စားၾကပါတယ္ ။ ဆီးျဖဴရဲ႕ အရသာဟာ ဖန္၊ ခါး အရသာ ရွိပါတယ္ ။

ဆီးျဖဴသီးဟာ ဗိုက္တာမင္ C အလြန္ႂကြယ္ဝတဲ့ သဘာဝအသီးအႏွံ ျဖစ္ပါတယ္ ။ အသဲနဲ႔ဆိုင္ေသာ ေရာဂါေဝဒနာသည္တို႔ အဓိက အားထားရာ သဘာဝ ေဆးစြမ္းထက္တဲ့ အသီးျဖစ္ပါတယ္ ။

ဆီးျဖဴသီးဟာ ေသြးသားသန႔္စင္မႈက ေသြးအတြင္း အဆိပ္အေတာက္ေတြ နဲ႔ ဗိုင္းရပ္ပိုး၊ ဗက္တီးရီးယားနဲ႔ အဏုဇီဝပိုးမႊားေတြကိုလည္း ဖယ္ရွားေပးပါတယ္ ။

ဆီးျဖဴသီးသည္ အသက္ကို ရွည္ေစ၏ ။ ေခ်ာင္းဆိုး၊ ပန္းနား၊ ေလနာတို႔ကို ေပ်ာက္ကင္းေစ၏ ။ ေသြးဝမ္းသြားလွ်င္ ဆီးျဖဴသီး အစိမ္းကို ေထာင္း၍ အရည္ ညႇစ္ယူၿပီး သံပရာရည္ႏွင့္ ေသာက္လွ်င္ ခ်က္ခ်င္း သက္သာ ေပ်ာက္ကင္း၏ ။

ဆီးျဖဴသီး အေျခာက္ (သို႔) အစိုကို ေသြး၍ သံပရာရည္ အနည္းငယ္ ထည့္ၿပီး အေရျပားေပၚတြင္ ျဖစ္တက္ေသာ ယားနာ၊ ေပြး၊ ညႇင္း၊ တင္းတိပ္မ်ားကို လိမ္းေပးႏိုင္၏ ။ ကိုယ္ခႏၶာ၏ ခုခံအားကို ျမင့္တက္ေစ၏ ။

ဆီးျဖဴသီး အေျခာက္မႈန႔္ကို ထန္းလ်က္၊ ပ်ားရည္၊ သကာရည္တို႔ႏွင့္ နယ္စားပါက ဆီးပုပ္ေရာဂါ ေပ်ာက္၏ ။ ဆီးျဖဴသီး အေျခာက္ကို ငရွဥ့္သားႏွင့္ ခ်က္စားပါက ဒူလာ ေသြးဝမ္းက် ေရာဂါ ေပ်ာက္၏ ။

ဆီးျဖဴသီးကို အညက္ႀကိတ္၍ ထိပ္အုံေပးပါက ႏွာေခါင္း ေသြးလွ်ံျခင္း ေပ်ာက္၏ ။ အ႐ြက္ကို ေရႏွင့္ သုံးခြက္ တစ္ခြက္တင္ က်ိဳ၍ ရရွိေသာ အရည္ကို ပလုတ္က်င္း ေပးခဲ့ေသာ္ လွ်ာကြဲျခင္း၊ ပါးစပ္ကြဲျခင္း၊ ေပါက္ျခင္းႏွင့္ ေရစီးကမ္းၿပိဳ ျခင္းမ်ား တခဏခ်င္း ေပ်ာက္ကင္း၏ ။

ဆီးျဖဴသီး ႐ြက္ႏုမ်ားကို ပုံးရည္ျဖင့္ ေကြၽးခဲ့ေသာ္ အစာမေၾကျခင္း၊ ဝမ္းသက္ျခင္းမ်ား ေပ်ာက္ကင္း၏ ။

ဆီးျဖဴ႐ြက္ကို ကြၽမ္းေအာင္ ေလွာ္ၿပီး အုန္းဆီႏွင့္ ေရာ၍ ကေလးမ်ား၌ ျဖစ္တက္ေသာ က်ဗဟုံးနာမ်ားကို လိမ္းေပးက ေပ်ာက္၏ ။ မီးေလာင္၊ ေရေႏြးပူ ေလာင္ေသာ အနာမ်ားတြင္ ဆီးျဖဴ႐ြက္ကို အကြၽမ္းေလွာ္၍ အမႈန႔္ျပဳၿပီး ျဖဴးေပးရ၏ ။
Credit to Mgmandalay

Unicode

တန်ဖိုးနည်းပေမယ့် အကျိုးများတဲ့ ” ဆီးဖြူသီး “

ဆီးဖြူသီးဆိုတာ မြန်မာတွေအတွက် ဟင်းအရန်အဖြစ် စားနိုင်တဲ့ အသီးတစ်မျိုးပါ ။ ဆီးဖြူသီးကို ထောင်းစားရင်တော့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါပဲ ။ ဆီးဖြူသီးကို သုပ်စားကြပါတယ် ။

ဆီးဖြူသီးသနပ်အဖြစ် လုပ်စားကြပါတယ် ။ အသားနဲ့ရောပြီး ချက်စားကြသလို ငပိချက်အဖြစ်လည်း ချက်စားကြပါတယ် ။ ဆီးဖြူရဲ့ အရသာဟာ ဖန်၊ ခါး အရသာ ရှိပါတယ် ။

ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝအသီးအနှံ ဖြစ်ပါတယ် ။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီးဖြစ်ပါတယ် ။

ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေ နဲ့ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ် ။

ဆီးဖြူသီးသည် အသက်ကို ရှည်စေ၏ ။ ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ကို ပျောက်ကင်းစေ၏ ။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်း၏ ။

ဆီးဖြူသီး အခြောက် (သို့) အစိုကို သွေး၍ သံပရာရည် အနည်းငယ် ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်တက်သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးနိုင်၏ ။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက်စေ၏ ။

ဆီးဖြူသီး အခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားပါက ဆီးပုပ်ရောဂါ ပျောက်၏ ။ ဆီးဖြူသီး အခြောက်ကို ငရှဉ့်သားနှင့် ချက်စားပါက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏ ။

ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်အုံပေးပါက နှာခေါင်း သွေးလျှံခြင်း ပျောက်၏ ။ အရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်း ပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြို ခြင်းများ တခဏချင်း ပျောက်ကင်း၏ ။

ဆီးဖြူသီး ရွက်နုများကို ပုံးရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ ဝမ်းသက်ခြင်းများ ပျောက်ကင်း၏ ။

ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တက်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏ ။ မီးလောင်၊ ရေနွေးပူ လောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏ ။
Credit to Mgmandalay

Be the first to comment

Leave a Reply

Your email address will not be published.


*