
Auto Gearကားကို ေမာင္းေနတယ္ဆိုရင္ မျဖစ္မေနသိထားသင့္တဲ့ အခ်က္ (၉) ခ်က္
အရင္ကအသုံးျပဳခဲ့ၾကတဲ့ ကားအမ်ားစုဟာ Manual စနစ္သုံးဂီယာ အေ႐ြ႕အေျပာင္းလုပ္ရတဲ့ ကားေတြျဖစ္ၿပီး နည္းပညာတိုးတက္လာတာနဲ႔အမွ် ေနာက္ဆုံးေပၚ နည္းပညာမ်ားအသုံးျပဳကာ Automatic Transmission လို႔ေခၚတဲ့ Auto Gear ကားေတြျဖစ္လာၾကပါတယ္။
Auto Gear စနစ္ျဖစ္လာတာနဲ႔အညီ ကားေမာင္းသူေတြအေနနဲ႔ ဂီယာအေ႐ႊ႕အေျပာင္းအတြက္ အလုပ္ရႈပ္သက္သာေစပါတယ္။ သို႔ေသာ္…
ကားေမာင္းသူေတြ သတိမျပဳမိဘဲ ေအာ္တိုဂီယာစနစ္ေတြကို ပ်က္စီးေစတတ္ေသာ အေလ့အထေတြလည္း ရွိပါတယ္။ ဒီလိုအမႈမွတ္မဲ့ကေန တန္ဖိုးႀကီးတဲ့ ေအာ္တိုဂီယာေဘာက္ေတြ အပ်က္အစီး မျဖစ္ရေအာင္ သတိျပဳ ေရွာင္ရွားႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ကားမေမာင္းဘူးဆိုရင္ Position Dမွာ အၾကာႀကီး ထိုးမထားပါနဲ႔
ကားကိုမေမာင္းဘဲ စက္ႏႈိး၊ ဘရိတ္နင္းၿပီး ဂီယာ Position Dမွာ အခ်ိန္အၾကာႀကီးထား ထားတာမ်ိဳး ေရွာင္က်ဥ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဂီယာ Position Dမွာ ထားထားတဲ့အတြက္ ဂီယာေတြ ခ်ိတ္ဆက္မိေနၿပီး ဂီယာေဘာက္ရဲ႕ အပူခ်ိန္ ျမင့္တက္ေစပါတယ္။ အခ်ိန္အၾကာႀကီး ရပ္ထားမယ္ဆို ဂီယာ Position “P” အေနအထားမွာ ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။
(၂) ကားရပ္မယ္ဆို Parking-Brake ဆြဲပါ
ေအာ္တိုဂီယာကားေတြကို ေမာင္းတဲ့သူေတာ္ေတာ္မ်ားမ်ား သတိမျပဳမိတဲ့ အခ်က္တစ္ခုက ကားရပ္ထားရင္ Parking Brake (Hand Brake) ကို မဆြဲဘဲ ဂီယာ Pမွာ ထားၿပီးရပ္ထားခဲ့တဲ့သူေတြ မ်ားပါတယ္။ ဒီလို အၿမဲလုပ္မယ္ဆိုရင္ ကားရဲ႕ဂီယာေဘာက္ထဲ Parking Pawl ဆိုတဲ့ ဂီယာခ်ိတ္ေလး ပ်က္စီးတတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ကားကို ဂီယာ Position (P)မွာ ထားၿပီးရပ္ထားခဲ့တဲ့အခ်ိန္ ဂီယာေတြ မကူးေျပာင္းေလေအာင္ Parking Pawl ဆိုတဲ့ ခ်ိတ္ေလးနဲ႔ေထာက္ထားလို႔ပါပဲ။
(၃) ကုန္းဆင္းေတြမွာ ဂီယာ Free ႐ိုက္ မဆင္းပါနဲ႔
ဂီယာ Free ဆိုတာ… အရပ္ေခၚ ေခၚလိုက္တာပါ။ တကယ္က (N= Neutral) ဂီယာကို ေျပာတာပါ။ တခ်ိဳ႕ ကလည္း Normal Gear လို႔ ေခၚၾကပါေသးတယ္။ မွားပါတယ္။ တကယ့္အမွန္က Neutral ဂီယာပါ။ ကားေမာင္းသူတခ်ိဳ႕က ကုန္းအဆင္းေတြမွာ ဂီယာ Free လုပ္ၿပီး ေမာင္းရင္ ဆီစားသက္သာတယ္လို႔ ရမ္းယူဆၿပီး ေမာင္းေနရင္း ဂီယာကို Nမွာထား ကုန္းဆင္းတတ္ၾကပါတယ္။ တကယ္က အဲ့အယူအဆက မွားပါတယ္။ မွားတဲ့အျပင္ အႏၲရာယ္ပါ ရွိပါေသးတယ္။
