. .ကမ္ဘာ့ဈေးကွက်ကို ခြေချနိုင်တော့မဲ့ မြန်မာ့ ဖရဲသီး. .

“ဖရဲသခွားမွှေးများကို ပင်လယ်ရေကြောင်းအသုံးပြု၍တင်ပို့ရောင်းချနိုင်ပါကြောင်း”
ဒူဘိုင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ကထွက်ခွာပြီး ၂၈ရက်မှာ ချောမောစွာ ရောက်သွားတဲ့ဖရဲသီးတွေပါ

အအေးခန်းကွန်တိန်နာနှင့် တင်ပို့လိုက်တာဖြစ်ပါတယ်
ဒူဘိုင်းရောက်ဖို့ ၁၇ရက်ခန့်ကြာပါတယ်
ဉရောပ ရောက်ဖို့ ရက် ၃၀ ခန့်ကြာမှာပါ
သင်္ဘောဖြင့် ရက်ရှည်ခရီးကို အအေးခန်းမှာ ရက် ၃၀ ခန့် ဆွဲဆန့်ထားနိုင်မှာဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရပါတယ်
ဒါကြောင့် ဉရောပဝယ်လက်များကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်

ဒူဘိုင်းဝယ်လက်မှ အသီးတွေကို ပေးတဲ့မှတ်ချက်ကတော့
အရွယ်ငယ်တယ်၊ အရည်အသွေးပိုကောင်းဖို့လိုပါတယ်တဲ့
(အသီးကတော့ အခြေအနေအရ မူဆယ်/ဝမ်တိန်မှာဆို ပါယ်မဲ့ အသီးတွေ တင်သွားခဲ့ရတာဆိုတော့ အရည်အသွေးပိုင်းကို ပြောလာမယ်ဆို မှန်းထားပြီးသားပါ)
ဝယ်လက်ကို ဒီထက်ပိုကောင်းတဲ့ A Grade , B Grade တွေ တင်ပို့ရောင်းချနိုင်ပါကြောင်း သေချာပြောဆိုရှင်းပြလိုက်နိုင်တဲ့အတွက် တစ်နှစ်ပါတ်လုံး ဝယ်ယူ/ရောင်းချဖို့ #သဘောတူညီနိုင်ခဲ့ပါတယ်တဲ့
Big Congratulation !!

သေချာတာကတော့ တရုတ်အကြိုက် ရှယ်သီးတွေကိုသာ နမူနာပြ တင်ပို့နိုင်ရင် ဝယ်လက် အများကြီးရှိသေးတယ်ဆိုတာပါဘဲ
ယခုကတော့ သေးကွေးဖြူဖွေးတဲ့ဖရဲလေးတွေဆိုတော့ ဝယ်လက်အများကြီးထံမပြရသေးပါဘူးဆိုပါတယ်သင်္ဘောဖြင့် ရက်ရှည်ခရီးကို အေးအေးဆေးဆေးဖြတ်သန်းနိုင်ပြီဆိုတော့ တရုတ်ပြည်ကို လည်း #သင်္ဘောလမ်းကြောင်းနဲ့ တင်ပို့ကြည့်ကြပါ။
တရုတ်ပြည်ကို ဖရဲနှင့် သခွားမွှေးတင်ပို့ခွင့်ရှိပါတယ်။ တရုတ်ကာစတန် GACC ရဲ့ ခွင့်ပြုစာရင်းကိုလည်း ပြန်လည်တင်ပြလိုက်ပါတယ် www.customs.gov.cn/dzsရဲ့ allowable list of import fruits မှာရှိပါတယ်

