သင်က Single ပါလို့ပြောတဲ့အခါ လူတွေက ဘာလို့မယုံကြတာလဲ

သင်က Single တစ်ယောက်လို့ မလိမ်မညာပဲပြောပေမယ့် တခြားသူတွေက သင် Single ဆိုတာကို မယုံကြတာမျိုး ဖြစ်ဖူးလား။ သင်ကတော့ ထင်မှာပဲ။ ဘာလို့များ မယုံကြတာလဲလို့။ တကယ်တော့ အောက်မှာပါတဲ့အချက်တွေနဲ့ သင် ကိုက်ညီနေတယ်ဆိုရင် လူတွေက သင် Single လို့ပြောတဲ့အခါ ယုံကြမှာမဟုတ်ပါဘူး။

(၁)။ သင်က အရမ်းကြည့်ကောင်းနေလို့

သင်က အရမ်းကြည့်ကောင်းနေတယ်ဆိုရင် သင့်မှာ ချစ်သူတစ်ယောက်တော့ ရှိမှာပဲလို့ လူတွေက ထင်ကြမှာပါ။ ဒီလိုအခြေအနေမှာ Single လို့ပြောရင် တခြားသူတွေက ယုံဖို့ခက်ကြမှာပါ။ ကြည့်ကောင်းနေရခြင်းရဲ့ဆိုးကျိုးတွေပေါ့။

(၂)။ သင်က ငယ်တော့တဲ့အရွယ်မဟုတ်လို့

သင်ရဲ့အသက်အရွယ်က (၁၇)၊ (၁၈)လောက်မဟုတ်ပဲ အတွေ့အကြုံများတဲ့အရွယ် ဖြစ်နေရင်လည်း သင်ရည်းစားမရှိဘူးဆိုတာ ဘယ်သူမှ ယုံနိုင်မှာမဟုတ်ပါဘူး။ သူတို့ပြောကြမှာကတော့ “ဒီအရွယ်ပဲရောက်နေပြီ ရည်းစားမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား” ဆိုတာပဲဖြစ်ပြီး သင့်ကို စိတ်ကသိကအောင့်ဖြစ်စေမယ့် စကားပေါ့။

(၃)။ အပေါင်းအသင်းတွေ အများကြီးရှိလို့

သင့်မှာ အပေါင်းအသင်းတွေအများကြီးရှိနေပြီး သူတို့နဲ့ တတွဲတွဲနေတတ်တယ်ဆိုရင်လည်း သင်ဟာ Single တစ်ယောက် မဖြစ်နိုင်ဘူးလို့ ဘေးလူတွေက ထင်ကြမှာပါ။ သင်က သင့်သူငယ်ချင်းတွေနဲ့ အမြဲလျောက်သွားနေတတ်သူဆိုရင်တောင် ဘေးလူတွေကတော့ သင်ဟာ ဒီအုပ်စုထဲက တစ်ယောက်ယောက်နဲ့ ဇာတ်လမ်းဖြစ်နေတာ သေချာပြီလို့ ထင်ကြမှာ။

(၄)။ သင့်ဆီမှာ လျို့ဝှက်ချက်တွေများလို့

သင်က ဘာကိစ္စမျိုးမဆို လျို့ဝှက်တတ်တဲ့သူဖြစ်နေရင်လည်း လူတွေက သင့်ကို Single လို့မထင်တတ်ကြပါဘူး။ သင်က သင့်ကောင်မလေးကို လျို့ဝှက်ထားတဲ့သူ၊ သင့်အချစ်ရေးနဲ့ပတ်သက်ပြီး အသိမပေးချင်တဲ့သူ စသဖြင့် သူတို့က ထင်ကြမှာပါ။ သင်က အရာရာကို လျို့ဝှက်ထားတတ်သလို သင့်အချစ်ရေးကိုလည်း လျို့ဝှက်ထားလိမ့်မယ်လို့ ထင်ကြပါလိမ့်မယ်။

(၅)။ ထင်ယောင်ထင်မှား ပို့စ်တွေတင်တတ်လို့

ဆိုရှယ်မီဒီယာတွေမှာ အသည်းကွဲတဲ့ကဗျာတွေ တင်တာတို့၊ အချစ်အကြောင်း အနုအရွစာသားလေးတွေ တင်တာတို့ စတဲ့ပို့စ်တွေကြောင့် သင်ဟာ Single မဟုတ်တဲ့သူလို့ တခြားသူတွေက ထင်သွားနိုင်ပါတယ်။

သူတို့က သင့်မှာ ချစ်တဲ့သူရှိလို့သာ ဒီလိုမျိုး Feel ပို့စ်တွေ တင်နေတယ်လို့ ထင်နေကြမှာဖြစ်ပြီး အဲဒီလို ထင်ယောင်ထင်မှားပို့စ်တွေကြောင့် ရည်းစားမရပဲဖြစ်သွားနိုင်ပါတယ်။

Crd
Linn