ဂီယာကို Neutral မွာ ထားလိုက္တဲ့အတြက္ ကုန္းဆင္းေနတဲ့အခ်ိန္ ဂီယာအထိန္းအကြပ္ မရွိေတာ့ဘဲ ကားေရာလူပါ အႏၲရာယ္ရွိတတ္ပါတယ္။ အရွိန္နဲ႔… ကားဝိတ္နဲ႔ဆို ပိုလို႔ေတာင္ အႏၲရာယ္ မ်ားပါဦးမယ္။
ေနာက္တစ္ခ်က္… ေမာင္းေနရင္း ကုန္းဆင္းခ်ိန္မွာ ဂီယာကို ႐ုတ္တရက္ Free အေနအထား ေျပာင္းလိုက… D အေနအထား ျပန္ေျပာင္းလိုက္ လုပ္တဲ့အတြက္ အခန႔္မသင့္ရင္ ဂီယာေဘာက္ ပ်က္စီးႏိုင္ပါေသးတယ္။ ဒီေတာ့ ကုန္းဆင္းေတြမွာ ဆီစားသက္သာဖို႔ ဂီယာ Free ႐ိုက္တတ္တဲ့အက်င့္ ရွိတယ္ဆို လုံးဝေရွာင္က်ဥ္လိုက္ပါခင္ဗ်ာ။ ကားေရာ လူေရာ အႏၲရာယ္ တကယ္မ်ားလို႔ပါ။
(၄) ကားပိတ္တဲ့အခ်ိန္၊ ကားမီးပြိဳင့္ ေစာင့္ေနတဲ့ အခ်ိန္ေတြမွာ ဂီယာမွာမထားပါနဲ႔
ယာဥ္ေက်ာ ပိတ္ဆို႔ေနတဲ့အခ်ိန္ေတြ၊ ကားမီးပြိဳင့္ ေစာင္ေနတဲ့အခ်ိန္ေတြမွာ ဂီယာ Position ကို မွားထားတတ္ၾကပါတယ္။ ဒီလိုထားရင္ ဆီစားသက္သာမယ္ဆိုတဲ့ အယူအဆေတြလည္း ရွိပါတယ္။ အဲ့ဒါဟာ ဂီယာေဘာက္အတြက္ မေကာင္းတဲ့ အေလ့အထပါ။ ပုံမွန္ယာဥ္ေက်ာပိတ္ဆို႔တာ အခ်ိန္မၾကာဘူးဆိုရင္ ဂီယာ Position (D) မွာပဲထားၿပီး ဘရိတ္နင္းေစာင့္ပါ။
ဒါမွမဟုတ္ အခ်ိန္ အရမ္းၾကာႏိုင္တယ္ဆိုရင္ Paking Position (P) မွာထားေပးတာ အေကာင္းဆုံးပါ။ ဘာျဖစ္လို႔လဲဆိုရင္ ဂီယာ Position N မွာ ထားထားရင္ ကားဟာ ဂီယာအထိန္းအကြပ္ မရွိ Free ျဖစ္ေနတာမို႔ အေရွ႕အေနာက္ကိုလိမ့္ၿပီး တျခားကားေတြကို ဝင္တိုက္ မိႏိုင္ပါတယ္။
ေနာက္တစ္ခ်က္… မီးပြိဳင့္စိမ္းသြားတဲ့အခ်ိန္ ကားထြက္ခ်င္ေဇာနဲ႔ သတိေမ့ၿပီး လီဘာကိုနင္း ကားမထြက္ခါမွ သတိရၿပီး လီဘာနင္းလ်က္သား ဂီယာကို D အတင္းထိုးတတ္ၾကပါတယ္။ အဲ့ဒီလိုလုပ္တဲ့အတြက္ ဂီယာေဘာက္ေတြ ပ်က္စီးတတ္ပါတယ္။
ဂီယာ Parkingမွာ ထားထားတယ္ဆိုရင္ ဒီလိုလုပ္မရပါဘူး။ ၾကားထဲမွာ ဘက္ဂီယာ R (Reverse) ရွိေနတာမို႔ လီဘာ အရွိန္ေလ်ာ့ၿပီးမွ ဂီယာထိုးရပါမယ္။ ဒါေၾကာင့္ ဂီယာ အပ်က္အစီးသက္သာပါမယ္။
(၅) ကားလုံးဝရပ္သြားမွ ဂီယာ Pကို ထိုးပါ
ဂီယာကို Position (P)မွာ ထားတယ္ဆိုတာ ကားမေ႐ြ႕လ်ားေအာင္ ယာယီလုပ္ထားတဲ့ သေဘာပါ။ ကားကိုရပ္မယ္ဆို ကားက လုံး၀ ေသေသခ်ာခ်ာရပ္ၿပီဆိုမွ ဂီယာ (P)မွာ ထားရပါမယ္။ အဲဒီလိုမဟုတ္ဘဲ အလုပ္ကိစၥ အေရးႀကီးလို႔၊ အျခားအေရးႀကီး ကိစၥရွိလို႔ဆိုၿပီး ကားကို ဝူးခနဲထိုးရပ္၊ ကားလုံး၀ ေသေသခ်ာခ်ာမရပ္ေသးခင္ ဂီယာကို Paking (P)ကို ထိုးတာဟာ ဂီယာေဘာက္ ပ်က္စီးေစတတ္ပါတယ္။
အထူးသျဖင့္ Parking Pawl ေလးက်ိဳးသြား တတ္ပါတယ္။ တစ္ႀကိမ္ ႏွစ္ႀကိမ္မဟုတ္ဘဲ အၿမဲဒီလိုလုပ္တဲ့အေလ့အထရွိတယ္ဆိုရင္ သတိျပဳ ဆင္ျခင္ရမွာပါ။ မဟုတ္ရင္ေတာ့ ဂီယာေဘာက္ခ်ျပဳျပင္ရတာေတြနဲ႔ မလြဲမေသ ႀကဳံေတြ႕ရမွာပါ။
(၆) ေမွာက္က်ႏိုင္တဲ့ အရည္ပါတဲ့ပစၥည္းေတြ ဂီယာတံနားမွာထားတာ သတိထားပါ
အခုေနာက္ပိုင္း ဇိမ္ခံကားအမ်ားစုရဲ႕ဂီယာတံနားမွာ ေကာ္ဖီခြက္၊ အေအးခြက္ အစရွိတဲ့ ခြက္ေတြ ထည့္လို႔ရတဲ့ေနရာေတြ ပါလာတာေတြ႕ရပါတယ္။ ဒီလို ဂီယာတံနားက ခြက္ေတြမွာ မေတာ္တဆေမွာက္က်ႏိုင္တဲ့ အရည္ပါတဲ့ပစၥည္းေတြ မထားသင့္ပါဘူး။
ဘာျဖစ္လို႔ဆိုရင္ အခုေနာက္ပိုင္း နည္းပညာျမင့္ကားေတြရဲ႕ ဂီယာတံေအာက္မွာ အီလက္ထေရာနစ္ ဆားကစ္လိုဟာမ်ိဳးေတြ Control Box ေတြ ပါဝင္လာတတ္ပါတယ္။ မ်ားေသာအားျဖင့္ Shift Lock Solenoid ေတြ၊ Shift Lock Solenoid Control Unit ေတြက ဂီယာတံေအာက္မွာ ရွိပါတယ္။
ဒါေၾကာင့္ မေတာ္တဆ အရည္ေတြေမွာက္က်ရင္ ေအာက္က Control Unit ေတြ ပ်က္စီးတတ္ပါတယ္။ ဒါကလည္း ေအာ္တိုဂီယာကားေမာင္းတဲ့သူေတြ အတြက္ သတိထားစရာအခ်က္ တစ္ခ်က္ပါ။
(၇) ဂီယာPosition (D)နဲ႔ (R) ေျပာင္းတဲ့အခါ ကားရပ္တန႔္ၿပီးမွ ေျပာင္းပါ
Auto ဂီယာ ကားေမာင္းသူေတြရဲ႕ မသိမသာလြဲမွားတဲ့ အျပဳအမူတစ္ခုက ဂီယာ (D)ကေန (R) ခ်ိန္းတာပဲ ျဖစ္ျဖစ္၊ (R)ကေန (D) ခ်ိန္းတာပဲျဖစ္ျဖစ္ ကားကို ေသခ်ာမရပ္တန႔္ဘဲ ကားကေရွ႕ကို အရွိန္နဲ႔ လိမ့္ေနတုန္း Reverse (ဘက္ဂီယာ)ကို ေကာက္ထိုးတာ၊ ကားကေနာက္လိမ့္ေနတုန္း Drive (D)ကို ေကာက္ထိုးတာမ်ိဳး လုပ္တတ္ၾကပါတယ္။
ဒီအျပဳအမူေတြက ကားေမာင္းသူေတာ္ေတာ္မ်ားမ်ား အမႈမွတ္မဲ့ လုပ္ေနက်အျပဳအမူ တစ္ခုပါ။ ဒီအမူအက်င့္ကလည္း ကားဂီယာေဘာက္ေတြကို ပ်က္စီးတတ္ပါတယ္။ ဒါေၾကာင့္ ေရွ႕ေနာက္ မတူညီတဲ့ ဂီယာအေျပာင္းအေ႐ြ႕ေတြ လုပ္မယ္ဆိုရင္ ကားကိုဘရိတ္ေသခ်ာနင္း ကားအရွိန္သတ္ၿပီးမွ ဂီယာေျပာင္းတာမ်ိဳးလုပ္တာဟာ ကားဂီယာေဘာက္ အပ်က္အစီး သက္သာေစမွာပါ။
