
ဟိုက္ဂ်က္ကားအမ်ိဳးအစားေတြမွာျဖစ္တတ္တဲ့ ခ်ိဳ႕ယြင္းမႈျပႆနာမ်ားနဲ႔ စစ္ေဆးနည္းမ်ား
ဟိုက္ဂ်က္ကားအမ်ိဳးအစားဟာ ဂ်ပန္အေျခစိုက္ Daihatsu ကားကုမၼဏီက ထုတ္လုပ္ၿပီး ျပည္တြင္းမွာ အသုံးမ်ားတဲ့ ကားအမ်ိဳးအစားျဖစ္တယ္.
အင္ဂ်င္ပါဝါ ၆၆၀ စီစီ ျဖစ္တဲ့အတြက္ ဆီစားသက္သာတဲ့ လုပ္ငန္းသုံးကားျဖစ္တယ္။ ဟိုက္ဂ်က္ကားအမ်ိဳးအစားမွာ ျဖစ္တတ္တဲ့ျပႆနာတခ်ိဳ႕ကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။
“ေရဆူတာ” ၂၀၁၁ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ ျဖစ္တာပါ။ ေမာင္းႏွင္ေနစဥ္မွာ အပူရွိန္ လြန္ကဲၿပီး ေရတိုင္ကီ (radiator) ထဲက ေရေတြ ဆူပြက္လာတာပါ။ ဝပ္ေရွာ့ပ္မွာ စစ္ေဆးတဲ့အခါ cooling temperature sensor ပ်က္စီးတာပါ။ အဲဒါေၾကာင့္ cooling temperature sensorကို အသစ္လဲလွယ္ရမွာပါ…။
“မီး မကူးတာ” ၂၀ဝ၁ ေမာ္ဒယ္ ဟိုက္ဂ်က္မွာျဖစ္တာပါ။ အင္ဂ်င္က မီးမကူးတာ၊ ဆီမဖ်န္းႏိုင္တာေတြ ျဖစ္လာတာပါ။ ျပႆနာကေတာ့ engine control unit (ECU)က အလုပ္ မလုပ္တာျဖစ္တယ္။
“စက္ႏႈိးလို႔ မရတာ” ၁၉၉၅ ေမာ္ဒယ္ဟိုက္ဂ်က္ကို စက္ စတင္ႏႈိးလို႔ မရတဲ့ျပႆနာပါ။ ေသာ့ကို လွည့္လိုက္တဲ့အခါ မီးလင္းလာေပမဲ့ စက္ႏိုးမလာတာပါ။
ပါဝါေပးတဲ့ စနစ္က ခ်ိဳ႕ယြင္းတာ ျဖစ္ႏိုင္ပါတယ္။ ဘက္ထရီကို စစ္ေဆးရမွာပါ။ ဘက္ထရီ ငုတ္တိုင္ေတြမွာ ခ်ိတ္ဆက္တဲ့ ဝါယာေတြကိုလည္း သန႔္စင္ၿပီး ခ်ိတ္ဆက္မႈ ရွိ/ မရွိ စစ္ေဆးရပါမယ္…။
“ဟိုက္ဒေရာလစ္ ဘရိတ္ျပႆနာ” ၁၉၉၀ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ ျဖစ္တာပါ။ ဟိုက္ဒေရာလစ္ဘရိတ္ (Hydrolic Brakes) က ပုံမွန္အလုပ္ မလုပ္ေတာ့တာပါ။
ဘရိတ္ စနစ္တစ္ခုလုံးကို စစ္ေဆးရမွာျဖစ္ၿပီး… ဘရိတ္ဆီ ယိုစိမ့္မႈ ရွိ/ မရွိ ကိုလည္း စစ္ေဆးရမွာ ျဖစ္ပါတယ္။ ဘရိတ္ဆီ ယိုစိမ့္တဲ့အတြက္ ဘရိတ္ဖိအား က်ဆင္းတာလည္း ျဖစ္ႏိုင္ပါတယ္…။
