No အဖွဲ့ရဲ့ သီချင်းတွေကို ခုထိအားပေးနေလို့ ပျော်နေတဲ့ ရတနာ

No အဖွဲ့ကတော့ တစ်ချိန်တုန်းက ပရိသတ်တွေရဲ့ အားပေးလက်ခံမှုတွေကို အမြင့်ဆုံးရရှိခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပါတယ်။ သူတို့ရဲ့ ထွက်သမျှသီချင်းတွေကလည်း ပရိသတ်တွေရဲ့

ရင်ထဲအထိ စွဲလန်းနေပြီး အခုအချိန်အထိလည်း ရနေသေးပြီး Trend တစ်ခုအဖြစ် ရှိနေသေးတဲ့ အပေါ်ကို No အဖွဲ့မှ အဖွဲ့ တစ်ဦးဖြစ်တဲ့ ရတနာက အရမ်းပျော်တယ်လို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ရတနာက “နားလည်မှုရှိတယ် ရှိတယ်ဆိုတာလေ အဲ့လိုပေါ့ အချိန်တွေ ကြာလာပြီးတော့ အစ်မတို့ အသက်တွေလည်း စလုပ်တာထက်စာရင် အခုဆို အသက်ကြီးလာပြီပေါ့နော် အသက်ကြီးလာပြီဆိုတော့လည်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုကလည်း အရေးကြီးတယ်။

သူက အခုအချိန်မှာူကလေးလေး ရနေပြီဆိုတော့လေ အစ်မတိုညှိတာပေါ့နော် ဆိုစရာ ရှိရင် အဲ့နေ့အဆင်ပြေလားဆိုပြီး အစ်မကတော့ သူ့ကို ဦးစားပေးတာပေါ့နော်။ သူဆိုဖို့ အဆင်ပြေတယ်ဆိုရင်အစ်မတို့ ဆိုဖြစ်လိုက်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

အခုလက်ရှိအချိန်အထိ သီချင်းတွေက Trend ဖြစ်နေတာနဲ့ ပတ်သက်ပြီး “Trend ဖြစ်နေတော့ ပျော်ပါတယ်။ ပျော်တယ်ဆိုတာလေ တစ်ချို့ပေါ့နော် အစ်မတို့ မရတဲ့သီချင်းတွေကိုတောင်မှ တစ်ချို့ပရိသတ်တွေက အခုထိ ရနေသေးတယ်။

သိရတယ် အခုထိပေါ့နော် တစ်ခါတစ်လေကျရင် ကိုယ်ဆက်ပြီးတော့ အခွေတွေ ထပ်လုပ်ရမယ် သီချင်းအသစ်တွေ ထပ်လုပ်ရမယ့်ဟာကို မလုပ်ဖြစ်တော့ ပရိသတ်တွေကို အားနာတယ်။ အစ်မတို့က သီချင်းလုပ်ဖြစ်တယ်ဆိုရင်လေ

မစဖြစ်လို့ စဖြစ်ရင်တော့ မြန်တယ် မြန်မှာပေါ့နော် ကိုယ့်ဘာသာကိုယ်လည်းသိတယ် အဲ့လိုမျိုးပေါ့ နှစ်ယောက်က လုပ်မယ်ဆိုပြီး ပြောလိုက်ရင် အစ်မလည်းမအား သူလည်း မအားနဲ့ဆိုတော့ စဖြစ်တာနဲ့တော့ မြန်မှာပါ။”လို့ပြောသွားခဲ့ပါတယ်။

အရင်တုန်းသီချင်းလုပ်ရတာနဲ့ အခုသီချင်းတွေလုပ်ရတာ ဘာတွေကွာသွားလဲလို့ မေးမြန်းရာ “ကွာတော့ကွာသွားတာပေါ့ အစ်မတို့တုန်းက ကြော်ငြာတွေဘာတွေဆိုရင် TV ကြော်ငြာ ဘေဘုတ်တွေ ဘာတွေ အဲ့လိုမျိုးထောင်တာပေါ့

အခုကျတော့ Social Mediabအပိုင်းကျတော့လည်း ပရိသတ်ကို ပိုပြီး ထိရောက်တယ်။ အစ်မတို့တုန်းကကျတော့ FM လေးတွေတို့ဘာတို့ အဲ့မှာ ကြော်ငြာတယ်။ ဒီနောက်ပိုင်းကတော့ ပရိသတ်ဆီကို ရောက်တဲ့နှုန်း ပိုမြန်တာပေါ့နော်။