(၈) Auto ဂီယာကားေတြေမာင္းတဲ့အခါ ေျခေထာက္တစ္ဖက္တည္း သုံးပါ
ဒါကေတာ့ ေအာ္တိုဂီယာကားနဲ႔ ကားစေမာင္းသင္တဲ့သူေတြအတြက္ မဟုတ္ပါဘူး။ ဟိုးအရင္ Manual စနစ္နဲ႔ အသားက်ၿပီး အခုမွ ေအာ္တိုကားေတြေမာင္းတဲ့သူေတြ အတြက္ပါ။ ပုံမွန္အားျဖင့္ ေအာ္တိုဂီယာစနစ္မွာ Manual ဂီယာ စနစ္လိုမ်ိဳး ကလပ္မပါလို႔ ကလပ္ေျခနင္းအတြက္ ေနရာလြတ္ေနတတ္ပါတယ္။
အဲဒါကို ေျခေထာက္လြတ္ေနတာ ဟာတာတာႀကီးဆိုၿပီး ဘရိတ္နဲ႔ Accelerator Pedal (လီဘာကို) ႏွစ္ခုစလုံးကို ေျခထာက္ ဘယ္ညာတြဲနင္းၿပီး ေမာင္းတဲ့သူေတြ ရွိပါတယ္။ ပုံမွန္အေျခေနမွာေတာ့ ဘရိတ္အႂကြ၊ လီဘာ အနင္း ဟုတ္ေနတတ္ေပမယ့္၊ အေရးအေၾကာင္းဆို ဘရိတ္နဲ႔လီဘာကို တၿပိဳင္တည္း တြဲနင္းတတ္ပါတယ္။
ဒါကလည္း ေအာ္တိုဂီယာေဘာက္စနစ္နဲ႔ ကားေတြအတြက္ ဂီယာေဘာက္ ပ်က္စီးေစတတ္တာမို႔ ဒီလို အမူအက်င့္ေတြရွိရင္ ျပဳျပင္ေမာင္းႏွင္ရမွာ ျဖစ္ပါတယ္။
(၉) ဘက္ထရီနဲ႔ Starter Motorကို သတိျပဳပါ
ဒါကေတာ့ ကားဂီယာေဘာက္ ပ်က္စီးေစတတ္တဲ့အရာ မဟုတ္ပါဘူး။ ကားေမာင္းတဲ့သူကို တိုင္ပတ္ ဒုကၡေရာက္တတ္တဲ့ အရာပါ။ ေအာ္တိုဂီယာကားေတြက ကားမွာပါတဲ့ဘက္ထရီနဲ႔ Starter Motor မေကာင္းရင္ ဟိုးအရင္ Manual ကားေတြလို တြန္းႏႈိးလို႔ မရပါဘူး။
ဒါေၾကာင့္ ကိုယ့္ကားမွာရွိတဲ့ ကား ဘက္ထရီနဲ႔ Starter Motor ေတြရဲ႕အေျခေနကို အၿမဲသတိထားစစ္ေဆးရမွာပါ။ဒီႏွစ္မ်ိဳးကို မလဲဘဲ၊ မျပဳျပင္ဘဲ ထားတာၾကာၿပီလား။ ဘယ္လိုအေျခေနရွိလဲဆိုတာ ေသခ်ာမစစ္ေဆးထားရင္ အေရးတႀကီး သြားလာခါနီးမွ ကားစက္ႏႈိးမရတာေတြႀကဳံေတြရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ေအာ္တိုဂီယာ ကားပိုင္ရွင္ေတြအေနနဲ႔ ကားဘတၳရီနဲ႔ Starter Motor ေလးကို အၿမဲသတိထား စစ္ေဆးျပဳျပင္လဲလွယ္ေပးၾကပါခင္ဗ်ာ။
ဒီအခ်က္ေတြက ေအာ္တိုဂီယာ (Automatic Transmission) ကားေမာင္းတဲ့သူေတြအတြက္ ကားမွာပါတဲ့ ဂီယာေဘာက္သက္တမ္း ၾကာရွည္ အသုံးျပဳႏိုင္ေအာင္ ေလ့လာ… လိုက္နာ ဆင္ျခင္သင့္တဲ့ အေျခခံအခ်က္ေတြပဲ ျဖစ္ပါတယ္ခင္ဗ်ာ။
ကားခ်စ္သူေတြအတြက္ ကားနဲ႔ပတ္သက္ၿပီး ဗဟုသုတ တစ္စုံတစ္ခုရရွိမယ္လို႔ ယုံၾကည္ပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္မွ်ေဝျခင္း ျဖစ္ပါသည္။
Unicode