“ဂီယာ ျပႆနာ” ၂၀ဝ၇ ေမာ္ဒယ္ ဟိုက္ဂ်က္မွာ… ေအာ္တိုဂီယာ က ပုံမွန္ အလုပ္ မလုပ္တာပါ။ ဂီယာကို နံပါတ္ ၃ အထိ ထားတဲ့အခါ အျမင့္ဆုံး တစ္နာရီ ၇၀ ကီလိုမီတာႏႈန္းအထိ ေမာင္းႏွင္ ႏိုင္ပါတယ္။ ဒါေပမဲ့ နံပါတ္ ၃ ဂီယာကေန ေျပာင္းလဲလို႔ မရတာပါ။ ေအာ္တိုဂီယာစနစ္မွာ ခ်ိဳ႕ယြင္းခ်က္ ရွိေနတာပါ…။
“ပါဝါစတီယာရင္ ပန႔္မ္” ၂၀ဝ၃ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ ပါဝါစတီယာရင္ ပန႔္မ္ (power steering pump) ခ်ိဳ႕ယြင္းတတ္တာပါ။ အသစ္ လဲလွယ္ရမွာပါ…။
“ဆီစားႏႈန္း မ်ားလာတာ” ၂၀ဝ၇ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ ျဖစ္တာပါ။ အိတ္ေဇာက မီးခိုးထုတ္လႊတ္တာ နည္းပါးေပမဲ့… ဆီစားႏႈန္း မ်ားလာတာပါ။
အျခား ဟိုက္ဂ်က္ကားေတြ ေလာင္စာဆီ တစ္လီတာကို ၁၄ ကီလိုမီတာ ေမာင္းႏွင္ရေပမဲ့ အဲသည္ဟိုက္ဂ်က္ကေတာ့ ေလာင္စာဆီ တစ္လီတာကို ၁၁ ကီလိုမီတာသာ ေမာင္းႏွင္ႏိုင္ပါတယ္…။
“အင္ဂ်င္ခ်က္ မီးလင္းတာ” ၂၀ဝ၃ ေမာ္ဒယ္လ္ ဟိုက္ဂ်က္မွာ အင္ဂ်င္ခ်က္ မီးလင္းလာတာပါ။ ေမာင္းႏွင္ၿပီး ငါးမိနစ္အတြင္းမွာ speedometer က အလုပ္ မလုပ္ေတာ့ဘဲ အင္ဂ်င္ခ်က္ မီးလင္းလာတာပါ။ Speedometer အလုပ္ မလုပ္တာကေတာ့ ဝါယာရိန္းစနစ္ ကို စစ္ေဆးရမွာျဖစ္သည္…။
အမ်ားျပည္သူလူထုအားလုံး နည္းပညာဗဟုသုတမ်ား တိုးပြားၾကပါေစ…။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။
Unicode
ဟိုက်ဂျက်ကားအမျိုးအစားတွေမှာဖြစ်တတ်တဲ့ ချို့ယွင်းမှုပြဿနာများနဲ့ စစ်ဆေးနည်းများ
ဟိုက်ဂျက်ကားအမျိုးအစားဟာ ဂျပန်အခြေစိုက် Daihatsu ကားကုမ္မဏီက ထုတ်လုပ်ပြီး ပြည်တွင်းမှာ အသုံးများတဲ့ ကားအမျိုးအစားဖြစ်တယ်.
