
စက်ရေတွင်း တူရာ၌ ရေ -ရှိ, မရှိ၊ ရေနည်း, ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။
ရေ -ရှိ/ မရှိ
၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါကရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။
ရေချို/ ရေငန်
၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်းတူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊ သစ်ပင်မှ သစ်ရွက်များစိုပြေ စိမ်းလန်းနေပါက ရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။
ရေတိမ်/ ရေနက်
၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်- ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။
ကျောက်ဆောင်- ရှိ/ မရှိ
၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင်ရှိကြောင်း ခန့်မှန်း သိရှိနိုင်ပါသည်။
သစ်ပင်ကြီး, သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။
ရေချို/ ရေငန်
၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည် တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန်- ရေချို တစ်ခြမ်းစီ ရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။
(တနည်စမ်းသပ်ပုံမှာ)
ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ၊
နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည်ရေနူး၍ ကွာကျနေလျင် ရေတိမ် ရနေည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင်က ရေဝေး-ရေနက်သည်ဟု ခန့်မှန်သိနိုင်ပါသည်။
ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။
Credit: maharmedianews
Zawgyi
စက္ေရတြင္း တူရာ၌ ေရ -ရွိ, မရွိ၊ ေရနည္း, ေရမ်ား ခန႔္မွန္သိရွိႏိုင္ပုံေလးကို ဗဟုသုတအေနျဖင့္ မွ်ေဝေပးပါမည္။
ေရ -ရွိ/ မရွိ
၁။ အ႐ြက္အၿမဲတမ္း ရွိေနတတ္ေသာ အုန္းႏွဲပင္၊ မယ္ဇလီပင္၊ ျမက္ စသည့္အပင္မ်ား စိုစိုေျပေျပ လန္းလန္းဆန္းရွိေနပါက ထိုေနရာတြင္ ေရရွိသည္ဟု မွတ္ယူႏိုင္၍ ေဖာ္ျပပါလကၡဏာမ်ားႏွင့္ ဆန႔္က်င္ေနပါကေရ-မရွိဟု ခန႔္မွန္း သိႏိုင္ပါသည္။
ေရခ်ိဳ/ ေရငန္
၂။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္အမ်ိဳးအစားျခင္းတူပါလ်က္ အျခားေနရာရွိ သစ္ပင္မွ အ႐ြက္တို႔ထက္ အနာအဆာမ်ား၍ အစိုဓာတ္ေျခာက္ခန္းလ်င္ ေရငန္ဟု ခန႔္မွန္းႏိုင္ၿပီး၊ သစ္ပင္မွ သစ္႐ြက္မ်ားစိုေျပ စိမ္းလန္းေနပါက ေရခ်ိဳ-ဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။
ေရတိမ္/ ေရနက္
၃။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္ခ်င္းတူပါလ်က္ အဆစ္တိုေနသည္ကို ေတြ႕ရပါက ေရတိမ္-ေရနည္းသည္ဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။ သစ္ပင္မွ အဆစ္ရွည္ေနပါက ေရနက္- ေရေဝးေသာ သေဘာဟု ခန႔္မွန္းသိရွိႏိုင္၏။
ေက်ာက္ေဆာင္- ရွိ/ မရွိ
၄။ အနီးအနားတဝိုက္ရွိ သစ္ပင္ႀကီး၊ သစ္ပင္ငယ္တို႔သည္ ႀကဳံလွီ,ပုက်စ္၍ တြန႔္လိမ္,ေကြ႕ေကာက္ေနပါက ေအာက္၌ ေက်ာက္ေဆာင္ရွိေၾကာင္း ခန႔္မွန္း သိရွိႏိုင္ပါသည္။
သစ္ပင္ႀကီး, သစ္ပင္ငယ္မ်ား ေျဖာင့္တန္းအေနထားေတြ႕ရပါက ေက်ာက္ေဆာင္မရွိဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။
ေရခ်ိဳ/ ေရငန္
၅။ ေရတြင္းတူးမည့္ေနရာရွိ သစ္ပင္တို႔သည္ တစ္ျခမ္းက အနာဆာကင္း၍ တစ္ျခမ္းက ေခ်ာေမြ႕ေနလ်င္ ေရငန္- ေရခ်ိဳ တစ္ျခမ္းစီ ေရာစပ္ေနေသာ ေနရာဟု ခန႔္မွန္းသိရွိႏိုင္သည္။
(တနည္စမ္းသပ္ပုံမွာ)
ခ်ိဳး(ဂ်ိဳး)ကပ္ေနေသာ ထမင္းအိုးကို စေလာင္းဖုံးဖြင့္လ်က္ ေျမႀကီးကို တြင္းတူးၿပီး ေျမတြင္းထဲတြင္ အိုးကို တစ္ညသိပ္ပါ၊
ေနာက္တစ္ေန႔ အိုးကို ေဖာ္ၾကည့္ေသာအခါ ထမင္းအိုးဖင္မွ ခ်ိဳး(ဂ်ိဳး)သည္ေရႏူး၍ ကြာက်ေနလ်င္ ေရတိမ္ ရေနည္းသည္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး အနည္းငယ္သာ စို၍ ခ်ိဳး(ဂ်ိဳး)ကြာမက်လ်င္က ေရေဝး-ေရနက္သည္ဟု ခန႔္မွန္သိႏိုင္ပါသည္။
ထမင္းခ်ိဳး(ဂ်ိဳး)ကို စားၾကည့္ပါက ငန္ေနလ်င္ ေရငန္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး ခ်ိဳေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါ။
Credit: maharmedianews
Leave a Reply