Auto Gearကားကို မောင်းနေတယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ အချက် (၉) ချက်
အရင်ကအသုံးပြုခဲ့ကြတဲ့ ကားအများစုဟာ Manual စနစ်သုံးဂီယာ အရွေ့အပြောင်းလုပ်ရတဲ့ ကားတွေဖြစ်ပြီး နည်းပညာတိုးတက်လာတာနဲ့အမျှ နောက်ဆုံးပေါ် နည်းပညာများအသုံးပြုကာ Automatic Transmission လို့ခေါ်တဲ့ Auto Gear ကားတွေဖြစ်လာကြပါတယ်။
Auto Gear စနစ်ဖြစ်လာတာနဲ့အညီ ကားမောင်းသူတွေအနေနဲ့ ဂီယာအရွှေ့အပြောင်းအတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ သို့သော်…
ကားမောင်းသူတွေ သတိမပြုမိဘဲ အော်တိုဂီယာစနစ်တွေကို ပျက်စီးစေတတ်သော အလေ့အထတွေလည်း ရှိပါတယ်။ ဒီလိုအမှုမှတ်မဲ့ကနေ တန်ဖိုးကြီးတဲ့ အော်တိုဂီယာဘောက်တွေ အပျက်အစီး မဖြစ်ရအောင် သတိပြု ရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ကားမမောင်းဘူးဆိုရင် Position Dမှာ အကြာကြီး ထိုးမထားပါနဲ့
ကားကိုမမောင်းဘဲ စက်နှိုး၊ ဘရိတ်နင်းပြီး ဂီယာ Position Dမှာ အချိန်အကြာကြီးထား ထားတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဂီယာ Position Dမှာ ထားထားတဲ့အတွက် ဂီယာတွေ ချိတ်ဆက်မိနေပြီး ဂီယာဘောက်ရဲ့ အပူချိန် မြင့်တက်စေပါတယ်။ အချိန်အကြာကြီး ရပ်ထားမယ်ဆို ဂီယာ Position “P” အနေအထားမှာ ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၂) ကားရပ်မယ်ဆို Parking-Brake ဆွဲပါ
အော်တိုဂီယာကားတွေကို မောင်းတဲ့သူတော်တော်များများ သတိမပြုမိတဲ့ အချက်တစ်ခုက ကားရပ်ထားရင် Parking Brake (Hand Brake) ကို မဆွဲဘဲ ဂီယာ Pမှာ ထားပြီးရပ်ထားခဲ့တဲ့သူတွေ များပါတယ်။ ဒီလို အမြဲလုပ်မယ်ဆိုရင် ကားရဲ့ဂီယာဘောက်ထဲ Parking Pawl ဆိုတဲ့ ဂီယာချိတ်လေး ပျက်စီးတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကားကို ဂီယာ Position (P)မှာ ထားပြီးရပ်ထားခဲ့တဲ့အချိန် ဂီယာတွေ မကူးပြောင်းလေအောင် Parking Pawl ဆိုတဲ့ ချိတ်လေးနဲ့ထောက်ထားလို့ပါပဲ။
(၃) ကုန်းဆင်းတွေမှာ ဂီယာ Free ရိုက် မဆင်းပါနဲ့
ဂီယာ Free ဆိုတာ… အရပ်ခေါ် ခေါ်လိုက်တာပါ။ တကယ်က (N= Neutral) ဂီယာကို ပြောတာပါ။ တချို့ ကလည်း Normal Gear လို့ ခေါ်ကြပါသေးတယ်။ မှားပါတယ်။ တကယ့်အမှန်က Neutral ဂီယာပါ။