အင်ဂျင်ပါဝါ ၆၆၀ စီစီ ဖြစ်တဲ့အတွက် ဆီစားသက်သာတဲ့ လုပ်ငန်းသုံးကားဖြစ်တယ်။ ဟိုက်ဂျက်ကားအမျိုးအစားမှာ ဖြစ်တတ်တဲ့ပြဿနာတချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
“ရေဆူတာ” ၂၀၁၁ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တာပါ။ မောင်းနှင်နေစဉ်မှာ အပူရှိန် လွန်ကဲပြီး ရေတိုင်ကီ (radiator) ထဲက ရေတွေ ဆူပွက်လာတာပါ။ ဝပ်ရှော့ပ်မှာ စစ်ဆေးတဲ့အခါ cooling temperature sensor ပျက်စီးတာပါ။ အဲဒါကြောင့် cooling temperature sensorကို အသစ်လဲလှယ်ရမှာပါ…။
“မီး မကူးတာ” ၂၀ဝ၁ မော်ဒယ် ဟိုက်ဂျက်မှာဖြစ်တာပါ။ အင်ဂျင်က မီးမကူးတာ၊ ဆီမဖျန်းနိုင်တာတွေ ဖြစ်လာတာပါ။ ပြဿနာကတော့ engine control unit (ECU)က အလုပ် မလုပ်တာဖြစ်တယ်။
“စက်နှိုးလို့ မရတာ” ၁၉၉၅ မော်ဒယ်ဟိုက်ဂျက်ကို စက် စတင်နှိုးလို့ မရတဲ့ပြဿနာပါ။ သော့ကို လှည့်လိုက်တဲ့အခါ မီးလင်းလာပေမဲ့ စက်နိုးမလာတာပါ။
ပါဝါပေးတဲ့ စနစ်က ချို့ယွင်းတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီကို စစ်ဆေးရမှာပါ။ ဘက်ထရီ ငုတ်တိုင်တွေမှာ ချိတ်ဆက်တဲ့ ဝါယာတွေကိုလည်း သန့်စင်ပြီး ချိတ်ဆက်မှု ရှိ/ မရှိ စစ်ဆေးရပါမယ်…။
“ဟိုက်ဒရောလစ် ဘရိတ်ပြဿနာ” ၁၉၉၀ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တာပါ။ ဟိုက်ဒရောလစ်ဘရိတ် (Hydrolic Brakes) က ပုံမှန်အလုပ် မလုပ်တော့တာပါ။
ဘရိတ် စနစ်တစ်ခုလုံးကို စစ်ဆေးရမှာဖြစ်ပြီး… ဘရိတ်ဆီ ယိုစိမ့်မှု ရှိ/ မရှိ ကိုလည်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဘရိတ်ဆီ ယိုစိမ့်တဲ့အတွက် ဘရိတ်ဖိအား ကျဆင်းတာလည်း ဖြစ်နိုင်ပါတယ်…။
“ဂီယာ ပြဿနာ” ၂၀ဝ၇ မော်ဒယ် ဟိုက်ဂျက်မှာ… အော်တိုဂီယာ က ပုံမှန် အလုပ် မလုပ်တာပါ။ ဂီယာကို နံပါတ် ၃ အထိ ထားတဲ့အခါ အမြင့်ဆုံး တစ်နာရီ ၇၀ ကီလိုမီတာနှုန်းအထိ မောင်းနှင် နိုင်ပါတယ်။ ဒါပေမဲ့ နံပါတ် ၃ ဂီယာကနေ ပြောင်းလဲလို့ မရတာပါ။ အော်တိုဂီယာစနစ်မှာ ချို့ယွင်းချက် ရှိနေတာပါ…။
“ပါဝါစတီယာရင် ပန့်မ်” ၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာ ပါဝါစတီယာရင် ပန့်မ် (power steering pump) ချို့ယွင်းတတ်တာပါ။ အသစ် လဲလှယ်ရမှာပါ…။
“ဆီစားနှုန်း များလာတာ” ၂၀ဝ၇ မော်ဒယ်လ် ဟိုက်ဂျက်မှာ ဖြစ်တာပါ။ အိတ်ဇောက မီးခိုးထုတ်လွှတ်တာ နည်းပါးပေမဲ့… ဆီစားနှုန်း များလာတာပါ။
အခြား ဟိုက်ဂျက်ကားတွေ လောင်စာဆီ တစ်လီတာကို ၁၄ ကီလိုမီတာ မောင်းနှင်ရပေမဲ့ အဲသည်ဟိုက်ဂျက်ကတော့ လောင်စာဆီ တစ်လီတာကို ၁၁ ကီလိုမီတာသာ မောင်းနှင်နိုင်ပါတယ်…။
“အင်ဂျင်ချက် မီးလင်းတာ” ၂၀ဝ၃ မော်ဒယ်လ် ဟိုက်ဂျက်မှာ အင်ဂျင်ချက် မီးလင်းလာတာပါ။ မောင်းနှင်ပြီး ငါးမိနစ်အတွင်းမှာ speedometer က အလုပ် မလုပ်တော့ဘဲ အင်ဂျင်ချက် မီးလင်းလာတာပါ။ Speedometer အလုပ် မလုပ်တာကတော့ ဝါယာရိန်းစနစ် ကို စစ်ဆေးရမှာဖြစ်သည်…။
အများပြည်သူလူထုအားလုံး နည်းပညာဗဟုသုတများ တိုးပွားကြပါစေ…။ မူရင်းရေးသားသူအား လေးစားစွာဖြင့်ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply