


ISSUED TIME 6 : 23 AM (MMT),

မိုးကြီးရေလျှံသတိ ⚠🌧🌧🌧🌧🌧











Unicode

မင်းဂွတ်သီးလေး (Su Su San)ရဲ့ ယနေ့ မိုးလေဝသ ခန့်မှန်းချက်များ

၂၀၂၂ မေလ ၁၈ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ဒေသများတွင် မိုးကြီးရေလျှံနိုင်ပါတယ် …

ISSUED TIME 6 : 23 AM (MMT),

မိုးကြီးရေလျှံသတိ ⚠🌧🌧🌧🌧🌧

၂၀၂၂ မေလ ၁၈ရက်နေ့မှ ၂၁ရက်နေ့အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးများစွာရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံ သတိပြုကြပါနော်…

ISSUED TIME 14/ 05/ 2022 at 7 : 30 AM (MMT)

၂၀၂၂ မေလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အတွင်း ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော် မန္တလေးတိုင်းဒေသတွေမှာ မိုးရွာနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မကွေးတိုင်းအနောက်ပိုင်း မကွေးတိုင်းမြောက်ပိုင်းတို့တွင် မိုးကြီးနိုင်ပါတယ်…

ISSUED TIME 14/ 05/ 2022 at 8 : 03 AM (MMT)

၂၀၂၂ မေလ ၁၇ရက်နေ့တွင် မိုးညှင်း ရွှေကူ ဒေါ့ဖုန်းယာန် ဆင်ဘို တာလောကြီး မြစ်ကြီးနား ဝိုင်းမော် ဆဒုံး ဝါရှောင် ချီဗွေ ကန်ပိုက်တီ လိုင်ဇာ လွယ်ဂျယ် မူဆယ် ကျယ်ခေါင် မုံးကိုး ကြူကုတ် ပန်ဆိုင်း ဒေသများတွင် မိုးများစွာ ရွာသွန်းနိုင်ပါတယ်…

ISSUED TIME 14/ 05/ 2022 at 9 : 50 AM (MMT)

၂၀၂၂ မေလ ၁၉ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မေလ၂၀ရက်နေ့တွင် ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်ပါတယ်…

၂၀၂၂ မေလ ၂၀ ရက်နေ့တွင် သံတွဲမြို့ နှင့် တောင်ကုတ်မြို့ တွေကနေ လေဖိအားနည်းရပ်ဝန်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ပါတယ်…

IMD အိန္ဒိယမိုးလေဝသ ၂၀၂၂ အနောက်တောင်မုတ်သုန်လေ ဝင်ရောက်ရက် ခန့်မှန်းချက်ဖြစ်ပါတယ်…

မင်းဂွတ်သီးလေး (Su Su San), 𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧, 𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏 𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧,

Be the first to comment

Leave a Reply

Your email address will not be published.


*