ကားမောင်းသူတချို့က ကုန်းအဆင်းတွေမှာ ဂီယာ Free လုပ်ပြီး မောင်းရင် ဆီစားသက်သာတယ်လို့ ရမ်းယူဆပြီး မောင်းနေရင်း ဂီယာကို Nမှာထား ကုန်းဆင်းတတ်ကြပါတယ်။ တကယ်က အဲ့အယူအဆက မှားပါတယ်။ မှားတဲ့အပြင် အန္တရာယ်ပါ ရှိပါသေးတယ်။
ဂီယာကို Neutral မှာ ထားလိုက်တဲ့အတွက် ကုန်းဆင်းနေတဲ့အချိန် ဂီယာအထိန်းအကွပ် မရှိတော့ဘဲ ကားရောလူပါ အန္တရာယ်ရှိတတ်ပါတယ်။ အရှိန်နဲ့… ကားဝိတ်နဲ့ဆို ပိုလို့တောင် အန္တရာယ် များပါဦးမယ်။
နောက်တစ်ချက်… မောင်းနေရင်း ကုန်းဆင်းချိန်မှာ ဂီယာကို ရုတ်တရက် Free အနေအထား ပြောင်းလိုက… D အနေအထား ပြန်ပြောင်းလိုက် လုပ်တဲ့အတွက် အခန့်မသင့်ရင် ဂီယာဘောက် ပျက်စီးနိုင်ပါသေးတယ်။
ဒီတော့ ကုန်းဆင်းတွေမှာ ဆီစားသက်သာဖို့ ဂီယာ Free ရိုက်တတ်တဲ့အကျင့် ရှိတယ်ဆို လုံးဝရှောင်ကျဉ်လိုက်ပါခင်ဗျာ။ ကားရော လူရော အန္တရာယ် တကယ်များလို့ပါ။
(၄) ကားပိတ်တဲ့အချိန်၊ ကားမီးပွိုင့် စောင့်နေတဲ့ အချိန်တွေမှာ ဂီယာမှာမထားပါနဲ့
ယာဉ်ကျော ပိတ်ဆို့နေတဲ့အချိန်တွေ၊ ကားမီးပွိုင့် စောင်နေတဲ့အချိန်တွေမှာ ဂီယာ Position ကို မှားထားတတ်ကြပါတယ်။ ဒီလိုထားရင် ဆီစားသက်သာမယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။
အဲ့ဒါဟာ ဂီယာဘောက်အတွက် မကောင်းတဲ့ အလေ့အထပါ။ ပုံမှန်ယာဉ်ကျောပိတ်ဆို့တာ အချိန်မကြာဘူးဆိုရင် ဂီယာ Position (D) မှာပဲထားပြီး ဘရိတ်နင်းစောင့်ပါ။
ဒါမှမဟုတ် အချိန် အရမ်းကြာနိုင်တယ်ဆိုရင် Paking Position (P) မှာထားပေးတာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင် ဂီယာ Position N မှာ ထားထားရင် ကားဟာ ဂီယာအထိန်းအကွပ် မရှိ Free ဖြစ်နေတာမို့ အရှေ့အနောက်ကိုလိမ့်ပြီး တခြားကားတွေကို ဝင်တိုက် မိနိုင်ပါတယ်။
နောက်တစ်ချက်… မီးပွိုင့်စိမ်းသွားတဲ့အချိန် ကားထွက်ချင်ဇောနဲ့ သတိမေ့ပြီး လီဘာကိုနင်း ကားမထွက်ခါမှ သတိရပြီး လီဘာနင်းလျက်သား ဂီယာကို D အတင်းထိုးတတ်ကြပါတယ်။ အဲ့ဒီလိုလုပ်တဲ့အတွက် ဂီယာဘောက်တွေ ပျက်စီးတတ်ပါတယ်။
ဂီယာ Parkingမှာ ထားထားတယ်ဆိုရင် ဒီလိုလုပ်မရပါဘူး။ ကြားထဲမှာ ဘက်ဂီယာ R (Reverse) ရှိနေတာမို့ လီဘာ အရှိန်လျော့ပြီးမှ ဂီယာထိုးရပါမယ်။ ဒါကြောင့် ဂီယာ အပျက်အစီးသက်သာပါမယ်။
(၅) ကားလုံးဝရပ်သွားမှ ဂီယာ Pကို ထိုးပါ
