. . .ပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကို ဖြတ်သန်းဖို့ အချင်းချင်းလက်ထပ်ထိမ်းမြားခဲ့ကြတဲ့ အမျိုးသားသုံးဦး. . .
သူတို့စုံတွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို Thanawat Dance ရဲ့Facebook page မှ မျှဝေခဲ့ပြီးနောက် social media ပေါ် ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ သတင်းဖော်ပြချက်အရ James နဲ့ Noah တို့ဟာ Nong ကို ချစ်မြတ်နိုးပြီး သူတို့နဲ့အတူ ပေါင်းသင်းနေထိုင်ဖို့ ကြိုဆိုခဲ့ကြတာပါ။သူတို့ပွဲရဲ့အကောင်းဆုံးအစိတ်အပိုင်းကတော့ သူတို့ရဲ့ဆက်ဆံရေးကို Nongရဲ့ မိခင်ကိုယ်တိုင်ပင် သဘောတူ အတည်ပြုပေးခဲ့ပြီး သူမရဲ့သားဖြစ်သူလည်း အခြား မိသားစုတွေလို နေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။သူတို့ရဲ့သူငယ်ချင်း နဲ့ မိသားစုဝင်တွေက မင်္ဂလာပွဲကို တက်ရောက်ပေးခဲ့ကြပါတယ်။သူတို့က ပထမဆုံး အမျိုးသားသုံးပွင့်ဆိုင် မဟုတ်သေးပါဘူး ။
၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ Uthai Thani ပြည်နယ် Joke ၊ Bell နဲ့ Art တို့ဟာ ကမ္ဘာ့ပထမဆုံး စုံတွဲ ဖြစ်ခဲ့ပါသေးတယ်။သူတို့ရဲ့ လက်ထပ်ထိမ်းမြားမှုကို ထိုင်းလူမျိုးတွေက အသိအမှတ်မပြုခဲ့ကြပေမဲ့ သူတို့ရဲ့မင်္ဂလာပွဲကို ဗုဒ္ဓဘာသာအရ သင်္ကေတအခမ်းအနားအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။ကျွန်တော်ကတော့ ရည်းစားတစ်ယောက်ကို ရုန်းကန်ရှာဖွေနေတဲ့အချိန်မှာ သူများတွေများ အမျိုးသားအချင်းချင်းတောင် လက်ထပ်နေကြပြီဗျာ ။ ဒါပေမဲ့လည်း လူတိုင်းက သူတို့သုံးယောက်အတွက် ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးဘဝကို လိုလားနေကြမှာပါ။ဒီအရာက ချစ်ခြင်းမေတ္တာဟာ အရာအားလုံးကို အောင်နိုင်ကြောင်း သက်သေပြနေပါတယ်။
1
2
Source : worldofbuzz
Unicode
နှစ်သစ်မှာ ရည်းစားလေးတစ်ပွေရဖို့ ကြိုးစားတော့မဲ့အချိန်မှာ အချို့လူတွေကတော့ ရည်းစားနှစ်ယောက်နဲ့ တောင် လက်ထပ်ပွဲတွေ လုပ်နေခဲ့ပြီးပါပြီ ။ မကြာသေးခင်က ထိုင်းနိုင်ငံ Chanthaburi ပြည်နယ်ရှိ ဒီဇင်ဘာလ ၈ရက်နေ့က ထိုင်းအမျိုးသားသုံးဦးဟာ လှပတဲ့အခမ်းအနားတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်စွာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။
သူတို့စုံတွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို dancer တည်ထောင်တဲ့ Thanawat Dance ရဲ့Facebook page မှ မျှဝေခဲ့ပြီးနောက် social media ပေါ် ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။
သူတို့ throuple စုံတွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို dancer တည်ထောင်တဲ့ Thanawat Dance ရဲ့Facebook page မှ မျှဝေခဲ့ပြီးနောက် social media ပေါ် ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။
Source : worldofbuzz