Covid-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်း
Covid-19 ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။
Covid-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏ ပုံမှန်ဘဝကို ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Yarwana
source U Zaw Zaw