ဖာင္းဒိုင္းထဲကပုံစံမျိုးထဲကပုံစံမျိုးတောင်းဆိုခဲ့တဲ့ အမျိုးသမီးသေဆုံးမှုဖြစ်ပွားမက္ကဆီကိုနိုင်ငံသူဖြစ်တဲ့ အသက် 23 နှစ်အရွယ် Tania Trinidad ဟာ လိင်ဆက်ဆံနေစဉ်မှာ အသက် 32 အရွယ် အဖော်အမျိုးသား Ruiz Torres ကို အကြမ်းပတမ်းပြုမူဆက်ဆံရန် စေခိုင်းခဲ့ပြီး မကြာမီမှာ မတော်တဆဖြစ်ကာ သေဆုံးခဲ့ပါတယ်။
သူမဟာ ဆက်ဆံနေစဉ်အတောအတွင်းမှာ ဝါယာကြိုးနဲ့ လည်ပင်းကို ရစ်ပတ်ပြီးဆက်ဆံဖို့ Torres ကို တောင်းဆိုခဲ့ပါတယ်။ အခုအချိန်မှာတော့ Torres ဟာ မတော်တဆမှုနဲ့ မက္ကဆီကိုစီးတီးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။
အဆိုပါအမှုမှာ Torres ရဲ့ အဖော်ဖြစ်တဲ့ Jose Luis Arzate Martinez လည်း ပါဝင်ပတ်သက်တယ်လို့ ရဲတပ်ဖွဲ့ကကနဦးယူဆခဲ့ပါတယ်။ဖြစ်စဉ်မှာတော့ သူတို့သုံးယောက်ဟာ Torres ရဲ့ အခန်းထဲမှာ သောက်စားမူးယစ်ကြပြီး Tania က သုံးယောက်တစ်တွဲဆက်ဆံဖို့ အကြံပြုခဲ့ပါတယ်။
ဒါပေမယ့် ဒာကိုMartinez က ငြင်းပြီး အခန်းထဲကို သွားရောက်အိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့် Torres နဲ့ Tania သာ ကျန်တော့ပြီး Fifty Shades of Grey အပြင်၊အခြားအထူးအဆန်းဇာတ်ကားများထဲကအတိုင်း အဆန်းထွင်ကာ အကြမ်းပတမ်းဆက်ဆံဖို့ Tania ရဲ့တောင်းဆိုမှုကို လိုက်လျှောမိရာကတစ်ဆင့် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ စိတ်ရောဂါပညာရှင်တစ်ယောက်ဖြစ်တယ်လို့လည်း သိရပြီး တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ Torres က ” သူမနဲ့ကျွန်တော် ဆက်ဆံနေစဉ်အတောအတွင်းမှာပဲ … သူမက သူမလည်ပင်းကိုဝါယာကြိုးနှင့်ညှစ်ပြီး သူမကိုလည်း ရိုက်နှက်ဖို့ တောင်းဆိုခဲ့ပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။
မူခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်အရ သေဆုံးသူဟာ အသက်ရှုကြပ်ပြီး လည်ပင်းအရိုးလည်း ကျိုးနေခဲ့တယ်လို့ အစီရင်ခံစာထွက်ခဲ့ပါတယ.်။လက်ရှိအချိန်မှာတော့ Torres ဟာ သေဆုံးသူ Tania ကို တမင်သေစေလိုမှုနဲ့ ကျူးလွန်ခဲ့သလား၊ သူပြောသလို အဆန်းထွင် ဆက်ဆံခဲ့မိရာက သေဆုံးသွားတာလားဆိုတာကတော့ ရဲတပ်ဖွဲ့က ဆက်လက်ဖော်ထုတ်နေပါတယ်။
Yarwana Moto