ဂီယာကို Position (P)မှာ ထားတယ်ဆိုတာ ကားမရွေ့လျားအောင် ယာယီလုပ်ထားတဲ့ သဘောပါ။ ကားကိုရပ်မယ်ဆို ကားက လုံး၀ သေသေချာချာရပ်ပြီဆိုမှ ဂီယာ (P)မှာ ထားရပါမယ်။
အဲဒီလိုမဟုတ်ဘဲ အလုပ်ကိစ္စ အရေးကြီးလို့၊ အခြားအရေးကြီး ကိစ္စရှိလို့ဆိုပြီး ကားကို ဝူးခနဲထိုးရပ်၊ ကားလုံး၀ သေသေချာချာမရပ်သေးခင် ဂီယာကို Paking (P)ကို ထိုးတာဟာ ဂီယာဘောက် ပျက်စီးစေတတ်ပါတယ်။
အထူးသဖြင့် Parking Pawl လေးကျိုးသွား တတ်ပါတယ်။ တစ်ကြိမ် နှစ်ကြိမ်မဟုတ်ဘဲ အမြဲဒီလိုလုပ်တဲ့အလေ့အထရှိတယ်ဆိုရင် သတိပြု ဆင်ခြင်ရမှာပါ။ မဟုတ်ရင်တော့ ဂီယာဘောက်ချပြုပြင်ရတာတွေနဲ့ မလွဲမသေ ကြုံတွေ့ရမှာပါ။
(၆) မှောက်ကျနိုင်တဲ့ အရည်ပါတဲ့ပစ္စည်းတွေ ဂီယာတံနားမှာထားတာ သတိထားပါ
အခုနောက်ပိုင်း ဇိမ်ခံကားအများစုရဲ့ဂီယာတံနားမှာ ကော်ဖီခွက်၊ အအေးခွက် အစရှိတဲ့ ခွက်တွေ ထည့်လို့ရတဲ့နေရာတွေ ပါလာတာတွေ့ရပါတယ်။ ဒီလို ဂီယာတံနားက ခွက်တွေမှာ မတော်တဆမှောက်ကျနိုင်တဲ့ အရည်ပါတဲ့ပစ္စည်းတွေ မထားသင့်ပါဘူး။
ဘာဖြစ်လို့ဆိုရင် အခုနောက်ပိုင်း နည်းပညာမြင့်ကားတွေရဲ့ ဂီယာတံအောက်မှာ အီလက်ထရောနစ် ဆားကစ်လိုဟာမျိုးတွေ Control Box တွေ ပါဝင်လာတတ်ပါတယ်။ များသောအားဖြင့် Shift Lock Solenoid တွေ၊ Shift Lock Solenoid Control Unit တွေက ဂီယာတံအောက်မှာ ရှိပါတယ်။
ဒါကြောင့် မတော်တဆ အရည်တွေမှောက်ကျရင် အောက်က Control Unit တွေ ပျက်စီးတတ်ပါတယ်။ ဒါကလည်း အော်တိုဂီယာကားမောင်းတဲ့သူတွေ အတွက် သတိထားစရာအချက် တစ်ချက်ပါ။
(၇) ဂီယာPosition (D)နဲ့ (R) ပြောင်းတဲ့အခါ ကားရပ်တန့်ပြီးမှ ပြောင်းပါ
Auto ဂီယာ ကားမောင်းသူတွေရဲ့ မသိမသာလွဲမှားတဲ့ အပြုအမူတစ်ခုက ဂီယာ (D)ကနေ (R) ချိန်းတာပဲ ဖြစ်ဖြစ်၊ (R)ကနေ (D) ချိန်းတာပဲဖြစ်ဖြစ် ကားကို သေချာမရပ်တန့်ဘဲ ကားကရှေ့ကို အရှိန်နဲ့ လိမ့်နေတုန်း Reverse (ဘက်ဂီယာ)ကို ကောက်ထိုးတာ၊ ကားကနောက်လိမ့်နေတုန်း Drive (D)ကို ကောက်ထိုးတာမျိုး လုပ်တတ်ကြပါတယ်။
ဒီအပြုအမူတွေက ကားမောင်းသူတော်တော်များများ အမှုမှတ်မဲ့ လုပ်နေကျအပြုအမူ တစ်ခုပါ။ ဒီအမူအကျင့်ကလည်း ကားဂီယာဘောက်တွေကို ပျက်စီးတတ်ပါတယ်။
ဒါကြောင့် ရှေ့နောက် မတူညီတဲ့ ဂီယာအပြောင်းအရွေ့တွေ လုပ်မယ်ဆိုရင် ကားကိုဘရိတ်သေချာနင်း ကားအရှိန်သတ်ပြီးမှ ဂီယာပြောင်းတာမျိုးလုပ်တာဟာ ကားဂီယာဘောက် အပျက်အစီး သက်သာစေမှာပါ။