မူဆယ်/ဝမ်တိန်အပြင် လမ်းကြောင်းသစ်ကို စမ်းသပ်ကြည့်ကြပါနော်🍉🍉🍉🍉🍉
ဖြည့်စွက်ချက်(ပါယ်သီးသာသာ ကို တင်ပို့လိုက်ရသလားဆိုပြီး ဂရုဏာဒေါသထွက်နေသူများအတွက် ဖြည့်စွက်ပါရစေရှင့်အခြေအနေအရဆိုတာ
သင်္ဘောတင်မည့် အချိန်မှာမှ တရုတ်နယ်စပ်မှာ ဈေးအရမ်းကောင်းနေတဲ့အချိန်ဖြစ်တော့ အရည်အသွေးကောင်း အသီးမရလိုက်တာပါ၊ တင်ပို့သူမှာ တော်တော် ယမ်းခါသွားခဲ့ပြီး ဝယ်လက်နဲ့ ပထမဆုံး ဂတိဂဝတ်တွေ မပျက်အောင် ကြိုးစားတင်ပို့ခဲ့တာဖြစ်ပါတယ်၊ ယခုတော့ အဲ့ဒီလို အဖြစ်မျိုးထပ်မဖြစ်

ရလေအောင် သင်ခန်းစာယူပြီး ကိုယ်တိုင်လည်း စိုက်နေပြီဖြစ်သလို စိတ်ပါဝင်စားတဲ့ တောင်သူများနှင့် စာချုပ်စနစ်စိုက်ပျိုးနေပြီဖြစ်ပါတယ် ၊ တစ်နှစ်ပတ်လုံး တင်ပို့သွားမှာဖြစ်ပြီး ဉရောပသို့ ချဲ့ထွင် တင်ပို့သွားမှာ ဖြစ်ပါတယ်တဲ့ရှင့်)🍉🍉🍉🍉🍉
ကျမ အနေနဲ့ ဒီလို မခြွင်းမချန် မျှဝေပေးနေတာကတော့

စိုက်ပျိုးရေးကုန်စည် ဈေးကွက်အသစ်ဖောက်ရတာမလွယ်ကူဘူးဆိုတာနဲ့.. စိုက်ပျိုးသူ နဲ့တင်ပို့သူ ညီညွတ်ဖို့လိုတယ်ဆိုတာ ပြောပြချင်သလို ..နောက်က လိုက်ပါ ဝိုင်းဝန်းဆောင်ရွက် ကြမည့် မိတ်ဆွေတွေ သင်ခန်းစာယူပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်စေလို၍ဖြစ်ပါတယ်
တရုတ်နယ်စပ်ရောင်းဝယ်ရေးတစ်ခုတည်းကို မှီမထားဘဲ လမ်းကြောင်းသစ်ဖောက်ထွက်တင်ပို့ကြစေလို၍ဖြစ်ပါတယ်

ဈေးကိုစွေန့်ဉီးတီထွင်ပြီး ဖောက်ထွက်ဈေးကွက်သစ်ရှာဖွေသူများကိုလည်း အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူ စုပေါင်းဝိုင်းကူမှ ယုံကြည်မှုရှိမှ ပြည်ပဈေးကွက်အသစ်မှာနေရာရတာဖြစ်ပါတယ် .. ကနဉီး စွန့်စားတင်ပို့သူတွေမှာလည်း ငွေရေးကြေးရေးအပါအဝင် စိန်ခေါ်မှုများစွာရင်ဆိုင်တင်ပို့ကြရတာဖြစ်ပါတယ်
ပြည်ပကနေ မိမိနိုင်ငံရဲ့စိုက်ပျိုးရေးကုန်စည်တွေကို စိတ်ပါလက်ပါ ဈေးကွက်ရှာဖွေချိတ်ဆက်ပေးနေတဲ့ မနော်နဲ့ မိသားစုတို့လည်း ကျန်းမာရွှင်လန်း၍ အောင်မြင်တိုးတက်ပါစေရှင်

ပွင့်ပွင့်လင်းလင်း ချပြ မျှဝေခွင့်ပြုတဲ့ Young Exporter ကြီး ကိုကျော်ကိုနဲ့ Future Glory သာ၍ပို၍ အောင်မြင်ပါစေရှင်

Ref Sandar Myo