(၈) Auto ဂီယာကားတွေမောင်းတဲ့အခါ ခြေထောက်တစ်ဖက်တည်း သုံးပါ
ဒါကတော့ အော်တိုဂီယာကားနဲ့ ကားစမောင်းသင်တဲ့သူတွေအတွက် မဟုတ်ပါဘူး။ ဟိုးအရင် Manual စနစ်နဲ့ အသားကျပြီး အခုမှ အော်တိုကားတွေမောင်းတဲ့သူတွေ အတွက်ပါ။ ပုံမှန်အားဖြင့် အော်တိုဂီယာစနစ်မှာ Manual ဂီယာ စနစ်လိုမျိုး ကလပ်မပါလို့ ကလပ်ခြေနင်းအတွက် နေရာလွတ်နေတတ်ပါတယ်။
အဲဒါကို ခြေထောက်လွတ်နေတာ ဟာတာတာကြီးဆိုပြီး ဘရိတ်နဲ့ Accelerator Pedal (လီဘာကို) နှစ်ခုစလုံးကို ခြေထာက် ဘယ်ညာတွဲနင်းပြီး မောင်းတဲ့သူတွေ ရှိပါတယ်။ ပုံမှန်အခြေနေမှာတော့ ဘရိတ်အကြွ၊ လီဘာ အနင်း ဟုတ်နေတတ်ပေမယ့်၊ အရေးအကြောင်းဆို ဘရိတ်နဲ့လီဘာကို တပြိုင်တည်း တွဲနင်းတတ်ပါတယ်။
ဒါကလည်း အော်တိုဂီယာဘောက်စနစ်နဲ့ ကားတွေအတွက် ဂီယာဘောက် ပျက်စီးစေတတ်တာမို့ ဒီလို အမူအကျင့်တွေရှိရင် ပြုပြင်မောင်းနှင်ရမှာ ဖြစ်ပါတယ်။
(၉) ဘက်ထရီနဲ့ Starter Motorကို သတိပြုပါ
ဒါကတော့ ကားဂီယာဘောက် ပျက်စီးစေတတ်တဲ့အရာ မဟုတ်ပါဘူး။ ကားမောင်းတဲ့သူကို တိုင်ပတ် ဒုက္ခရောက်တတ်တဲ့ အရာပါ။ အော်တိုဂီယာကားတွေက ကားမှာပါတဲ့ဘက်ထရီနဲ့ Starter Motor မကောင်းရင် ဟိုးအရင် Manual ကားတွေလို တွန်းနှိုးလို့ မရပါဘူး။
ဒါကြောင့် ကိုယ့်ကားမှာရှိတဲ့ ကား ဘက်ထရီနဲ့ Starter Motor တွေရဲ့အခြေနေကို အမြဲသတိထားစစ်ဆေးရမှာပါ။ဒီနှစ်မျိုးကို မလဲဘဲ၊ မပြုပြင်ဘဲ ထားတာကြာပြီလား။ ဘယ်လိုအခြေနေရှိလဲဆိုတာ သေချာမစစ်ဆေးထားရင် အရေးတကြီး သွားလာခါနီးမှ ကားစက်နှိုးမရတာတွေကြုံတွေရမှာဖြစ်ပါတယ်။
ဒါကြောင့် အော်တိုဂီယာ ကားပိုင်ရှင်တွေအနေနဲ့ ကားဘတ္ထရီနဲ့ Starter Motor လေးကို အမြဲသတိထား စစ်ဆေးပြုပြင်လဲလှယ်ပေးကြပါခင်ဗျာ။
ဒီအချက်တွေက အော်တိုဂီယာ (Automatic Transmission) ကားမောင်းတဲ့သူတွေအတွက် ကားမှာပါတဲ့ ဂီယာဘောက်သက်တမ်း ကြာရှည် အသုံးပြုနိုင်အောင် လေ့လာ… လိုက်နာ ဆင်ခြင်သင့်တဲ့ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကားချစ်သူတွေအတွက် ကားနဲ့ပတ်သက်ပြီး ဗဟုသုတ တစ်စုံတစ်ခုရရှိမယ်လို့ ယုံကြည်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply